သံလှောင်အိမ်
Vol. 22 Ch. 318
ရွှီဖန်း စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ထိတ်လန့်ခြင်းမရှိဘဲ အရှေ့တည့်တည့်ကိုသာ ကြည့်၍...
"ဘာလို့ ကြောက်မက်ဖွယ်အရိပ်ကပဲ ဖြစ်နေရပြန်တာလဲ"
ဘေးမှ အမျိုးသမီးသည် ရွှီဖန်း၏စကားများကို တုံ့ပြန်ခြင်းမရှိပေ။ သူမသည် လေပူများကို ရွှီဖန်း၏ နားထဲသို့ ရနံ့သင်းပျံ့စွာ မှုတ်ထုတ်လိုက်လေရာ ရွှီဖန်း၏နှလုံးသားမှာ တုန်လှုပ်သွားရသည်။
ရွှီဖန်းသည် ပထမဦးစွာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်
သည်။ သူ လက်မြှောက်၍ သေနတ်ပြောင်းဝကို ဖြည်းဖြည်းချင်း တွန်းဖယ်ခဲ့သည်။ ထို့နောက် တည်ငြိမ်သောအမူအရာဖြင့် တစ်ဖက်ကိုလှည့်ကာ အမျိုးသမီးကို ကြည့်လိုက်သည်။
သူမ၏ရင်ဘတ်ရှေ့ရှိ ကျယ်ပြန့်သောနေရာသည် ဗလာနတ္တိဖြူဖွေးနေပြီး ထိုစက်ဝိုင်းတစ်ဝက်ပုံစံ အမြှောင်းလေးသည် သူ့မျက်စိထဲတွင် အရင်ဦးဆုံး နေရာယူလာသည်။ သူမက အဝါဖျော့ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကား၏အရှေ့ထိုင်ခုံပေါ်တွင် ခြေချိတ်ကာ ထိုင်နေသည်။ သူမ၏ဖြူဖွေးချောမွတ်သော ပေါင်တံများက ပေါ်လွင်နေပြီး အထူးပင် ဆွဲဆောင်မှုရှိလှသည်။
အစပိုင်းတွင် အမျိုးသမီးကလည်း တုန်လှုပ်သွားပုံရသည်။ ရွှီဖန်း၏တည်ငြိမ်မှုကြောင့် သူမ အံ့အားသင့်ခဲ့ရသည်။ ထို့နောက် စနောက်သည့် အမူအရာ၊ နူးညံ့ကာ ဆွဲဆောင်မှုရှိသော လေသံဖြင့်...
"ကြည့်လို့ဝပြီလား"
သူမ ထိုသို့ပြောနေရင်း ထိုင်ခုံပေါ်တွင် ကွေးနေသော ကြောင်လေးတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို ဆန့်တန်းလျက် ခြေထောက်များကို ဆန့်လိုက်သည်။
ရွှီဖန်းလည်း မှင်သက်သွားပြီးနောက် ပြုံး၍ ပြောလိုက်သည်။
"တကယ်တော့ ဆွဲဆောင်မှုရှိလေ အန္တရာယ်များလေပဲတဲ့၊ ဆူးပါတဲ့နှင်းဆီပန်းလိုပေါ့"
အမျိုးသမီးသည် ထိုစကားကို ကြားသောအခါ ခဏတာမျှ တိတ်ဆိတ်သွားပြီး ပါးစပ်ကိုအုပ်ကာ ရယ်မောလာသည်။
"မင်းရဲ့ပါးစပ်က တယ်ချိုတာပဲ"
ရယ်သံ ရပ်တန့်သွားသည်နှင့် အမျိုးသမီးသည် ရွှီဖန်း၏မျက်လုံးများကို စူးစိုက်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်၍ ထိုစကားများကို ပြောလာသည်။
"အမှန်ပြောတာပါ"
ရွှီဖန်း၏အဖြေမှာ တိုတောင်းပြီး ခိုင်မာသော်လည်း သူ့မျက်လုံးများမှာမူ ကြည်လင်နေဆဲဖြစ်သည်။
အမျိုးသမီးသည် ရွှီဖန်းကို ခဏတာမျှ ကြည့်ပြီနောက် သူမ၏ အမူအရာမှာ ရုတ်တရက် အေးစက်သွားခဲ့သည်။ သူမ ပစ္စတိုကို ရွှီဖန်း၏နားထင်သို့ ချိန်ကာ သူမလေသံမှာ အေးစက်နေလေသည်။
"လူလိမ်...ဒါဆို ဘာလို့များ မင်းရဲ့မျက်လုံးထဲမှာ ဆွဲဆောင်ခံရတဲ့ လက္ခဏာတွေ မတွေ့ရတာလဲ၊ အစ်မက လိမ်ပြောတာကို အမုန်းဆုံးပဲ၊ မင်းကို အခုချက်ချင်း ပစ်သတ်မယ်"
သို့သော် ရွှီဖန်းကတော့ သူမ၏ရုတ်တရက်ပြောင်းလဲသွားခြင်းကို အံ့အားသင့်ခြင်းမရှိပေ။ သူ တည်ငြိမ်နေဆဲဖြစ်ပြီး သူ့ပုံစံမှာ သေနတ်ကို လုံးဝဂရုမစိုက်
သည့်အလားပင်။ သူ ထိုအမျိုးသမီးကို ခဏတာ စိုက်ကြည့်ပြီးနောက် ပြန်ပြုံးကာ...
