← Chapters

လျိုမိသားစု၏သဘောထား

Vol. 21 Ch. 307

လျိုမိသားစု၏သဘောထား

Vol. 21 Ch. 307

လျိုကျီပင်းမှာ သတိပြန်ဝင်လာသည်နှင့် သူ ဘာမှ တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပင် ပိုက်ဆံတောင်းနေသောရွှီဖန်းကို တွေ့လိုက်သည်။ လျိုကျီပင်းလည်း ရွှီဖန်းနှင့် လောင်းခဲ့သည့် ယွမ်တစ်ဘီလီယံလောင်းကြေးကို ရုတ်တရက် သတိရသွားခဲ့ပြီး နောက်တစ်ကြိမ် မေ့လဲလုနီးပါး ဖြစ်သွားရသည်။

"မင်း အရှက်မရှိငြင်းဖို့ မကြိုးစားနဲ့၊ ငါ့မှာလည်း ပိုက်ဆံရှားနေတယ်လို့ပြောပြီးပြီလေ၊ ငါရှုံးရင် ကိုယ့်ကိုကိုယ် သတ်သေမယ်လို့ ပြောခဲ့တယ်၊ မင်း ငါ့ကို လောင်းကြေးမပေးနိုင်ရင်လည်း ကိုယ့်ကိုကိုယ် သတ်သေလိုက်ပေါ့" 

ရွှီဖန်းသည် လျိုကျီပင်းကို ကြည့်ကာ အနည်းငယ်မျှပင် သနားစိတ်မပေါ်လာပေ။ ဒီလိုလူမျိုးက သူ့၏သနားခြင်းနှင့် မထိုက်တန်ပေ။

"ငါ ရှုံးတာကို ဝန်ခံတယ်၊ နောက်မှ ယွမ်တစ်သန်းပို့ပေးပါ့မယ်၊ လင်းရှောင်ရှောင်းကနေတဆင့် မင်းကို ပို့ခိုင်းလိုက်မယ်"

လျိုကျီပင်းသည် ရွှီဖန်းကိုကြည့်ပြီး ထိုသို့ပြောလာသည်။ ထို့နောက် သူ အနည်းငယ် စိတ်ပျက်နေသည့်

ပုံစံဖြင့် ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

ရွှီဖန်းကမူ လျိုကျီပင်းကို ကြည့်၍ နှုတ်ခမ်းတွန့်

လိုက်လေသည်။ ထို့နောက် သူက လင်းကျန့်ကျန်းကို လှည့်ကြည့်ကာ...

"အဘိုး ကျွန်တော့်ရဲ့ ရိုင်းပြတဲ့အပြုအမူအတွက် ကြိုပြီး တောင်းပန်ပါတယ်"

လင်းကျန့်ကျန်း မတုံ့ပြန်နိုင်ခင်မှာပင် ရွှီဖန်းသည် လျိုကျီပင်း၏ဘေးကို ချက်ချင်းရောက်သွားလေပြီ။

"မင်း ဘာလုပ်ဖို့လဲ" 

လျိုကျီပင်းသည် ရွှီဖန်း၏လှုပ်ရှားမှုကြောင့်

အံ့အားသင့်သွားရသည်။ သူ့ကိုယ်ခန္ဓာမှာ တုန်ယင်လာခဲ့ပြီး သတိအနေအထားဖြင့် မေးလိုက်သည်။

"ဟမ့်!"

ရွှီဖန်း ပြန်မဖြေဘဲ နှာခေါင်းသာရှုံ့လိုက်သည်။ ထို့နောက် သူ၏လက်ကို မြှောက်ကာ လျိုကျီပင်း၏ပခုံးပေါ် တင်လိုက်သည်။ ကျန်သည့်လက်

တစ်ဖက်ကမူ လျိုကျီပင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။ ဂျွတ်ဟူသည့် အသံနှင့်အတူ လျိုကျီပင်း၏လက်မောင်းမှာ ရွှီဖန်းကြောင့် နေရာလွဲသွားသည် ။

"အား!" 

