ကမ္ဘာအနှံ့မီးမောင်းထိုးပြခြင်း
Vol. 21 Ch. 309
ဝမ်ကျုံးကျန့်၏ တရားမျှတပြီး ဒေါသအပြည့်ဖြစ်နေသောအသံက ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများ၏ စိတ်
ခံစားမှုကို လှုံ့ဆော်နိုင်လိုက်တာကြောင့် အခြေအနေက ပို၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေသည်။
ရဲတပ်ဖွဲ့ဝင်အင်အားလည်း ပိုတိုးလာပြီး မြို့တွင်းအထူးရဲတပ်ဖွဲ့ဝင်တွေပါ ထွက်လာရသည်။ ဥဩသံများ၊ ဆူညံသံများနှင့်အတူ အခြေအနေက ထိန်းချုပ်
ရန် မရနိုင်လုနီးပါးဖြစ်လာသည်။
"အဲ့ဒါက မင်းလိုချင်နေတဲ့ဟာမဟုတ်ဘူး"
ရွှီဖန်းသည် ဘာအမူအရာမှ မပြောင်းလဲသွားဘဲ ဝမ်ကျုံးကျန့်ကို ဆက်ကြည့်နေခဲ့သည်။
"ဟမ့်!"
ဝမ်ကျုံးကျန့်က ဒါကိုကြားတော့ လှောင်ပြောင်
ရယ်မောလာသည်။
"မင်းလိုယုတ်မာတဲ့သူဌေးက ငါတို့ဝန်ထမ်းတွေကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်လို့ တကယ် ထင်နေတာလား"
"ငါ ဒီစားနပ်ရိက္ခာအခြေစိုက်ရုံးမှာ သန်းရာနဲ့ချီပြီး ဆုံးရှုံးခဲ့ရပြီးပြီ၊ ငါ့ဘက်က ဘာတောင်းဆိုစရာမှ မရှိတော့ဘူး၊ ငါ့မှာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ဖို့ပဲ ကျန်တော့တယ်"
ဝမ်ကျုံးကျန့်က အေးစက်စွာ နှာခေါင်းရှုံ့လာသည်။ ထိုအရာက သူ့၏စစ်မှန်သောအတွေးများကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သို့သော် သူ၏အသံက ဆူညံသံများဖြင့် ဖုံးလွှမ်းသွားတာကြောင့် ရွှီဖန်းနှင့်ရှယန်ယွိကလွဲ၍ တခြားဘယ်သူမှ မကြားလိုက်ပေ။
"ငါ မင်းကို အဲ့ဒီတုန်းက လျှော့စျေးရဲ့ တစ်ဝက်ကို ပြန်ပေးနိုင်တယ်"
ရွှီဖန်း ရယ်မောရင်း ဝမ်ကျုံးကျန့်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
"မင်းသာ ဒီကိစ္စကို ဖြေရှင်းနိုင်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်"
ရွှီဖန်း ထိုအရာကို ပြောလိုက်သည့်အချိန် သူ့စိတ်ထဲ၌ ပြုံးလိုက်ပြီးသားဖြစ်သည်။ ထိုအရာက တကယ်တော့အားထုတ်စရာမလိုပေ။ သူသာ ရှယ်ယာအားလုံးကို ရနိုင်ခဲ့မည်ဆိုလျှင် ကောင်းကင်ဘုံမြေဆီလွှာနှင့် ပြုပြင်ထားသောမြေဖြင့် ကောက်ပဲသီးနှံများကို စိုက်ပျိုးခြင်းကနေ ရရှိလာမည့် အကျိုးအမြတ်များကို သူ စိတ်ကူးကြည့်နိုင်သည်။
