← Chapters

နံပါတ်၁၆

Vol. 21 Ch. 310

နံပါတ်၁၆

Vol. 21 Ch. 310

ရွှီဖန်း၏ခံနိုင်ရည်ကတော့ ကောင်းနေတုန်းပင်။သို့သော် ရှယန်ယွိကတော့ မခံနိုင်တော့ပေ။ ဘေးနားရှိ စာရင်းကိုင်နှင့် သူမ အစားထိုးခဲ့သည်။

"ဥက္ကဌ ကျွန်တော် ရှယ်ယာတွေကို ပြန်မထုတ်တော့ဘူး၊ ခင်ဗျားအတွက် မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ခင်ဗျားက လျိုကျင်းနဲ့ မတူဘူးလို့ ကျွန်တော် ထင်တယ်၊ အခြေစိုက်ရုံးကို ကယ်တင်ပေးနိုင်မယ်လို့ ကျွန်တော် ယုံတယ်" 

ထိုအချိန်မှာ ဝန်ထမ်းတစ်ယောက်က ရုတ်ချည်းပင် အုပ်စုထဲကနေ ထွက်လာပြီး ရွှီဖန်းကို ပြောလာသည်။

ရွှီဖန်းလည်း အံ့အားသင့်သွားရပြီး ထိုဝန်ထမ်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ညင်သာစွာ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်လည်း ပြန်မထုတ်တော့ဘူး! ပြန်မထုတ်တော့ဘူး!"

ထိုလူမှ စတင် ဦးဆောင်လိုက်သည်နှင့် ဒါဇင်နဲ့ချီသော လူများကလည်း တန်းစီနေရာမှ ထွက်သွားကြသည်။

ကျန်လူတွေကတော့ ပိုက်ဆံကိုသာ လိုချင်နေကြဆဲဖြစ်သည်။ သူတို့က ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးအပေါ်၌ အမြင်ကောင်းမရှိကြပေ။

ဒီလိုနှင့် မနက်၁၀ နာရီကျော်တွင် အားလုံးကို လက်မှတ်ထိုးပေးနိုင်ခဲ့သည်။ ထိုကာလအတွင်းတွင်အစိုးရဘက်က အရာရှိများနှင့် စစ်သားများကို စေလွှတ်ပြီး အခင်းဖြစ်ပွားရာနေရာရှိ ဝန်ထမ်းများနှင့် တခြားအလုပ်သမားများကို မနက်စာအခမဲ့ ဝေပေးခဲ့ကြသည်။

"သွားနားလိုက်ပါဦး" 

အလုပ်နားလိုက်ကြပြီဖြစ်သည့် ဝန်ထမ်းဒါဇင်ပေါင်းများစွာက သန့်ရှင်းရေးလုပ်ရန် ရောက်လာကြပြီး သူတို့က စားပွဲများနှင့် ကွန်ပျူတာများကို ရုံးခန်းအဆောက်အအုံဆီသို့ ပြန်သယ်သွားကြသည်။

ထို့နောက်တွင် ငွေသားတင်ကားများအားလုံးလည်း ပြန်ထွက်ခွာသွားကြသည်။ ပိုက်ဆံတွေလည်း အကုန် ကုန်သွားခဲ့သည်။ နောက်ထပ် သန်း၄၀တောင်ထပ်ယူခဲ့ရသည်။

ရွှီဖန်းကတော့ စိတ်မညစ်နေပေ။ သို့သော်ငြား ဖုန်းဖွင့်ကြည့်လိုက်သည့်အခါမှာတော့ ခေါင်းနပန်းကြီးသွားရတော့သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဆိုရှယ်မီဒီယာများတွင် သူ့ပုံကြီးနှင့်အတူ ငွေသားတင်ကားဆယ်စီးနှင့် ရိုက်ထားသောအဖွဲ့လိုက်ပုံက ပလူပြန်နေသည်။

"သွားပြီ...ငါတော့ ဦးထုပ်ဆောင်းပြီးမှ အပြင်ထွက်ရတော့မယ်" 

ရွှီဖန်း တီးတိုး ရေရွတ်မိသည်။

"အမ်..."

