← Chapters

ဘယ်သူကအနိုင်၊ ဘယ်သူကအရှုံးလဲ

Vol. 21 Ch. 312

ဘယ်သူကအနိုင်၊ ဘယ်သူကအရှုံးလဲ

Vol. 21 Ch. 312

ထိုအချိန်၌ ခေါင်းလောင်းအသံမြည်တာကလည်း ရပ်သွားလေသည်။ ရွှီဖန်း ဘာမှထပ်မလှုပ်ရှားတော့ဘဲ အမျိုးသမီး၏ဘေးမှာ ထိုင်ချလိုက်သည်။ ခွေးကလေးခုနစ်ကောင်လည်း သူ့ဘေးကို ရောက်လာကြသည်။

ရွှီဖန်း ထိုအမျိုးသမီး၏မျက်နှာကို သုတ်

လိုက်သည်။ သူမက နိုင်ငံခြားသူမဟုတ်ဘဲ တရုတ်

လူမျိုးသာဖြစ်သည်။ သူမသည် ငယ်ရွယ်ပုံပေါ်ပြီး သူမ၏ရုပ်ရည်က အလွန်ကြည်လင်နေသည်။

"မင်းက ဘယ်သူလဲ" 

အမျိုးသမီးက ရွှီဖန်း၏အမေးကို ပြန်မတုံ့ပြန်ပေ။ သူမ၏မျက်နှာက နာကျင်မှုကြောင့် အမူအရာပျက်နေသော်လည်း မျက်လုံးကတော့ ရွှီဖန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေဆဲဖြစ်ပြီး အံတင်းတင်းကြိတ်ထားလေသည်။

ဒီအမျိုးသမီးသာ သူ့ကို သတ်ပစ်ရန် မကြိုးစားခဲ့လျှင် ရွှီဖန်းသည် အခုလိုပုံပျက်ပန်းပျက်တိုက်ခိုက်မည်

မဟုတ်ပေ။ သို့သော်ငြား ရွှီဖန်းသည် သူ့အား ဘယ်သူက သတ်ရန်ကြိုးစားနေသည်ကို သိအောင်လုပ်ရဦးမည်။ တကယ်တော့ အမျိုးသမီး၏လှုပ်ရှားမှုကို မြင်ကတည်းက ရှောင်းပုချီ၏ ကြောက်မက်ဖွယ်

အရိပ်အဖွဲ့အစည်းကို သူ သတိရလိုက်ပြီဖြစ်သည်။ သို့သော် သူ အတည်ပြုရန် လိုအပ်သေးသည်။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ" 

အမျိုးသမီးက တိုက်ခိုက်ခြင်းကို လက်လျှော့လိုက်ပြီဖြစ်သည်။ သို့သော် သူမသည် ရွှီဖန်း၏အမေးကို မဖြေဘဲ သူ့ကိုသာ မယုံနိုင်စွာ ကြည့်နေလေသည်။

ရွှီဖန်းလည်း ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ပြုံးကာ...

"ကျည်ဆန်ကို ဘယ်လိုရှောင်ခဲ့တာလဲလို့ ငါ့ကို မေးနေတာလား" 

"မင်းထက် ပိုပြီးအစွမ်းထက်တဲ့လူတွေက အမြဲလိုလိုရှိနေမှာ သဘာဝပါပဲ"

ရွှီဖန်းက သူမကိုကြည့်၍ ထိုသို့သာ ပြောလိုက်သည်။  ခေါင်းလောင်းကိစ္စအား သူ ဆက်လေ့လာရန် လိုနေသေးသည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ ဤခေါင်းလောင်းကို တခြားလူအား သိခွင့်မပေးနိုင်ပေ။ 

အမျိုးသမီးသည် ထိုစကားကိုကြားတော့ သူမ၏မျက်လုံးမှာ မှေးကျဉ်းသွားခဲ့ပြီး တင်းတင်းကြပ်ကြပ်တွန့်ထားခဲ့သော သူမ၏ မျက်ခုံးလည်း ပြေလျော့သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ပင် ပြေလျော့သွားခဲ့သည်။

"ကောင်းပြီ...မင်းလိုလူနဲ့ လာတွေ့မှတော့ ငါ့ရှုံးနိမ့်မှုကို လက်ခံတယ်...ငါ့ကိုသတ်လိုက်...ငါ့ဆီက ဘာစကားတစ်ခွန်းမှ ကြားနိုင်ဖို့ မကြိုးစားနဲ့...ငါ လုံးဝ ပြောပြမှာ မဟုတ်ဘူး" 