သို့သော် ဝမ်ကျုံးကျန့်ကတော့ ရွှီဖန်း၏စိတ်ကို သိသာစွာ မမြင်နိုင်ခဲ့ပေ။ အစပိုင်းမှာ ရွှီဖန်း၏စကားကို ကြားတော့ ဝမ်ကျုံးကျန့်မှာ မှင်တက်သွားရသည်။ ပြီးမှ သူ ပြုံးကာ "တကယ်လား" ဟု အတည်ပြုလိုက်သည်။
"တကယ်"
ရွှီဖန်းကလည်း ဝမ်ကျုံးကျန့်ကို အတည်ပြုသောအဖြေကို ပြန်ပေးခဲ့သည်။
ထို့ကြောင့် ဝမ်ကျုံးကျန့်တစ်ယောက် ခဏတာမျှ တွန့်ဆုတ်သွားလေသည်။ ရွှီဖန်းက အရူးမဟုတ်နိုင်ပေ။ အခုချိန်မှာ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးမှ ပိုက်ဆံများအားလုံး ဆုံးရှုံးနေပြီဖြစ်သည်။ ဒီပြဿနာကိုသာ ရပ်တန့်လိုက်လျှင် ပိုက်ဆံ ထပ်ကုန်တော့မှာ မဟုတ်ပေဘူးလား။
"မင်းက ဘာလို့ ဒီလိုလုပ်ချင်တာလဲ"
ဝမ်ကျုံးကျန့်၏စျေးကွက်အပေါ်၌ ရှိသော သူ၏သဘောထားကြောင့် ရွှီဖန်း၏လုပ်ရပ်ကို သူ သံသယဝင်နေမိသည်။
"ဟမ့်!"
ရွှီဖန်းသည် ဝမ်ကျုံးကျန့်ကိုကြည့်၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ တစ်ဖက်ကိုလှည့်ကာ ရှယန်ယွိကို ရဲကားဆီ ဆွဲခေါ်သွားသည်။
"ဟွန်းကို ဖွင့်လိုက် ကျွန်တော် အော်ပြောစရာရှိတယ်"
"အာ"
ရဲမှာ မှင်တက်သွားရပြီး ရွှီဖန်း၏ပြတ်သားသော ညွှန်ကြားချက်ကို နားထောင်ရင်း စိတ်ရှုပ်ထွေးသွားရသည်။
"မြန်မြန်လုပ်"
ရွှီဖန်းထံ၌ သူတို့ကို ရှင်းပြရန် အချိန်မရှိတော့ပေ။ သူ့မျက်နှာပေါ်တွင် စိတ်မရှည်မှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
"အို အို ကောင်းပြီ"
ရွှီဖန်းက စက်ရုံပိုင်ရှင်မှန်း ရဲက သိပေသည်။ သူ ကားဟွန်းကို အမြန်ဖွင့်ကာ မိုက်ခရိုဖုန်းကို ရွှီဖန်းထံ ပေးလိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ စိတ်အေးအေးထားကြပါ၊ ကျွန်တော်က ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ ဥက္ကဋ္ဌ ရွှီဖန်းဖြစ်ပါတယ်"
ရွှီဖန်းသည် မိုက်ခရိုဖုန်းဖြင့် အော်ပြောလိုက်သည်။ သူ့အသံက ဝန်ထမ်းတိုင်း၏နားထဲသို့ အဆုံးမရှိ၊ ချဲ့ကာ ရောက်သွားလေသည်။