ဘေးနားက ဝန်ထမ်းတွေက ဇဝေဇဝါကြည့်လာကြသည်။

"ဪ ဘာမှမဟုတ်ဘူး၊ ကျွန်တော် အရင်ဆုံး သွားအိပ်လိုက်ဦးမယ်" 

ထို့နောက် သူ ထရပ်ကာ ဆေးရုံသို့ ထွက်လာခဲ့သည်။ မနေ့က ရွှီဖန်းသည် ရဲတွေအား ရှယန်ယွိကို ဆေးရုံသို့ ပို့ခိုင်းခဲ့သည်။ ရှောင်းချောင်နဲ့ ယန်ပင်းတို့ကလည်း ထိုနေရာမှာ ရှိနေသည်။

"ရှောင်းချောင်ကိုသာ လူနာမစောင့်ပေးနေရရင် မင်းရဲ့ သူရဲကောင်းဆန်ဆန်လုပ်ရပ်ကို အဲ့ဒီနေရာမှာ တွေ့နိုင်ခဲ့မှာ"

ယန်ပင်းကတောင် ရွှီဖန်းကို မြင်ပြီး အနည်းငယ်

စိတ်လှုပ်ရှားနေခဲ့သည်။ သူ ရွှီဖန်း၏လက်မောင်းကို ပုတ်၍ ထိုစကားပြောလိုက်သည်။

သို့သော်ငြား ထိုအချိန်၌ ရွှီဖန်းသည် ညလုံးပေါက် မအိပ်ထားရတာကြောင့် မျက်လုံးက အလွန်ပင်ပန်းနွမ်းနယ်နေသည်။ သူ ရှယန်ယွိ၏ ခုတင်ပေါ်မှာပင် တန်းအိပ်ပျော်သွားခဲ့ပြီး ယန်ပင်းကိုတောင် ဂရုမစိုက်

နိုင်ခဲ့ပေ။

ထိုအချိန်မှာ ချန်ဟိုင်းရှိ ဗီလာတစ်လုံးတွင် ဖြစ်သည်။

"ခွမ်း!" 

ကြွေထည်ကွဲသံ နောက်တစ်ခုက ထွက်လာသည်။

"အဖေ ဘာလို့ ဒေါသထွက်နေတာလဲ...ရွှီဖန်းက ယွမ် သန်း၁၄၀တောင် ဆုံးရှုံးခဲ့တာမဟုတ်ဘူးလား" 

ဝမ်ကျန်းကျုံးသည် ဒေါသထွက်နေသည့် သူ့အဖေကို ကြည့်၍ပြောမိသည်။ 

"ယွမ်သန်း၁၄၀ကို အရာအားလုံးပဲလို့ ထင်နေတာလား! ကြယ်တစ်ပွင့်ကို တောင် ယူလို့မရနိုင်ဘူး" 

ဝမ်ကျုံးကျန့်၏အမြင်က ရေရှည်အတွက်ဖြစ်မှန်း သိသာပေသည်။ သူ့သားအတွက် လက်စားမချေနိုင်ခဲ့ဘူးဆိုတာကို သူ သိသည်။ သူက ရွှီဖန်းအတွက်

တောင်မှ ပလက်ဖောင်းမြင့်မြင့်ကြီးတစ်ခု ဆောက်

ပေးလိုက်သလိုဖြစ်သွားခဲ့ပြီး သူ့ကို ထိပ်ဆုံးသို့ ပို့ပေးခဲ့မိသည်။

သို့သော် ဝမ်ကျန်းကျုံးကတော့ ဒါတွေကို မမြင်နိုင်

ပေ။ သူ့အဖေ၏ဒေါသကို သူ နားမလည်သော်ငြား သူ ပိုပြီးစိတ်ပူနေသည့်အရာကို မေးလိုက်သည်။

"အဖေ အခု ရှယန်ယွိကို လိုက်လို့ရပြီလား၊ ရွှီဖန်းက ကျွန်တော့်ကို ဝင်မစွက်ဖက်ရဲတော့ဘူးမလား"

ဝမ်ကျန်းကျုံး၏စိတ်ထဲ၌မူ သူ့အဖေက ရွှီဖန်းကို သင်ခန်းစာပေးလိုက်ပြီဟူ၍သာ ထင်နေခဲ့သည်။

"အဟွတ်! အဟွတ်! အဟွတ်!"