"အစ်မက နောက်နေတာပဲ၊ ကျွန်တော် ကိုယ့်
ကန့်သတ်ချက်ကိုယ် သိပါတယ်၊ ထိလို့မရတဲ့ အစ်မလိုအမျိုးသမီးကို ထိမှာမဟုတ်ဘူး"
"ကျွန်တော် မထိနိုင်သလို ထိလည်းမထိရဲပါဘူးဗျာ"
"ဟားဟားဟား"
အမျိုးသမီး၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြန်သည်။ စာအုပ်စာမျက်နှာများ လှန်လိုက်သကဲ့သို့ သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ရာ သေနတ်မှ ကျည်ကလစ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သေနတ်ထဲတွင် ကျည်ဆံများမရှိပေ။
"ဒါကြောင့် ငါ့ညီမလေး မင်းကို ရှုံးခဲ့တာကို အံ့သြစရာမရှိတော့ဘူး"
အမျိုးသမီးသည် ခပ်မတ်မတ်ထိုင်၍ ကားအရှေ့ကို ကြည့်ကာ ရွှီဖန်းနှင့် ပေါ့ပေါ့ပါးပါး ပြောဆိုလာသည်။
"ခင်ဗျားရဲ့ ညီမဟုတ်လား"
ရွှီဖန်း မေးလိုက်မိသည်။
"အဲ့ဒီ နံပါတ်ဆယ့်ခြောက်ကိုပြောတာ"
အမျိုးသမီးသည် ရွှီဖန်းကို တစ်ချက်လှည့်ကြည့်၍ ပြန်ဖြေလာသည်။
ရွှီဖန်း၏မျက်လုံးများ အရောင်တောက်သွားသည်။
"ကျွန်တော် ကံကောင်းသွားရုံပါပဲ"
သို့သော် သူ ထိုသို့ပြောလိုက်သည်နှင့် ရွှီဖန်းသည် ခေါင်းလောင်းက ပြင်းထန်စွာတုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ချက်ချင်းပင် ထိုအမျိုးသမီး၏မျက်နှာကလည်း အေးစက်သွားသည်ကို သူ သတိပြုမိခဲ့သည်။ ထိုစွမ်းအင်က ရွှီဖန်း၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေပြီး ချက်ချင်းပင် သူ့ခန္ဓာကိုယ်အတွင်းရှိအတွင်းအားကို လည်ပတ်
ထားလိုက်သည်။
အမျိုးသမီးသည် ရုတ်တရက်ပင် ရွှီဖန်းဆီသို့ လက်သီးဖြင့် ထိုးချလာသည်။ ရွှီဖန်းကလည်း နောက်ထပ်လက်သီးတစ်ချက်ဖြင့် ပြန်ထိုးခဲ့သည်။
ထို့နောက် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ အမျိုးသမီး၏ခန္ဓာကိုယ်သည် ကားတံခါးကို ဖောက်ထွက်၍ လမ်းပေါ်သို့ လွင့်စင်သွားသည်။
ရွှီဖန်းလည်း ထိုအင်အားကြောင့် ထိမှန်ကာ ယာဉ်မောင်းထိုင်ခုံတံခါးမှာ ကျိုးသွားလေသည်။ သူ့ခန္ဓာကိုယ်က အချိန်အတော်ကြာ မြေကြီးနှင့် ပွတ်တိုက်သွားပြီးမှ ရပ်တန့်သွားခဲ့ရာ သူ့ခြေထောက်အောက်မှ ပူလောင်သည့်ခံစားမှု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် အခြေအနေက အရေးပေါ်ဖြစ်နေသောကြောင့် ရွှီဖန်း မစစ်ဆေးနေတော့ပေ။ အမျိုးသမီးပြုတ်ကျသွားသည့်ဘက်မှ မီးခိုးများ အနှံ့အပြား ထွက်ပေါ်နေပြီး ရွှီဖန်းက အရိပ်တစ်ခုက လျှပ်ခနဲဖြတ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်
လိုက်ရသည်။
