← Chapters

အဆိပ်အတောက်များပြည့်နေသော စားနပ်ရိက္ခာအခြေစိုက်ရုံး

Vol. 21 Ch. 303

အဆိပ်အတောက်များပြည့်နေသော စားနပ်ရိက္ခာအခြေစိုက်ရုံး

Vol. 21 Ch. 303

ဝမ်ကျန်းကျုံးလည်း ထိုနေရာမှာတင် ကြောင်အသွားရသည်။

"သူက ဘယ်သူလဲ" 

အသိဝင်ပြီးနောက် ဝမ်ကျန်းကျုံးသည် ဒေါသတကြီးဖြင့် နောက်ဆုံးမှာ မေးလိုက်သည်။မည်သို့ပင်ဆိုစေကာမူ လူအများကြီးရှေ့မှာ သူငြင်းပယ်ခံခဲ့ရခြင်းပင်။

"ဘယ်သူလဲဟုတ်လား"

ရှယန်ယွိသည် သူမ၏မျက်ခုံးကို ပင့်လိုက်ကာ ရွှီဖန်းကို ကြည့်လိုက်သည်။

"ယောကျ်ား" 

ရှယန်ယွိသည် ရွှီဖန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့သည်။

"မင်းကတော့လား"

ရွှီဖန်းသည် ရှယန်ယွိအား ချစ်ခင်ကြင်နာစွာ ကြည့်ပြီးမှ ခေါင်းမော့၍ လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

"ဖောင်း!"

ထို့နောက် သူ့လက်ထဲမှ ဘောလုံးကို ချက်ချင်း ဖောက်ချလိုက်သည်။

"ငါပြောဦးမယ်...မင်းတို့ အလုပ်ကို ဒီလိုပုံစံအတိုင်း လုပ်နေကြတာလား" 

ရွှီဖန်းသည် လူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်လေသည်။ ဝန်ထမ်းတွေအားလုံးကသာ ဒီလိုမျိုးဆိုလျှင် သူ လစာပေးရတာအလကားပင်။

ဘောလုံးပေါက်ကွဲသံက အလွန်ကျယ်လောင်တာကြောင့် လူတိုင်းသည် ချက်ချင်းပင် ထိုအသံ၏ ဆွဲဆောင်မှုကိုခံခဲ့ရသည်။ တစ်ဖက်မှာလည်း သခင်လေးဝမ်သည် သူ့မျက်လုံးထဲ၌ အမုန်းတရားများ တလက်လက်တောက်ပကာ ရွှီဖန်းအား လှည့်ကြည့်

လာသည်။

အစောင့်တွေကလည်း ဝမ်ကျန်းကျုံး၏အမူအရာကို မြင်တော့ သူတို့လက်ထဲမှ တုတ်တံများဖြင့် ရန်လိုစွာ ပြေးဝင်လာကြသည်။

"မင်း ဘာလုပ်နေတာလဲ ဘာလုပ်ဖို့ကြိုးစားနေတာလဲ! ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ သိရဲ့လား! အပြင်လူ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုထားဘူး! ဒီကနေ ချက်ချင်း ထွက်သွား!"

လုံခြုံရေးအစောင့်များ၏အသံကို ကြားပြီးနောက် ဘေးနားရှိ ဝန်ထမ်းများသည် ချက်ချင်းပင် ဘေးကို ရှောင်ပေးလိုက်ကြသည်။ တချို့က သူတို့နှင့်မဆိုင်

သလို နေကြပြီး တချို့ကလည်း ရွှီဖန်းကို သနားသည့်အကြည့်ဖြင့် ကြည့်နေကြသည်။

"ရှင်တို့ ဘာလုပ်နေကြတာလဲ! ဒါ ကျွန်မတို့ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ...အကြီးဆုံး ရှယ်ယာရှင်ပဲ" 

ရွှီဖန်းဘက်မှ ဘာမှမပြောခင် ရှယန်ယွိက လုံခြုံရေးအစောင့်များကို ဒေါသတကြီးဖြင့် အော်ငေါက်လာသည်။

"ဘာ!"