လျိုကျီပင်း၏အော်သံနှင့်အတူ ရွှီဖန်းသည် သူ၏လက်တစ်ဖက်ကို လိမ်လိုက်ပြီး နေရာရွေ့သွားအောင် ထပ်လုပ်ခဲ့သည်။

ပြီးသောအခါမှ ရွှီဖန်းသည် ဘေးဘက်သို့ အနည်းငယ် နောက်ဆုတ်လိုက်သည်။ မြေပြင်ပေါ်မှာ လဲလျောင်းနေကာ လက်နှစ်ဖက်ကို မလှုပ်ရှားနိုင်ဘဲ ရုန်းကန်နေရသည့် လျိုကျီပင်းကို သူ ကြည့်လိုက်သည်။ 

"တစ်ဘီလီယံပေးမှာလား မပေးဘူးလား" 

"မင်း အသက်မရှင်ချင်တော့ဘူးလား! ငါက လျိုမိသားစုဝင်တစ်ယောက်ပဲ" 

လျိုကျီပင်းက ကြောက်စရာကောင်းသည့်အမူအရာဖြင့် အော်ဟစ်လာသည်။

ရွှီဖန်းသည် ခဏတာ အံ့အားသင့်သွားပြီးမှ ရယ်မောလိုက်သည်။

"ဒါဆို ပိုကောင်းတာပေါ့ မင်းမှာ ပိုက်ဆံမရှိမှာကို ငါစိုးရိမ်နေတာ၊ လျိုမိသားစုဝင်တစ်ယောက်ဆိုမှတော့ တစ်ဘီလီယမ်ကို ထုတ်ပေးနိုင်မှာပဲ"

ရွှီဖန်း၏စကားများက လင်းကျန့်ကျန်းကို အကြီးအကျယ် တုန်လှုပ်စေပေသည်။ ရွှီဖန်းက မျိုးရိုးမြင့် မိသားစုကြီးလေးခု၏အင်အားကို နားမလည်ဘူးဟု သူ ထင်လိုက်မိသည်။ သို့သော် သူ့မြေးမလေးက သူ့ဘေးမှာ လက်ပိုက်ကြည့်နေပြီး တားဆီးရန်

ရည်ရွယ်ချက်မရှိသည်ကို မြင်တော့ လင်းကျန့်ကျန်းလည်း ဘာမှမပြောတော့ပေ။ ရွှီဖန်း၏မာနကြီးမှုကြောင့်သာ သူ အံ့အားသင့်နေမိသည်။

"ငါ့မှာ တစ်ဘီလီယံ မရှိဘူး" 

"အား!" 

လျိုကျီပင်း ထိုသို့ပြောလိုက်သည်နှင့် ရွှီဖန်းသည် သူ့ခြေထောက်ကို မြှောက်ကာ လျိုကျီပင်း၏ ခြေထောက်တစ်ချောင်းကို ချိုးလိုက်သည်။

"ငါ ပေးပါ့မယ်!"

ရွှီဖန်းက သူ့ခြေထောက်ကိုမြှောက်ပြီး ကျန်သည့်

ခြေထောက်တစ်ဖက်ကို ထပ်နင်းရန် ပြင်နေတာကို မြင်လိုက်ရတော့ လျိုကျီပင်း နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘဲ ကြောက်လန့်တကြားမျက်နှာဖြင့် သနားခံလိုက်ရသည်။

ရွှီဖန်းလည်း ဒါကိုမြင်တော့ ခြေထောက်ကို ပြန်ဆွဲယူကာ လျိုကျီပင်းကို ကြည့်လိုက်သည်။

"မင်း ဒီလိုအစောကြီးကတည်းက လုပ်လိုက်ရင် ပြီးနေပြီလေ၊ မြန်မြန် မင်းရဲ့မိသားစုကို ပိုက်ဆံလာပေးဖို့ခေါ်လိုက်" 