သူ ချက်ချင်းထရပ်ကာ အလျင်အမြန် ပြေးကြည့်ခဲ့သည်။ သို့သော် ကားတံခါးအကျိုးအပဲ့များနှင့် သွေးစွန်းရာအနည်းငယ်သာ မြေပြင်ပေါ်တွင် ကျန်ရှိနေခဲ့ပြီး အမျိုးသမီး၏အရိပ်အယောင်မှာ မတွေ့ရတော့ချေ။
ရွှီဖန်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် ထွက်ခွာရန်ပြင်လိုက်စဉ် တောက်ပသော လက်ကောက်တစ်ခုက သူ့အာရုံကို ဖမ်းစားစေခဲ့သည်။ ရွှီဖန်း ကုန်း၍ကောက်ယူလိုက်ကာ ခဏတာမျှ ကြည့်ပြီးမှ သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ဤငွေရောင်လက်ကောက်သည် နှစ်ပိုင်းကွဲသွားခဲ့ပြီး ထိုအမျိုးသမီး အလျင်စလိုထွက်ခွာသွားချိန်၌ ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ထို့နောက် ပျက်စီးလုနီးပါးကားကို သူ စိတ်ပျက်
လက်ပျက်ဖြင့် ကြည့်လိုက်သည်။ သူ နှုတ်ခမ်းတင်းတင်းစေ့ကာ ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ ထို့နောက် သူ့ကားထဲရှိ ယာဉ်မောင်းထိုင်ခုံပေါ်၌ ထိုင်၍စောင့်ဆိုင်းနေစဉ် ထိုအမျိုးသမီး၏အကြောင်းကို တွေးတောနေခဲ့သည်။
(၁၅)မိနစ်ခန့် စောင့်ဆိုင်းပြီးတာတောင် ရွှီဖန်းသည် မည်သည့်ယာဉ်ကိုမျှ မရှာတွေ့နိုင်သေးချေ။ သူ့မျက်လုံးထဲ၌ စိတ်မရှည်သည့်အကြည့်တစ်ခု ဖြတ်သန်းသွားပြီး ချက်ချင်းပင် ကားပေါ်မှ ဆင်းကာ ရှောင်းမိသားစုခြံဝင်းသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။ သူ၏အရှိန်မှာ မနှေးကွေးပေ။
တစ်လမ်းလုံး ရွှီဖန်း မရပ်တန့်ခဲ့တာကြောင့် တစ်နာရီကြာပြီးနောက်မှာ ရှောင်းမိသားစုခြံဝင်း၏အဓိဝင်ပေါက်ကိုမြင်တွေ့ကာ ရပ်တန့်လိုက်သည်။
အသက်ဝအောင် ရှူပြီးနောက်မှာ သူအထဲသို့ လျှောက်ဝင်သွားလိုက်သည်။ ယခင်တစ်ခေါက်ကကဲ့သို့ပင် စင်္ကြံတွင်မည်သူမျှမရှိပေ။ ခြံဝင်းထဲသို့လျှောက်ဝင်သွားမှသာ လက်ဖက်ရည်သောက်
နေသည့် ရှောင်းပုချီကို တွေ့ခဲ့ရသည်။ ဘေးတွင်လည်း ကိုယ်ရံတော်လေးဦးသည် သတိဝီရိယရှိရှိဖြင့် စောင့်ကြည့်နေကြသည်။
လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက်မှာ ရှောင်းပုချီသည် ခေါင်းမော့၍ ရွှီဖန်းကို ကြည့်လာသည်။ သူ့မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှု မရှိနေပေ။
"နံပါတ် ၅က ကျရှုံးသွားပုံရတယ်"
သူ ထိုသို့ပြော၍ မျက်လုံးများကိုမှေးစင်းကာ ရွှီဖန်းကို ကြည့်နေလေသည်။ ရှောင်းပုချီသည် နံပါတ် (၁၅)က အချိန်ကြာသည့်တိုင်အောင် ရွှီဖန်းအား မကိုင်တွယ်
နိုင်ခဲ့တာကြောင့် ပြန်ခေါ်ကာ နံပါတ် (၅)ကို စေလွှတ်ခဲ့ခြင်းပင်။
ရွှီဖန်းက ထိုစကားကိုကြားသော်လည်း အံ့အားသင့်ခြင်း မရှိပေ။ သူ ဖြည်းဖြည်းချင်းလျှောက်သွား၍ ရှောင်းပုချီနှင့် မျက်နှာချင်းဆိုင်ထိုင်ချကာ...