ဒါကို ကြားတော့ လုံခြုံရေးဝန်ထမ်းများနှင့် ဘေးနားရှိ ဝန်ထမ်းများ အံ့သြသွားကြသည်။ လုံခြုံရေးဝန်ထမ်းများလည်း ချက်ချင်းပင် အားလျော့သွားကြသည်။တကယ်တော့ သူတို့လည်း ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ ဥက္ကဋ္ဌ ပြောင်းလဲသွားပြီဆိုတာကို မကြာသေးခင်ကမှ ကြားသိထားပေသည်။ 

"မင်းက ဥက္ကဋ္ဌလား" 

လုံခြုံရေးဝန်ထမ်းတစ်ယောက်သည် ရွှီဖန်းကို ရိုရိုသေသေဖြင့် ကြည့်၍ အတည်ပြုမေးမြန်းလာသည်။

"ဘာဥက္ကဋ္ဌလဲ သူ့ကို နှင်ထုတ်လိုက်" 

သို့သော် ရွှီဖန်းမှ ပါးစပ်ကိုဖွင့်၍ စကားမပြောနိုင်ခင်မှာ ဝမ်ကျန်းကျုံးက ဒေါသတကြီးဖြင့် အော်ဟစ်လာသည်။ တကယ်တော့ သူလည်း ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ဥက္ကဋ္ဌ ပြောင်းလဲသွားပြီဆိုတာကို သိသော်ငြား သူ့အဖေက ဒုတိယအကြီးဆုံးရှယ်ယာရှင်တစ်ယောက် ဖြစ်နေသေးသည်။

လုံခြုံရေးဝန်ထမ်းများသည် ထိုအမိန့်ကို ကြားသည့်အခါ ကြောင်အသွားကြပြီး ဘာလုပ်ရမှန်း မသိကြတော့ပေ။ သူတို့အားလုံးသည် ဝန်ထမ်းများသာဖြစ်သည်။ တစ်ယောက်က ဒုတိယအကြီးဆုံးရှယ်ယာရှင်၏သားဖြစ်နေပြီး နောက်တစ်ယောက်ကတော့ လက်ရှိဥက္ကဋ္ဌရွှီဖန်းပင်။ 

"မောင်းထုတ်လိုက်မယ်...သခင်လေးဝမ်ရဲ့ အဖေက ရှယ်ယာရှင်အိုကြီးတစ်ယောက်ပဲဟာ၊ ဘာပဲဖြစ်လာပါစေ သူတို့ ငါတို့ကို ကာကွယ်ပေးလိမ့်မယ်" 

လုံခြုံရေးဝန်ထမ်းတစ်ယောက်သည် ထိုကဲ့သို့ ခပ်

တိုးတိုးပြောကာ ရွှီဖန်းကို တဖန်မော့ကြည့်လေသည်။

"ငါတို့က ဥက္ကဋ္ဌကို မသိစရာလား၊ မင်း မထွက်သွားရင် ငါတို့ကို မယဉ်ကျေးဘူးဆိုပြီးအပြစ်မတင်နဲ့"

"ရှင်" 

ရှယန်ယွိသည် ထိုစကားကို ကြားပြီး ဒေါသထွက်

သွားသော်ငြား ရွှီဖန်းက လက်ဝှေ့ယမ်းကာ သူမကိုတားလာသည်။

ရွှီဖန်းသည် လုံခြုံရေးဝန်ထမ်းများကို ဂရုမစိုက်ဘဲ ဝမ်ကျန်းကျုံးကိုသာ ကြည့်၍ မေးလိုက်သည်။

"မင်းက ဘာဝန်ထမ်းလဲ"

"အယ်..."