ထိုသို့ပြော၍ အမျိုးသမီးသည် သူမ၏မျက်လုံးကို မှိတ်ကာ သက်ပြင်းချသံအရှည်ကြီး ထုတ်

လွှတ်လိုက်တော့သည်။ သူမ၏ပုံစံမှာ ငြိမ်းချမ်းစွာ သေဆုံးခြင်းကို စောင့်ဆိုင်းနေသည့်ပုံရသည်။

အမျိုးသမီး၏တုံ့ပြန်မှုက ရွှီဖန်းကို မအံ့သြစေခဲ့ပေ။ ရွှီဖန်းသည် ထိုအမျိုးသမီးကိုကြည့်ကာ...

"ရှောင်းပုချီက ငါ့ကို လာသတ်ခိုင်းတာ ဟုတ်တယ်

မလား...မင်းက ကြောက်မက်ဖွယ်အရိပ်ကလား" 

သူမ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သို့သော်ငြား  ခဏအကြာမှာ သူမ ပြုံးလိုက်ပြီး...

"အင်း ငါက ကြောက်မက်ဖွယ်အရိပ်ကပဲ၊ ဒါပေမဲ့ ရှောင်းပုချီက သတ်ခိုင်းတာတော့ မဟုတ်ဘူး၊ ငါက အဖွဲ့အစည်းမှာ အဆင့်၁၆ ရှိပြီး ငါ့နာမည်ကို နံပါတ် ၁၆လို့ခေါ်ကြတယ်၊ ဒါက မင်းကို ငါပြောနိုင်တဲ့ တစ်ခုတည်းသောအရာပဲ...ငါ့ကို သတ်လိုက်တော့၊ မစ်ရှင်မအောင်မြင်ခဲ့တာမလို့ မင်း ငါ့ကို မသတ်ရင်တောင် ငါ  ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ့်တာဝန်ရှိတယ်"

"ကောင်းပြီလေ"

ရွှီဖန်းလည်း ထိုအရာကိုကြားတော့ မတ်တပ်ထရပ်

ခဲ့သည်။ သူ ဤအမျိုးသမီးနှင့် ဘာရန်ငြိုးမှ မရှိပေ။ သူ့ကို သတ်တာကလည်း သူမ၏အလုပ်ပဲဖြစ်၍ ရွှီဖန်း သူမကို မမုန်းပေ။

သို့သော်ငြား သူ့ကိုသတ်ရန် ကြိုးစားနေသည့်လူကို သူ မသိနိုင်ခဲ့တာတော့ နှမြောစရာပင်။

ရွှီဖန်းက သူ့လက်ချောင်းများကို တစ်ချက်ခါ၍ တွန့်ဆုတ်မှုမှမရှိဘဲ ထွက်သွားခဲ့သည်။ ခွေးကလေး ခုနစ်ကောင်ကလည်း ရွှီဖန်း၏အနောက်ကို လိုက်သွားကြသည်။

ရွှီဖန်းမှ လက်ချောင်းတစ်ချက်ခါလိုက်သည်နှင့် ကျိုးသွားခဲ့သော ဘေးနားရှိ သစ်ကိုင်းကို သူမ ကြည့်

လိုက်မိသည်။ သူမ မောဟိုက်စွာအသက်ရှူလိုက်ပြီး ရွှီဖန်းအား အံ့အားသင့်နေသော မျက်နှာဖြင့် ကြည့်

နေမိသည်။ သို့သော် သူမ၏မျက်လုံးထဲ၌ ကျေးဇူးတင်စိတ်အနည်းငယ်လေးတောင် မရှိပေ။ 

"ငါ့ရဲ့အရှက်ရမှုကို ရှင်းဖို့ မင်းကို ထပ်သတ်ပစ်မယ်" 

ရွှီဖန်းသည် ချန်ဟိုင်းပြည်နယ်သို့ တစ်ဖန် ပြန်

ရောက်ရှိလာသည်။ အကြောင်းမှာ ရှောင်းချောင်နှင့် ရှယန်ယွိတို့က ဆေးရုံမှာ ရှိနေသေး၍ပင်။

