← Chapters

နံပါတ် (၁၆)

Vol. 21 Ch. 311

နံပါတ် (၁၆)

Vol. 21 Ch. 311

ရွှီဖန်း၏လက်ရှိခွန်အားနှင့်ဆိုလျှင် ခွေးကလေးခုနစ်ကောင်၏အရှိန်အား လိုက်မီနိုင်လေသည်။ ဘယ်သူက သူ့ကို ပစ်မှတ်ထားနေလဲဆိုတာကို သူ မသိနိုင်သေးသော်လည်း ကောင်းကင်နတ်

ခွေး၏မျိုးဆက်ဖြစ်သော ခွေးကလေးခုနစ်ကောင်၏ အာရုံခံနိုင်စွမ်းကနေ ထိုလူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ရွှီဖန်း ယုံကြည်သည်။

သို့သော် ခွေးကလေးခုနစ်ကောင်သည် သစ်တောအစပ်ကို ရောက်သည်နှင့် ရုတ်တရက် ရပ်တန့်သွားကာ သစ်တောထဲသို့ သတိကြီးစွာ ကြည့်နေကြသည်။

"ဘာဖြစ်လို့လဲ"

ရွှီဖန်းလည်း ရပ်တန့်သွားကာ သစ်တောထဲကို ကြည့်လိုက်သည်။ သို့သော် ဘယ်အန္တရာယ်ကိုမှ သူမတွေ့ရဘဲ အရာအားလုံးက တည်ငြိမ်နေသည်။

ရုတ်တရက် ခွေးကလေးတစ်ကောင်သည် သစ်တောထဲသို့ ခုန်ဝင်သွားသည်။ လျှပ်စီးကဲ့သို့ လျင်မြန်စွာလှုပ်ရှားပြီး သစ်တောအတွင်း ရှောင်တိမ်းကာ သွားလာလှုပ်ရှားနေသည်။ ရုတ်ချည်းပင် သစ်တောထဲမှနေ၍ အပ်များ ပစ်ထွက်လာသည်။ သို့သော် ၎င်းတို့အားလုံးကို သူ့ခွေးက ရှောင်တိမ်းနိုင်ခဲ့သည်။

ထို့နောက် ကျန်သည့်ခွေးကလေးခြောက်ကောင်ကလည်း အနောက်ကနေ လိုက်ဝင်သွားကြသည်။ ရွှီဖန်းနှင့် ခွေးခြောက်ကောင်သည် စစချင်းဝင်သွားသောခွေးအနောက်ကနေ လိုက်သွားခဲ့ပြီး အန္တရာယ်တွေ အားလုံးကို ရှောင်တိမ်းခဲ့ရသည်။ သူတို့၏အရှိန်က အတားအဆီးရှိတာကြောင့် နှောင့်နှေးသွားသော်ငြား သာမန်လူတွေထက်တော့ အများကြီးပိုမြန်ဆန်နေဆဲပင်။

နက်ရှိုင်းသောနေရာသို့ ဝင်လာလေလေ၊ နေရောင်ခြည်က မှိန်ပြလေလေဖြစ်သည်။ သစ်ပင်များက အလွန်ထူထပ်နေပြီး ထိုလူ ထောင်ထားသည့် ထောင်ချောက်များကလည်း ပို၍ ရှုပ်ထွေးလာသည်။

ခွေးများက လမ်းပြနေသော်ငြား ရွှီဖန်းသည် သူတို့၏ အနောက်ကနေလိုက်၍ ထောင်ချောက်တွေကို ရှောင်ရဆဲပင်။ သို့သော်ငြား အကယ်၍ သူတစ်ယောက်တည်း သာ ဝင်ခဲ့လျှင်တော့ ဒီနေ့ သေချာပေါက်ကို သေရပေလိမ့်မည်။ 

ဒါ့အပြင် ထိုလူသည် အခုလိုအချိန်တိုလေးအတွင်းမှာ ဒီလောက်ရှုပ်ထွေးသည့် ထောင်ချောက်များစွာကို ထောင်နိုင်ခဲ့သည်။ ထောင်ချောက်များက အချင်းချင်းလည်း ချိတ်ဆက်နေကြပြီး အချိန်မရွေး အသက်ဝင်နိုင်သည်။