ရွှီဖန်း၏မေးခွန်းကြောင့် ကြည့်ရှုနေသူတစ်အုပ်လုံး တွေဝေသွားကြသည်။

ဝမ်ကျန်းကျုံးသည် ထိုမေးခွန်းကိုကြားကာ ခဏတာမျှ ကြောင်အသွားခဲ့ပြီး အော်ရယ်လိုက်မိသည်။

"ဟားဟားဟား ငါ ပြောမယ်၊ ဒီလူက အတုအယောင်

ဥက္ကဌပဲ...ငါ့ကိုတောင် ဝမ်ကျုံးကျန့်ရဲ့ သားမှန်း မသိဘူး...ဒါကြောင့် မြန်မြန် နှင်ထုတ်လိုက်ကြ"

ဝမ်ကျန်းကျုံး၏အမိန့်ကြောင့် လုံခြုံရေးဝန်ထမ်းများလည်း နောက်ထပ် မဆိုင်းတွတော့ပေ။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တုတ်များကို ကောက်ယူ၍ ရွှီဖန်းဆီ လျှောက်သွားလိုက်ကြသည်။

ရွှီဖန်းသည် လုံခြုံရေးဝန်ထမ်းများကို တစ်ချက်

ကြည့်၍ နှုတ်ခမ်းကို လှုပ်ကာ ပြောလိုက်သည်။

"မင်းတို့ကို အလုပ်ဖြုတ်လိုက်ပြီ"

"ဟမ့်! မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ" 

အလုပ်ထုတ်သည်ဆိုသည့်စကားကို ကြားတော့ ဦးဆောင်လာသော လုံခြုံရေးဝန်ထမ်းသည် လက်ကို မြှောက်ကာ သူ့တုတ်ကို ရွှီဖန်းဆီသို့ ဝှေ့ယမ်းလိုက်သည်။

တုတ်က ရွှီဖန်းကို မထိသွားသော်ငြား ထိုလူကတော့ ရွှီဖန်း၏လက်ဖဝါးဖြင့် အရိုက်ခံလိုက်ရလေသည်။ ထိုလူသည် ရောင်ရမ်းသွားသော ပါးပြင်ပေါ်မှ လက်ငါးချောင်းအရာများနှင့်အတူ နေရာမှာတင် သတိလစ်သွားခဲ့သည်။

"မင်း" 

ကျန်သည့် လုံခြုံရေးဝန်ထမ်းများမှာ ကြောင်

အသွားကြကာ သူတို့၏မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့သည်။ သူတို့ ဘာဖြစ်သွားလဲဆိုတာတောင် နားမလည်နိုင်ခဲ့ပေ။ ပိန်ပါးသောခန္ဓာကိုယ်

ပိုင်ရှင် ရွှီဖန်းက ဆင်တစ်ကောင်လိုအားဖြင့် ထိုလူအား လွင့်ထွက်သည်အထိ ရိုက်လိုက်ခြင်းကိုသာ မြင်တွေ့ခဲ့ရသည်။

လုံခြုံရေးဝန်ထမ်းတွေ နောက်ထပ် မချဉ်းကပ်ရဲတော့တာကို မြင်တော့ ရွှီဖန်းလည်း သူတို့ကို ဆက်ပြီးဂရုမစိုက်တော့ဘဲ ဝမ်ကျန်းကျုံးဆီ လျှောက်သွားလိုက်သည်။

"မင်း ဘာလုပ်ဖို့လဲ"

ဝမ်ကျန်းကျုံးလည်း ခုနကမြင်ကွင်းကြောင့် အံ့သြနေခဲ့တာဖြစ်သည်။ ရွှီဖန်း ချဉ်းကပ်လာတာကို မြင်တော့ သူ့ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး တဖြည်းဖြည်း နောက်ကို ဆုတ်သွားမိသည်။

"ပြောစမ်း မင်းက ဝမ်ကျုံးကျန့်ရဲ့သားဆိုမှတော့ မင်းနဲ့ ငါ့အခြေစိုက်ရုံးနဲ့က ဘာဆိုင်လဲ...မင်းအဖေက ရှယ်ယာရှင်တစ်ယောက်ပဲ...ဟုတ်တယ်၊ ဒါပေမယ့် မင်းက ဒီအခြေစိုက်ရုံးမှာ တစ်နေကုန်အလုပ်

