← Chapters

ကိုယ်ပိုင်အတွင်းရေးမှူး

Vol. 21 Ch. 314

ကိုယ်ပိုင်အတွင်းရေးမှူး

Vol. 21 Ch. 314

အတွင်းရေးမှူးမှ အလုပ်ခန့်အပ်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်နှင့် ဘေးက ဝန်ထမ်းတစ်ဦးသည် "နံပါတ် ၁"ကို ခေါ်လိုက်သည်။

ကတ်နံပါတ်၁ကို ကိုင်ထားသော အမျိုးသမီးတစ်ဦးက အရှေ့ကို လျှောက်လာသည်။ သူမသည် နုပျိုပုံရပြီး ပန်းရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသည်။ တကယ်တော့ သူမသည် တက္ကသိုလ်ကနေ ဘွဲ့ရထားပြီးပြီဖြစ်သည်။ သူမ၏နာမည်မှာ ကျောက်ချင်ဖြစ်ပြီး အသက်၂၂ နှစ်ရှိလေပြီ။ သို့သော် သူမ၏နောက်ခံမှာ မရိုးရှင်းပေ။ ချန်ဟိုင်းတက္ကသိုလ်သည် တရုတ်

နိုင်ငံ၏ထိပ်တန်းတက္ကသိုလ်ဆယ်ခုထဲက တစ်ခုဖြစ်ပြီး သူမ၏အထူးပြုဘာသာရပ်မှာ marketing ဖြစ်သည်။ ဌာနအားလုံးထဲတွင် ထိပ်ဆုံးအယောက်၂၀ ထဲ၌ အဆင့်သတ်မှတ်ခံထားရသည်။

ရွှီဖန်း ထိုမိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ မိန်းကလေးကလည်း ယုံကြည်မှုအပြည့်ရှိနေပြီး ရွှီဖန်းအား ချစ်စဖွယ်အမူအရာဖြင့် မျက်တောင်ခတ်ပြနေလေသည်။ 

"ညီမရဲ့ကိုယ်ရေးအချက်အလက်တွေကတော့ အရမ်းကောင်းပါတယ်" 

ရှောင်ပိုင်လည်း မိန်းကလေး၏ကိုယ်ရေးအချက်အလက်ကိုဖတ်၍ ပြုံးလိုက်ကာ ဘာမှမဖုံးကွယ်ဘဲ ချီးကျူးမိသည်။

"ကျေးဇူးတင်ပါတယ်"

မိန်းကလေးသည် နှိမ့်ချသောလေသံဖြင့်ပြောဆိုနေသော်လည်း ထိုချီးကျူးသံကို ကြားသည့်အခါ သူမ၏အမူအရာမှာ မာန်မာနကြီးပုံ ပေါ်သွားခဲ့သည်။

ရွှီဖန်းလည်း ထိုအခြေအနေကိုမြင်တော့ ပြုံးလိုက်

သည်။ ထိုမိန်းကလေး၏မာန်မာနကြီးခြင်းအပေါ်၌ သူ မကျေနပ်တာ မရှိပေ။ အရည်အချင်းရှိသည့် မည်သူမဆို မာန်မာနကြီးရန် အခွင့်အရေးရှိပေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ကျောက်ချင်သည် ရှောင်ပိုင် ပြင်ဆင်ထားသော marketingနှင့်

သက်ဆိုင်သည့်မေးခွန်းများအားလုံးကို ယုံကြည်မှုရှိစွာ ဖြေဆိုနိုင်ခဲ့သည်။

"ကျွန်တော် ဖြတ်ပြောလို့ရမလား" 

ရုတ်တရက်ပင် ရွှီဖန်းသည် မျက်လုံးကို မှေးကျဉ်းကာ ဝင်ပြောလာသည်။

"ရတာပေါ့" 