ထိုရုတ်တရက်အသံကြောင့် လူတိုင်း မှင်တက်သွားခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက်ထံမှ ဆဲဆိုကြိမ်းမောင်းသံများ တရစပ်ထွက်ပေါ်လာသည်။ အားလုံးက ရွှီဖန်းကို ဆဲဆိုနေကြတာဖြစ်ပြီး ထိုအသံများက အကျည်းတန်လှသည်။
ရွှီဖန်း ထိုစကားများကိုကြားသော်လည်း ဘာမှမပြောပေ။ သူ မျက်မှောင်ကြုတ်ကာ မျက်လုံးထဲ၌မူ ဒေါသများ ပြည့်နေခဲ့သည်။
"သူတို့ အားလုံးက လှုံ့ဆော်ခံထားရတာ"
ရှယန်ယွိသည် ရွှီဖန်း၏လက်ကို ဆွဲကိုင်၍ သူ့ဒေါသကို ပြေလျော့အောင်လုပ်ပေးနေသည်။ ရှယန်
ယွိ၏စကားနှင့် သူ့လက်ဖဝါးကိုထိထားသော သူမ၏လက်ကြောင့် ရွှီဖန်း၏ဒေါသများ အလျင်အမြန်ပျောက်ကွယ်သွားပြီး ပြန်တည်ငြိမ်သွားရသည်။
ရွှီဖန်း သူမကို ကြည့်၍ ပြုံးလိုက်သည်။ ထို့နောက် ဆက်ပြော၏။
"ခင်ဗျားတို့ အရမ်းစိတ်လှုပ်ရှားနေကြမှန်း ကျွန်တော် သိတယ်၊ ခင်ဗျားတို့ ဒီမှာ ဘာအတွက်စုဝေးနေကြတာလဲဆိုတာကိုလည်း ကျွန်တော် သိတယ်၊ အခုလည်း ခင်ဗျားတို့အတွက် ပြဿနာကို ဖြေရှင်းပေးတော့မှာ"
"မင်းကို ငါတို့ ယုံမယ်လို့ ထင်နေလား"
ရွှီဖန်း၏စကားများက ဆဲဆိုကြိမ်းမောင်းမှုများနှင့်
ဒေါသများကို ပို၍ ဆွဲဆောင်နိုင်ခဲ့သည်။
ရွှီဖန်း၏မျက်ခုံးက အနည်းငယ်တွန့်နေတုန်းဖြစ်ပြီး သူ့အသံ၏ပြင်းအားကလည်း ပိုတိုးလာသည်။
"ခင်ဗျားတို့နဲ့ ဒီနေ့ပဲ စာချုပ်ချုပ်ပေးနိုင်တယ်၊ ခင်ဗျားတို့ရဲ့ရှယ်ယာတွေအတွက် ကျွန်တော်ပြန်ပေးချေမှာဖြစ်ပြီး ခင်ဗျားတို့ရဲ့ဆုံးရှုံးမှုတွေ ပြန်ကာမိအောင်လုပ်ပေးမယ်"
သို့သော် သူ ထိုစကားများကို ပြောလိုက်သည့်အချိန်၌ ရွှီဖန်းသည် ဝမ်ကျုံးကျန့်အား ကြည့်နေပြီး သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသောအရိပ်အယောင်
တစ်ခုရှိနေသည်။
"ဘာ!"
ရွှီဖန်း၏စကားကြောင့် ဝန်ထမ်းအားလုံး၏ဆူညံသံတွေ ရပ်သွားခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် ရွှီဖန်းကို မှင်သက်စွာကြည့်လာကြသည်။
"ကျွန်တော် လုပ်ပေးမယ်...ခင်ဗျားတို့နဲ့ တစ်ယောက်
ချင်းစီ စာချုပ်ချုပ်ပေးနိုင်တယ်"
ရွှီဖန်း ထပ်ပြောလိုက်သည်။ ထို့နောက် သူ မိုက်ခရိုဖုန်းကို ချကာ ဝန်ထမ်းတစ်ယောက်ကို ပြောလိုက်သည်။
"စားပွဲတစ်ခု လက်ပ်တော့ပ်တစ်ခုနဲ့ ပရင့်တာတစ်လုံး သွားယူခဲ့ပေးပါ"