လုပ်ပြီး ပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံထားလို့လား၊ ပြင်

ပလူတွေကိုသာ ဝင်ခွင့်မပြုထားဘူးဆိုရင် မင်းကသာ တစ်ဦးတည်းသော ပြင်ပလူပဲ" 

ထိုသို့ပြောရင်း ရွှီဖန်းသည် ဝမ်ကျန်ကျုံး၏ခါးပတ်ကို ဆွဲမလိုက်သည်။

"မင်း ဘာလုပ်တာလဲ လွှတ်လိုက်! မင်းက ဥက္ကဋ္ဌသစ်

ဖြစ်ရင်တောင် ငါ့ကို ဒီလို မလုပ်သင့်ဘူး! မဟုတ်ရင် ငါ့အဖေကို သူ့ရဲ့ ရှယ်ယာတွေ ပြန်ထုတ်ခိုင်းမယ်" 

ဝမ်ကျန်းကျုံးက ရွှီဖန်းကို ခြိမ်းခြောက်ရန် ဇွဲမလျှော့သေးပေ။

ရွှီဖန်းအတွက်မူ အနည်းငယ်လေးတောင် ခြိမ်းခြောက်ခံရသလို မခံစားရပေ။ သူ့အတွက် ထိုအရာက လုံးဝ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။ ထိုလူက သူ့ရှယ်ယာတွေကို ပြန်ထုတ်သွားလျှင် ပိုကောင်းပေသည်။ အကြောင်းအရင်းကတော့ သူတွက်ချက်လက်ခံပြီးသားဖြစ်၍ပင်။

လူအုပ်ကြီး၏အံ့သြတကြီး အကြည့်များကြားကနေ ရွှီဖန်းသည် ဝမ်ကျန်းကျုံးအား တံခါးဝအထိ တိုက်ရိုက် သယ်ဆောင်သွားကာ မြေကြီးပေါ် ပစ်ချလိုက်သည်။

"ဝန်ထမ်းအားလုံးရဲ့ လစာကို ဖြတ်ပြီးပြီ...အခု အလုပ်သွားလုပ်ကြတော့"

ထိုဝန်ထမ်းအုပ်စုကို ကြည့်ပြီး ရွှီဖန်း အေးစက်စွာ ပြောလိုက်သည်။

ခဏလေးအတွင်းမှာ ဝန်ထမ်းအားလုံး ပြန်သွားကြပြီး ဒီနေ့တစ်နေ့တည်းမှာတင် အခြေစိုက်ရုံးရှိလူတိုင်းသည် ဥက္ကဋ္ဌအသစ်အား သိသွားကြလေသည်။

"ရှင် မနိုးလာတော့ဘူးလို့ ကျွန်မ ထင်နေတာ" 

ရှယန်ယွိနှင့် ရွှီဖန်းသည် ဥက္ကဋ္ဌရုံးခန်းတွင် ထိုင်နေကြခြင်းပင်။ ရှယန်ယွိကမူ မပျော်ရွှင်သော မျက်နှာဖြင့် ခေါင်းကိုမော့ကာ ရွှီဖန်းကို အပြစ်တင်လာသည်။

ရွှီဖန်း ခဏတာလောက် အံ့သြသွားပြီးမှ ရယ်မောလိုက်သည်။

"ဘာဖြစ်တာလဲ ကိုယ့်ကို ငြူစူနေပြီလား"

"ရှင် သေသွားရင် ကျွန်မ တခြားတစ်ယောက်နဲ့ လက်ထပ်ပစ်မယ်၊ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မအတွက်နဲ့ သေသွားတာမှ မဟုတ်ဘဲ"

ရွှီဖန်းသည် ရှောင်းချောင်ကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်ဆိုတာကို ရှယန်ယွိ ရှင်းရှင်းလင်းလင်း သိထားပေသည်။

"မင်း လက်ထပ်ရဲလား" 

ရွှီဖန်း သူမ၏အပြစ်တင်စကားကို စိတ်ထဲမထည့်ပေ။ သူ ရှယန်ယွိအား ရင်ခွင်ထဲသို့ တိုက်ရိုက်ဆွဲသွင်းကာ တစ်စုံတစ်ရာကို ပေးလိုက်သည်။ ရှယန်ယွိမှာ မောဟိုက်သွားခဲ့ပြီး နောက်ထပ် ဘာမှ ထပ်မပြောတော့ဘူးဟု အလျင်အမြန် ကတိပေးခဲ့ရသည်။