"ဒါဆို မင်း ငါ့လက်ကို ဆက်ပေးဦးမှရမယ်"

လျိုကျီပင်း၏တုန်ရီနေသည့်အသံက နာကျင်မှုကြောင့်လား သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လားဆိုတာကို မသိနိုင်ပေ။

ရွှီဖန်းလည်း ထိုတောင်းဆိုမှုကို စဉ်းစားကြည့်တော့ အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။ ထို့နောက် သူ ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ လျိုကျီပင်း၏ လက်မောင်းကို ပြန်ဆက်ပေးလိုက်သည်။

လျိုကျီပင်းကလည်း ချက်ချင်းပင် သူ့လက်ကိုင်ဖုန်းကို ကောက်ယူကာ သူ့ဆရာ၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းခေါ်ဆိုမှုချိတ်ဆက်သွားပြီးနောက် လျိုကျီပင်းသည် ရွှီဖန်းအား ဒေါသတကြီးကြည့်၍ ချက်ချင်း အော်လိုက်သည်။

"ဆရာ ဒီကိုလာပြီး ကျွန်တော့်ကို ကယ်ပါဦး! ကျွန်တော် လင်းမိသားစု၊ လင်းအဘိုးရဲ့ အိမ်မှာပါ" 

"မင်း သေချင်နေတာလား" 

ရွှီဖန်းသည် ဒါကိုကြားတော့ သူ့မျက်လုံးများ အေးစက်သွားလေသည်။ သူ လျိုကျီပင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ရာ လျိုကျီပင်းတစ်

ယောက် လေထဲမှာ အနည်းငယ်လည်ထွက်ပြီးမှ မြေပြင်ပေါ်ကျလာခဲ့သည်။ သူ့ဖုန်းနှင့်သွားတချို့လည်း လွင့်ထွက်သွားခဲ့သည်။

"ဟားဟားဟား မင်း ငါ့ကိုဘာလုပ်ချင်လဲ လုပ်လိုက်

စမ်း! ငါတို့ လျိုမိသားစုက လူတွေရောက်လာရင် မင်းမှာ တောင်ပံပါလာရင်တောင် ပျံဖို့ခက်လိမ့်မယ်!"

"မကောင်းတော့ဘူး ရှောင်ရှောင်း ရွှီဖန်းကို မြန်မြန် ထွက်သွားခိုင်းလိုက်၊ လျိုမိသားစုက ဒီကနေ ငါးမိနစ်ပဲ ဝေးတာ"

လင်းကျန့်ကျန်းမှာ ထိတ်လန့်သွားကာ လင်းရှောင်

ရှောင်းကို ကြည့်၍ ပြောလာသည်။

အဘိုး၏စကားကို ကြားတော့ လင်းရှောင်ရှောင်းလည်း အံ့သြသွားခဲ့သည်။ သူမ၏အဘိုးက ဒီနေ့ ဘာလို့များ ရွှီဖန်းကို အရမ်းစိတ်ပူပြနေတာလဲ။ ရွှီဖန်းတောင်မှ အံ့သြသွားရသည်။ လင်းကျန့်ကျန်းသည် သူ့အတွက် လျိုမိသားစုကို ရန်စဖို့အတွက်တောင် ဝန်မလေးနေပေ။

"ဘာကို စောင့်နေတာလဲ" 

လင်းကျန့်ကျန်းက မျက်မှောင်ကြုတ်၍ လင်းရှောင်ရှောင်းကို ထပ်ပြောလာသည်။

သို့သော် လင်းရှောင်ရှောင်းမှာလည်း ထိုဆုံးဖြတ်ချက်ကို တကယ်မချနိုင်ပေ။ သူမ တစ်ဖက်ကိုလှည့်ပြီး ရွှီဖန်းကို ကြည့်ကာ သူ၏သဘောထားကို မေးမြန်းခဲ့သည်။