သူ ဆေးရုံကို ရောက်သည့်အခါ ရှယန်ယွိက နိုးနေပြီဖြစ်သည်။ သူမသည် ခုတင်ပေါ်မှာ လှဲလျောင်းရင်း ယန်ပင်းနှင့် စကားပြောနေသည်။

"နိုးနေပြီလား" 

ရွှီဖန်းလည်း ရှယန်ယွိကို ကြည့်၍ စိတ်သက်သာရာရသွားခဲ့သည်။

"အင်း ကျွန်မ ဘာဖြစ်သွားတာလဲ...ရုတ်တရက်ကြီး သတိလစ်သွားတာဆို...ယန်ပင်းကိုမေးတော့ ဘာမှ မသိဘူးဆိုလို့"

ရှယန်ယွိသည် ရွှီဖန်းကို မြင်သည်နှင့် အလျင်အမြန် မေးလာသည်။

"ဪ ဘာမှမဟုတ်ပါဘူး၊ အလုပ်ကြောင့် အရမ်းပင်ပန်းသွားလို့တဲ့...ဆရာဝန်က မင်းကို ပိုပြီးအနားယူပေးဖို့ ပြောထားတယ်" 

ရှယန်ယွိ၏ဘေးကင်းရေးကို ကာကွယ်ရန်အတွက် ရွှီဖန်းသည် ယန်ပင်းကိုတောင် ဘာမှ မပြောခဲ့ပေ။ အကြောင်းမှာ ရန်သူက အမှောင်ထဲတွင်သာရှိနေသေးပြီး အန္တရာယ်ကို မဖြေရှင်းရသေးသောကြောင့်ပင်။ 

ဆေးရုံမှာ ခဏကြာနေပြီးနောက် ရွှီဖန်းသည် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးကို ပြန်သွားခဲ့သည်။ ယခု ရှယန်ယွိက ဖျားနာနေတာကြောင့် ရွှီဖန်းဘက်မှဆက်လက်ကိုင်တွယ်ရမည့်ကိစ္စများစွာ ရှိနေသည်။

"ဥက္ကဌ" 

သူ အထဲဝင်လိုက်သည်နှင့် ဝန်ထမ်းတစ်ဦးက သူ့ကို လာနှုတ်ဆက်သည်။ ရွှီဖန်း ထိုလူကို သိ၏။ ရှယ်ယာများ ပြန်ထုတ်ကြသည့်အချိန်တုန်းက ထိုလူသည် ရွှီဖန်းဘက်တွင် ရပ်တည်ရန် ပထမဦးဆုံးရွေးချယ်ခဲ့သော ဝန်ထမ်းဖြစ်သည်။

"နိဟောင်"

ရွှီဖန်းလည်း ယဉ်ကျေးစွာပင် ခေါင်းညိတ်နှုတ်ဆက်

ခဲ့သည်။ လူမရှိတော့သည့် အခြေစိုက်ရုံးကို ကြည့်၍ ရွှီဖန်း လုံးဝ စိတ်မပူခဲ့ပေ။ ဒါဟာ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးအတွက် ကြီးမားသောအပြောင်းအလဲတစ်ခုနှင့် မပြိုလဲနိုင်သောလမ်းစတစ်ခုဖြစ်သည်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိပေသည်။

"ကျွန်တော်တို့မှာ ဝန်ထမ်း ဘယ်နှစ်ယောက် ကျန်သေးလဲ" 

ရွှီဖန်းသည် သူ့ဘေးနားမှ အတွင်းရေးမှူးကို မေးလိုက်သည်။ ဒီအမျိုးသမီးကလည်း ရွှီဖန်းဘက်ကနေ ရပ်တည်ခဲ့သော ဝန်ထမ်းတစ်ဦးဖြစ်သည်။ ရွှီဖန်းကြောင့်တော့ မဟုတ်ပေ...ဒီဝန်ထမ်းက ရှယန်

ယွိ၏အတွင်းရေးမှူးအဖြစ်ရက်အနည်းငယ် လုပ်ခဲ့သောကြောင့်ပင်။ လျိုကျင်းနှင့် ဝမ်ကျုံးကျန့်တို့တုန်းက သူတို့သည် လူတွေကဲ့သို့ ဆက်ဆံခြင်း မခံခဲ့ရပေ။