လမ်းတစ်လျှောက်လုံး၌ သူ့ကို ပစ်မှတ်ထားနေသောလူကို အနည်းငယ် နားလည်ခဲ့သည့်အပြင် ခေါင်းလောင်းအသစ်၏ အသုံးဝင်ပုံကိုလည်း အနည်းငယ် သိလာသည်။ ရွှီဖန်းဘက်မှ ထောင်ချောက်တစ်ခုကို နင်းမိတိုင်းမှာ ခေါင်းလောင်းသည် ရွှီဖန်း၏ရင်ဘတ်ထဲမှာ တုန်ခါလာပြီး "ဒင်" ဟူသည့် အသံကို ထုတ်ပေးတတ်သည်။

"ဒင် လင် လင် လင်" 

ရွှီဖန်းနှင့် ခွေးခုနစ်ကောင် နေရာလွတ်တစ်ခုကို ရောက်တော့ ရုတ်ချည်းပင် ခေါင်းလောင်းက ရူးသွပ်စွာ တုန်ခါလာသည်။

"မကောင်းတော့ဘူး" 

ရွှီဖန်း၏အမူအရာက ပြောင်းလဲသွားသည်။ သူ ချက်ချင်းပင် ချုံပုတ်တွေထဲ ခုန်ဝင်လိုက်သည်။သို့သော် ပစ်ခတ်မှုကိုတော့ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

"ဒိုင်း!"

ကျည်ဆန်က ရွှီဖန်း၏ခြေသလုံးကို ထိမှန်သွားပြီး အရေပြားကို ရှပ်ထိသွားတာကြောင့် သွေးများ ထွက်လာသည်။

"ရှီး!"

ရွှီဖန်းသည် သူ့ဒဏ်ရာကို ဖုံးအုပ်လိုက်ပြီး လေအေးတစ်ချက်ရှူသွင်းလိုက်ရသည်။ သို့သော်ငြား ခေါင်းလောင်း၏အသံမှာ မရပ်သွားပေ။

မလှမ်းမကမ်းရှိ မြေကြီးအပုံလေးတစ်ခုသည် လူသတ်သမား၏ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားပေးပြီး ထိုလူ၏ လှံတိုတစ်ခုနှင့် ပစ်မှတ်ရှာနေသည့်

သေနတ်ထိပ်တစ်ခုသာ အစွန်းထွက်နေသည်။ ထိုလူ၏ ရုပ်ရည်ကို မြင်နိုင်ခြင်းမရှိသော်လည်း သူ့ပုံစံက သေးငယ်သောပုံသဏ္ဍာန်ဖြစ်တာကြောင့် မိန်းကလေးတစ်ဦးဖြစ်ပုံရသည်။

"ဟမ့်!"

အမျိုးသမီးသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ထပ်

ပစ်လိုက်သည်။

"သွားကြစို့" 

ရွှီဖန်းသည် နာကျင်မှုကို သည်းခံပြီး သစ်တောထဲကို ပြေးဝင်သွားလိုက်သည်။ ပြင်းပြင်းထန်ထန်တုန်ခါနေသော ခေါင်းလောင်းသံကို ကြားနေရတာကြောင့် သူ မရပ်နိုင်ခဲ့ပေ။ စနိုက်ပါကလည်း သူ့ကို ဆက်တိုက်ပစ်ခတ်နေသည်။ သို့သော် ထူးဆန်းစွာပင် ရွှီဖန်းသည် ကျည်ဆန်များကို အမြဲတမ်း ကပ်သီလေးရှောင်တိမ်းနိုင်နေသည်။ 

ရွှီဖန်းအား ကျည်ဆန်မထိခဲ့သော်လည်း ကျည်ဆန်များကြောင့် အရေပြားပွန်းရှဒဏ်ရာများစွာရခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်သလို ခံစားနေရသည်။

သစ်တောထဲ၌ မျောက်တစ်ကောင်လို ခုန်ပေါက်နေသည့် ရွှီဖန်းကိုမြင်တော့ အမျိုးသမီးသည် သာယာနာပျော်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ထုတ်ဖော်နေလေသည်။ ထိုအပြုံးက အနည်းငယ် ဆိုးသွမ်းသည့်