ဒါကိုမြင်တော့ ရွှီဖန်းလည်း ညင်သာစွာ ပြုံးပြလိုက်သည်။

"ရပါတယ် အဘိုး၊ အလျင်လိုစရာ မလိုပါဘူး၊ ကျွန်တော် လျိုမိသားစုကလူတွေ ပိုက်ဆံလာပို့ပေးမှာကို စောင့်ဦးမယ်"

ထို့နောက် ရွှီဖန်းသည် လျိုမိသားစုက တစ်စုံတစ်ယောက် ပိုက်ဆံလာပေးမှာကို တကယ် စောင့်နေသလိုမျိုး ဘေးက ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်လေသည်။

"မဟုတ်သေးဘူး၊ မင်း လျိုမိသားစုကို နားမလည်ဘူးနော်"

"အဘိုး စိတ်မပူပါနဲ့ ၊ ရွှီဖန်းက သူ့ကန့်သတ်ချက်ကို သိပါတယ်"

သူမ၏အဘိုးက အနည်းငယ် စိုးရိမ်နေတာကို မြင်

လိုက်ရတော့ လင်းရှောင်ရှောင်းလည်း သူ့ကို နှစ်သိမ့်

ရန် အမြန် ကြိုးစားခဲ့သည်။ သူမ၏မျက်နှာပေါ်၌ ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုက ရှိနေလေသည်။ ရွှီဖန်း၏ခွန်အားက ပုံမှန်မဟုတ်မှန်း သူမ သိထားတာကြောင့်သာမဟုတ်ပေ။ လျိုမိသားစုသည် ဆေးပညာ လိုက်စားသည့်မိသားစုဖြစ်ပြီး လျိုမိသားစုထံ၌ ရွှီဖန်း၏တန်ဖိုးဟာ လျိုကျီပင်းနှင့် နှိုင်းယှဉ်လို့မရမှန်း သူမ သိထား၏။

"အဲ့ဒီလိုလား ကောင်းပြီလေ"

လင်းရှောင်ရှောင်း၏ယုံကြည်မှုကို မြင်တော့ လင်းကျန့်ကျန်းလည်း သက်ပြင်းချကာ စကားရပ်သွားခဲ့သည်။

တကယ်ကို ငါးမိနစ်မပြည့်ခင်မှာပင် တစ်စုံတစ်ယောက်က တံခါးကို ခေါက်လာသည်။

တစ်ယောက်သည် အသက်ငါးဆယ်ဝန်းကျင်သက်

လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ နောက်

တစ်ယောက်၏ပုံစံမှာတော့ ခွန်အားကြီးပြီး ကြံ့ခိုင်တဲ့ 

လူငယ်လေးတစ်ယောက်ပင်။ သူ့အသားအရောင်မှာ ကြေးရောင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကြွက်သားများ ပြည့်နေတာကြောင့် အရမ်းကို ကြမ်းတမ်းခက်ထန်သည့်ပုံပေါ်နေသည်။

"အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဦးလေးလင်း" 

ထိုလူက လင်းကျန့်ကျန်းကို ကြည့်၍ ဦးညွှတ်

နှုတ်ဆက်လာသည်။ ထို့နောက် ဘေးနားရှိ လျိုကျီပင်းကို မြင်တော့ သူ့မျက်နှာ၌ အံ့အားသင့်မှုများ ပြည့်နှက်သွားရသည်။ 

"မင်းကို ဘယ်သူလုပ်တာလဲ၊ ဒါ ဘယ်လိုဖြစ်နေတာလဲ"

"သူ လုပ်တာ!"