"မင်းရဲ့လက်အောက်မှာ အလှလေးတွေ အများကြီး ရှိတာပဲ"
"ဟားဟားဟား"
ရှောင်းပုချီက ထိုသို့ကြားသောအခါ ပြုံးလာပြီး ရွှီဖန်းအတွက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ပေးလေသည်။ သူ ဘာမှမတုံ့ပြန်ဘဲ ဖိတ်ခေါ်သည့်အမူအရာကိုသာ ပြသလိုက်သည်။
ရှောင်းပုချီအား ရွှီဖန်း တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်
သည့်အချိန် သူ့လက်မှာ လေထဲတွင် ရပ်တန့်သွားသည်။ အကြောင်းမှာ ရွှီဖန်း၏ရင်ဘက်ထဲရှိ ခေါင်းလောင်းမှာ တုန်ခါလာသောကြောင့်ဖြစ်ပြီး အန္တရာယ်ချဉ်းကပ်လာနေကြောင်း သိသာပေသည်။
သူ့ခွက်ထဲရှိ လက်ဖက်ရည်ကို ရွှီဖန်း တစ်ချက်
ကြည့်လိုက်သည်။ ထို့နောက် လက်မြှောက်၍ လက်ဖက်ရည်ခွက်အား ကိုယ်ရံတော်တစ်ဦး၏ မျက်နှာပေါ်သို့ လောင်းချလိုက်သည်။
ကိုယ်ရံတော်သည် ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကိုပြု၍ မြေပြင်ပေါ်သို့လဲကျကာ လူးလိမ့်နေသည်။
"မင်း!"
ရှောင်းပုချီ၏မျက်နှာအမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားသည်။ သူ ရွှီဖန်းအား သတိဝီရိယရှိရှိဖြင့် ဒေါသတကြီး ကြည့်လိုက်မိသည်။
"ဟဲဟဲ စိတ်မရှည်မဖြစ်ပါနဲ့၊ မင်းကို ဖြေရှင်းဖို့ ငါ ဒီနေ့ရောက်လာတာ၊ နံပါတ် ၅ ကို ဒီနေ့ ငါ တွေ့ခဲ့ပြီးပြီ၊ မင်းရဲ့ကြောက်မက်ဖွယ်အရိပ်ထဲက နံပါတ် ၁၊ ၂၊ ၃၊ ၄ အကုန်လုံးကို ခေါ်ထုတ်လိုက်၊ မဟုတ်ရင် မင်း ဒီနေ့ သေရလိမ့်မယ်"
ရွှီဖန်းသည် ရှောင်းပုချီအား လူသတ်လိုသည့်
အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ရှောင်းပုချီ၏ ခန္ဓာကိုယ်မှာတုန်ယင်သွားသည်။ ရွှီဖန်းသည် ဒီလောက်အထိသတိရှိပြီး ပြတ်သားသော စိတ်ဖြင့် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ဒါဆိုလည်း ကောင်းကောင်း ဖြေရှင်းလိုက်ပေါ့"
ရုတ်တရက်ပင် ရှောင်းပုချီ၏မျက်လုံးထဲ၌ ပြတ်သားသောအကြည့်တစ်ခု ဖြတ်သန်းသွားသည်။ သူ စားပွဲကို ရိုက်ချလိုက်ရာ သံလှောင်အိမ်တစ်ခုက ကောင်းကင်မှကျဆင်းလာသည်။ ရွှီဖန်း၏ပုံရိပ်လည်း လျပ်ခနဲ ဖြစ်သွားသည်။ သူ ထိုသံလှောင်အိမ်ကို ရှောင်တိမ်းရန်ပြင်လိုက်စဉ် လုံခြုံရေးအစောင့်နှစ်ဦးက ရွှီဖန်းအား လူ့တံတိုင်းသဖွယ် ပိတ်ဆို့လာကြသည်။
