ဝမ်ကျုံးကျန့်၏အကြောက်တရား
Vol. 21 Ch. 313
ရွှီဖန်း မှင်သက်သွားရသည်။
"ဘာလုပ်နေတာလဲ ကိုယ့်ကိုယ်ကိုယ် သတ်သေပြဖို့လား"
"ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူး၊ ငါ့ရဲ့ ချွေးနည်းစာကို မင်း ပြန်ပေးဖို့ပဲ၊ ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ကြိမ် ပေးမယ်၊ သန်း ၅၀နဲ့ စာချုပ်ကို လက်မှတ်ထိုးလိုက်ပါ၊ မဟုတ်ရင် ငါ သေသွားရင်တောင်မှ မင်းကို ထောင်ထဲပို့ပစ်မယ်"
ဝမ်ကျုံးကျန့်သည် ထိုနေရာတွင်ရပ်၍ ပြတ်သားသော အမူအရာဖြင့် ရွှီဖန်းကို ကြည့်နေသည်။
ရွှီဖန်းသည် ထိုလူကို ခဏတာ စိုက်ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်သည်။
"အိုကေလေ"
သူ ခေါင်းညိတ်၍ သဘောတူခဲ့သည်။
*ဟွန့်! မင်းက လူကြောက်ပဲ...ငါက ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား*
ရွှီဖန်း ခေါင်းညိတ်လိုက်တာကို မြင်တော့ ဝမ်ကျုံးကျန့်သည် သူ၏စိတ်ထဲ၌ လှောင်ပြောင်လိုက်သည်။ ပြီးမှသာ စာချုပ်ကို ထုတ်ယူ၍ ရွှီဖန်းကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပေးလိုက်သည်။
"ဥက္ကဋ္ဌ ရွှီ တစ်ချက်ကြည့်လိုက်ပါဦး"
ရွှီဖန်း ပြုံးလိုက်ကာ လက်ဆန့်မယူဘဲ...
"ခင်ဗျားက ကောင်းကောင်း ပြင်ဆင်ထားတာပဲ...ဒါပေမဲ့ ကျွန်တော် လက်မှတ်ထိုးပေးမယ်လို့ မပြောရသေးဘူးလေ"
ဝမ်ကျုံးကျန့်၏အခုလုပ်ရပ်သည် သူ့ဆီမှ ပိုက်ဆံလိမ်လည်ရန်ဆိုတာကို ရွှီဖန်းသိထားပြီးသားဖြစ်သည်။ ရွှီဖန်းသည် ဝမ်ကျုံးကျန့်အား အပြစ်ပေးရန်အတွက် ဤအခွင့်အရေးကို လုံးဝ လက်လွှတ်ခံမည် မဟုတ်ပေ။
ဝမ်ကျုံးကျန့်မှာ မှင်သက်သွားတော့သည်။ သူ ဓားကို လည်ပင်းပေါ် ပြန်တင်၍...
"ဥက္ကဋ္ဌ ရွှီ မင်း ဘာလို့ စကားမတည်တာလဲ"
ရွှီဖန်း မှင်သက်သွားကာ...
"ကျွန်တော် စကားမတည်တာမဟုတ်ပါဘူး...ကျွန်တော် ခုနက ပြောတဲ့ အိုကေဆိုတဲ့အဓိပ္ပာယ်က 'ကောင်းပြီ ကိုယ့်ကိုယ်ကို သတ်သေလိုက်' လို့ဆိုလိုတာပါ...အိုက်ယား ခင်ဗျား ကျွန်တော့်ကို နားလည်မှု လွဲနေတာပဲ"
"မင်း!"