"ယောကျ်ား ရှင်လည်း ဒီချန်ဟိုင်းစားနပ်ရိက္ခာ အခြေစိုက်ရုံးမှာ ကျွန်မတို့ထင်ထားတာထက် ပြဿနာတွေ အများကြီးရှိနေတာကို ဒီနေ့ တွေ့ခဲ့ရတယ်

မဟုတ်လား၊ အရေးကြီးဆုံးပြဿနာက ဝမ်ကျုံးကျန့်နဲ့ သူ့သားဝမ်ကျန်းကျုံးတို့ကြောင့် အခြေစိုက်ရုံး

တစ်ခုလုံး အဆိပ်အတောက်တွေနဲ့ ပြည့်နေတာပဲ" 

ရှယန်ယွိသည် ဤချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်

ရုံးကို လွန်ခဲ့သည့် နှစ်ရက်ကတည်းက စီမံခန့်ခွဲနေခဲ့ရတာကြောင့် ဒီရက်ပိုင်းအတွင်း စိတ်အနှောင့်အယှက်

ဖြစ်ခဲ့ရမှန်း သိသာပေသည်။

ထိုကိစ္စကို ကြားတော့ ရွှီဖန်း ခဏတာမျှ စဉ်းစားကာ ပြောလိုက်သည်။

"ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်"

"ဘာအစီအစဥ်လဲ"

ရှယန်ယွိ၏ မျက်လုံးများက လင်းလက်သွားလေသည်။ 

"ဝမ်ကျန်းကျုံးကို မင်း ဂရုစိုက်စရာမလိုဘူး၊ သူလာရင် နှင်ထုတ်ပစ်လိုက်၊ ဘာတွေပဲဖြစ်လာပါစေ ပြီးမှ သူ့အဖေကို ကိုယ့်ဆီလာရှာခိုင်းလိုက်ပါ၊ ပြီးတော့ ဒီဝန်ထမ်းတွေအတွက်တော့ သူတို့ကို လေ့ကျင့်ပေးမယ့်လူတစ်ယောက် ရှာပေးမယ်"

"လေ့ကျင့်ရေးလား"

ဒါကို ကြားတော့ ရှယန်ယွိ၏မျက်နှာမှာ သံသယများ  ပြည့်နှက်သွားလေသည်။ ဝန်ထမ်းတွေက ဘာကို လေ့ကျင့်ရမှာလဲ။

"ခဏစောင့်" 

ရွှီဖန်းသည် ထိုသို့ပြောကာ ဖုန်းကိုထုတ်၍ ခေါ်

ဆိုလိုက်သည်။

"ဟယ်လို ဗိုလ်မှူးဝူ ကျွန်တော့်ကို အကူအညီနည်းနည်းလောက်ပေးနိုင်မလား"

"ပြောပါ"

"ကျွန်တော့်ကုမ္ပဏီက ဝန်ထမ်းတွေရဲ့အရည်အသွေးက အရမ်းညံ့တယ်၊ သူတို့ကို လေ့ကျင့်ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးလို့ရမလား...ကျွန်တော့်ဘက်က သူတို့ကို လစာပေးမှာပါ"

"ကောင်းပြီ ငါ့ရဲ့အစောင့်တပ်ခွဲက ခေါင်းဆောင်

တစ်ယောက်ကို လွှတ်လိုက်မယ်"

"ဟုတ်ပြီ၊ ကျေးဇူးတင်ပါတယ်"

ဖုန်းချပြီးနောက် ရွှီဖန်းသည် ရှယန်ယွိကို ကြည့်ကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"ပြီးပြီ"

သို့သော် ရှယန်ယွိက မျက်မှောင်ကြုတ်နေတုန်းပင်။

"ရှင် သူတို့ကို စစ်သင်တန်းပေးရင် သူတို့ ညည်းညူကြလိမ့်မယ်ထင်တယ်" 