လျိုကျီပင်းသည် သူ၏နောက်ခံကို တွေ့လိုက်ရသကဲ့သို့ သူ၏ ယခင်က ကြောက်ရွံ့မှုများ ပျောက်

ကွယ်သွားလေသည်။ သူသည် ရွှီဖန်း ဆက်ပေးထားသော လက်မောင်းကိုမြှောက်ပြကာ ရွှီဖန်းကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။

ထို့နောက် လျိုကျီပင်းသည် ရွှီဖန်းကို ကြည့်၍ မျက်နှာမဲ့ကာ ...

"သူ ကျွန်တော့်ကို ဒီလိုဆက်ဆံရဲဖို့ ဘယ်လို ကျားသစ်မျိုးကိုစားထားလဲ မသိဘူး"

ထိုလူက ခေါင်းကိုလှည့်၍ မျက်လုံးကျဥ်းမြောင်းကာ ရွှီဖန်းကို ကြည့်လာသည်။

"ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံလာပေးတာလား" 

ရွှီဖန်းသည် သူ၏မျက်နှာအမူအရာကို ဂရုမစိုက်ပေ။ သူ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားအား တည်

တည်ငြိမ်ငြိမ် ကြည့်နေခဲ့သည်။

"ဘာပိုက်ဆံလဲ" 

ထိုမေးခွန်းက သက်လတ်ပိုင်းအရွယ်အမျိုးသားကို အံ့အားသင့်စေသည်။

"သူ ကျွန်တော့်ကို ယွမ်တစ်ဘီလီယံ အကြွေးတင်ထားတယ်၊ မြန်မြန် ပေးပါ မဟုတ်ရင် ခင်ဗျားတို့ ဘယ်သူမှ ထွက်သွားလို့ရမှာမဟုတ်ဘူး"

"မင်း ရဲတင်းလှချည်လား"

ထိုလူ၏ စကားဆုံးသည်နှင့် ကြေးရောင်အသားအရေရှိသောလူငယ်သည် ရွှီဖန်းကို လက်သီးဖြင့်ထိုးလာသည်။ သူ ထိုးလိုက်သည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ တုန်ယင်သွားခဲ့ပြီး သူ့လက်သီးချက်ကလည်း မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။

ဒါက ရွှီဖန်းကို အနည်းငယ်အံ့အားသင့်စေသည်။သို့သော် သူ တည်တည်ငြိမ်ငြိမ်ပင် လက်ကိုမြှောက်ကာ ထိုလူ၏လက်သီးကို ဆုပ်ကိုင်လိုက်

သည်။

"မင်း" 

ထိုလူက တုန်လှုပ်သွားလေသည်။ ရွှီဖန်း၏လက်မှာ သံညှပ်နဲ့တူပြီး သူ့လက်သီးကိုဆုပ်ကိုင်ထားတာကြောင့် သူ လုံးဝလှုပ်ရှားလို့မရခဲ့ပေ။

ထိုလူ၏မျက်နှာမှာ အားစိုက်ထားတာကြောင့် နီရဲနေသည်။ သို့သော် သူသည် ရွှီဖန်း၏လက်ကနေ လုံးဝ ရုန်းမထွက်နိုင်ခဲ့ပေ။

"ငါ့အဘိုးအိမ်က ပရိဘောဂတွေကိုမဖျက်ဆီးနဲ့" 

ထိုစကားကိုပြော၍ ရွှီဖန်း သူ့လက်ကို လွှတ်ပေးလိုက်သည်။ ထိုလူက ယိမ်းယိုင်ကာ နောက်ပြန်လဲကျသွားရသည်။

လင်းရှောင်ရှောင်းကလွဲလျှင် ထိုနေရာမှာ ရှိနေသူ အားလုံး လက်ရှိမြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။ အထူးသဖြင့် လျိုကျီပင်းသည် ထိုမြင်ကွင်းကို မြင်တော့ တံတွေးမမြိုချဘဲ မနေနိုင်ခဲ့ချေ။ တခြားသူတွေကတော့ မသိလောက်ပေမယ့် သူကတော့ ထိုခွန်အားကြီးသောလူသည် လျိုမိသားစု၏မျိုးဆက်သစ်ထဲ၌ တတိယအင်အားအကြီးဆုံး လျိုထျန်း ဖြစ်သည်ကို သိ၏။ သူသည် နက်နဲခြင်းအဆင့်မှာရှိသည်။ သို့သော် လက်ရှိအချိန်၌ ရွှီဖန်း၏လက်ထဲတွင် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ ရွှီဖန်းက နက်နဲခြင်းအဆင့်၏ထိပ်ဆုံးမှာ ရှိနေမှသာ ဒီလိုဖြစ်