ဝမ်ကျုံးကျန့်သည် ထိုစကားကိုကြားသည့်အခါ ပြောစရာစကားလုံးပင် ရှာမတွေ့တော့ဘဲ နားရွက်များပါ နီရဲသွားလေသည်။ သူ အချိန်အကြာကြီး ဘာစကားမှ မပြောနိုင်ခဲ့ပေ။ သို့သော် ရွှီဖန်း၏တည်ကြည်သော မျက်လုံးများကို မြင်တော့ သူ တုန်ယင်နေသော လက်မောင်းဖြင့် ဓားမြှောင်ကို ချလိုက်ရသည်။
ဝမ်ကျုံးကျန့်မှ ဓားကို ပြန်ချလိုက်သည့်အခါ ရွှီဖန်း လှောင်ပြောင်လိုက်သည်။
"စာချုပ်မှာ လက်မှတ်ထိုးပေးလို့တော့ရပါတယ်၊ ဒါပေမဲ့ ကုမ္ပဏီမှာ အရင်နှစ်တွေတုန်းက ခင်ဗျား ဘာအမှားတွေ လုပ်ခဲ့လဲဆိုတာကို ကျွန်တော် စစ်ဆေးရဦးမယ်၊ ခင်ဗျားကျတော့ ထွက်သွားပြီး ခင်ဗျားချန်ခဲ့တဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေကိုကျ ကျွန်တော့်ကို လာရှင်းခိုင်းလို့ မရဘူးလေ"
"မလိုဘူး မလိုဘူး မလိုပါဘူး"
ဝမ်ကျုံးကျန့်သည် ထိုစကားကို ကြားသည့်အခါ သူ လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ သူ့မျက်နှာပေါ်ရှိ ပြတ်သားမှုများက ပျောက်ကွယ်သွားပြီး တောင်းပန်သောအပြုံးဖြင့် အစားထိုးသွားခဲ့သည်။
"ဥက္ကဋ္ဌ ရွှီ ကျွန်တော် အခြေစိုက်ရုံးမှာ ယွမ် သန်း၅၀၀ တောင် ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုတာ မင်း သိထားရမယ်၊ အခု သန်း၅၀လေးပဲ မင်းဆီမှာ တောင်းတာ...ကျွန်တော့်မှာ ယွမ်သန်း၄၅၀တောင် ဆုံးရှုံးသွားရပြီ"
"ဟုတ်သားပဲ"
ရွှီဖန်းက ထောက်ခံလာသည်။
ရုတ်တရက်ပင် ဝမ်ကျုံးကျန့်၏ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး သူ့မျက်လုံးများ လင်းလက်သွားလေသည်။
"ဒီလိုကျတော့လည်း ခင်ဗျားဆီကနေ ကျွန်တော် တကယ်ပဲ အခွင့်အရေးယူမိတာပဲ၊ ဒါပေမဲ့ ခင်ဗျားက ငတုံးတော့ မဟုတ်ပါဘူး၊ ဘာလဲ ခင်ဗျားမိသားစုမှာ ပိုက်ဆံအရေးတကြီး လိုအပ်နေတဲ့ ကိစ္စတစ်ခုခုများ ရှိနေလို့လား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်"
ရွှီဖန်း၏စကားကိုကြားတော့ ဝမ်ကျုံးကျန့်သည်
ချက်ချင်းပင် ဆက်ပြောလာသည်။ သူ့မျက်နှာကြီးမှာ ရုတ်တရက်ပင် ရုပ်ဆိုးသွားကာ...
"ကျွန်တော့်သားက လောင်းကစားကြွေးတွေ အများကြီး တင်ထားတယ်လေ၊ ကျွန်တော့်မှာ သူ့အတွက် အကြွေးလိုက်ဆပ်ပေးရဦးမယ်၊ ကျွန်တော့်မှာ ဒီသားတစ်ယောက်ပဲ ရှိတာကို"
ဝမ်ကျုံးကျန့်သည် သူ့ကိုယ်သူ အလွန်အထင်ကြီးနေမိသည်။ သူ၏သရုပ်ဆောင်မှုစွမ်းရည်သည် A-list နာမည်ကြီးမင်းသားတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
ဝမ်ကျုံးကျန့်၏စကားကိုကြားပြီးနောက် ရွှီဖန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ ခဏတာမျှ စဉ်းစားတွေးတောနေပုံရသည်။ ပြီးမှသာ သူ စားပွဲကို ရိုက်ချ၍....