"လူ၂၀၀တောင် မရှိတော့ပါဘူး၊ အခြေခံအဆင့် စီမံခန့်ခွဲမှုကတော့ ပြီးစီးသွားပြီဖြစ်လို့ ဝန်ထမ်း၁၀၀ ကျော်ကတော့ ကျန်ပါသေးတယ်...အခု အလုပ်ရုံက အခြေခံအလုပ်တွေအားလုံးကို ရပ်ဆိုင်းထားရပါတယ်"

အမျိုးသမီး အတွင်းရေးမှူးသည် ရွှီဖန်း၏ခြေလှမ်းများကို အမီလိုက်ရင်း အချက်အလက်များကို အစီရင်ခံနေသည်။

"ကောင်းပြီ အခု ချက်ချင်းပဲ အလုပ်ခေါ်စာကို စီစဉ်

လိုက်ပါ၊ မနက်ဖြန်မနက်ကစပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီးလုပ်မယ်"

အတွင်းရေးမှူးသည် ရွှီဖန်းကိုကြည့်ပြီး အံ့အားသင့်သွားခဲ့သည်။ အခြေအနေက ဒီလောက်

ဆိုးရွားနေတာတောင် သူမသူဌေးက ဘာလို့ပေါ့ပေါ့ပါးပါး နေနိုင်နေရတာလဲ။ ဒါ့အပြင် ဝန်ထမ်းအသစ်

ခန့်အပ်တာကိုလည်း ကိုယ်တိုင်ဦးစီးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ 

ဒါက အတွင်းရေးမှူးအား ရွှီဖန်းဘေး၌ ရပ်တည်ခဲ့ခြင်းသည် မှန်ကန်သောရွေးချယ်မှုဟု ခံစားရစေသည်။ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသည် ဤလူငယ်

အရွယ် သူဌေး၏ လက်ထဲ၌ ပြန်လည်၍ နာလန်ထူနိုင်လောက်သည်။

အခြေစိုက်ရုံး၏အခြေအနေကတော့ ဘာပြဿနာမှ မရှိမှန်း ရွှီဖန်း နားလည်ပေသည်။ အစကနေ ပြန်စရုံပင်လိုအပ်သည်။ 

မနက်ဖြန် လူသစ်ခန့်တာနဲ့ အလုပ်စကြတာပေါ့။

သို့သော် ရွှီဖန်း ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် မှင်

သက်သွားရသည်။ ဝမ်ကျုံးကျန့်သည် ဥက္ကဋ္ဌရုံးခန်းထဲတွင် ရွှီဖန်းကို စောင့်နေလေသည်။

"ဥက္ကဌရွှီ" 

ဝမ်ကျုံးကျန့်သည် ရွှီဖန်းရောက်လာတာကို မြင်တော့ အလျင်အမြန်ထရပ်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ရွှီဖန်းနှင့် လက်ဆွဲနှုတ်ဆက်ရန် ပြင်သည်။

သို့သော် ရွှီဖန်းသည် လက်ဆန့်မပေးဘဲ ဝမ်ကျုံးကျန့်ကို ကျော်ကာ သူ့အနောက်မှ အတွင်းရေးမှူးကို ပြောလိုက်သည်။

"အပြင်ထွက်ပြီး တံခါးပိတ်ပေးပါ"

"ဟုတ်ကဲ့"

အတွင်းရေးမှူးသည် ဝမ်ကျုံးကျန့်အား နက်နက်နဲနဲ စိုက်ကြည့်၍ သူမ၏မျက်လုံးထောင့်လေးမှာမူ ပျော်

ရွှင်မှုအရိပ်အယောင်လေး ပေါ်လာလေသည်။ ဝမ်ကျုံးကျန့်သည် ဝန်ထမ်းများကို အနိုင်ကျင့်နေကျဖြစ်သည်။ နောက်ဆုံးမှာတော့ ဥက္ကဌအသစ်က ဖြေရှင်းပေးတော့မည်။

အတွင်းရေးမှူးကနေ တံခါးပိတ်သွားပြီးတော့မှ ဝမ်ကျုံးကျန့် ရယ်မောလိုက်သည်။ သူ၏ စိတ်ရှုပ်ထွေးနေသောအမူအရာနှင့် မုန်းတီးမှုများကို ဖုံးကွယ်ကာ ဟန်ဆောင်ပြုံးရယ်နေခဲ့သည်။

"ဥက္ကဌ ဒီနေ့ ကျွန်တော် မင်းနဲ့ ရှယ်ယာကိစ္စကို ဆွေးနွေးဖို့လာတာပါ" 

"ဘာရှယ်ယာလဲ" 