ပုံစံမျိုးဖြစ်ပြီး ရွှီဖန်းနှင့် ကစားနေသကဲ့သို့ပင်။

အမျိုးသမီးသည် ကြောက်မက်ဖွယ်အရိပ်အဖွဲ့အစည်း၏ နံပါတ်၁၆ လုပ်ကြံသတ်ဖြတ်သူဖြစ်ပြီး သူမ၏အဆင့်မှာ အဆိပ်ပြင်းကောင်ထက် နှစ်ဆမြင့်သည်။

နံပါတ်၁၆ ကလည်း ဂန္တဝင်လုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်ပြီး သူမကို မြင်ဖူးသူမှာ အလွန်နည်းလေသည်။ အကြောင်းမှာ သူမသည် အဖွဲ့အစည်း၏ တိုက်ရိုက်ဦးဆောင်မှုအောက်၌ မရှိသော လုပ်ကြံသတ်ဖြတ်သူဖြစ်သောကြောင့်ပင်။ 

စျေးနှုန်းကို မကြည့်နှင့်၊ ဤအမျိုးသမီး၏ မစ်

ရှင်အောင်မြင်မှုနှုန်းသည် ၁၀၀%ဖြစ်သည်။ သူတို့ သိထားသည့် တစ်ခုတည်းသော အချက်အလက်မှာ ဤအမျိုးသမီးသည် ငယ်ရွယ်သည်။ သူမ၏ပစ်မှတ်တိကျမှုကလည်း အလွန်မြင့်မားသည်။ သူမ သတ်

ခဲ့သော လူတိုင်း၏ နဖူးမှာ ကျည်ဆန်ဖြင့် ပစ်ခံထားရပြီး တခြားသောသေဆုံးမှုပုံစံများ မရှိခဲ့ပေ။ တချို့ဆိုလျှင် သူမအား တစ်နှစ်တာအတွင်း ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဟူ၍တောင် ပြောကြသည်။

နံပါတ်၁၆သည် အလွန်ကစားချင်စိတ် ပြင်းပြသောအမျိုးသမီးဖြစ်သည်။ မျောက်တစ်ကောင်လို ခုန်ပေါက်နေသည့် ရွှီဖန်းကို မြင်တော့ သူမ ပျော်စရာကောင်းသည်ဟု ခံစားရပြီး တစ်ချိန်လုံး ရယ်မောနေလေသည်။

ထိုအချိန်၌ ရွှီဖန်း၏ရင်ထဲမှာတော့ ဒေါသဖြင့်

ပူလောင်နေသည်။ သူ့ဘက်က ဘာမှ မမြင်နိုင်သေးသော်လည်း တစ်ဖက်လူ၏ပစ်ခတ်မှုကြောင့် ပြေးနေရသည်။ 

ခေါင်းလောင်းက နောက်တစ်ကြိမ် တုန်ခါလာပြန်သည်။ ထို့နောက် နောက်ထပ် ကျည်ဆန်တစ်

တောင့် ထပ်ထွက်လာသည်။

"ဒါက" 

ရွှီဖန်း ခဏတာမျှ အံ့အားသင့်သွားသည်။ 

ဒီခေါင်းလောင်းက တစ်ဖက်လူ မပစ်ခတ်ခင်မှာ ဘာလို့ တုန်ခါပြီး သတိပေးလာတာလဲ။ ဒီခေါင်းလောင်းမှာ အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည် ရှိနေတာလား။ 

ရွှီဖန်း၏ မျက်နှာပေါ်၌ ရှုပ်ထွေးနေသောအမူအရာ ပေါ်လာသည်။ ထိုအချိန် ခေါင်းလောင်းက နောက်

တစ်ကြိမ် တုန်ခါလာပြန်သည်။ ရွှီဖန်း မတွန့်ဆုတ်တော့ဘဲ ဘေးကို လှည့်ရှောင်လိုက်သည်။ ကျည်ဆန်က လွဲချော်သွားခဲ့သည်။

"ထင်ထားတဲ့အတိုင်းပဲ" 

