← Chapters

သူ၏ခွန်အားကိုဖုံးကွယ်ထားသော လီဝမ်လောင်

Vol. 22 Ch. 316

သူ၏ခွန်အားကိုဖုံးကွယ်ထားသော လီဝမ်လောင်

Vol. 22 Ch. 316

ရွှီဖန်း၏စကားကို ကြားသောအခါ ထိပ်ပြောင်သူသည် ခဏတာမျှ မှင်သက်သွားလေသည်။ ရွှီဖန်းကို စူးစိုက်ကြည့်၍ သူ့မျက်လုံးထဲ၌ ရန်လိုမှုအရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် တောင်းပန်သောအပြုံးသို့ ပြန်လည်၍ ပြောင်းလဲကာ ပြောလိုက်သည်။

"ဒီလိုမလုပ်ပါနဲ့ ဥက္ကဋ္ဌ ရွှီ၊ ကြည့်ပါဦး...ကျွန်တော်တို့က မထွက်သွားဘဲ မင်းဘက်ကနေ ရပ်တည်ပေးခဲ့တာ၊ ဒါက ကျွန်တော်တို့ အတူတူ လုပ်ခဲ့ကြတာပဲ မဟုတ်လား"

"ဟုတ်လား...ကျွန်တော်ကတော့ ခင်ဗျားတို့မှာ ရှယ်ယာ လုံးဝမရှိတဲ့အတွက်ကြောင့်လို့ ထင်နေတာ"

ရွှီဖန်းက လှောင်ပြောင်သလိုမျိုး ပြုံးနေသည်။ ဤသည်မှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်သော်လည်း ရွှီဖန်း၌ အခြေခံအချက်အလက်များ ရှိနေသေးသည်။ သူတို့၏ အလုပ်သက်တမ်းမှာ ရှယ်ယာယူနိုင်သည့် သက်တမ်းသို့ မရောက်သေးချေ။

"ဘာကို ဆိုလိုတာလဲ ဥက္ကဌရွှီ မင်းက မျက်နှာပြောင်တိုက်တာပဲ"

ထိပ်ပြောင်သူသည် ရွှီဖန်း၏စကားများကို ကြားလိုက်ရသည့်အပြင် သူ၏မထီမဲ့မြင်ပြုသည့် အမူအရာကိုပါ မြင်လိုက်ရတာကြောင့် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချကာ ရွှီဖန်းကို လက်ညှိုးထိုး၍ ဆူပူလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ထိပ်ပြောင်

သူ၏အနောက်မှ လိုက်ပါလာသော အစေအပါးအချို့ကလည်း ရွှီဖန်းကို ဒေါသတကြီးဖြင့် စိုက်ကြည့်လာကြသည်။

"ကျွန်တော်က ခင်ဗျားတို့ရဲ့အဖေ မဟုတ်ဘူးလေ၊ ဒီမှာ ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ ခင်ဗျားတို့ကို ထောက်ပံ့ပေးရမှာလား"

ရွှီဖန်း လက်ပိုက်လိုက်သည်။ သူ ဒေါသထွက်နေပြီဖြစ်သောကြောင့် သဘာဝကျစွာပင် ထိုလူအုပ်စုကို သူမျက်နှာသာပေးမည်မဟုတ်ပေ။

"မင်းမှာ ပိုက်ဆံရှိတိုင်း မင်းကိုယ်မင်းတော်နေပြီလို့ ထင်နေတာလား၊ မင်းက ရုပ်ချောတဲ့ကောင်လေးတစ်ယောက်သာသာပဲရှိတာ၊ ဒီနေ့ မင်းကို ငါက မသန်မစွမ်းဖြစ်အောင် လုပ်ပစ်မယ်!"

ထိပ်ပြောင်သူမှာ မလှုပ်ရှားလာသော်လည်း သူ့လက်ပါးစေတစ်ယောက်သည် သူ့ခြေထောက်နားရှိ ဝိုင်းထိုင်ခုံကို လက်နှစ်ဖက်ဖြင့်မကာ ရွှီဖန်းဆီ တိုက်ခိုက်ရန် မလိုက်သည်။ မမျှော်လင့်ထားစွာပင် နဂါးပုံစံတက်တူးများအပြည့်ရှိနေသော ခန္ဓာကိုယ်