ဝမ်ကျုံးကျန့်မှာ အလွန်ဒေါသထွက်သွားတာကြောင့် အကြိမ်များစွာချောင်းဆိုးခဲ့ရပြီး သူ့မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။

"သွား မင်း အပြင်ထွက်သွားတော့!"

ဝမ်ကျုံးကျန့်သည် သတိပြန်ဝင်လာပြီးနောက် သူ့သားကို လက်ဝှေ့ယမ်းကာ အပြင်ထွက်ခိုင်းလိုက်

တော့သည်။

"ကျွန်တော်... ဟုတ်ပါပြီ"

ဝမ်ကျန်းကျုံးသည် ဆက်ပြောချင်သေးသော်ငြား သူ့အဖေ၏မကျေမနပ်အမူအရာကို မြင်တော့ စကားမပြောရဲတော့ဘဲ ထွက်သွားလေသည်။

"ငါ နံပါတ်၁၆ကို ရှာနေတယ်"

ဝမ်ကျန်းကျုံးထွက်သွားပြီးနောက် ဝမ်ကျုံးကျန့်သည် ဆေးပြင်းလိပ်ကို မီးညှိကာ ဖုန်းဆက်လိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူ ဖုန်းချလိုက်သည်။

ထိုအချိန် ရှောင်းမိသားစု၏ ခြံဝင်းထဲမှာ ဖြစ်သည်။

"ခွမ်း!"

မြင်ကွင်းက ထပ်တူပင်။ ရှောင်းပုချီသည် ကွန်ပျူတာထဲမှ ရွှီဖန်း၏ပုံနှင့် ရွှီဖန်းအပေါ်အကဲဖြတ်ထားသည့် မှတ်ချက်များကိုကြည့်ပြီး သူ့ခွက်အား မြေပြင်ပေါ် ခွဲချလိုက်သည်။

"ရွှီဖန်း!!"

ရှောင်းပုချီ၏မျက်လုံးများ မှေးကျဉ်းသွားကာ သသတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ သူ အမြန်ပင် တစ်ဖက်ကိုလှည့်ကာ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။

"နံပါတ် ၁၆ ငါ့ဆီ လာခဲ့!"

"ဥက္ကဌရှောင်း နံပါတ်၁၆က မစ်ရှင်တစ်ခုအတွက် သွားနေပါတယ်...တစ်ယောက်ယောက်က ရွှီဖန်းရဲ့ခေါင်းအတွက် စျေးပေးထားတဲ့ပုံပဲ"

"ဘာ!"

ရှောင်းပုချီမှာ မှင်သက်သွားရသည်။ တစ်ယောက်ယောက်က သူနှင့် အကြံတူနေမှန်း သူ သိလိုက်သည်။ ဖုန်းချပြီးနောက် ရှောင်းပုချီသည် ဦးတည်ရာမဲ့စွာ ကြည့်နေလျက်...

"နံပါတ် ၁၆ ငါ မင်းရဲ့ စွမ်းဆောင်ရည်ကို စောင့်

ကြည့်နေမယ်"

ရွှီဖန်း နိုးလာသည့်အခါ ည၈နာရီကျော်နေလေပြီ။

"နိုးပြီလား...လာ တစ်ခုခု စားလိုက်ဦး" 

ရွှီဖန်း မျက်လုံးဖွင့်လာတာကိုမြင်တော့ ရှယန်ယွိသည် သူ့ဘေးနားရှိ အစားအစာများကို အမြန် ဖွင့်လိုက်သည်။

"အင်း...နည်းနည်းဗိုက်ဆာနေပြီ" 

အိပ်ရာမှာနိုးလာပြီးနောက် ရွှီဖန်းလည်း တကယ်

ဗိုက်ဆာနေတာကြောင့် အစားအစာတွေကို ယူပြီး စားခဲ့သည်။

ရှောင်းချောင်ကတော့ သတိမေ့မြောနေဆဲပင်။ သို့သော် သတင်းကောင်းကတော့ သူမ၏စက်ကိရိယာပေါ်မှ ညွှန်းကိန်းများက ပုံမှန်အခြေအနေမှာ ရှိနေသည်။ 