ထိုဝန်ထမ်းကလည်း အတူတကွဆန္ဒပြခဲ့သောသူဖြစ်သည်။ သူ သေချာမတုံ့ပြန်နိုင်ခင်မှာပင် ရွှီဖန်းကို ယောင်ပြီးခေါင်းညိတ်ပြလိုက်မိသည်။ သို့သော် ထိုစကားကို သေသေချာချာ စဉ်းစားပြီးသည့်အခါ သူ ရုတ်တရက်ပင် အံ့အားသင့်စွာ အော်လိုက်မိသည်။
"မင်းက ငါတို့ ရှယ်ယာတွေကို တကယ်ဝယ်ပြီး ငါတို့ရဲ့ဆုံးရှုံးမှုတွေကို ပြန်ကာမိအောင် လုပ်ပေးမှာလား"
"သွားလုပ်"
ရွှီဖန်း ပါးစပ်ကိုတင်းတင်းစေ့လိုက်ပြီး သူ့မျက်လုံးထောင့်စွန်းများက လှုပ်ရှားသွားသည်။ သူ့လေသံကလည်း အနည်းငယ် မပျော်မရွှင်ဖြစ်နေသည်။ လက်ရှိအရာက ရွှီဖန်း လိုချင်နေသည့်အရာဖြစ်ခဲ့သော်ငြား အခုလို ဖိအားပေးခံရသည့် အခြေအနေမျိုးမှာတော့ သူ မပျော်ပေ။ သို့သော် ရွှီဖန်းသည် သူက ဤပြဿနာ အတွက် တာဝန်မရှိဘူးဆိုတာကို သိသည်။ ဝန်ထမ်းအများစုကို ဝမ်ကျုံးကျန့်မှ စီစဉ်ထားတာဖြစ်သည်။ မနေ့ နေ့ခင်းဘက်က သူ့သားအား အရှက်ခွဲခဲ့တာကို ပြန်တွေးရင်း ရွှီဖန်း၏နှလုံးသားက အေးစက်လာသည်။
သို့သော် လက်ရှိအချိန်သည် ဝမ်ကျုံးကျန့်နှင့် ဖြေရှင်းရမည့်အချိန်မဟုတ်သေးမှန်း သိသာပေသည်။ အခုမြင်ကွင်းက တရုတ်နိုင်ငံတစ်နိုင်ငံလုံးမှာ တိုက်ရိုက်
ထုတ်လွှင့်ပြသနေမှန်း ခန့်မှန်းလို့ရသည်။ အပြင်
ဘက်ရှိ သတင်းထောက်များကို ရွှီဖန်း တစ်ချက်
ကြည့်လိုက်သည်။ မျိုးရိုးမြင့်မိသားစုလေးခုနှင့် ရင်ဆိုင်ရပြီးနောက်မှာ ရွှီဖန်းသည် သူ၏ခွန်အားကို အတတ်နိုင်ဆုံး ဝှက်ထားချင်နေသေးသည်။
"အတွင်းရေးမှူးဗျ...ကွန်ရက်ကြီးကြပ်ရေးဗျူရိုက ဖုန်းဆက်လာပြီး အခြေအနေကို ထိန်းချုပ်သင့်တယ်လို့ ပြောလာတယ်၊ သူတို့ အင်တာနက်မှာ ပျံ့နေတဲ့ ဗီဒီယိုအတိုတွေကို တကယ်မဖျက်နိုင်တော့ဘူးတဲ့"
ပခုံးပေါ်၌ရဲတံဆိပ်ပါသည့် ရဲဝတ်စုံကို ဝတ်ထားသော အမျိုးသားတစ်ဦးသည် လူအုပ်ကြီး၏ရှေ့ဆုံးမှ သက်လတ်ပိုင်းအရွယ်အမျိုးသားထံသို့ သတင်းပေးပို့နေသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားက အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ သူ ပြန်လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းလိုက်သည်။
"သူတို့ကိုမဖျက်နဲ့လို့ ပြောလိုက်"
"ဒီမှာ..."