ပိုင်ရှင် လူကြီးသည် ထိုင်ခုံပေါ်မှမထဘဲ ထိုနေရာ၌ ထိုင်နေသည်။ သူက လက်ကို ရိုက်ချလိုက်ရာ ဝိုင်းထိုင်ခုံသည် မြေကြီးပေါ်တွင် ကပ်သွားသည့်အလားပင်။ လူငယ်က လက်နှစ်ဖက်ဖြင့် မခဲ့သော်လည်း ဝိုင်းထိုင်ခုံသည် သူ မည်မျှပင် အားကုန်သုံးပါစေ မလှုပ်ရှားတော့ချေ။

"လီဝမ်လောင် မင်း သေချင်တာလား"

ထိပ်ပြောင်သူ ထိုအဖြစ်အပျက်ကို မြင်သောအခါ သူ့ဒေါသမှာ လီဝမ်လောင်ဆီသို့ လှည့်သွားလေသည်။

"ထိပ်ပြောင် မင်း ရွှီဖန်းရဲ့ အဲ့ဒီနေ့က ကြီးကျယ်

ခမ်းနားတဲ့လုပ်ရပ်ကို မြင်ဖူးပြီးသားပဲ၊ မင်း တခြားသူတွေကို အနိုင်ကျင့်တာ ငါ ဘာမှမပြောလိုဘူး၊ လူကောင်းတစ်ယောက်ကို မင်း အနိုင်ကျင့်တာကတော့ မသင့်တော်ဘူး"

လီဝမ်လောင်သည် မကြောက်ရွံ့ဘဲ ထိပ်ပြောင်သူကို တည့်တည့်စိုက်ကြည့်လာသည်။

"ကောင်းပြီလေ ဒါဆို မင်းကို ငါ ဘာလုပ်မလဲဆိုတာ ကြည့်လိုက်ပေါ့"

ထိုစကားနှင့်အတူ ထိပ်ပြောင်သူက လက်မြှောက်၍ ထိုးချလာသည်။ ဘေးတွင် ရပ်နေသော ရွှီဖန်းလည်း မျက်လုံးမှေးကျဉ်းကာ လီဝမ်လောင်ဟု အမည်ရှိသော ထိုသူကို ကြည့်လိုက်သည်။ သို့သော် သူ ဝင်ပြီး မကူညီခဲ့ပေ။

လီဝမ်လောင်၏ကျန်လက်တစ်ဖက်က လက်သီးဆုပ်ကာ ထိပ်ပြောင်သူ၏ လက်ကောက်ဝတ်ကို ပိတ်ဆို့လိုက်သည်။ သူ၏ လက်သီးက ထိပ်ပြောင်သူကို မထိသော်လည်း နာကျင်မှုကြောင့် အော်ဟစ်သံနှင့်အတူ ထိပ်ပြောင်

သူ၏ လက်မောင်းသည် တဆတ်ဆတ် တုန်ယင်သွားခဲ့သည်။ သူ လီဝမ်လောင်အား မျက်လုံးထဲ၌ ကြောက်ရွံ့မှုအရိပ်အယောင်တချို့ဖြင့် ကြည့်ကာ အမိန့်ပေးလိုက်သည်။

"အားလုံး တိုက်ကြ"

ထိပ်ပြောင်သူ၏ အမိန့်ကိုကြားသည်နှင့် ဘေးမှ လူ ခုနစ်ယောက်စလုံးသည် လီဝမ်လောင်ကို တိုက်ခိုက်ရန် လက်များမြှောက်လာကြသည်။ တစ်ချိန်တည်းမှာပင် ရွှီဖန်းသည် လီဝမ်လောင်၏အတွင်းအားက ရုတ်တရက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လီဝမ်လောင်သည် ညည်းညူသံပြု၍ ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ သူ ဝိုင်းထိုင်ခုံပေါ်သို့ ထိုင်ကျသွားကာ အချိန်ကြာမြင့်စွာပင် အသက်ရှူမဝ ဖြစ်နေခဲ့သည်။

ရွှီဖန်း တုန်လှုပ်သွားသလို စိတ်လည်းရှုပ်ထွေးသွားခဲ့သည်။ ထိုအခါကျမှ ထိပ်ပြောင်သူနှင့် တခြားသူများလည်း လှုပ်ရှားမှုကို ရပ်တန့်သွားကြသည်။