ရှယန်ယွိကလည်း ရှောင်းချောင်ကို ကြည့်နေသည့် ရွှီဖန်း၏ မျက်လုံးများကို သဘာဝကျစွာ မြင်လေသည်။ သို့သော်ငြား သူမသည် ထက်မြက်သောအမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် တိတ်ဆိတ်နေခြင်းကိုသာ ရွေးချယ်ခဲ့သည်။ အခုအချိန်က ထိုအကြောင်းပြောရန် အချိန်မဟုတ်သေးပေ။ သူမ ရှောင်းချောင် နိုးလာမည့် အချိန်ကိုသာ စောင့်နေမိသည်။

တစ်ရက်တာလုံး စားလိုက်၊ အိပ်လိုက်လုပ်ပြီးနောက် ရွှီဖန်းသည် အပြင်ထွက်ပြီးလမ်းလျှောက်ချင်တာကြောင့် ရှယန်ယွိက ပြည်နယ်မြို့တော်၏ တူးမြောင်းဘေးသို့ ကားမောင်း၍ ခေါ်သွားပေးခဲ့သည်။

"နောက် ဘာဆက်လုပ်ကြမလဲ" 

ရှယန်ယွိသည် ရွှီဖန်း၏ပခုံးပေါ်တွင် ခေါင်းမှီရင်း နှစ်ယောက်သား မြစ်ဘေးမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြသည်။

"နောက်မှ ကိုယ်လုပ်ပြတာကိုပဲ ကြည့်နေလိုက်ပါ" 

ရွှီဖန်း အနည်းငယ်ပြုံးလိုက်သည်။ ကောင်းကင်ဘုံ၏ မြေဆီလွှာအကြောင်းကို ရှယန်ယွိအား ပြောပြရန် သူ မရည်ရွယ်ထားပေ။ ဒါက ရှယန်ယွိကို ကာကွယ်

ရုံတင်မကဘဲ ကောင်းကင်ဘုံအကြောင်းအား ရွှီဖန်းသည် သူ့ကိုယ်သူကလွဲ၍ တခြားဘယ်သူကိုမှ အသိမပေးချင်ပေ။

"ရှင်က အချိန်တိုင်း မျိုးစုံလုပ်ပြနေတာပဲကို"

ရှယန်ယွိကလည်း ထပ်မမေးတော့ပေ။ သူတို့နှစ်

ယောက်စလုံး တိတ်ဆိတ်စွာပင် မြစ်ဘေးမှ တိုက်ခတ်လာသည့် စိုစွတ်သောလေပြေကို ခံစားနေကြသည်။

တည်ငြိမ်နေသော မြစ်ရေက ရုတ်တရက် လှိုင်းထလာတာကြောင့် ရွှီဖန်း မှင်သက်သွားသည်။ ဘေးနားမှာ ရပ်နေသော ရှယန်ယွိသည်လည်း ပုံလဲကျသွားသည်။

ရွှီဖန်းသည် ရှယန်ယွိကို အမြန်ထိန်းလိုက်ပြီးအခြေအနေကို အကဲခတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ အမှောင်ထဲကို ပိုသတိထားပြီး မော့ကြည့်

မိသည်။

"ဘယ်သူလဲ" 

သို့သော် ဘာတုံ့ပြန်မှုကိုမှ သူ မရခဲ့ပေ။ သူ့ရင်ခွင်ထဲရှိ ရှယန်ယွိ၏ အသက်ရှူသံကတော့ တည်ငြိမ်နေဆဲပင်။ တခြား ပြဿနာကြီးကြီးမားမားမရှိဘဲ သတိလစ်သွားရုံသက်သက်ပင်ဖြစ်၏။ 

သို့သော် ရွှီဖန်းသည် ယခု စပြီး မလှုပ်ရှားရဲသေးပေ။သူ့အား အမှောင်ထဲမှ မျက်လုံးတစ်စုံက စိုက်ကြည့်နေသလို သူ ခံစားနေရသည်။ ရွှီဖန်း၏နှလုံးသားက အနည်းငယ် တုန်ယင်သွားလေသည်။ 

သို့သော် ထိုတစ်ကြိမ် အသံထွက်လာပြီးကတည်းက နက်ရှိုင်းသည့်ပင်လယ်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်အတိုင်း ရေလှိုင်းဟာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး ထပ်မဖြစ်လာတော့ပေ။