ရှောင်ပိုင်လည်း မှင်သက်သွားခဲ့သည်။ ဒီနေ့မှာ ရွှီဖန်းက အဓိကဇာတ်ဆောင်ဆိုတာကို သူမ သဘာဝကျစွာ သိပေသည်။ သူမဘက်မှကြည့်လျှင် ရွှီဖန်းက ဤမိန်းကလေးအား စိတ်ဝင်စားနေသည်ကို တွေ့နိုင်ပေသည်။ မိန်းကလေးကလည်း ထိုကဲ့သို့တွေးမိပြီး သူမ၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်လေး ပေါ်လာသည်။

"စတိုရီတစ်ပုဒ် ပြောပြနိုင်မလား"

ရှောင်ပိုင်မှာ ရွှီဖန်း၏ရုတ်တရက်ဆန်သော ထိုမေးခွန်းကြောင့် တုန်လှုပ်သွားရသည်။

"အာ..."

ကျောက်ချင်လည်း မှင်သက်သွားခဲ့ပြီး ထစ်ထစ်

ငေါ့ငေါ့ဖြင့် ရွှီဖန်းကို ပြန်ဖြေလာသည်။ ထို့နောက် သူမ၏စိတ်ထဲ၌ လှုပ်ရှားလာပြီး ရွှီဖန်းစကား၏အဓိပ္ပာယ်ကို စတင်ဆန်းစစ်လိုက်မိသည်။ သူ က ဘာသိချင်တာလဲ၊ ဘာကြားချင်တာလဲ စသဖြင့်ပင်။

"စိတ်မပူနဲ့ မင်းရဲ့အကြောင်းကို စတိုရီတစ်ပုဒ်လိုမျိုး ပုံမှန်အတိုင်း ပြောပြပါ"

ရွှီဖန်းသည် ကျောက်ချင်တစ်ယောက် နဖူးပေါ်၌ ချွေးများထွက်လာသည်အထိ စိတ်ပူနေတာကို မြင်ပြီးနောက် ပြုံးလျက် ထိုစကားကို ပြောခဲ့သည်။

"ကျွန်မ... ဒါ...ကျွန်မ... ဥက္ကဌရွှီ ဘာကိုဆိုလိုတာလဲ နားမလည်လို့"

ကျောက်ချင်သည် အကြာကြီး စဉ်းစားလိုက်

သော်လည်း စတိုရီတစ်ပုဒ်တောင် ထုတ်မပြောနိုင်ခဲ့ပေ။ ထိုတော့မှ သူမ အနည်းငယ်ရှက်ရွံ့သွားကာ ရွှီဖန်း၏ထူးဆန်းသည့် စစ်ဆေးမှုကိုလည်း နားမလည်

နိုင်ခဲ့တာကြောင့် ရွှီဖန်းအား ဒေါသတကြီးဖြင့် ကြည့်လိုက်မိသည်။

"ဟက်"

ရွှီဖန်း ပြုံးလိုက်မိသည်။ 

"မင်းရဲ့ကိုယ်ရေးအချက်အလက်တွေက အရမ်းကောင်းတယ်ဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ အဲ့ဒါက မင်းရဲ့အလားအလာကိုပဲ ကိုယ်စားပြုတယ်၊ ဒီနေ့မှာ ငါတို့က ထိပ်တန်းအရည်အချင်းရှိတဲ့သူတွေကို ခန့်အပ်နေတာဆိုတော့ မင်းက ငါတို့ရဲ့အလုပ်

နယ်ပယ်ထဲ ဝင်လာလို့ရပါတယ်၊ ဒါပေမဲ့ မင်းကို marketing managerအဖြစ် ခန့်အပ်ပေးမယ်လို့တော့ ငါ အာမမခံနိုင်ဘူး"

ရွှီဖန်းမှ တည်ငြိမ်စွာ ပြောဆိုခဲ့သော်လည်း တကယ်တမ်းမှာတော့ သူ မိန်းကလေးကို ပယ်ချလိုက်ခြင်းပင်။ သို့သော် ၎င်းမှာ ရွှီဖန်း တကယ်သိချင်သည့်အရာလည်း ဖြစ်သည်။ အသိပညာပဲရှိပြီး ထိုအသိပညာကိုအသုံးချ၍ ကိုယ်ပိုင်စတိုရီတစ်ပုဒ်