ရဲက မှင်သက်သွားခဲ့ပြီး တစ်ခုခုပြောရန်ပြင်လိုက်
သည်။ ထိုစဥ် ရဲဝတ်စုံဝတ်ထားသော နောက်ထပ်
အမျိုးသားတစ်ဦးက လက်ဝှေ့ယမ်းကာ သူ့ကိုတားလာပြီး ပြောသည့်အတိုင်းသာ လုပ်ရန် အချက်ပြလာခဲ့သည်။
ရဲအရာရှိထွက်သွားပြီးနောက် အတွင်းရေးမှူးဟု ခေါ်
သော အမျိုးသားသည် ခေါင်းလှည့်လာပြီး သူ့မျက်ခုံးက ပြေလျော့နေလေသည်။
"ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ဥက္ကဋ္ဌက ဒီနေ့ ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ရင် အနာဂတ်မှာ မူဝါဒအရ အထူးအခွင့်အရေးပေးလို့ရနိုင်တယ်...ကောင်းမွန်တဲ့ မျိုးစေ့လေးပဲ"
"ဟုတ်ကဲ့"
ဒါကိုကြားတော့ သူ့နောက်မှာရှိနေသောလူများသည် အမြန်ပင် မျက်လုံးများကို မြှင့်၍ ရွှီဖန်းကို ကြည့်လာကြသည်။ သူတို့ ရွှီဖန်း၏ပုံစံကို မှတ်မိချင်နေသည့်ပုံပင်။
ထိုအချိန် တရုတ်နိုင်ငံတစ်ဝန်းလုံးက အင်တာနက်
သုံးစွဲသူများအပါအဝင် တီဗီကြည့်ရှုနေသူများကပါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်။
"ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ဥက္ကဋ္ဌက ဘာလို့ ဒီလောက်တောင် ငယ်နေရတာလဲ၊ ပြီးတော့ သူက အရင်ဥက္ကဋ္ဌကြောင့် ဖြစ်သွားခဲ့ရတဲ့ အလုပ်သမားတွေရဲ့ ဆုံးရှုံးမှုတွေကို သူ့ပိုက်ဆံနဲ့ တကယ်ကြီး လျော်ကြေးပေးမလို့လား...ဒီခေတ်ကြီးထဲမှာ ဒီလို လူအက ရှိသေးတယ်လား"
အချို့အစီအစဉ်များဆိုလျှင် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၌ ဖြစ်ပျက်ခဲ့သမျှကို ဆွေးနွေးရန်
အတွက် တိုက်ရိုက်ဖိုရမ်တစ်ခုတောင်ထည့်သွင်းပေးခဲ့သည်။
အထင်အမြင်အမျိုးမျိုး ရှိကြသော်ငြား ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးပင်ဖြစ်စေ၊ ရွှီဖန်းပင်
ဖြစ်စေ ယခု တရုတ်နိုင်ငံတစ်ခုလုံး၌ နာမည်ကြီးနေလေပြီ။
"ဒီမှာပါ"
ဝန်ထမ်းအများအပြားက စားပွဲ၊ ကုလားထိုင်၊ လက်ပ်တော့ပ်၊ ပရင့်တာနှင့် လက်မှတ်ထိုးရန်လိုအပ်
သည့်အရာများကိုတောင် ယူဆောင်ကြသည်။
"ကောင်းပြီ ရဲကားဘေးမှာ ထားလိုက်ပါ"
ထို့နောက် ရွှီဖန်းသည် ရှယန်ယွိဘက်ကို လှည့်၍ မေးလိုက်သည်။
"ကိုယ် မင်းကိုဆက်သွယ်ခိုင်းထားတဲ့ ဘဏ်ကိစ္စ ဘယ်လိုဖြစ်သွားလဲ"