ရွှီဖန်းသည် လက်ရှိအချိန်တွင် ရှယန်ယွိ၏အခြေအနေကို စိုးရိမ်နေတုန်းပင်။ ရှယန်ယွိ ခန္ဓာကိုယ်၏ လုပ်ဆောင်မှုများက ပုံမှန်အတိုင်းရှိနေသော်လည်း သူမကတော့ သတိမေ့မြောနေတုန်းပင်။

ဂရုမစိုက်ဘဲ နေ၍မရတော့ချေ။ ရွှီဖန်းသည် ရှယန်ယွိကို အမြန်ပွေ့ချီကာ ကားရပ်ထားသောနေရာသို့ အပြေးသွားခဲ့သည်။ ထို့နောက် ရှယန်ယွိကို ဆေးရုံခေါ်သွားခဲ့သည်။ လမ်းမှာလည်း ဘာထူးထူးခြားခြားမှ ထပ်မဖြစ်လာခဲ့ပေ။

"အဆင်ပြေပါတယ်...လူနာက ပြင်းအားများတဲ့မေ့ဆေးကို ထိုးထားပုံရတယ်...မနက်ဖြန်ဆို 

ရင် နိုးလာပါလိမ့်မယ်" 

"ဘာ"

ဒါကိုကြားတော့ ရွှီဖန်း၏နှလုံးသားက ထိတ်လန့်သွားခဲ့သည်။ ခုနကအခြေအနေ၌ သူ့အတွက် လုံးဝ တုံ့ပြန်ချိန်တောင် မရခဲ့ပေ။ ရှယန်ယွိကတော့ ချက်ချင်းပင် မေ့ဆေးထိုးသွင်းခံလိုက်ရသည်။

ရွှီဖန်း၏စိတ်ထဲ၌ ထိတ်လန့်ခြင်းနှင့် ဒေါသများဖြစ်ပေါ်လာသည်။ ထိုလူက သိသာစွာပင် သူ့အတွက်ရောက်လာခြင်းပင်။ 

ဒါက ငါ့ကိုမသတ်ခင်မှာ သူ့ကိုယ်သူ နှုတ်ဆက်လာ

တဲ့သဘောလား။

ရွှီဖန်း စိတ်ထဲ၌ တွေးလိုက်မိသည်။ သူ့စိတ်တစ်ခုလုံးကလည်း လျင်မြန်စွာ တွေးနေသည်။ ဒီလို ရန်သူမျိုး ရှိလာရန်မှာ မလွယ်ပေ။ သို့သော်ငြား ဘယ်ရန်သူဖြစ်

နိုင်မလဲဆိုပြီး တစ်ယောက်ကိုမျှ ခန့်မှန်းကြည့်၍ မရခဲ့ချေ။

သို့သော်ငြား ရွှီဖန်းသည် အန္တရာယ်ရှိသည်ဟူသော ခံစားချက်မျိုးကို တစ်ဖန် ပြန်ခံစားလိုက်ရသည်။ နောက်ဆုံးတစ်ကြိမ် ယန်ပင်းဆီကနေ လုပ်ကြံခံရပြီးကတည်းက အခုအချိန်ထိ ရွှီဖန်း၏ခွန်အားမှာ များစွာတိုးတက်လာသော်လည်း အန္တရာယ်ရှိသည့်ခံစားချက်ကို ထပ်မံခံစားနေရပြန်သည်။ 

"ခွန်အားကသာ အဓိကပဲ" 

"ဟုတ်တယ်"

ရွှီဖန်း သူ့မျက်လုံးကို မှေးကျဉ်းကာ သူ့ကိုယ်သူ ပြောခဲ့သည်။

ရှယန်ယွိနှင့်ရှောင်းချောင်တို့ နှစ်ယောက်ကို ကြည့်ရှုထားရန် ယန်ပင်းကို မှာကြားပြီးနောက် ရွှီဖန်းသည် သူ့အိမ်မွေးမြူရေးခြံသို့ ကားပြန်မောင်းလာခဲ့သည်။