ထိပ်ပြောင်သူသည် တစ်ဖက်ကိုလှည့်၍ ရွှီဖန်းကို ကြည့်လာသည်။ သူ၏မျက်လုံးထဲ၌ ရန်လိုမှု အရိပ်အယောင်များ ဖြတ်သန်းသွားကာ

"မင်း ငါ့ကို အလုပ်ထုတ်စရာမလိုဘူး...ငါ ဒီကနေမထွက်ဘူး...သွားကြစို့"

ထို့နောက် သူ လက်ဝှေ့ယမ်းကာ ရွှီဖန်းကို ကျော်သွားရင်း ရွှီဖန်း၏ခြေထောက်နားကိုပင် တံတွေးထွေးချသွားသေးသည်။

တံခါးဘေးတွင်ရပ်နေသော မန်နေဂျာလည်း ထိတ်လန့်တကြားပင် ဘေးသို့ အမြန်ရှောင်တိမ်းလိုက်ရသည်။

"ခဏနေဦး"

ထိပ်ပြောင်သူ၏အဖွဲ့ အလုပ်ရုံထဲမှ မာန်မဲစွာ ထွက်ခွာသွားသည့်အချိန် ရွှီဖန်းသည် ရုတ်တရက် စကားထပြောလိုက်သည်။ သို့သော် သူ့လေသံမှာ အလွန်

တည်ငြိမ်နေသည်။ ပူပန်ခြင်း၊ ဒေါသထွက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စသည့် ခံစားချက်များ ဘာမှမရှိပေ။

ထိပ်ပြောင်သူသည် ခဏတာ မှင်သက်သွားပြီးနောက် ကစားပေးချင်သည့် အကြည့်ဖြင့် လှည့်ကြည့်လာသည်။

"ဥက္ကဌရွှီ မင်း ငါတို့ကို ဒီမှာ ဆက်နေပေးဖို့ တောင်းဆိုမလို့လား"

"ငါ မင်းတို့ကို သွားခိုင်းလို့လား"

ရွှီဖန်း မျက်မှောင်ကြုတ်၍ ထိပ်ပြောင်သူကို တင်းမာနေသောအမူအရာဖြင့် ပြောလိုက်သည်။

"မင်း!"

လက်ပါးစေတစ်ယောက်က ထိုစကားကိုကြားသောအခါ ဒေါသတကြီးပင် ရွှီဖန်းဆီ ပြေးထွက်လာသည်။ သို့သော် သူ့ကို ထိပ်ပြောင်သူက တားကာ စိုက်ကြည့်လာသည်။ ထိပ်ပြောင်သူမှ တားလာသောအခါ လက်ပါးစေကလည်း ဘာမှ မတုံ့ပြန်တော့ချေ။

"ဥက္ကဋ္ဌ ရွှီ မင်း ငါတို့ကို သေချာရှင်းပြတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ဘဲ ဒီညီအစ်ကိုတွေ စိတ်ဆိုးသွားရင် ငါ့ဒေါသထက် ပိုဆိုးသွားလိမ့်မယ်၊ ခုနက မင်းကို ဘာမှ မလုပ်ခဲ့တဲ့အကြောင်းအရင်းက လီဝမ်လောင် ပြောတာမှန်တယ်လို့ ငါ ထင်လို့ပဲ၊ မင်းက ကောင်းတာ လုပ်ခဲ့တယ်၊ ဒါကြောင့် မင်းကို ငါ ချမ်းသာပေးခဲ့တာပဲ...အခုတော့..."

ထိပ်ပြောင်သူက ဆက်ပြုံးနေသည်။ သူ၏အပြုံးမှာ ဖုံးကွယ်ထားသောမြွေဆိုးတစ်ကောင်၏အပြုံးနှင့် တူလှသည်။

“ဟက်!"

ရွှီဖန်း အေးစက်စွာ နှာမှုတ်လိုက်သည်။ သို့သော် သူ အလျင်စလို ပြန်မဖြေဘဲ သူ့အိတ်ကပ်ထဲသို့ လက်

ထည့်ကာ သူ၏သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်၍ လီဝမ်လောင်ဆီသို့ ပစ်

ပေးလိုက်သည်။

လီဝမ်လောင်သည် ဆေးလုံးကို လက်ခံရရှိသည်နှင့် မှင်သက်သွားခဲ့သည်။ သူ ခဏတာ တွန့်ဆုတ်နေပြီးမှ သူ့ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ ဆေးလုံးသည်သူ့ပါးစပ်ထဲ၌ အရည်ပျော်သွားခဲ့ပြီး လီဝမ်