နိုင်ပေသည်။

(T/N - ခေါင်းရှုပ်သွားလို့ တခြားwebsiteမှာ တစ်ချက်ရှာပြီးစစ်ကြည့်လိုက်တာ ပျောက်ဆုံးသွားတဲ့အဆင့်က ကမ္ဘာမြေအဆင့်နဲ့ ကောင်းကင်အဆင့်တွေပါ၊ ဒီကမ္ဘာမှာ နက်နဲခြင်းအဆင့်ထိရှိပါသေးတယ်။ မူရင်းအော်သာအမှားတော့မဟုတ်ပါဘူး၊ အရှေ့ပိုင်းတွေမှာ E translatorရဲ့typingအမှားကြောင့် ဘာသာပြန်လွဲမှားမှုဖြစ်သွားရပါတယ်)

ထိုအကြောင်းကို တွေးလိုက်တော့ လျိုကျီပင်း၏နှလုံးမှာ ထပ်မံတုန်လှုပ်သွားပြန်သည်။ သူသာ နက်နဲခြင်းအဆင့်၏ထိပ်ဆုံးမှာ ရှိနေသည့်လူကို သွားပြီး စိန်ခေါ်မိပါက ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်

စရာမရှိပေ။

"ဆရာ" 

လျိုကျီပင်းသည် ထိုလူ့ဘေးရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားကို အကူအညီတောင်းရန် ချက်ချင်း ကြည့်လိုက်သည်။

ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားကမူ သူ့လက်ကို ဝှေ့ယမ်း၍ လျိုကျီပင်းကို မကြည့်လာပေ။ သူက လက်သီးကို ဆုပ်၍ ရွှီဖန်းကို ပြောလာသည်။

"ကျွန်တော်က လျိုယုံးရမ်ပါ၊ ဒီကဆရာလေးရဲ့နာမည်ကို သိလို့ရမလား"

လျိုယုံးရမ်ကို မျက်စိရှင်သူဟု သတ်မှတ်နိုင်ပေသည်။ ရွှီဖန်းက ပုံမှန်မဟုတ်သည်ကို သူ ချက်ချင်း မြင်နိုင်ခဲ့သည်။

ရွှီဖန်း နှုတ်ခမ်းတွန့်လိုက်သည်။ သူ လျိုယုံးရမ်

အပေါ်၌ ကောင်းမွန်သောထင်မြင်ချက်ရှိပေသည်။ 

"ရွှီဖန်းပါ လေးလေးစားစား ပြုမူဖို့မလိုပါဘူး" 

"ရွှီဖန်း" 

လျိုယုံးရမ်သည် ဒါကို ကြားတော့ မျက်မှောင်ကြုတ်သွားခဲ့သည်။

"မင်းက ရွှီဖန်းလား" 

"အာ..."

ရွှီဖန်း အံ့အားသင့်သွားရသည်။ ရုတ်တရက်ကြီး သူက ဘာလို့ဒီလောက်တောင် နာမည်ကြီးသွားရတာလဲ။

"ဒီကို ပြေးလာပြီး တောင်းပန်လိုက်" 

လျိုယုံးရမ်သည် ရုတ်တရက်ပင် တစ်ဖက်ကိုလှည့်၍ လျိုကျီပင်းကို အော်ငေါက်လာတော့သည်။

လျိုကျီပင်းလည်း ထိုအရာကြောင့် တုန်လှုပ်သွားကာ အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။

"ဆရာ..."