ရွှီဖန်း အံ့အားသင့်စွာ ပြောလိုက်မိသည်။

နံပါတ်၁၆ ကတော့ မှင်တက်သွားခဲ့သည်။ သူမ လွဲချော်ခဲ့တာလား။ နံပါတ်၁၆သည် သူမ၏ခေါင်း ပေါက်ကွဲတော့မလို ခံစားလိုက်ရသည်။ သူမအတွက်တော့ ကျည်ဆန်လွဲတာဟာ မကြုံစဖူး အရှက်ရစရာပင်ဖြစ်သည်။ ကြောက်မက်ဖွယ်အရိပ်၏ လုပ်ကြံသတ်ဖြတ်သမားဖြစ်လာကတည်းက နံပါတ်၁၆သည် ကျည်ဆန်တိုင်းကို ၁၀၀% တိကျစွာ ပစ်ခတ်နိုင်ခဲ့သည်။ 

ခုနက လွဲချော်သွားခဲ့သည့်ကျည်ဆန်မှာ သူမ၏ ဂုဏ်သတင်း ဘယ်တော့မှ ပြီးပြည့်စုံတော့မှာ မဟုတ်ဘူးဆိုသည့်အဓိပ္ပာယ်ပင်။ ဒါဟာ နံပါတ်၁၆ အတွက် လက်မခံနိုင်စရာ ဖြစ်ပြီး သူမ၏လက်

ကတောင် တုန်ယင်လာသည်။ ရွှီဖန်းကို စောစောစီးစီးတည်းက မသတ်ဘဲ စနောက်နေမိတာကို သူမ နောင်တရလာသည်။

"သေစမ်း"

နံပါတ်၁၆သည် ဒေါသတကြီး ဖြစ်သွားရသည်။ သူမ၏လက်ထဲ၌ သေနတ်ကိုကိုင်ကာ မျက်မှောင်ကြုတ်၍...

"ဒိုင်း!"

ရွှီဖန်းက သတိပေးချက်ရထားသည့်အလားပင်။ သူမဘက်မှ မပစ်ခင် တစ်စက္ကန့်အလိုကတည်းက ဘေးကို ရှောင်တိမ်းခဲ့တာကြောင့် ထပ်ပြီး လွဲချော်သွားပြန်သည်။

"ဒီလူ..."

ပထမဆုံးအကြိမ် လွဲချော်ခဲ့တုန်းကတော့ သူမ အရမ်း စနောက်မိသွား၍ဟု ထင်ခဲ့သည်။ သို့သော် ဒီတစ်

ကြိမ်ကတော့ သူမ အတည်တကျ ပစ်ခတ်ခဲ့တာဖြစ်ပြီး လေတိုက်နှုန်းနှင့် လေသိပ်သည်းဆအထိပါ တွက်ချက်ထားပြီးမှ ပစ်ခတ်ခဲ့တာဖြစ်သည်။ ရွှီဖန်းမှ တကယ်ပင် ရှောင်တိမ်းနိုင်ခဲ့တာကြောင့် နံပါတ်၁၆သည် ရွှီဖန်းအား ပြန်လည် ဆန်းစစ်ရတော့သည်။

"ဟားဟား"

ရွှီဖန်း ရယ်မောလိုက်သည်။ ဤခေါင်းလောင်းသည် အလွန်ကို မှော်ဆန်ကာ အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ ဒီပစ္စည်းသာရှိနေလျှင် အမှောင်ထဲ၌ပုန်းနေသော လူများက ရွှီဖန်းအတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်လာနိုင်တော့ပေ။

ရွှီဖန်း ဒါကိုတွေးလိုက်ရင်း ဘယ်ဘက်ကို ရုတ်တရက် ထခုန်လိုက်သည်။ သူ တစ်ပတ်လှည့်ကာ ထပ်မံပစ်ခတ်လာသော ကျည်ဆန်ကို ရှောင်တိမ်းခဲ့သည်။

"ဟားဟားဟား" 

ရွှီဖန်းသည် ရုတ်ချည်းပင် ရူးသွပ်စွာ ရယ်မောလိုက်

သည်။

"ပုန်းနေတဲ့မိတ်ဆွေရေ...မင်းရဲ့ ကျွမ်းကျင်လှတဲ့ သေနတ်ပစ်စွမ်းရည်ကို အိမ်ပြန်ပြီး ရောင်းစားလိုက်တာ ပိုကောင်းလိမ့်မယ်"