ဥက္ကဌအနေဖြင့် ရှယန်ယွိ၏ စဉ်းစားတွေးခေါ်မှုနှင့် အတွေ့အကြုံက ရွှီဖန်းထက် အများကြီး ပိုကောင်းပေသည်။

"ရတယ်...သူတို့ ဒါကို သည်းခံနိုင်ရင် သူတို့အတွက် ကံကောင်းမှုတစ်ခုပဲ" 

ရွှီဖန်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ ထိုစကားကို ပြောလာတော့မှ ရှယန်ယွိလည်းချက်ချင်း နားလည်သွားလေသည်။ 

"ဟုတ်တယ် ကျွန်မတို့ရဲ့ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးက အခု စီမံခန့်ခွဲမှုနဲ့ နည်းပညာ အဆင့်မှာ ကောင်းမွန်တဲ့အခြေအနေကို ရောက်နေပြီဆိုတော့ အဲ့ဒီပညာတွေကို သူတို့မလိုအပ်ဘူး"

ရွှီဖန်းနှင့် ရှယန်ယွိစကားပြောနေစဥ် ဝမ်ကျုံးကျန့်၏ ဖုန်းဝင်လာသည်။

"ငါ မင်းနဲ့ စကားပြောချင်တယ်" 

ဝမ်ကျုံးကျန့်က ချက်ချင်းပင် ရွှီဖန်းကို တွေ့ချင်

သည်ဟု တောင်းဆိုလာသည်။

ရွှီဖန်းကလည်း ဝမ်ကျုံးကျန့်တစ်ယောက် သူ့သားအတွက် သူ့ကို ဆူပူရန် လာသည်ဟု ထင်လိုက်မိသည်။

"ဆောရီးပါ ဒီနေ့ ကျွန်တော် အလုပ်ရှိသေးတယ်၊ မနက်ဖြန်မှ ပြောကြတာပေါ့" 

တကယ်တော့ ရွှီဖန်း လိမ်နေတာမဟုတ်ပေ။ ဒီနေ့ သူ့မှာ အလုပ်ရှိပေသည်။ လင်းရှောင်ရှောင်းအဘိုး၏ရောဂါကို သွားကြည့်ပေးရန် သူ သဘောတူထားခဲ့သည်။

"အိုကေလေ ဒါဆို မနက်ဖြန်မှပေါ့"

သို့နှင့် သူ ဖုန်းချသွားလေသည်။

"အဖေလုပ်သူက သူ့သားထက် အများကြီးပိုပြီး အသိဉာဏ်ရှိတဲ့ပုံပဲ"

ထို့နောက် ရွှီဖန်းနှင့် ရှယန်ယွိသည် ခဏတာလောက် စကားပြောနေခဲ့ပြီး ပြီးမှသာ အခြေစိုက်ရုံးမှ ထွက်လာခဲ့သည်။

ရွှီဖန်းနှင့် လင်းရှောက်ရှောင်းတို့နှစ်ဦး ပေကျင်းကို လေယာဉ်နှင့်ရောက်တော့ ည၈နာရီ ထိုးနေလေပြီ။

ထို့နောက် လင်းရှောင်ရှောင်းသည် ရွှီဖန်းကို လင်

မိသားစုဆီ ခေါ်သွားခဲ့သည်။ သို့သော် မတိုင်ခင်ကလို လင်းမိသားစုခြံဝင်းမှာ မဟုတ်ပေ။ ပေကျင်းမှာရှိသောအလွန်ဟောင်းနွမ်းပြီး ဆင်းရဲပုံပေါ်သည့် အိမ်လေးတစ်လုံးဆီကို ရောက်လာခဲ့ခြင်းပင်။

"စိတ်မပူနဲ့ ကျွန်မ အဘိုးကို အရင်ပြောပြထားပြီးပြီ၊ သူက ကျွန်မကို အချစ်ဆုံးဆိုတော့ ကျွန်မနဲ့ အရမ်းရင်းနှီးတယ်၊ မကြောက်နဲ့နော်...စကားမစပ် သူ့ကို လင်းကျန့်ကျန်းလို့ ခေါ်တယ်"