တောင် မထုတ်ပြောနိုင်သည့်လူတစ်ယောက်ဟာ သူ့ဖောက်သည်များနှင့် ပြောဆိုရန် ဘယ်လိုလုပ် အရည်အချင်းပြည့်မီနိုင်မည်နည်း။

ရွှီဖန်း၏စကားများက မိန်းကလေး၏မျက်နှာကို မည်းမှောင်သွားစေခဲ့သည်။ သူမ၏ထူးချွန်သောပညာရေးကြောင့် သူမ မတရားစွာ ဆက်ဆံခံရသည်ဟု သူမယူဆလိုက်သည်။ ထို့နောက် သူမ အိတ်ကို ကောက်ယူကာ ငြင်းခုံရန် မကြိုးစားဘဲ တိုက်ရိုက်လှည့်ထွက်လာခဲ့သည်။

အလုပ်ခန့်အပ်ခြင်းခံရရန် စောင့်ဆိုင်းနေသူအားလုံးသည် ထိုမြင်ကွင်းကြောင့် စိတ်ဝင်စားသွားရသည်။ အစပိုင်းမှာ သူတို့အားလုံးသည် ဤအခွင့်အရေးကို ကံကောင်းမှုတစ်ခုဟု ထင်ခဲ့ကြကာ အခြေစိုက်ရုံး၌လည်း ဝန်ထမ်းများပြတ်လပ်နေတာကြောင့် ဒီလောက်ထိ တင်းကျပ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ရှောင်ပိုင်မှ ခန့်အပ်ခဲ့သည့် တော်တော်လေးအရည်အချင်းရှိသော သူများကိုလည်း တွေ့ခဲ့ရသည်။ သို့သော် ရွှီဖန်းသည် ဘေးမှာထိုင်ရင်း ဘာမှမပြောခဲ့ပေ။ အမျိုးသမီးတစ်ဦး ပေါ်လာသည်အထိပင်။

ထိုအမျိုးသမီး ထရပ်လိုက်သည့်အချိန်ကစပြီး လူအုပ်ကြီးထဲရှိ အမျိုးသားများအားလုံး၏ စိတ်အာရုံများ ပျောက်ဆုံးသွားကြသည်။ သူတို့သည် အမျိုးသမီး၏ခန္ဓာကိုယ်ကို အကြာကြီးစိုက်ကြည့်နေကြပြီး မရုန်းထွက်နိုင်ဘဲ ရှိနေလေသည်။ သူတို့၏မျက်နှာပေါ်၌ ရမ္မက်ကြီးသောအမူအရာများ ရှိနေခဲ့ပြီး တံတွေးများ သုတ်ဖို့တောင် မေ့နေကြ၏။ 

တချို့ဆိုလျှင် သူတို့၏ရည်းစားနှင့်အတူ အလုပ်လာလျှောက်ကြတာဖြစ်သည်။ ဒါတောင်မှ သူတို့၏ရည်းစားများက ခါးဆိတ်နေကြသည်ကိုပင် သတိမထားမိကြပေ။

ရွှီဖန်း၏မျက်လုံးကလည်း အမျိုးသမီး၏မျက်နှာပေါ်ကို ကျရောက်သွားခဲ့သည်။ သို့သော် ရွှီဖန်းအား အံ့အားသင့်စေသည်မှာ ထိုအမျိုးသမီး၏ထူးခြားသောရုပ်ရည်မဟုတ်ဘဲ သူမဆီကနေ ရင်းနှီးသည့်အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရတာကြောင့်ပင်။