နံပါတ်၁၆သည် ရွှီဖန်း၏လှောင်ပြောင်သံကို ကြားလိုက်ရသည့်အခါ သူမမျက်နှာကို အရိုက်ခံရတာထက် ပိုပြီးအရှက်ရသွားမိသည်။ အကြောင်းမှာ ရွှီဖန်းသည် သူမ၏ပစ်မှတ်တိကျမှုကို လှောင်ပြောင်နေခဲ့တာဖြစ်ပြီး ၎င်းကလည်း သူမဘဝ၏ ဂုဏ်ယူစရာတစ်ခု ဖြစ်နေခဲ့၍ပင်။

"ဒိုင်း ဒိုင်း ဒိုင်း" 

နံပါတ်၁၆သည် သုံးချက် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ရွှီဖန်းအား လမ်းကြောင်းသုံးသွယ် ပိတ်ဆို့ခဲ့သည်။

သို့သော် ရွှီဖန်းကတော့ မစိုးရိမ်ပေ။ သူမ မပစ်ခတ်ခင် တစ်စက္ကန့်အလိုမှာ သူ ဘယ်ဘက်ခြေထောက်ကိုမြှောက်၍ ခြေလှမ်းခပ်သေးသေး လှမ်းခဲ့တာကြောင့်

ကျည်ဆန်သုံးတောင့်လုံးကို ကပ်သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။

ရွှီဖန်း၏ပုံစံမှာ ကျည်ဆန်မိုးပေါက်များကြား၌ ကခုန်နေသည့်အလားပင်။ ခြေလှမ်းတစ်လှမ်းစီအကွာဖြင့် ကျည်ဆန်တစ်တောင့်စီတိုင်းကို သူ ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော်ငြား  သူ၏ အမူအရာကတော့ 

ပေါ့ပေါ့ပါးပါး ရှိနေသည်။ တစ်ခါတစ်ရံ သူက လှောင်ပြောင်ပြောဆိုလာတတ်သေးသည်။

"မင်း ငါ့ကို တကယ်သတ်နိုင်မယ်လို့ထင်နေတာလား၊ မင်းက အဲ့ဒီစနိုက်ပါရိုင်ဖယ်နဲ့ ယုန်လေးတစ်ကောင်ကိုပဲ သတ်ဖူးတာဖြစ်ရမယ် ဟုတ်တယ်မလား၊ ငါ မင်းကို တစ်ခုမေးဦးမယ်...မင်း အရွယ်ဖြင့်မရောက်သေးဘဲ အရုပ်သေနတ်နဲ့ နှစ်နှစ်လောက်ကစားပြီး လူသတ်ဖို့ ထွက်လာတာမလား"

"မင်း!!!"

ဒေါသကြောင့် အမျိုးသမီး၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာတုန်ယင်သွားခဲ့သည်။ သူမ သေနတ်

ပစ်ခြင်းကို ရပ်ခဲ့ပြီး ရွှီဖန်း၏ခန္ဓာကိုယ်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေမိသည်။

ကျည်ဆန်များကို ရှောင်တိမ်းနေသည့် ရွှီဖန်းလည်း တဖြည်းဖြည်းစိတ်တည်ငြိမ်သွားခဲ့ပြီး စတင်

တွေးတောခဲ့သည်။ သူ ဒီလို ဆက်ပြေးနေ၍ မရပေ။ သူဘက်က အစပြုရပေမည်။ သို့သော် လူသတ်သမားမှာ ထောင်ချောက်များ ထောင်ထားပြီး ခပ်ဝေးဝေးကနေ သူ့ဆီမလာနိုင်အောင် ပိတ်ဆို့ထားလေသည်။ ထိုလူ၏အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်

ညံ့ဖျင်းမှန်း ရွှီဖန်း သိလိုက်သည်။

ဒါကိုတွေးရင်းဖြင့် ရွှီဖန်းသည့် ရုတ်ချည်းပင် တစ်ဖက်ကို လှည့်လိုက်သည်။ ခေါင်းလောင်းက ထပ်မံ၍ ပြင်းထန်စွာ တုန်ခါလာပြီး ရွှီဖန်းက သူ၏လမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်