ခွေးခုနစ်ကောင်သည် ထုံးစံအတိုင်း ရွှီဖန်းကား၏ ခေါင်မိုးပေါ်ခုန်တက်ကာ သူ့ကို နှုတ်ဆက်လာကြသည်။

ရွှီဖန်း ကားပေါ်ကနေဆင်းလိုက်တော့ ခွေးအုပ်စုမှာ ပိုပြီးပျော်ရွှင်သွားကြသည်။ ဝန်ထမ်းတွေကို နှုတ်ဆက်ပြီးနောက် ရွှီဖန်းသည် မွေးမြူရေးခြံထဲရှိ ရိုးရှင်းသော အိမ်ငယ်လေးထံသို့ ခွေးများကို ခေါ်သွားခဲ့သည်။

အိမ်ထဲသို့ ဝင်ပြီးသည်နှင့် ရွှီဖန်း တံခါးကို ပိတ်

ကာ လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ထူးဆန်းသောပစ္စည်းများစွာက လက်စွပ်ထဲကနေ ကျလာသည်။ အရှင်အာ့လန်မှ ရွှီဖန်းအတွက် နောက်ဆုံးတစ်ကြိမ် ရတနာများ ချန်ထားပေးခဲ့ပြီးကတည်းက ရွှီဖန်းသည် သေချာ မစစ်ဆေးနိုင်သေးဘဲ အကုန်လုံးကို သိမ်းခဲ့ရသည်။

ရှုပ်ထွေးနေသော ပစ္စည်းပုံကြီးကို ကြည့်၍ ရွှီဖန်းသည် မိုးကြိုးနဂါးဦးချိုများနှင့် တခြားပစ္စည်းများကို လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်အဖြစ် ပြုလုပ်ရန် အရင်ဆုံး ခွဲထားလိုက်သည်။ ထို့နောက် အမျိုးအမည်မသိသော ပုလင်းများနှင့် ဘူးများကို စုစည်းပြီး တစ်ခုချင်းစီ ခွဲခြားထားလိုက်သည်။

ကွေ့ယွမ်ရယ်၊ ချန်ရှင်းဆေးလုံး၊ မီးလျှံဆေးလုံး၊ ရှောင်းယောက်စံ။

ရွှီဖန်းတွင် ထိုက်ပိုင်ကျင့်စစ်၏ဆေးလုံးများလည်းရှိနေသည်။ ထိုဆေးတွေကိုတော့ ခွဲခြားရန် အလွန်

လွယ်ကူပြီး အာနိသင်ကိုလည်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ဒါတွေအားလုံးက ပျက်စီးနေသော ဆေးတွေဖြစ်သော်ငြား သူ့အတွက်တော့ အလွန်

အသုံးဝင်သည်။

"ဒါက" 

ရုတ်တရက် ရွှီဖန်း၏မျက်လုံးများ လင်းလက်သွားခဲ့သည်။ သူ ခေါင်းလောင်းငယ်လေးတစ်လုံးကို တွေ့လိုက်ရခြင်းပင်။

ခေါင်းလောင်း၌ ဖုန်တွေ ဖုံးနေသော်ငြား ၎င်းမှ ထုတ်

လွှတ်နေသည့် ပြင်းထန်ပြီးအနှစ်သာရရှိသောအရှိန်အဝါကိုတော့ မဖုံးကွယ်ထားနိုင်ပေ။

ရွှီဖန်းသည် ဤခေါင်းလောင်းကို မြင်သည်နှင့် သာမန်အရာမဟုတ်မှန်း သိလိုက်သည်။ အကြောင်းရင်းမှာ ဒီလိုမချို့ယွင်း၊ မပျက်စီးသေးဘဲ ပြည့်စုံနေသည့်အရာမျိုးက ကောင်းကင်ဘုံအမှိုက်ပုံထဲ၌ မရှိနိုင်ပေ။ ဒါက သိသာထင်ရှားစွာပင် အရှင်အာ့လန်က သူ့အတွက် သက်သက်ထားခဲ့ပေးသည့် ပစ္စည်းပင်။

"ဒါပေမဲ့ ဘယ်မှာ အသုံးဝင်တာလဲ" 