ထိုအမျိုးသမီး ပေါ်လာသည့်အခိုက်အတန့်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဟာလည်း စောင့်ဆိုင်းနေရာ၌ ဘေးချင်းယှဉ်၍ ထိုင်နေကြသည်။ ထိုင်နေသည့်အမျိုးသမီးသည် ရုတ်တရက်ပင် မျက်လုံးများပြူးကျယ်သွားကာ ထိုအေးစက်သောအမျိုးသမီးအား အံ့အားသင့်နေသောမျက်နှာဖြင့် ကြည့်လိုက်မိသည်။

"ဘာဖြစ်လို့လဲ" 

ဘေးမှ အမျိုးသားက မျက်မှောင်ကြုတ်၍ မေးလာသည်။ သို့သော် သူမ၏မျက်လုံးများမှာ မလှုပ်မယှက် ရှိနေပြီး သူမ၏နှုတ်ခမ်းမှာလည်းမဲ့သွားကာ...

"ဒီနေ့ အလုပ်လျှောက်ဖို့ကိစ္စကို ဖျက်လိုက်ပြီ"

"ဘာ!" 

အမျိုးသားမှ မတုံ့ပြန်နိုင်ခင် အမျိုးသမီးသည် တံခါးကနေတောင် ထွက်သွားနှင့်လေပြီ။ အမျိုးသားမှာလည်း သူမ၏အနောက်ကနေ လိုက်သွားရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူ မထွက်ခွာခင်မှာ အေးစက်ပုံပေါက်သောအမျိုးသမီးကို တစ်ချက်ကြည့်

၍ မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်မိသည်။

"သူမများလား"

သို့သော် ရွှီဖန်းကတော့ ထိုအဖြစ်အပျက်များကို မမြင်နိုင်ခဲ့ပေ။ အေးစက်သောအမျိုးသမီးသည် ရွှီဖန်းနှင့် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လာသည်။ သို့သော် သူမ၏အကြည့်က အတွင်းရေးမှူးအပေါ်မှာသာ ရှိနေသည်။

"ငါတို့ တွေ့ဖူးကြလား"

အေးစက်သောအမျိုးသမီး၏ကိုယ်ရေးအချက်အလက်များကို လက်ထဲတွင် ကိုင်ထားသည့် ရွှီဖန်းက အရင်ဦးဆုံး မေးလာသည်။

ထိုအခါမှသာ အမျိုးသမီးက အေးစက်သောအမူအရာဖြင့် ရွှီဖန်းကို ကြည့်လာသည်။ သူမ၏အလှမှာ နတ်သမီးတစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသည့်

အတိုင်းပင်။ ထို့နောက် သူမ၏ရေခဲကဲ့သို့ နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားလာသည်။

"Sir ရှင့်ရဲ့စကားပြောဟန်က ခေတ်နောက်ကျနေပါပြီ" 

ထိုစကားလုံးထဲမှာ လေးစားမှု သို့မဟုတ် မြှောက်ပင့်မှု အရိပ်အယောင်တစ်ခုလေးတောင် မရှိနေပေ။

ရွှီဖန်း မှင်သက်သွားသည်။ တော်တော်

အေးတိအေးစက်နိုင်တဲ့အလှတရားပဲ။ သူမက ဝန်ခံရန် ဆန္ဒမရှိသော်လည်း ရွှီဖန်းကတော့ ဤအမျိုးသမီးအား မတိုင်ခင်က မြင်ဖူးနေတာ သေချာပေသည်။

ရှောင်ပိုင်လည်း ထိုစကားကိုကြားတော့ ခေါင်းစောင်းကာ ရွှီဖန်းကို တစ်ချက်ကြည့်လိုက်သည်။ ရွှီဖန်း၏မျက်နှာပေါ်၌ မကျေနပ်မှု သို့မဟုတ် စိတ်

အနှောင့်အယှက်ဖြစ်မှုကို သူမ မတွေ့ခဲ့ရပေ။ သူမ သက်ပြင်းချကာ ဘာမှထပ်မပြောတော့ပေ။

သို့သော် ရွှီဖန်းသည် အေးစက်စက်အလှပိုင်ရှင် ပိုင်

ပင်း၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ကာ တုန်လှုပ်သွားရသည်။ ၎င်းက ရိုးရှင်းသော်လည်း 