ပြန်သည်။ ထိုလျပ်တပြတ်ကျည်ဆန်ကလည်း လွဲချော်သွားခဲ့သည်။

ရွှီဖန်းသည် ထိုကျည်ဆန်ဦးတည်ရာအတိုင်း လိုက်သွားခဲ့သည်။ သူ ထိုလူ၏ခြေရာကို မတွေ့သေးသော်ငြား အကြမ်းဖျင်းတည်ရှိရာကိုတော့ သိလိုက်ရ

သည်။

"သွားစို့" 

ရွှီဖန်း အော်လိုက်ကာ ကျည်ဆန်၏ လမ်းကြောင်းအတိုင်း ပြေးသွားခဲ့သည်။ သူ လမ်းကြောင်းပြောင်းလိုက်တိုင်းမှာ ကျည်ဆန်တစ်တောင့်စီကို ရှောင်တိမ်းနိုင်ခဲ့သည်။

ဒီလိုနှင့် ရွှီဖန်းသည် မီတာရာနှင့်ချီ၍ ပြေးခဲ့ရကာ မြေကြီးအပြည့်ဖုံးအုပ်ထားသော စနိုက်ပါသမား၏နေရာကို မြင်နိုင်ခဲ့သည်။ ထိုနေရာ၌ သေနတ်ပြောင်းဝသာ ပေါ်နေလေသည်။

သို့သော်ငြား ရွှီဖန်းမှ သေနတ်ပြောင်းဝရှေ့တွင် ပေါ်လာတာတောင် ခေါင်းလောင်းက လုံးဝ မတုန်ခါခဲ့ပေ။ ထို့ကြောင့် ရွှီဖန်းလည်း အလျင်စလို ဘာမှမလုပ်ခဲ့ပေ။ 

"ဖျက်!"

ထိုလူက ထရပ်လာပြီး သူ၏စနိုက်ပါဖြင့် ရွှီဖန်းကို ချိန်လာသည်။ သူတို့ကြားရှိ အကွာအဝေးမှာ မီတာအနည်းငယ်သာ ရှိသော်လည်း ရွှီဖန်းက မလှုပ်မယှက် ရပ်နေလေသည်။ သူ သေနတ်သမားအား တည်ငြိမ်

သည့်မျက်နှာဖြင့် ကြည့်နေသည်။

"ငါ မင်းကို သတ်မယ်" 

ထိုလူက ပါးစပ်ကိုဖွင့်၍ တုန်ယင်သောအသံဖြင့် ပြောလာသည်။ သူမ၏ရင်ဘတ်က ဒေါသကြောင့် တက်

လိုက်ကျလိုက် ဖြစ်နေသည်ကို သူ မြင်နေရသည်။ တကယ်ကိုပင် လုပ်ကြံသတ်ဖြတ်ရေးသမားက အမျိုးသမီးတစ်ဦးဖြစ်နေသည်။ သူမ၏မျက်နှာအား မိတ်ကပ်အမျိုးမျိုးဖြင့် လိမ်းခြယ်ထားတာကြောင့် ရွှီဖန်းသည် သူမ၏မျက်နှာအစစ်ကို လုံးဝ မမြင်နိုင်ပေ။

"မင်း ငါ့ကို သတ်မှာ ငါသိတယ်လေ...မဟုတ်ရင် မင်းကို လိုက်ပြီးဂရုစိုက်နေဖို့ဆိုတာ ငါ့အတွက် ပျင်းစရာကောင်းလွန်းတယ်"

ရွှီဖန်းက တည်ငြိမ်သည့်အမူအရာနှင့်သာ ရှိနေသည်။ သူ့စကား၏အဓိပ္ပာယ်မှာ ဤအမျိုးသမီးက အရုပ်

သေနတ်ဖြင့် ဆော့နေသည့်အလားပင်။

"မင်းက ဘယ်သူလဲ...ဘာလို့ ငါ့ကို သတ်ချင်တာလဲ" 