"ကောင်းပြီ! သန်း ၅၀ ဆိုလည်း သန်း ၅၀ ပေါ့!"
ရွှီဖန်းသည် ထိုကိုစကားပြောရင်း သူ့နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားခဲ့သည်။ ဝမ်ကျုံးကျန့်ဆီမှ စာချုပ်ကို ယူ၍ သူ မပြုံးဘဲမနေနိုင်ခဲ့ချေ။
ရွှီဖန်းသည် ဝမ်ကျုံးကျန့်၏အကြည့်ကိုလည်း သဘာဝကျစွာ သတိထားမိပေသည်။ ထိုအချိန်၌ ဝမ်ကျုံးကျန့်ကလည်း သူ့စိတ်ထဲ၌ လှောင်ပြောင်
နေသည်။
*ငတုံး မင်းက တကယ်အမြတ်ရလိုက်ပြီလို့ ထင်နေတာလား...အခြေစိုက်ရုံးက အခုလို အခြေအနေတောင် ရောက်နေပြီ...မင်းက ရှယ်ယာတွေ ဝယ်ဖို့ ပိုက်ဆံ ထပ်သုံးရဲသေးတယ်ပေါ့*
ဝမ်ကျုံးကျန့်က စိတ်ထဲမှာ တွေးနေလေသည်။ ရွှီဖန်းမှ ရှယ်ယာလွှဲပြောင်းစာချုပ်ကို သူ့ရှေ့မှာ ပြန်ချလိုက်သည်နှင့် ဝမ်ကျုံးကျန့်သည် သူ့ဆီမှ သန်း ၅၀ ကို သဘာဝကျစွာ ယူလိုက်ပြီး အကြိမ်အနည်းငယ် စစ်
ကြည့်ပြီးနောက် လက်မှတ်ထိုးခဲ့သည်။
ဝမ်ကျုံးကျန့်သည် ရွှီဖန်း၏လုပ်ရပ်ကို နားမလည်သော်လည်း သူ ဆက်မမေးခဲ့ပေ။
"ဒါပဲမလား...ဥက္ကဌရွှီက တကယ်ကို စီးပွားရေး လုပ်တတ်တာပဲ၊ ဒါဆို ဥက္ကဌဆီ ကံကောင်းခြင်းတွေ ရောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊ ကျွန်တော် အရင်သွားနှင့်တော့မယ်"
မထွက်ခွာခင်မှာ ဝမ်ကျုံးကျန့်သည် ရွှီဖန်းအား လျှို့ဝှက်စကားဖြင့် လှောင်ပြောင်ခဲ့သေးသည်။ လက်ရှိမှာတော့ သူ ရွှီဖန်းကို ကြောက်နေတုန်းပင်။ ဒါကြောင့် မျက်နှာချင်းဆိုင်အာခံရဲခြင်းတော့ မရှိသေးပေ။
ရွှီဖန်းလည်း ထိုစကားကိုကြားတော့ ပြုံးလိုက်သည်။
"ဒါဆို ခင်ဗျားဆုတောင်းပေးတဲ့ ကံကောင်းခြင်းတွေအပေါ်မှာ ကျွန်တော် မှီခိုလိုက်ပါဦးမယ်...ကြွပါ"
ရွှီဖန်းမှ ထိုသို့ပြောလိုက်သည်နှင့် ဝမ်ကျုံးကျန့်သည် ရွှီဖန်း၏ရုံးခန်းထဲကနေ ထွက်လာခဲ့သည်။ ရုံးခန်းကနေ ထွက်လာပြီးနောက် ဝမ်ကျုံးကျန့် လှောင်ပြောင်
လိုက်သည်။
"ဖြီး! ရူးနေတဲ့ကောင်စုတ်လေး"