ဖတ်ရှုသူအားဆွဲဆောင်နိုင်သည်။

ပိုင်ပင်း၊ အသက်၂၀၊ မိဘမဲ့၊ အသက်၁၆နှစ်မှာ ဟွာရှားစီးပွားရေးကျောင်းကို ဝင်ခွင့်ရခဲ့ပြီး အသက်၁၇ နှစ်မှာ ကျောင်းတစ်ကျောင်းလုံး၏ အကောင်းဆုံး အဆင့်ဖြင့် ဘွဲ့ရခဲ့သည်။ အသက်၁၈နှစ်တွင် ထိပ်တန်း ၅၀၀အဆင့်ရှိသော ကုမ္ပဏီ၏ ဒုဥက္ကဌရာထူးကို လက်ခံခဲ့ကာ ဝင်ငွေရရှိမှုအညွှန်းကိန်း ၁၀%ရှိသော အဖွဲ့ကို ဦးဆောင်ခဲ့သည်။

ရွှီဖန်း ခေါင်းမော့ပြီး ပိုင်ပင်းကို စတင်စစ်ဆေးလိုက်သည်။ ပိုင်ပင်းသည် မေးခွန်းများနှင့် ပတ်သက်၍လည်း သူမဖြေသည့်အဖြေများက စံနှုန်းတစ်ခုမှာရှိနေသည်။ သူမက ရှောင်ပိုင်၏မေးခွန်းထဲက အားနည်းချက်များကိုပင် တစ်ချိန်လုံး ထောက်ပြနေသေးသည်။ ဒါက အင်တာဗျူးသူ ရှောင်ပိုင်ကိုပင် အလွန် ရှက်ရွံ့စေခဲ့သည်။

"သူဌေး ဒီအမျိုးသမီးက ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌရာထူးကို အပြည့်အဝ တာဝန်ယူနိုင်တယ်လို့ ကျွန်မ ခံစားရတယ်" 

ရှောင်ပိုင်သည် ရွှီဖန်းအား ပျော်ရွှင်စွာ ကြည့်လိုက်

သည်။

ရွှီဖန်းကမူ သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားသည်။ ဒီအမျိုးသမီးအပေါ်ရင်းနှီးနေခြင်းက ရွှီဖန်းကို အနည်းငယ် စိုးရိမ်စေသော်လည်း သူမ၏အရည်အချင်းများကိုတော့ ပယ်ချရန် မတတ်

နိုင်သေးပေ။ ရွှီဖန်းမှ သဘောတူလုနီးပါး ဖြစ်နေတုန်းမှာပင် အမျိုးသမီးက ရုတ်တရက် ထပြောလာသည်။

"စိတ်မရှိပါနဲ့ ကျွန်မက ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးရာထူးအတွက် လာလျှောက်တာပါ" 

ထိုသို့ပြော၍ သူမက ရွှီဖန်းကို စိုက်ကြည့်လာသည်။ ထို့နောက် သူမက ထပ်ရေရွတ်လိုက်သည်။

"ဥက္ကဌရဲ့ကိုယ်ပိုင်အတွင်းရေးမှူးပါ"

ဒါကိုကြားတော့ ရှောင်ပိုင်လည်း ရုတ်တရက် တွန့်ဆုတ်သွားခဲ့သည်။ ဘာလို့ သူမလိုအမျိုးသမီးက အတွင်းရေးမှူး ဖြစ်ချင်နေရတာလဲ။ သို့သော်ငြား ရှောင်ပိုင်မှ တစ်ဖက်ကိုလှည့်၍ ရွှီဖန်း၏မျက်လုံးအကြည့်ကို မြင်လိုက်သောအခါ ချက်ချင်းပင် နားလည်သွားခဲ့သည်။ 