"မြန်မြန်လာပြီး မစ္စတာရွှီဖန်းကို တောင်းပန်လိုက်၊ ငါတို့လျိုမိသားစုရဲ့ ဂုဏ်သရေရှိဧည့်သည်ကို စော်ကားဖို့ မင်းကို ဘယ်သူကများ သတ္တိပေးလိုက်တာလဲ" 

"ဂုဏ်သရေရှိ ဧည့်သည်လား"

လျိုကျီပင်းသာ စိတ်ရှုပ်ထွေးနေသည်မဟုတ်ဘဲ ရွှီဖန်းလည်း လျိုယုံးရမ်တစ်ယောက် ဘာတွေပြောနေလဲ မသိနေပေ။

ဘေးနားရှိ လင်းကျန့်ကျန်းလည်း မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးကို ကျဥ်းမြောင်း၍ လျိုယုံးရမ်ကို ကြည့်နေသည်။

"မြန်မြန်လုပ်" 

ဘာတုံ့ပြန်မှုမှ မလုပ်လာသည့် လျိုကျီပင်းကို မြင်တော့ ဆရာလုပ်သူမှာ ဒေါသထွက်လာပြီး လျိုကျီပင်းကိုပင် ရိုက်ချင်စိတ်ထွက်ပေါ်လာသည် ။

"ကျွန်တော်က" 

လျိုကျီပင်းသည် ဘာတွေဖြစ်သွားခဲ့လဲ မသိသော်ငြား လျိုယုံးရမ်၏ဒေါသကိုတော့ ခံစားမိပေသည်။

"ဟင်း~~"

လျိုကျီပင်းသည် အံကြိတ်၍ ရွှီဖန်းကိုဦးညွှတ်

ကာ...

"တောင်းပန်ပါတယ်"

"မလိုပါဘူး၊ ပိုက်ဆံပဲ ပေးပါ...မင်း ငါ့ကို တောင်းပန်စရာမလိုဘူး"

"မင်း!"

သူ့ကိုယ်သူဦးညွှတ်ပြီး တောင်းပန်နေတာတောင်မှ ရွှီဖန်းက တင်းမာနေသေး၏။ သူ ထပ်ပြီးဒေါသထွက်မိတော့မလို့ပင်။ သို့သော်ငြား လျိုယုံးရမ်က သူ့ကို မျက်ထောင့်နီဖြင့် ကြည့်လာလေသည်။

"မစ္စတာရွှီ၊ ကျွန်တော့်မှာ ပိုက်ဆံအများကြီး ရှိပါတယ်၊ ကျွန်တော့်တပည့် မင်းကိုပေးဖို့ကျန်နေတဲ့အကြွေးကို ကျွန်တော် ပေးပါ့မယ်၊ မစ္စတာ ရွှီ စိတ်ချပါ...ကျွန်တော်တို့လျိုမိသားစုက ဒီပိုက်ဆံကို ပေးနိုင်ပါသေးတယ်" 

လျိုယုံးရမ်က ရွှီဖန်းကျေနပ်အောင် ဆက်ကြိုးစားနေသည်။

လျိုကျီပင်း၏တစ်ကိုယ်လုံးမှာ ထုံကျင်နေလေသည်။ သူ့ဆရာ ဘာလို့ ဒီလိုလုပ်နေလဲဆိုတာကို သူ ဘယ်လိုမှ စဉ်းစားမရပေ။ ဒီရွှီဖန်းက တကယ်ပဲ ဂိုဏ်းအကြီးကြီးတစ်ခုကလား...ဒါပေမယ့် သူက အရမ်းငယ်

သေးတာကို။

ရွှီဖန်းလည်း လျိုယုံးရမ်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကို တွေးမိသွားသည်။ ထို့နောက် သူက ညင်သာစွာ ပြုံးကာ...