လက်ရှိအချိန်၌ အခြေစိုက်ရုံး၏ ရှယ်ယာ ၉၉%သည် ရွှီဖန်း၏လက်ထဲသို့ ရောက်နေလေပြီ။ အခု ရွှီဖန်း၏အစီအစဉ်အတိုင်း ဝန်ထမ်းများ လိုက်လုပ်ရုံသာ လိုတော့သည်။ မကြာခင် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ရှယ်ယာဈေးသည် ရဟတ်ယာဉ်လိုမျိုး မြင့်တက်လာလိမ့်မည်။
ထိုအချိန်ရောက်လျှင် ရှယ်ယာများပြန်ထုတ်သွားသည့်လူအားလုံး သွေးတောင် အန်ထုတ်နိုင်တော့မည်
မဟုတ်ပေ။
အိမ်ကို ကားမောင်း၍ ပြန်ရောက်လာသော ဝမ်ကျုံးကျန့်သည် ဆိုဖာပေါ်၌ ထိုင်၍ သက်ပြင်းရှည်ကြီး ချလိုက်သည်။ အခြေစိုက်ရုံးမှ မြင်ကွင်းကို ပြန်တွေးကြည့်လျှင် သူ့ရင်ထဲ၌ တုန်ယင်နေတုန်းပင်။ ဒီတစ်ခါ ပိုက်ဆံရသွားပြီဖြစ်တာကြောင့် ရွှီဖန်းနှင့် ဘယ်တော့မှထပ်မတွေ့တော့ဘူးဟု သူ ဆုံးဖြတ်ထားသည်။ အကြောင်းမှာ ရွှီဖန်းသည် နံပါတ်၁၆ တောင်မှ မကိုင်တွယ်နိုင်သောလူတစ်ယောက် ဖြစ်နေ၍ပင်။
ဟိုးအရင်တုန်းက ချန်ဟိုင်းတွင် မြေအောက်လောကသားများ ထွန်းကားနေသည့်အချိန် သူ နံပါတ်၁၆ကို အသုံးပြုကာ ချန်ဟိုင်း၏မြေအောက်လောကခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည်။
"အဖေ ဒီနေ့ အဲ့ဒီရွှီဖန်းကို သင်ခန်းစာပေးခဲ့လား"
ဝမ်ကျန်းကျုံးသည် သူ့အဖေ ပြန်ရောက်လာတာကို မြင်သည့်အခါ ဝမ်းသာအားရအမူအရာဖြင့် ဝမ်ကျုံးကျန့်ကို မျှော်လင့်တကြီး ကြည့်လာသည်။
"သွားစမ်း!"
ဝမ်ကျုံးကျန့်သည် ရုတ်တရက် သူ့ကိုပင် လန့်သွားစေသည့် သားဖြစ်သူ၏အသံကို ကြားတော့ သူ့ကိုယ်ခန္ဓာမှာ တုန်ယင်သွားခဲ့ပြီး ဝမ်ကျန်းကျုံးအား ဒေါသတကြီး ဆူပူလိုက်သည်။
ဝမ်ကျန်းကျုံးလည်း ထိတ်လန့်သွားလေသည်။ သူ့အဖေ ဘာဖြစ်နေတာလဲ သူ မသိပေ။ သို့သော် သူ့အဖေ၏ဒေါသထွက်နေသောအမူအရာကို မြင်သည့်
အခါ ဘာမှပြန်မပြောရဲတော့ချေ။ သူ အမြန်လှည့်ကာ အခန်းထဲကနေ ထွက်သွားခဲ့သည်။
သားဖြစ်သူ အိမ်ထဲမှ ထွက်သွားသည်ကိုမြင်ပြီးနောက် ဝမ်ကျုံးကျန့်သည် တစ်ခုခုကို စဉ်းစားနေသည့်အလား မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