"အာ...ကျွန်တော်က ဘာဖြစ်လို့ ကြောက်ရမှာလဲ"

ရွှီဖန်း တီးတိုးရေရွတ်ကာ လင်းရှောင်ရှောင်းအနောက်ကနေ အိမ်ထဲသို့ လိုက်ဝင်သွားခဲ့သည်။

"အဘိုး" 

လင်းရှောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် အဘိုးအိုတစ်ယောက်၏ ဘေးကို ခုန်ဝင်သွားလေသည်။ ရွှီဖန်း ထိုဘိုးဘေးကို ကြည့်လိုက်သည်။ ထိုအဘိုးအိုသည် အသက်၈၀လောက် ရှိနေပြီဖြစ်သော်လည်း သူ့မျက်နှာက တောက်ပနေပြီး ခန္ဓာကိုယ်ကလည်း သန်မာ၏။ သူ၏အသက်ရှူသံကပဲ မြန်ဆန်နေခြင်းဖြစ်သည်။ သူ့ကို ဝန်းရံထားသော အာဏာရှိသည့်အော်ရာကိုတော့ အဘိုးအိုက လုံးဝ ထိန်းချုပ်ထားလေသည်။ သာမန်လူတွေသာ မြင်လျှင် သာမန်အဘိုးအိုတစ်ယောက်ဟုသာ ခံစားမိကြလိမ့်မည်။

လင်းကျန့်ကျန်းက ရွှီဖန်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ သူ့ကို ကုသနိုင်ရန်

အတွက်ကတော့ လုံးဝ ဂရုမစိုက်ပေ။ သူ့ရောဂါမှာ  လူငယ်တစ်ယောက်က ကုသနိုင်သည့်အရာ မဟုတ်

မှန်း သူ သိပေသည်။ လင်ကျန့်ကျန်းကတော့ သူ့မြေးမလေးမှ အနာဂတ်ခင်ပွန်းလောင်းကို အိမ်ခေါ်ပြသည်ဟူ၍သာ ထင်နေခဲ့သည်။

သို့သော်ငြား အကြည့်နှင့်တင် သူ နည်းနည်း စိတ်ပျက်သွားရသည်။ သူ့မြေးမလေးက အခု ဘယ်လို အဆင့်အတန်းမှာ ရှိနေတာလဲ။ လင်းမိသားစု၏ သခင်မလေးဖြစ်ပြီး သူ့မြေးမလေး၏အလှက မြို့ကြီးများကိုပင် လှုပ်ခတ်စေနိုင်ပေသည်။ သူ့မြေးမလေးမှ ဒီလူကို သဘောကျသည်ဟု ပြောလာခဲ့လျှင် လင်

ကျန့်ကျန်းအတွက် သေလောက်အောင် အရိုက်ခံရလျှင်တောင် ယုံကြည်နိုင်မည် မဟုတ်ပေ။

ထိုသို့တွေး၍ လင်ကျန့်ကျန်းသည် ရွှီဖန်းကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။

သို့သော် သူ့မြေးမလေးသည် ရွှီဖန်းက ကျောက်

မိသားစု၏ကာကွယ်စောင့်ရှောက်သူတစ်ယောက်ကို ခြေလက်များကျိုးကြေသည်အထိ ရိုက်နှက်ခဲ့ပြီး ကျောက်နှင့်လင်းမိသားစုကြားက ရန်ငြိုးများကို ဖြေရှင်းရန်အတွက်လည်း ကျောက်မိသားစုမှ ပါမောက္ခဆရာဝန်တစ်ယောက်ကို သတ်ခဲ့သည်ဟူ၍ ပြောပြခဲ့သည်။

ထိုအကြောင်းကို တွေး၍ လင်ကျန့်ကျန်းသည် ရွှီဖန်းကို တဖန်ကြည့်ကာ ခေါင်းညိတ်လိုက်ပြန်သည်။

*********************

All Chapters