"ဒါဆိုရင် ဥက္ကဋ္ဌရွှီပဲ ဆုံးဖြတ်လိုက်ပါ"

ရွှီဖန်းလည်း မျက်မှောင်ကြုတ်နေသည်။ ဒီအမျိုးသမီးက သူ့ကြောင့် ရောက်လာတာ သိသာပေသည်။ သို့သော်ငြား တစ်ဖက်လူမှ သူ့ကို သဘောကျနေသည်ဟု ထင်ရလောက်အောင် ရွှီဖန်းသည် ကိုယ့်

ကိုယ်ကိုယ် အထင်ကြီးလွန်းသူ မဟုတ်ပေ။ 

ခဏတာ စဉ်းစားပြီးနောက် ရွှီဖန်း၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးကဲ့သို့ အပြုံးတစ်ပွင့်ပေါ်လာသည်။ သူ ဘာတွေကြံစည်နေလဲဆိုတာကို ဘယ်သူမှ မသိနိုင်

ပေ။

"ကောင်းပြီလေ ငါ့ကိုယ်ပိုင်အတွင်းရေးမှူးနေရာလိုချင်နေလည်း ရတယ်"

သူ ထိုသို့ပြောရင်း "ကိုယ်ပိုင်" ဆိုသည့် စကားလုံးအား  တမင်အလေးပေး၍ ပြောလိုက်သည်။ ပိုင်ပင်းက ထိုအရာကို ကြားသော်လည်း သူမ၏အမူအရာမှာ မပြောင်းလဲသွားပေ။ သို့သော် သူမ၏မျက်လုံးထဲမှာတော့ ရွှီဖန်းအပေါ် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ရှိနေသည်။

"ဘယ်တော့ အလုပ်စရမှာလဲ"

"မနက်ဖြန်"

ထိုနောက် ပိုင်ပင်းသည် ဘာစကားမှမပြောတော့ဘဲ လှည့်ထွက်သွားလေသည်။ ပိုင်ပင်း ထွက်သွားသည်နှင့် နောက်ထပ်အရိပ်တစ်ခုသည်သူမ၏အနောက်ကနေလိုက်၍ ပွဲခန်းမထဲမှ လိုက်

ထွက်သွားခဲ့သည်။

"ဒါက.."

ရှောင်ပိုင်လည်း ခဏတာမျှ မှင်သက်သွားရသည်။ ပိုင်ပင်း၏ရွှီဖန်းကို ပြောသော အေးစက်သည့်လေသံနှင့် သူမ၏ ထွက်ခွာသွားသောပုံရိပ်ကို ကြည့်ကာ သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။

"ပြဿနာမရှိဘူး၊ ဆက်လုပ်ကြစို့" 

ရွှီဖန်းသည် သူလက်ကိုဝှေ့ယမ်း၍ ရှောင်ပိုင်အား ဆက်လုပ်ရန် ပြောလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ အလုပ်လျှောက်ထားသူများ၏ ကိုယ်ရေးအချက်အလက်များကို ဆက်ကြည့်နေခဲ့သည်။

နောက်ပိုင်းမှာတော့ လျှောက်လွှာတွေထဲ၌ ထူးခြားသောလူများ မပေါ်လာတော့ပေ။ သို့သော် ဥက္ကဋ္ဌ၏ အတွင်းရေးမှူးရာထူးအတွက် လျှောက်ထားသော အမျိုးသမီးငယ်တစ်ဦး ထပ်ရှိသေးသည်။ ဒါ့အပြင် သူမ၏နောက်ခံကလည်း မသေးပေ။ သူမသည် ချန်ဟိုင်းပြည်နယ်တွင် အချမ်းသာဆုံးဖြစ်သည့် ဝမ်မိသားစု၏သခင်မလေးတစ်ဦးဖြစ်သည်။