လောင်၏ မျက်နှာသွင်ပြင်မှာ ချက်ချင်းပင် သွေးရောင်ပြန်လွှမ်းလာသည်။

ထိုအခါမှ ရွှီဖန်းသည် အဝိုင်းထိုင်ခုံကို ဆွဲထုတ်ကာ ထိုင်ချ၍ ထိပ်ပြောင်သူကို မျက်နှာချင်းဆိုင်လိုက်

သည်။

"မင်းတို့အကြွေးဆပ်ဖို့ကျန်နေတဲ့ အလုပ်တွေအားလုံးကို အပြီးသတ်လိုက်၊ ပြီးရင် ဒီအလုပ်ရုံကို ရှင်းပေးပြီး ငွေစာရင်းဌာနမှာ စာရင်းရှင်းပြီး ထွက်သွားတော့"

"ငါ မလုပ်ရင်ရော"

ထိပ်ပြောင်သူသည် ရွှီဖန်းအား ကစားချင်နေသည့် အမူအရာဖြင့် ကြည့်ကာ မေးလာလေသည်။

"မင်းတို့ လုပ်တဲ့အထိ"

ရွှီဖန်း၏ပြန်ဖြေမှုက တိုသော်လည်း အစွမ်းထက်လှသည်။

"မင်း!"

ထိပ်ပြောင်သူသည် ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားလေသည်။ သူ ဘေးနားရှိ ဂေါ်ပြားကိုကောက်ယူကာ ရွှီဖန်း၏ခေါင်းကို ပစ်ပေါက်လိုက်

သည်။

ဝင်ပေါက်၌ရပ်နေသော မန်နေဂျာမှာလည်း "လူသတ်နေပြီ!"ဟု ထိတ်လန့်တကြား အော်ဟစ်

လာသည်။ အပြင်၌ နှစ်ယောက် သုံးယောက် အုပ်စုဖွဲ့ကာ အလုပ်လုပ်နေသောအလုပ်သမားများသည် မန်နေဂျာ၏အော်ဟစ်သံကြောင့် အာရုံစိုက်လာကြသည်။

သို့သော်လည်း သူတို့ အလုပ်ရုံကို လှမ်းကြည့်လိုက်

သည့်အချိန် ထိပ်ပြောင်သူသည် အလုပ်ရုံထဲမှ ပျံထွက်လာပြီး မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်ကို သူတို့ မြင်လိုက်ရသည်။ သူ၏ မျက်နှာမှာ နီရဲနေပြီး အချိန်အတော်ကြာသည်အထိ အသက်မရှူနိုင်ခဲ့ပေ။

"မင်း"

လက်ရှိအချိန်၌ သူ လုံးဝ အံ့အားသင့်နေခဲ့သည်။ ရွှီဖန်းသည် ထိပ်ပြောင်သူ၏ လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါးပင် ဆွဲကာ ပစ္စည်းတစ်ခုလိုမျိုး တံခါးအပြင်ဘက်သို့ ပစ်ထုတ်ခဲ့ခြင်းပင်။ ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ လီဝမ်လောင်သည် ဤရွှီဖန်းကလည်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကျင့်ကြံမှုအဆင့်မှာ သူ့ထက်ပင် အဆပေါင်းများစွာ မြင့်မားနေသည်ကို သိလိုက်လေသည်။ ဆေးလုံး၏အစွမ်းက ဒီလောက်

ကောင်းနေသည်မှာ အံ့သြစရာ မရှိတော့ချေ။ လီဝမ်လောင်၏ နှလုံးသားမှာ တုန်လှုပ်နေခဲ့သည်။

ကျန်ရှိသောလူများကလည်း ထိုမြင်ကွင်းကို မြင်

သောအခါ ကြောက်လန့်သွားကြပြီး ရှေ့ဆက်တိုးရန် မဝံ့ရဲကြတော့ပေ။

"ဘာလုပ်နေကြတာလဲ အလုပ်သွားမလုပ်ကြဘူးလား"

ရွှီဖန်း ထိုလူအနည်းငယ်အား စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ ထက်ရှသော ဓားများကဲ့သို့ပင်။

ကြည့်ရှုနေသည့် ထိုလူအနည်းစု၏ ခန္ဓာကိုယ်များ တုန်ယင်သွားခဲ့ပြီး သူတို့မျက်လုံးထဲ၌ အရှက်ရမှု အရိပ်အယောင်များ ဖြတ်သန်းသွားကာ သူတို့၏ ခံစားချက်များလည်း ပြောင်းလဲသွားရသည်။

“ဟမ့်!"