"ဒီလိုဆိုရင် မဖြစ်သေးဘူး...ရွှီဖန်းလို ရန်သူမျိုးရှိနေရင် ငါ့မှာ အိပ်လို့လည်းမရ၊ စားလို့လည်း မရဖြစ်နေလိမ့်မယ်၊ နံပါတ်၁၆ကို လွှတ်ပြီး သတ်ခိုင်းတဲ့လူက ငါဆိုတာကို သူသိလာမယ့် တစ်နေ့ရှိလာလိမ့်မယ်"
ဒါဟာ ဝမ်ကျုံးကျန့်၏စရိုက်ပင်။ သူသည် သူ့ကို ခြိမ်းခြောက်နိုင်မည့် မည်သူ့ကိုမှ ဤကမ္ဘာပေါ်တွင် ရှင်သန်ရန် ခွင့်ပြုမည်မဟုတ်ပေ။
စဉ်းစားရင်းဖြင့် ဝမ်ကျုံးကျန့်သည် ကြောက်မက်
ဖွယ်အရိပ်၏ဖုန်းနံပါတ်ကို ထပ်ခေါ်လိုက်သည်။
"ဟယ်လို ငါ နံပါတ်၁၅ကို အလုပ်လုပ်ဖို့ ငှားချင်တယ်"
"ဘယ်သူ့ကို သတ်ပေးရမှာလဲ"
"ရွှီဖန်းကိုပဲ"
"ယွမ်၁၀ သန်း၊ ကတ်နံပါတ်က အရင်အတိုင်းပဲ"
"ကောင်းပြီ"
ခဏစကားပြောပြီးနောက် ဝမ်ကျုံးကျန့် ဖုန်းချလိုက်သည်။ သို့သော် သူ စိတ်မချမ်းသာသေးပေ။ နံပါတ် ၁၆၏ လုပ်ကြံမှုမှာ မအောင်မြင်ခဲ့ပေ။ အကယ်၍ နံပါတ်၁၅ ၏ လုပ်ကြံမှုသာ ထပ်မံ မအောင်မြင်ခဲ့ပါက ဝမ်ကျုံးကျန့်သည် ရွှီဖန်းဘက်မှ သဲလွန်စရှာတွေ့သွားမည်ကို ကြောက်မိသည်။ အခုတော့ ကံကြမ္မာပေါ်မှာ ပုံအပ်ရတော့မည်။
ဝမ်ကျုံးကျန့်တစ်ယောက် သူ့အိမ်မှာ ကြောက်လန့်
နေသည့်အချိန် ရွှီဖန်းကတော့ နောက်တစ်နေ့အတွက် အလုပ်ခန့်အပ်ရန် ပြင်ဆင်နေသည်။
ဒီနေ့ဖြစ်ပျက်ခဲ့သော မြင်ကွင်းတွေကြောင့် အခြေစိုက်ရုံးရှိ ဝန်ထမ်းများကြားတွင် သတင်းများ ပျံ့နှံ့နေလေပြီ။ တချို့လူတွေကတော့ မယုံကြည်ဘဲ ကိုယ်တိုင်မြင်ချင်နေကြသည်။ သို့သော်ငြား ဝန်ထမ်းအများစု၏မျက်လုံးထဲတွင်တော့ လေးစားမှုများ ပြည့်နှက်နေလေသည်။ အရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရွှီဖန်း ဆေးရုံကို ပြန်လာခဲ့သည်။
"ရှောင်ပိုင်ဆီကနေ မနက်ဖြန် အလုပ်ခေါ်မယ်လို့ ကြားတယ်"
"သတင်းပေးတောင်ရှိနေပြီပဲ"
ရွှီဖန်း ပြုံးလိုက်မိသည်။ ရှယန်ယွိပြောသည့် ရှောင်ပိုင်ဆိုသူမှာ ဒီနေ့ ရွှီဖန်းကို အခြေအနေများ အစီရင်ခံခဲ့သည် အတွင်းရေးမှူးပင်။
"သေချာတာပေါ့...မဟုတ်ရင် မနက်ဖြန် ရှင်
အလုပ်ခန့်တဲ့နေရာမှာ ကိုယ်ကျိုးစီးပွားအတွက်ရှာနေလား မရှာဘူးလားဆိုတာ ကျွန်မ ဘယ်လိုလုပ်သိနိုင်မလဲ"