သို့သော် သူမကို ရွှီဖန်း ငြင်းပယ်ခဲ့သည်။ မြို့တော်၏ အချမ်းသာဆုံးမိန်းကလေးနှင့် သူ မဆက်ဆံချင်ပေ။ သူ့မှာ ပြဿနာများစွာ ရှိလာနိုင်လေသည်။

အလုပ်ခန့်အပ်ပွဲက နေ့လယ်ပိုင်းမှာ ပြီးဆုံးသွားခဲ့သည်။ ထိုအချိန်အတွင်းမှာ ရှယန်ယွိသည် ရွှီဖန်းအတွက် နေ့လယ်စာ လာပို့ပေးခဲ့သည်။ ထိုအရာက လူတိုင်းအား မနာလိုဖြစ်စေခဲ့လေသည်။ ရှယန်

ယွိ၏ရုပ်ရည်သည် ပိုင်ပင်းလောက် ရင်သပ်ရှုမောဖွယ် မရှိသော်လည်း သူမသည် မြို့များကို လှန်လှောပစ်နိုင်

သည့်အလှပဂေးတစ်ဦးတော့ ဖြစ်နေဆဲပင်။

သို့သော် ရွှီဖန်းသည် ဝန်ထမ်းတချို့အား ပိုင်

ပင်း၏အကြောင်း ရှယန်ယွိကို ဖုံးကွယ်ထားရန် သေချာမှာကြားထားခဲ့သည်။ ရှောင်းချောင်

တစ်ယောက်တည်းနှင့်တောင် ရွှီဖန်းအား ခေါင်းကိုက်စေရန် လုံလောက်နေလေပြီ။ မိန်းမတစ်ယောက်က မနာလိုမဖြစ်ဘူးဟု ပြောလာလျှင် ရွှီဖန်း မယုံပေ။ 

ရှယန်ယွိသည် ဆေးရုံသို့ပြန်ရောက်လာပြီးနောက် တစ်ညလုံး အိပ်ခဲ့သည်။ ဆေးရုံဆင်းရန် လုပ်ဆောင်မှုများ ပြီးစီးပြီးနောက် သူ ရွှီဖန်းနှင့်အတူ အခြေစိုက်

ရုံးသို့ မသွားဘဲ သူမကုမ္ပဏီကိုသာ သွားခဲ့သည်။ သူမသာ အခြေစိုက်ရုံး၌ တစ်နေကုန်ရှိနေလျှင် ရှမိသားစု၏စီးပွားရေးကို ဂရုစိုက်မည့်သူ မရှိသောကြောင့်ပင်။

ဒါကြောင့် ရွှီဖန်းကလည်း သူ တစ်ယောက်တည်း အလုပ်ကို သွားခဲ့သည်။ ယန်ပင်းကတော့ ရှောင်းချောင်ကို ကာကွယ်ရန်အတွက် ဆေးရုံမှာ ပုံမှန်အတိုင်း ဆက်နေခဲ့သည်။

အခြေစိုက်ရုံးကို ရောက်သည်နှင့် ရွှီဖန်းသည် သူ့ရုံးခန်းထဲတွင် စာရွက်စာတမ်းများ စီစဉ်နေသော ပိုင်ပင်းကို တွေ့လိုက်ရသည်။

ဒီနေ့ ပိုင်ပင်းက အလုပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အဖြူရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ကြယ်သီးပါသော စကပ်နှင့် မီးခိုးရောင်ခြေအိတ်များပင်။

ရွှီဖန်း၏ မျက်လုံးထောင့်၌ လှည့်ဖြားတော့မည့်

အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ တံခါးကို ပိတ်

လိုက်သည်။

"ဂျောက်!"

သူ လော့ပါချထားခဲ့သည်။

ထိုအသံကြောင့် ပိုင်ပင်း၏ခန္ဓာကိုယ်လည်း တုန်ယင်သွားခဲ့သည်။ သူမ၏ မျက်လုံးများမှေးကျဉ်းသွားကာ ရွှီဖန်းကို မော့ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

"ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

******************

All Chapters