"လုပ်ရတာမလွယ်ဘူး၊ ဒီကဘဏ်တွေက အန္တရာယ်မယူရဲကြဘူး"
ရွှီဖန်းလည်း ထိုကိစ္စကိုကြားတော့ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘဏ်က ပူးပေါင်းဆောင်ရွက်မှုမရှိရင် တကယ် ခက်ခဲမှာပဲ၊ ကိုယ်တို့ကို ရဲတွေကပဲ နည်းလမ်းရှာပေးနိုင်မယ်ထင်တယ်၊ သူတို့က ကိုယ့်ထက်တောင် ပိုပြီးစိုးရိမ်နေကြသေးတယ်"
ရွှီဖန်းသည် သူ့စိတ်ထဲ၌ တွေး၍ အခြေအနေကို ရှင်းပြရန် ရဲအရာရှိတစ်ဦးဆီသွားလိုက်သည်။
ထိုကိစ္စကိုကြားတော့ ရဲအရာရှိကလည်း ရွှီဖန်းကို အရင်ဦးဆုံး လူထု၏စိတ်ခံစားချက်ကို တည်ငြိမ်အောင် လုပ်ပေးရန် အချက်ပြခဲ့သည်။ ပြီးတော့မှ တစ်ဖက်ကိုလှည့်ကာ အမြင့်ပိုင်းတွင် ရပ်နေကြသည့် လူအုပ်စုထံသို့ အမြန် ပြေးသွားခဲ့သည်။
"အတွင်းရေးမှူး ရွှီဖန်းက လက်ရှိနေရာမှာပဲ စာချုပ်ကိုလက်မှတ်ထိုးပေးပြီး ငွေ ချက်ချင်းပေးချေချင်တယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဘဏ်က မပူးပေါင်းပေးတော့ ကျွန်တော်တို့ရဲ့အကူအညီကို လိုအပ်နေပါတယ်တဲ့"
"သူက ပိုက်ဆံဘယ်လောက်လိုတာလဲ"
"သူပြောတာ နားထောင်ရသလောက် ကနဦး ဘတ်ဂျက်အနေနဲ့ အလုပ်သမားတွေရဲ့ရှယ်ယာက ယွမ်သန်း၁၀၀လောက် ရှိမယ်ထင်ပါတယ်"
"သူက ပိုက်ဆံ တတ်နိုင်တယ်တဲ့လား"
"သူက ပိုက်ဆံကိစ္စအတွက် စိုးရိမ်နေပုံမရပါဘူး"
ချန်ဟိုင်းပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးသည် ရဲအရာရှိ၏တင်ပြချက်ကို ကြားသည်နှင့် မျက်မှောင်ကြုတ်၍ ချက်ချင်းအမိန့်ပေးလိုက်သည်။
"ချန်ဟိုင်းဘဏ်၊ ဟွာရှားဘဏ်နဲ့ ကျုံးချန်ဘဏ်တွေကို ဆက်သွယ်၊ အနီးအနားက ဘဏ်ခွဲတွေကနေ လွှဲပြောင်းပြီး ယွမ်သန်း၁၀၀ကို ငွေသားနဲ့ ချပေးဖို့ ပြောလိုက်၊ ပြီးတော့ ချန်ဟိုင်းစစ်တပ်နဲ့ ဆွေးနွေးပြီး စစ်သားတချို့ကို ဒီနေရာမှာ အခြေအနေ ထိန်းသိမ်းပေးဖို့ ချခိုင်းထားလိုက်ပါ၊ ရွှီဖန်းရဲ့ တောင်းဆိုချက်တွေအားလုံးကို ဖြည့်ဆည်းပေးပြီးရင် သတင်းထောက်တွေကို ဖုန်းခေါ်ပြီး ငါတို့ချန်ဟိုင်းမှာရှိတဲ့ လုပ်ငန်းရှင်က အလုပ်သမားတွေကို ဘယ်လို ဆက်ဆံလဲဆိုတာကို နိုင်ငံတစ်ဝန်းနဲ့ ကမ္ဘာတစ်ဝန်းကလူတွေ မြင်အောင်ပြသပေးရမယ်!"