ရှယန်ယွိက ရွှီဖန်းအား လိမ္မာပါးနပ်စွာ ကြည့်နေသည်။
"ဘာတွေ ပြောနေတာလဲ"
ရွှီဖန်းသည် ကုတင်ဘေးမှာ ဝင်ထိုင်၍ ရှယန်ယွိကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်သည်။ ပြီးမှသာ အမြွှာတောင်ကုန်းတွေဆီ သူ တက်သွားလိုက်သည်။
"ဘာတုန်း! လူတွေ ရှိနေသေးတယ်"
ရှယန်ယွိ၏မျက်နှာမှာ နီရဲသွားခဲ့ပြီး ရွှီဖန်း၏ နတ်ဆိုးလက်များကနေ အမြန် ရုန်းထွက်လိုက်သည်။
ရွှီဖန်း နှုတ်ခမ်းတွန့်ကာ ရှောင်းချောင်ကို တစ်ချက်
ကြည့်လိုက်သည်။ သူမ၏အခြေအနေက ပုံမှန်
အနေအထားမှာ ရှိနေတုန်းပင်၊ သို့သော် သူမ မနိုးလာသေးပေ။
ရှယန်ယွိကလည်း ရွှီဖန်း၏မျက်နှာပေါ်မှ စိုးရိမ်မှုကို သတိထားမိသည်။ သူမ မနာလိုဖြစ်သွားသော်လည်း ဘာမှမပြောခဲ့ပေ။
ညတစ်ညကုန်ဆုံးသွားပြီးနောက် ရွှီဖန်းသည် နောက်နေ့မနက်စောစောမှာ နိုးထလာသည်။ သူ ဝတ်စုံပြည့်ကိုဝတ်ဆင်ထားပြီး တောက်ပြောင်သောသားရေဖိနပ်ကို စီးထားလေသည်။ ထိုအရာအားလုံးအတွက် ရှယန်ယွိမှ တာဝန်ယူစီစဥ်ပေးခဲ့တာဖြစ်သည်။
ထို့နောက် မြို့လယ်ခေါင်မှ ဟိုတယ်၏ ပွဲခန်းမကို သူ ရောက်လာခဲ့သည်။ ဒီနေ့ အလုပ်ခန့်အပ်မည့်ပွဲကို ထိုနေရာမှာ ကျင်းပမှာဖြစ်သည်။ နေရာတိုင်းမှာ လူအများဖြင့် ပြည့်ကျပ်နေပြီး ထိုင်ခုံပင် မလုံလောက်တာကြောင့် အများစုကတော့ မတ်တပ်ရပ်နေကြရသည်။
ဒါက ရွှီဖန်း မမျှော်လင့်ထားခဲ့သည့်အရာပင်။ သူကမ်းလှမ်းခဲ့သော အခြေအနေများက တော်တော် လေး ရက်ရောသော်လည်း တစ်ညတည်းဖြင့် ဒီလောက်များသည့်လူတွေ ရောက်လာတာ မဖြစ်သင့်ပေ။
ရွှီဖန်း မသိတာက ဒီနေ့ ရောက်လာသောလူအများစုသည် သူ့ကြောင့် ရောက်လာကြခြင်းဖြစ်သည်။ ထိုနေ့က ငွေကားရှေ့ရှိ မြင်ကွင်းသည် အခြေစိုက်ရုံးအတွက် အားကောင်းသောကြော်ငြာတစ်ခု ဖြစ်ခဲ့သည်။
ထင်ထားသည့်အတိုင်းပင် ရွှီဖန်း တံခါးဝမှတဆင့် ဝင်လိုက်သည်နှင့် လူတိုင်း၏အကြည့်များက သူ့ဆီကို ရောက်လာသည်။ လူငယ်မိန်းကလေးအချို့ဆီကနေတောင်
"သူ့ကို လက်ထပ်ချင်တယ်...တခြားဘယ်သူမှ ငါနဲ့ လာမပြိုင်နဲ့"