ဝမ်ကျုံးကျန့်က သူ့ရှယ်ယာတွေကို ကုမ္ပဏီကနေ ပြန်ထုတ်တော့မည်ဆိုတာကို သဘာဝကျစွာပင် ရွှီဖန်းက သိသည်။ ရွှီဖန်းသည် စိတ်ထဲ၌ ပျော်နေသော်လည်း ဝမ်ကျုံးကျန့်ကို အလွယ်တကူတော့ လွှတ်ပေးမည်မဟုတ်ပေ။ သူ ဝမ်ကျုံးကျန့်ဆီမှ ပိုက်ဆံညှစ်ထုတ်ချင်နေသည်။

"ဒါက" 

ဝမ်ကျုံးကျန့်သည် ထိုစကားကိုကြားသော်လည်း ဒေါသမထွက်သွားပေ။ သူ ဒီကို မလာခင်ကတည်းက ရွှီဖန်းက သူ့ရှယ်ယာတွေကို လွယ်လွယ်ဖြင့် ထုတ်ပေးလိမ့်မည်မဟုတ်မှန်း သူ သိထားပြီးသားပင်။ အကြောင်းမှာ သူတစ်ယောက်တည်း၏ ရှယ်ယာသည် မနေ့က ထောင်နှင့်ချီသောအလုပ်သမားများ၏ ရှယ်ယာပေါင်းထက် ပိုများနေသောကြောင့်ပင်။

"ငွေပြန်အမ်းတဲ့ ကိစ္စပါပဲ...မင်း မနေ့က အလုပ်သမားတွေအားလုံးကို ပိုက်ဆံပြန်အမ်းခဲ့တယ်မဟုတ်လား၊ ကျွန်တော်လည်း ကျွန်တော့်ရှယ်ယာတွေနဲ့ ငွေပြန်ထုတ်ချင်လို့ ရောက်လာတာပါ" 

ဝမ်ကျုံးကျန့်သည် ရွှီဖန်း၏သဘောထားကို မကျေနပ်သော်လည်း သူ ဒေါသထွက်ရန် အချိန်မကျသေးပေ။ သူက ဟန်ဆောင် ပြုံးနေခဲ့သည်။ 

"ဟမ့်!"

ရွှီဖန်းသည် ဝမ်ကျုံးကျန့်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းမဲ့၍ နှာခေါင်းရှုံ့လိုက်သည်။

"ခင်ဗျားရှယ်ယာတွေက အရမ်းများလွန်းတယ်၊ ကျွန်တော် ခင်ဗျားကို ပြန်မပေးနိုင်လောက်ဘူး" 

"ကိစ္စမရှိပါဘူး၊ ကျွန်တော် တစ်ဝက်တောင် မတောင်းဆိုပါဘူး၊ သုံးပုံတစ်ပုံပဲ ထုတ်ပေးရင်ပဲ ရပါတယ်"

ဝမ်ကျုံးကျန့်သည် ရွှီဖန်း၏စကားကိုကြားတော့ တစ်ခုခုထူးခြားနေပြီဆိုတာကို သိလိုက်ရပြီး အမြန် နောက်မှ လိုက်ပြောခဲ့သည်။

"အို..."

ရွှီဖန်းသည် ထိုစကားကိုကြားတော့ ဝမ်ကျုံးကျန့်အား နားမလည်စွာဖြင့်...

"ဒါဆို ခင်ဗျားဘက်က အများကြီး ဆုံးရှုံးသွားတာပေါ့" 

"ဟေး လူတိုင်းက ဆုံးရှုံးရတာပဲလေ...ကျွန်တော်က ဘယ်မှာ ဆုံးရှုံးသွားလို့လဲ" 

သူ ထိုသို့ပြောလိုက်သော်လည်း ဝမ်ကျုံးကျန့်သည် သူ့စိတ်ထဲမှာတော့ လှောင်ပြောင်နေခဲ့သည်။

*ဒီအခြေစိုက်ရုံးက အခွံလွတ်ကြီးပဲ ကျန်တော့တာ...ငါ့ကို ငတုံးလို့ ထင်နေလား...ရတဲ့ပိုက်ဆံယူထားရမယ်*

သို့သော် ရွှီဖန်းသည် ဝမ်ကျုံးကျန့်၏စိတ်ဓာတ်ကို သိထားပေသည်။ သူ တည်ငြိမ်သောအမူအရာဖြင့် လက်ထဲရှိ စာရွက်စာတမ်းများကို ကိုင်တွယ်ကာ...