ရွှီဖန်း ခေါင်းလောင်းကို ကိုင်ကြည့်လိုက်သည်။ ခေါင်းလောင်းပေါ်ရှိ ဖုန်များသည် ခေါင်းလောင်းနှင့် ပေါင်းစပ်နေပုံရပြီး သုတ်လိုက်သော်လည်း မပြောင်ခဲ့ပေ။ ထို့အပြင် ရွှီဖန်း ဘယ်လိုပဲလှုပ်ပါစေခေါင်းလောင်းက အသံအနည်းငယ်လေးတောင် မထွက်လာခဲ့ပေ။ ဒါက ရွှီဖန်းအား အနည်းငယ် စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

"လောလောဆယ်တော့ ထားလိုက်ပါတော့"

ရွှီဖန်းသည် ခေါင်းလောင်းအား ဂရုမစိုက်တော့ပေ။ သူ ၎င်းကို သူ့ရင်ဘတ်ရှိ အတွင်းအဝတ်အစားထဲကို တိုက်ရိုက် ထည့်ထားလိုက်သည်။ အဆိုးဆုံးအနေဖြင့် သရဲများနှင့် နတ်ဆိုးများကို နှင်ထုတ်လို နှင်ထုတ်

နိုင်ငြားပင်။

ရွှီဖန်းသည် နောက်ထပ်ကောင်းမွန်သည့်အရာများကို ထပ်မတွေ့တော့ပေ။ အများစုက လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်များကို ပြုလုပ်ရန်အတွက် အသုံးပြုရသည့် ပစ္စည်းများပင်ဖြစ်သည်။

အားလုံးကို စီစဥ်ပြီးသွားတော့ ရွှီဖန်းသည် လျှပ်စီးအဆောင်များအားလုံးကို တစ်ခါတည်း ပြုလုပ်ထားရန် ရည်ရွယ်ခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကြာကြာသိမ်းထားလည်း ပျက်ဆီးမည့်အရာများမဟုတ်တာကြောင့် လိုအပ်သည့်အချိန်တွင် သုံးနိုင်ရန် များများသိမ်းထားရမည်။

သို့သော် ရွှီဖန်းတစ်ယောက် အဆောင်ပြုလုပ်ရန်အတွက် ပြင်ဆင်နေချိန်မှာပင်။

"ဒင်!"

ရင်ဘတ်ထဲရှိ ခေါင်းလောင်းလေးက အနည်းငယ် တုန်ခါသွားခဲ့ပြီး အသံသဲ့သဲ့လေး ထွက်ပေါ်လာသည်။

"ဒိန်!"

နောက်ထပ်တုန်ခါမှုတစ်ခုပင်၊ သို့သော် အသံက အရင်ကထက် အများကြီး ပိုကျယ်ပေသည်။

"မကောင်းတော့ဘူး" 

ရွှီဖန်းငည် အံ့အားတကြီး အော်ဟစ်မိကာ အမြန်ထရပ်၍ အိမ်ငယ်လေး၏ ပြတင်းပေါက်ကို ရိုက်ခွဲကာ ခုန်ထွက်လိုက်သည်။

ရွှီဖန်း ခုန်ထွက်လိုက်သည်နှင့် သူ့အနောက်မှာရှိသော အိမ်ငယ်လေးသည် ရုတ်ချည်းပင် "ဘုန်း"ကနဲ ပေါက်ကွဲသွားခဲ့ပြီး အုတ်ခဲများ လွင့်စဉ်လာလေသည်။

အပြင်သို့ ထွက်လာပြီးနောက်မှာ ရွှီဖန်း၏ရင်ထဲ တင်းကျပ်သွားခဲ့သည်။ ခေါင်းလောင်းက မတုန်ခါတော့ဘဲ အသံလည်း ရပ်သွားခဲ့သည်။ သူ့ ဘေးနားမှ ခွေးကလေးခုနစ်ကောင်ကလည်း အဝေးမှတောဆီသို့ ရုတ်တရက် ပြေးဝင်သွားကြသည်။

ရွှီဖန်းလည်း သူ့မျက်လုံးကိုမှေးကျဉ်းလိုက်ကာ ခွေးခုနစ်ကောင်၏ အနောက်ကို လိုက်ရန် ခြေလှမ်းတွေကို ကြွလိုက်သည်။ 

*******************

All Chapters