ရွှီဖန်းက ထိုလူအနည်းငယ်ကို မထီမဲ့မြင်ပြုစွာ ကြည့်နေလေသည်။ ထိုကဲ့သို့သောလူမျိုးများကို သူ လုံးဝဂရုမစိုက်ပေ။ သို့သော်ငြား ထိပ်ပြောင်သူ၏ လက်ပါးစေများသည် အချင်းချင်း အကြည့်ဖလှယ်ပြီးနောက်မှာ တစ်ဖက်ကိုလှည့်၍ ထွက်ပြေးကြတော့သည်။ သူတို့သည် ရွှီဖန်းကို အနိုင်မရလျှင်တောင် အရှုံးပေးရန် ဆန္ဒမရှိကြချေ။ ထွက်ပြေးခြင်းက ပိုကောင်းနေသေးသည် မဟုတ်ပါလော။

"ဘယ်လိုတောင် နုံတာလဲ"

ရွှီဖန်း ထိုစကားကိုပြောကာ ဘေးမှ ဖဲချပ်များကို ပေါ့ပေါ့ပါးပါး ဆွဲကိုင်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဖဲချပ်များအားလုံးသည် လျှပ်စီးအလားထွက်သွားကြသည်။

ဘုန်း! ဘုန်း! ဘုန်း!

ထိုလူအနည်းငယ်၏ နာကျင်စွာသော အော်ဟစ်သံများနှင့်အတူ သူတို့အားလုံးသည် မြေပြင်ပေါ်သို့ လဲကျသွားကြပြီး ခြေကျင်းဝတ်များကို ဖက်ကာ ရုန်းကန်နေကြသည်။

ထိုအခါမှ ရွှီဖန်း ထရပ်လိုက်သည်။ ထိုလူအနည်းငယ်ကို တစ်ချက်တောင်မကြည့်ဘဲ ကျော်သွားကာ ထိပ်ပြောင်သူ၏ ဘေးသို့ လျှောက်သွားလိုက်သည်။

"ကောင်လေး မင်း ဒီနေ့ ငါ့ကို ရိုက်လိုက်တယ်

ပေါ့...မင်း ချန်ဟိုင်းပြည်နယ်မှာ ဆက်မနေချင်တော့ဘူးလား! ငါတို့က လူတွေကို သက်သက်ကြောက်

ရုံပဲ ဟန်ပြတယ်လို့ မင်း ထင်နေတာလား"

ထိုအချိန်၌ ရွှီဖန်း ပစ်ထုတ်လိုက်သည့် ထိပ်ပြောင်သူသည် အသက်မှန်မှန်ရှူနိုင်သွားသည်နှင့် ရွှီဖန်းအား ရက်စက်ကြမ်းကြုတ်စွာ ကြည့်လာခဲ့သည်။

သို့သော် ထိုအထိ ပြောလာရင်း ထိပ်ပြောင်သူမှာ ရုတ်တရက် ရပ်သွားလေသည်။ ကျန်သောစကားများက သူ့လည်ချောင်းထဲ၌ ပိတ်ဆို့နေပြီး ထွက်မလာတော့ချေ။

အကြောင်းမှာ ဖဲချပ်များက သူ့လည်ချောင်းပေါ်သို့

တိတ်ဆိတ်စွာပင် ကျရောက်နေပြီဖြစ်သောကြောင့်

ပင်။

"ငါလည်း စကားများများ ပြောရတာ မကြိုက်ဘူး၊ မင်းတို့ကို ငါ တစ်ခါထပ်မေးမယ်၊ ငါ ပြောတဲ့အတိုင်း လုပ်မှာလား"

ရွှီဖန်းသည် လူခုနစ်ယောက်အားအေးစက်စွာ ကြည့်

လိုက်သည်။ ရွှီဖန်း၏စကားများမှာ အရိုးထဲသို့ စိမ့်

ဝင်သွားသည်အထိ အေးစက်နေသည်။

"ချီးပဲ! ကောင်လေး၊ မင်း သတ္တိရှိရင် ငါ့လည်ပင်းကိုပဲ လှီးချလိုက်! ငါ မျက်တောင်တစ်ချက် မှိတ်သွားရင်တောင် ငါက ငကြောက်ဖြစ်လို့ပဲ! မင်း ဘယ်လိုထင်လဲ! မင်း လုပ်ရဲလား! "