"ယွမ်တစ်ဘီလီယံပါ ပေးပြီးတာနဲ့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်"

"တစ်ဘီလီယံလား"

လျိုယုံးရမ်မှာ ထိုပမာဏကြောင့် တုန်လှုပ်သွားရသည်။ သူက မျက်မှောင်ကြုတ်ကာ လျိုကျီပင်းကို တစ်ချက်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ" 

"ကျွန်တော်... အာ....သူနဲ့ ဆေးပညာပြိုင်ပြီး လောင်းကြေးရှုံးသွားတာ"

"ဘာ!" 

လျိုယုံးရမ်သည် ထိုစကားကိုကြားတော့ သူ့လည်ပင်းတစ်ခုလုံးမှာ ဒေါသကြောင့် နီရဲသွားလေသည်။ 

"ဖြန်း!" 

ထို့နောက် သူ လျိုကျီပင်း၏မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

"မင်း သူနဲ့ ဘာကို သွားလောင်းနေတာလဲ၊ ဆေးပညာနဲ့ ပတ်သက်ပြီး သူနဲ့ သွားလောင်းတယ်ပေါ့ဟုတ်လား!  ငါတို့လျိုမိသားစုတစ်ခုလုံးရဲ့ဆေးပညာကတောင် သူ့လောက် မကောင်းဘူးကွ!"

လျိုကျီပင်း၊ လင်းကျန့်ကျန်းနှင့် ကျန်လူများအားလုံး အံ့အားသင့်သွားကြသည်။ 

လျိုယုံးရမ်ရဲ့စကားအရ ရွှီဖန်းက ဆေးပညာဂိုဏ်းကြီးတစ်ခုခုက မိသားစုဝင်လား ဒါမှမဟုတ် ပေကျင်းက ရှေးဟောင်းမျိုးနွယ်စုထဲလား။ 

လျိုမိသားစုလိုဆရာဝန်မိသားစုကတောင် သူတို့ရှေ့မှ ဤလူငယ်လေးအား မယှဉ်နိုင်ဘူးဟု ပြောနေလေသည်။

ရွှီဖန်းနှင့် လင်းရှောင်ရှောင်းသာ ထိုအချိန်၌ အနည်းငယ် တည်ငြိမ်နေကြခြင်းဖြစ်သည်။

"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

လျိုကျီပင်းတစ်ယောက် ခေါင်းပေါက်ကွဲလုမတတ် ဖြစ်နေလေသည်။ ဆရာပြောလိုက်သည့်စကားက သာမန်ကျပန်းစကားများ မဟုတ်သည်ကတော့ သေချာပေသည်။

"မစ္စတာရွှီ ကျွန်တော် မင်းအတွက် တစ်ဘီလီယံလျော်ကြေးကို ပေးပါ့မယ်" 

လျိုယုံးရမ်၏အသံမှာ အနည်းငယ်တုန်ယင်နေသော်လည်း သူ သဘောတူလိုက်ဆဲပင်။ အကြောင်းအရင်းကတော့ လျိုမိသားစုအတွက် ရွှီဖန်းနှင့်

မိတ်ဆွေဖွဲ့ထားနိုင်ခြင်း၏အရေးပါမှုကို သူ ကောင်းကောင်းသိပေသည်။ ပိုက်ဆံနှင့် တိုင်းတာလို့ ရသည့်အရာမဟုတ်ပေ။

ရွှီဖန်းလည်း ထိုစကားကို ကြားတော့ သူ့မျက်လုံးများမှေးကျဉ်းသွားသည်။ သူ့စိတ်ထဲ၌လည်း မလွယ်ကူသလို ခံစားခဲ့ရလေသည်။

"လူတစ်ယောက်ရဲ့ချမ်းသာကြွယ်ဝမှုက သူ့အမှားပဲ"

ဟူ၍ စကားပုံရှိသည်မဟုတ်ပါလော။

****************

All Chapters