"ဟုတ်ကဲ့"
ရဲအရာရှိကလည်း ထိုအမိန့်ရှည်ကိုကြားတော့ အသံကျယ်ကျယ်နှင့် ပြန်ဖြေပြီး ချက်ချင်းလှည့်ကာ အပြေးထွက်သွားသည်။ ဘေးနားက လူအုပ်ကြီးကလည်း ချက်ချင်းချီးမွမ်းဂုဏ်ပြုလာကြသည်။ သို့သော် သက်လတ်ပိုင်းအရွယ်အမျိုးသား၏ အမူအရာကတော့ တည်ငြိမ်နေဆဲပင်။
ထိုအချိန်မှာ ရွှီဖန်းကမူ ဟွန်းကို ပြန်ယူ၍ ထပ်မံအော်ပြောလိုက်သည်။
"အားလုံးပဲ စည်းကမ်းတကျ တန်းစီပေးကြပါ...ပြီးရင် ကျွန်တော့်ဆီလာပြီး ရှယ်ယာလွှဲပြောင်းစာချုပ်မှာ လက်မှတ်ထိုးပေးကြပါ၊ တစ်ယောက် လက်မှတ်ထိုးပြီးတာနဲ့ ပိုက်ဆံတန်းပေးမယ်၊ တစ်ယောက်ပြီးရင် တစ်ယောက်ထွက်သွားကြပါ...ကျေးဇူးပြုပြီး ရှုပ်ရှုပ်ထွေးထွေးတွေ မလုပ်ကြပါနဲ့...စိတ်မပူကြပါနဲ့....ဘေးကင်းဖို့ကသာ ပထမပါ...အန္တရာယ်မဖြစ်ပါစေနဲ့...ဟုတ်ပြီနော်"
တကယ်တော့ ရဲအရာရှိ၏စကားများကြောင့် သူတို့သည် ဤအဖြစ်အပျက်၌ သူ့ကို မှီခိုပြီး နာမည်ကောင်းရယူရန်မှာ ခေါင်းဆောင်ပိုင်း၏ ရည်ရွယ်ချက်မှန်း ရွှီဖန်းသိပေသည်။ သို့သော် ဒါကလည်း သူ့အတွက် အကျိုးအမြတ်ရှိသည့် အခြေအနေပင်ဖြစ်သည်။ ရွှီဖန်းအတွက်ကတော့ ကောင်းကင်ကနေ ကျလာသော ကံကောင်းခြင်းတစ်ခုပင်။တစ်ပြားတစ်ချပ်မှ မကုန်စေဘဲ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို နိုင်ငံတစ်ဝန်း၌ နာမည်ကြီးစေပြီး အခြေစိုက်ရုံးရှိ ရှယ်ယာများအားလုံးကိုလည်း သူ စျေးသက်သာစွာဖြင့် ပြန်ရခဲ့သည်။
ဝမ်ကျုံးကျန့်ကတော့ ရွှီဖန်းကို တွန့်ဆုတ်စွာ ကြည့်
နေလေသည်။ သူ ဘာတွေးနေမှန်း မသိနိုင်ပေ။
မကြာခင်မှာပင် စစ်တပ်ယာဉ်များက လမ်းဖွင့်ပေးလာပြီး ငွေသားတင်ထားသော ကားဆယ်စီးကျော်သည် ရှေ့နောက်တန်းစီ၍ ရောက်လာကြသည်။ ၎င်းတို့အားလုံးက ရဲတွေဘေးမှာ ရပ်လိုက်ကြပြီး စစ်သားအုပ်စုကလည်း သေနတ်များဖြင့် ငွေသားတင်ထားသောကားများ၏ ဘေးတစ်ဖက်တစ်ချက်စီမှာ စောင့်ကြပ်နေကြသည်။
ရွှီဖန်းသည် ငွေသားတင်ထားသောကားရှေ့၌ ရပ်ပြီး ကားနောက်ဖုံးကို ဖွင့်လိုက်သည့်အခါ စနစ်တကျ စီထားသော ငွေစက္ကူအစုလိုက်အပုံလိုက်ကြီးက လူအုပ်ကြီးရှေ့၌ ပေါ်လာလေသည်။ အခင်းဖြစ်ပွားရာနေရာတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီး ဘာဆူညံသံမှမရှိကြတော့ပေ။