ကနဦး ကြောက်လန့်မှုပြီးဆုံးသွားပြီးနောက် ထိပ်ပြောင်သူသည် သူ့ရှေ့မှ လူငယ်လေးမှာ လူအများရှေ့တွင် လူသတ်ရန် သတ္တိမရှိဘူးဟု ယုံကြည်ကာ စိတ်တည်ငြိမ်သွားခဲ့သည်။ ချက်ချင်းပင် သူ၏ မာနကြီးသည့် အမူအရာကို ပြန်လည်ရရှိသွားခဲ့ပြီး မြေပြင်ပေါ် တံတွေးထွေးချလိုက်သည်။ အလွန်

ပင် မောက်မာသည့်ပုံစံပင်။

"စဉ်းစားဖို့ ဆယ်စက္ကန့် အချိန်ပေးမယ်"

ထိပ်ပြောင်သူက ကြောက်ရွံ့ခြင်းမရှိသည်ကို မြင်သောအခါ ရွှီဖန်းသည် ထိပ်ပြောင်သူ၏ အတွေးကို သိလိုက်သည်။ ဒါကြောင့် ဒီလူမှာ တမင်တကာပင် အခုလိုအနေအထားကို လုပ်ပြခဲ့သည်။ သို့သော် ရွှီဖန်းက ဂရုမစိုက်ပေ။ သူ ပြောခဲ့သည့်အတိုင်းပင် ရွေးချယ်မှုသည် သူတို့အပေါ်၌သာ မူတည်သည်။

ဆယ်စက္ကန့်အချိန်ကုန်ခါနီးပြီကို မြင်သောအခါ ရွှီဖန်းသည် ထက်ရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"စဉ်းစားပြီးပြီလား"

"စောက်ကျိုးနည်း ငါကတော့ မင်းလုပ်ရဲမယ်လို့ မယုံဘူး..."

"အားးးးးးး!"

ထိပ်ပြောင်သူ၏စကားဆုံးသည်နှင့် သူ့မျက်လုံးရှေ့၌ အနီရောင်အလင်းတန်းတစ်ခု လျှပ်ခနဲဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပြင်းထန်စွာအော်ဟစ်လိုက်ပြီး သူ့မျက်နှာကို လက်ဖြင့်အုပ်

ထားမိသည်။

"မင်း တကယ် လုပ်ရဲတာလား!"

ထိပ်ပြောင်သူသည် ရွှီဖန်း၏လက်ထဲမှ သွေးများ စီးကျနေဆဲဖြစ်သော ဖဲချပ်ကို ကြည့်လိုက်သည်။ သူ မျက်နှာကို လက်ဖြင့်အုပ်ကာ ရင်ဘတ်ထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။

"အစ်ကို...ကိုကြီး၊ ရဲကို ဖုန်းခေါ်လိုက်ရမလား"

ထိပ်ပြောင်သူ၏ လက်ပါးစေလေးသည် အလွန်

ကြောက်သွားခဲ့ပြီး သူ၏အသံများ တုန်ယင်နေကာ ရဲကို ဖုန်းခေါ်မလားဟု ထိပ်ပြောင်သူကို ထစ်အစွာ မေးလိုက်ရသည်။

"ရဲခေါ်ရမယ်? မင်းတို့မှာ အလားအလာဆိုတာရော ရှိသေးရဲ့လား"

ထိပ်ပြောင်သူသည် နာကျင်မှုကို အောင့်အီး၍ သူ့လက်ပါးစေအား ပြင်းပြင်းထန်ထန် ဆောင့်ကန်

လိုက်သည်။ ထို့နောက် ရွှီဖန်းကို စိုက်ကြည့်လိုက်

သည်။ သူ့မျက်နှာပေါ်၌ ဒေါသများ ပြည့်နေသော်လည်း ထုတ်မပြောရဲဘဲ.....

"ကောင်းပြီ၊ မင်းရဲ့တောင်းဆိုချက်ကို ငါတို့ သဘောတူတယ်"

သို့သော် သူ၏ နှုတ်ခမ်းများကတော့ တုန်ယင်နေခဲ့သည်။

ရွှီဖန်း၏လက်ထဲ၌ အေးစက်သောအလင်းတန်းတစ်ခု ထပ်မံ၍ လျှပ်ခနဲ ဖြစ်သွားသည်။

ထိပ်ပြောင်သူမှာ ထပ်မံ အော်ဟစ်လိုက်ရသည်။

"အား!"