ရွှီဖန်း၏ခြေထောက်က မလှုပ်ရှားသေးပေ။ ခေါင်းလောင်းမှ အသံမမြည်လာတာကြောင့်  သူ့အတွက် အန္တရာယ်မရှိဘူးဟု ဆိုလိုခြင်းပင်။ သူ့ရှေ့မှ စနိုက်ပါရိုင်ဖယ်ထဲတွင် ကျည်ဆန်မပါတာ သေချာပေသည်။ 

အမျိုးသမီး၏အသက်ရှူနှုန်းကို စစ်ဆေးကြည့်ခြင်းအားဖြင့် ဤအမျိုးသမီးဟာ အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်သူ မဟုတ်မှန်း ရွှီဖန်း သေချာသိပေသည်။ ဒါကြောင့်လည်း သူ ကြောက်ရွံ့ခြင်းမရှိဘဲ နေရာမှာတင် ရပ်နေခြင်းပင်။

"မင်းက အရမ်းအစွမ်းထက်တယ်၊ ငါ သတ်ခဲ့တဲ့လူတွေအားလုံးထဲမှာ မင်းက အသက်အရှည်ဆုံးပဲ...ပြီးတော့ ဒီအထိ ရောက်လာနိုင်တဲ့ တစ်ဦးတည်းသောသူပဲ...မင်းအတွက် ကံမကောင်းတာက နောက်ဆုံးမှာ ငါပဲ အနိုင်ရမှာမို့လို့ပဲ"

အမျိုးသမီးသည် ရွှီဖန်းနှင့် ငါးမီတာအကွာမှာ ရပ်နေလေသည်။

"မကောင်းတော့ဘူး" 

ရွှီဖန်း၏မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူ ဘယ်ဘက်ကို နောက်ပြန်လှန်

လိုက်သည့်အချိန်မှာပင် အမျိုးသမီးသည် သူမ၏ခြေထောက်ကို မြှောက်၍ ငွေအပ်တစ်ချောင်းကလည်း ရွှီဖန်းဆီသို့ လျှပ်စီးအလား လျင်မြန်စွာ ပြေးဝင်လာသည်။ သို့သော် လွဲချော်သွားခဲ့သည်။

ရွှီဖန်းသည် အပ်ကိုရှောင်လိုက်သောကြောင့် သူ မြေပေါ်သို့ လဲကျတော့မည့်အချိန် ရုတ်တရက်ပင် သူ့လက်ကို ဆန့်ထုတ်ကာ မြေပြင်ကို ရိုက်ချလိုက်သည်။ ထို့နောက် ရွှီဖန်း လေထဲကို ခုန်တက်လိုက်ပြီး သူ့ခြေထောက်သည် ငါးမီတာအတွင်းရှိ အမျိုးသမီး၏မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဖြောင်း!"

အမျိုးသမီးလည်း ထိတ်လန့်သွားခဲ့သည်။ ရွှီဖန်းက သူမကို ဖြတ်ကန်ခဲ့တာကြောင့် ဘေးနားရှိ သစ်ပင်ကို သွားဆောင့်မိကာ မြေပြင်ပေါ်သို့ ကျလာပြီး သွေးတစ်လုပ် ထွေးထုတ်လိုက်ရသည်။

"မင်း!"

အမျိုးသမီးက ရွှီဖန်းကို ကြည့်လာသည်။ သူမ စကားပြောလိုက်သည်နှင့် ရွှီဖန်း၏ပုံရိပ်မှာ လင်းလက်သွားခဲ့ပြီး ခါးကိုလှမ်းကိုင်နေသည့် သူမ၏ညာလက်ကို ကန်လာသည်။

"ဂျွတ်!"

အမျိုးသမီး၏လက်မောင်းမှာ နူးကျသွားသကဲ့သို့ ကွေးညွတ်သွားသည်။ သူမ၏စူးရှနာကျင်လွန်းသောအော်သံနှင့်အတူ ရွှီဖန်းမှ ထပ်ကန်ခဲ့တာကြောင့် အမျိုးသမီး၏လက်မောင်းနှစ်ဖက်စလုံးသည် မသန်မစွမ်း ဖြစ်သွားရတော့သည်။

****************

All Chapters