တချို့ဝန်ထမ်းတွေဆို ငိုပါ ငိုလာကြသည်။
"ငါ့ကလေးတော့ အသက်ရှင်ပြီ"
တချို့လူတွေကတော့ ရယ်မောနေကြသည်။ တချို့ကတော့ သူ့ဘေးနားရှိ ကောင်မလေးကိုဆွဲဖက်ပြီး "ငါတို့ မင်္ဂလာဆောင်ဖို့ အိမ်ဝယ်ပြီး လက်ထပ်လို့ရပြီကွ" ဟု ပြောနေကြသည်။
ပြည်တွင်းပြည်ပနှင့် တရုတ်နိုင်ငံတစ်နိုင်ငံလုံး ရှော့ရသွားကြသည်။ ချန်ဟိုင်းပြည်နယ်၊ ကော်မတီအတွင်းရေးမှူးသည် အမြင့်ပိုင်းမှာ ရပ်နေရင်း ဖုန်းကို လေးစားစွာ ပြန်ဖြေနေသည်။
"ကော်မတီဥက္ကဋ္ဌ စိတ်ချပါ၊ ကျွန်တော်တို့ အခင်းဖြစ်ပွားရာနေရာကို သေချာ ထိန်းသိမ်းထားပါ့မယ်"
ရွှီဖန်းမှ ကားနောက်ဖုံးကို ဖွင့်လိုက်သည့်အချိန်
ငွေသားတင်ထားသောကားထဲရှိ ပုံရိပ်ကို တန်းစီနေသော ဝန်ထမ်းများတင်မကဘဲ အခြေအနေကို အာရုံစိုက်နေသည့် တရုတ်ပြည်သူတစ်ရပ်လုံး မြင်သွားခဲ့ကြသည်။ ၎င်းမှာ ကြီးကျယ်ခမ်းနားလှသည်။
ထို့နောက် ရွှီဖန်းသည် ကွန်ပျူတာဘေး၌ ထိုင်လိုက်
သည်။ ပရင့်တာမှနေ၍ စာချုပ်များ တစ်ခုပြီးတစ်ခု ထွက်လာသည်နှင့် ရှယန်ယွိက ရွှီဖန်းကို ကမ်းပေးလေသည်။ ရွှီဖန်းက ဝန်ထမ်းကို အမြန် လက်မှတ်ထိုးပေးကာ ဝန်ထမ်းကတော့ စာချုပ်ကို စာရင်းကိုင်ရုံးသို့ ယူသွား၍ ပိုက်ဆံထုတ်ယူရသည်။
ညလုံးပေါက်ကနေ နောက်တစ်နေ့မနက်အထိ ကုန်ဆုံးသွားခဲ့သော်လည်း ဝန်ထမ်းတစ်ဝက်နီးပါးက ကျန်နေတုန်းပင်။ သို့သော်ငြား ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေကတော့ စိတ်မရှည်ခြင်းနှင့် စိုးရိမ်ပူပန်
ခြင်းများ လုံးဝမရှိဘဲ စိတ်ရှည်စွာစောင့်ဆိုင်းနေကြဆဲပင်။
ဝမ်ကျုံးကျန့်ကတော့ ထိုအချိန်၌ ရွှီဖန်းကို မုန်းတီးသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ တကယ်တော့ ဝမ်ကျုံးကျန့်သည် သူ့သားလေးအတွက် ဒီနေ့မှာ လက်စားချေချင်ခဲ့သည်။ အခြေစိုက်ရုံးမှာရှိနေသည့် သန်းရာနှင့်တန်သော ရှယ်ယာများကို သူ စိတ်မဝင်စားပေ။
ဝမ်ကျန်းကျုံးတစ်ယောက် သင်ယူနိုင်မှုမရှိ၊ အရည်အချင်းမရှိသည့် လူမိုက်တစ်ယောက် ဖြစ်လာရသော အကြောင်းအရင်း၈၀ရာခိုင်နှုန်းလောက်သည် ဝမ်ကျုံးကျန့်မှ သူ့အားနည်းချက်များကို ကာကွယ်ပေးထားခြင်းကြောင့် ဖြစ်သည်။ ဒါကို သဘာဝကျစွာပင် ရွှီဖန်းက မသိပေ။
*****************