သူ၏ညာဘက်လက်မှ လက်သန်းကို ရွှီဖန်းက ဖြတ်

ပစ်လိုက်ခြင်းပင်။

"ငါတို့ ဘော့စ်က မင်းရဲ့ တောင်းဆိုချက်ကို သဘောတူထားတယ်မဟုတ်ဘူးလား!"

တစ်ယောက်သည် ထိပ်ပြောင်သူအပေါ်မှာ အလွန် သစ္စာရှိပုံရပြီး ရွှီဖန်းရှေ့သို့ ပြေးဝင်လာကာ ရွှီဖန်း၏ ခေါင်းအား လက်သီးဖြင့် ထိုးချလာသည်။

ရွှီဖန်းသည် ထိုလူကို တစ်ချက်တောင်ငဲ့မကြည့်ဘဲ သူ့လည်ပင်းကို အသာစောင်းကာ တိုက်ခိုက်မှုကို လွယ်

လွယ်ကူကူ ရှောင်တိမ်းလိုက်သည်။

"သေချာ စဉ်းစားပြီးပြီလား"

ထိပ်ပြောင်သူထုတ်ရန် လုပ်နေသည့် သူ့ခါးမှ ဓားတိုကို ရွှီဖန်း ဘေးသို့ ပစ်ချလိုက်သည်။

"နေ၊ နေပါဦး..."

ရွှီဖန်း၏အေးစက်နေသော မျက်လုံးများကို ကြည့်၍ ထိပ်ပြောင်သူ၏ နှလုံးသားမှာ အေးခဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒီတစ်ခါတော့သတ္တုပြားကြီးတစ်ခုအား သူ ကန်မိပြီဆိုတာကို နောက်ဆုံးမှာ နားလည်သွားခဲ့သည်။

မူလကတော့ သူသည် ရွှီဖန်း၏တိုက်ခိုက်မှုကို သတိမထားမိ၍ ခံခဲ့ရခြင်းဟု ထင်ခဲ့ပြီး ထိပ်ပြောင်သူသည် သူ့ကိုယ်သူ ရွှီဖန်းထက် ပိုတော်သည်ဟု ထင်ခဲ့သည်။ သို့သော် အခု ကြည့်ရသည်မှာ သူတစ်ယောက်တည်းက ရက်စက်ကြမ်းကြုတ်သူမဟုတ်ပေ။ ရွှီဖန်းသည် ယှဉ်ပြိုင်လို့ရသည့်သူမဟုတ်ချေ။

သူ ထိုသို့ စဉ်းစားနေရင်း ထိပ်ပြောင်သူ၏လေသံမှာ မှိန်ဖျော့သွားခဲ့သည်။

"မင်းက ရက်စက်တယ်! ဒီနေ့ ငါ မင်းကို အရှုံးပေးတယ်!"

ထိုသို့ပြောရင်း ထိပ်ပြောင်သူက သူ့လူများကို လက်ဝှေ့ယမ်းကာ...

"မလှုပ်ရှားကြနဲ့တော့...ဒီနေ့ ငါတို့ အရှုံးပေးတယ်...ငါတို့က သူ့လောက် မတော်ဘူး...ငါတို့အဖွဲ့ ထွက်သွားပြီးရင် မင်းရဲ့ကတိကိုတည်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်

တယ်"

ထိပ်ပြောင်သူ၏စကားကို ကြားသောအခါ ကျန်သည့် လူငါးယောက်ကလည်း သူတို့၏ခြေလှမ်းများကို ရပ်တန့်ရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိတော့ပေ။ သူတို့လည်း ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားခဲ့ရသည်။ စောနက ခေါင်းကြီးမှ ရွှီဖန်းကို ထိုးလိုက်

သော လက်သီးကို ရွှီဖန်းသည် ကြည့်တောင်မကြည့်ဘဲ ရှောင်တိမ်းနိုင်ခဲ့သည်။ ရွှီဖန်းသည် ရက်စက်ကြမ်းကြုတ်ရုံသာမက ကျွမ်းကျင်မှုလည်း ရှိမှန်း သိသာပေသည်။

*******************

All Chapters