"ဒါရိုက်တာဝမ် ကျွန်တော် မနေ့က ယွမ် သန်း၁၀၀ ကျော် ဆုံးရှုံးခဲ့ပြီးပြီ"

"ဥက္ကဋ္ဌရွှီ မင်းက လူကောင်းတစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်၊ မင်းက ဝန်ထမ်းတွေအများကြီးကို ပေးချေခဲ့တယ်၊ ကျွန်တော်လည်း ဆင်းရဲသားတစ်ယောက်ပါပဲ...အခြေစိုက်ရုံးမှာ အစားအသောက်ကုန်ကြမ်းတွေ ရနိုင်ဖို့အတွက် ကျွန်တော် ပိုက်ဆံတွေအများကြီး ဆုံးရှုံးခဲ့ရတာ...မင်း အနည်းဆုံးတော့ ကျွန်တော့်ရဲ့အားထုတ်မှုအတွက် ကူညီပေးသင့်ပါတယ်၊ မဟုတ်ရင် အဲ့ဒီနေ့က လူတွေအများကြီး စုဝေးခဲ့မှာ မဟုတ်ဘူးလေ"

ဝမ်ကျုံးကျန့်၏လေသံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ရွှီဖန်းကို ထိုသို့ ခြိမ်းခြောက်ရန်မှာ သူ၏ရည်ရွယ်ချက်ပင်။ 

"ကောင်းပြီလေ ဒါဆိုလည်း ထွက်သွားပါ" 

ရွှီဖန်းလည်း အံ့သြသွားကာ တံခါးကိုလက်ညှိုးထိုးပြ၍ ဝမ်ကျုံးကျန့်အား အခုထွက်သွားနိုင်ကြောင်း ညွှန်ပြခဲ့သည်။

"ဟမ်"

ဒါကိုကြားတော့ ဝမ်ကျုံးကျန့်၏လေသံမှာ တဖြည်းဖြည်းပြန်လျော့ကျသွားပြန်သည်။

"ဥက္ကဌရွှီ ကျွန်တော့်ရှယ်ယာတွေကို မင်းဆီ ပြန်ပေးလိုက်ပြီဆိုရင် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးတစ်ခုလုံးက မင်းရဲ့အပိုင်ဖြစ်သွားပြီလေ" 

ထိုစကားကိုကြားတော့ ရွှီဖန်းသည် စာရွက်စာတမ်းကို ချကာ ခေါင်းထောင်၍ ဝမ်ကျုံးကျန့်ကို ကြည့်လိုက်

သည်။

"ခင်ဗျား ကျွန်တော့်ကို ငတုံးလို့ ထင်နေလား၊ ဒီချန်

ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးက အရှုံးပေါ်ပြီးသားပဲ၊ ရှယ်ယာတွေအကုန်ရှိနေတော့ရော ကျွန်တော့်အတွက် ဘာအသုံးဝင်ဦးမှာလဲ"

"မင်း! ဒါဆို မင်း ဘာလို့ မနေ့က အလုပ်သမားတွေကိုကျ ပြန်ပေးခဲ့တာလဲ" 

ရှယ်ယာများ ပြန်ထုတ်ရန်အတွက် မျှော်လင့်ချက် မရှိတော့သည်ကို မြင်တော့ ဝမ်ကျုံးကျန့်သည် ရွှီဖန်းအပေါ်ထားသည့် သူ၏အပြုံးများကို ရုပ်သိမ်းကာ စားပွဲကိုရိုက်၍ ရွှီဖန်းအား မေးခွန်းထုတ်ခဲ့သည်။

"ခင်ဗျားက အလုပ်သမားတွေနဲ့တူလို့လား...ခင်ဗျားမှာ ဒီလောက်ပိုက်ဆံလေး မရှိလို့လား" 

"ဘာလို့မတူရမှာလဲ...မင်း ရှယ်ယာမလိုအပ်ရင်တောင် ငါ့ပိုက်ဆံကို ပြန်ပေးရမှာပဲ" 

ထိုသို့ပြော၍ ဝမ်ကျုံးကျန့်သည် ဓားတိုတစ်ချောင်း ထုတ်ကာ သူ့လည်ပင်းပေါ်တင်လိုက်လေသည်။

******************

All Chapters