ဟူသည့် အာမေဋိတ်အသံများတောင် ထွက်ပေါ်လာသည်။
လူအများကြီး၏စိုက်ကြည့်ခြင်းကို ခံရတာကြောင့် ရွှီဖန်း၏ မျက်နှာမှာ နီရဲသွားခဲ့သည်။ သို့သော် ထိုအသံများ၏အရင်းအမြစ်ကို ရှာမနေဘဲ အဝတ်အစားကို သပ်ရပ်အောင်လုပ်ကာ အဓိကအလုပ်ခန့်အပ်ခြင်းစင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။
သို့သော်ငြား အလုပ်ခန့်အပ်ပွဲမှာ မစသေးဘဲ အရာအားလုံးက ပြင်ဆင်နေတုန်းပင်။ အခြေစိုက်
ရုံး၏ အလုပ်အမှုဆောင် ဆယ်ဦးခန့်ကသာ ကြပ်မတ်ရန် ရောက်ရှိနေသည်။
"ဒီနေ့ ကျွန်မတို့ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ ဥက္ကဋ္ဌကိုယ်တိုင် လူသစ်ခန့်အပ်ရေးပွဲကို တက်
ရောက်လာတာဖြစ်ပြီး ထူးချွန်တဲ့ပညာရှင်တိုင်းကို လက်ခံသွားမှာပါ၊ ကျွန်မတို့လုပ်ငန်းစု ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလည်း အားလုံး သတိထားမိကြမှာပါ၊ ဒါဆို ကျွန်မတို့ဥက္ကဋ္ဌရဲ့သတ္တိနဲ့ရဲရင့်မှုကိုလည်း သိကြမှာပါ...ဒါကြောင့် အများကြီး မမိတ်ဆက်ပေးတော့ပါဘူး၊ ဒီနေ့ ကျွန်မတို့ ဒီနေရာကို ရောက်ရှိလာနိုင်တာဟာ ကျွန်မတို့ရဲ့ကုမ္ပဏီအပေါ်မှာထားရှိတဲ့ ယုံကြည်မှုကြောင့်ပါပဲ"
အတွင်းရေးမှူး၏စကားအပြီးမှာ ပရိသတ်တစ်ရပ်လုံးဆီမှ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
ရွှီဖန်းလည်း ရှောင်ပိုင်၏ဘေးမှာ ဝင်ထိုင်လိုက်သည်။ ဒီနေ့အလုပ်ခန့်အပ်ရေးပွဲသည် ရွှီဖန်းအတွက်
ဖြစ်သော်လည်း အဓိကလုပ်ငန်းစဉ်ကိုဆောင်ရွက်
မည့်လူကတော့ ရှောင်ပိုင်သာဖြစ်သည်။
"စကြစို့"
ရွှီဖန်းသည် စိတ်အားထက်သန်နေသည့် ကြည့်ရှုသူများကို ကြည့်၍ အတွင်းရေးမှူးကို ခေါင်းညိတ်ပြကာ စတင်ရန် အချက်ပြလိုက်သည်။
"ဟုတ်ကဲ့"
အတွင်းရေးမှူးကလည်း ခေါင်းညိတ်ပြီး ထိုင်လိုက်
သည်။ သူမ မိုက်ခရိုဖုန်းကို ကိုင်၍...
"အလုပ်ခန့်အပ်ပွဲကို စတင်ပါပြီ၊ ကျေးဇူးပြုပြီး ဝန်ထမ်းများရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပေးကြပါ"
*******************