ရှောင်းပုချီ၏ရက်စက်သောအပြုံးကို သူ ကြည့်
လိုက်သည်။ ထိုလူသည် သူ့ လက်အောက်ခံလူများ၏ သေဆုံးခြင်းကို လုံးဝဂရုမစိုက်ပုံရသည်။ ထိုအစား ရွှီဖန်းကို စိုက်ကြည့်နေသည်။
"ဟားဟားဟား! ငါ ဒီမှာ ထိုင်ပြီး မင်းကို စောင့်ပဲစောင့်နေမယ်လို့ ထင်နေတာလား၊ ရှောင်းမိသားစုခြံဝင်းက ငါ့ရဲ့ကမ္ဘာပဲ၊ မင်းကပဲ ယုံကြည်မှု ရှိလွန်းနေတာလား ဒါမှမဟုတ် တုံးအနေတာလားဆိုတာ ငါ တကယ်မသိတော့ဘူး"
ထိုအချိန်၌ ရွှီဖန်းက ထိတ်လန့်ခြင်းမရှိနေပေ။ သူသံချောင်းများကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ဆွဲလိုက်သည်။ ရှောင်းပုချီလည်း အစက တုန်လှုပ်သွားခဲ့သည်။ ရွှီဖန်းက သံချောင်းများကို ဆွဲဖြဲ၍ မရသည်ကို မြင်ပြီးမှသာ သက်သောင့်သက်သာရှိသော အမူအရာကို သူ ပြန်ရရှိလာပြီး ကျောက်ခုံပေါ်တွင် ထိုင်ချလိုက်သည်။
"ရွှီဖန်း တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်၊ မင်းက ငါ့ကို ဆန့်ကျင်ခဲ့တာကို"
သံချောင်းများ အနည်းငယ်သာကွေးသွားသည်ကို မြင်သောအခါ ရွှီဖန်းသည် ဆွဲနေခြင်းကို ရပ်၍ ရုန်းကန်ခြင်းကိုလည်း ရပ်တန့်လိုက်သည်။ ရှောင််းပုချီ၏စကားများကို ကြားသောအခါ သူ လှောင်ပြောင်လိုက်သည်။
"ဒီသံချောင်းတွေက ငါ့ကို တားနိုင်မယ်လို့ မင်း ထင်တာလား"
"ဒီလိုလား"
ရှောင်းပုချီက ခေါင်းစောင်း၍ ရွှီဖန်းကို တစ်ချက်
ကြည့်လာသည်။ သူ လက်ဆန့်တန်းကာ...
"ကြိုးစားကြည့်နိုင်တယ်"
ရွှီဖန်း မမျှော်လင့်ထားသည်မှာ ရှောင်းပုချီသည် သူ့အား သံလှောင်အိမ်ထဲသို့ ထည့်ခဲ့ခြင်းပင်။ သူ့ကို ဝိုင်းရံထားသည့် သံခြံစည်းရိုးမှာ ပုံမှန်အတိုင်းဟု ဆိုရသော်လည်း ရှောင်းပုချီသည် ၎င်းအား အုတ်နံရံတစ်ခုဖြင့် ဖုံးအုပ်ထားသေးသည်။ အမိုးကပင် ကုလားကာတစ်ခုဖြစ်နေသည်။ ဤအရာများ အားလုံးသည် ရှောင်းပုချီ ဖန်တီးထားသောလှည့်ဖြားမှုများဖြစ်ပြီး သူက ရွှီဖန်းလာမည်ကို ကြိုသိထားပြီးသားဖြစ်ပုံရသည်။
ထိုအကြောင်းကို စဉ်းစားမိတော့ ရွှီဖန်း၏ပထမဆုံး တုံ့ပြန်မှုသည် လီဝမ်လောင်က သူ့ကို လိမ်ညာနေတာလားဟု ထင်လိုက်ခြင်းဖြစ်သည်။
"ဟားဟားဟား"
လှောင်အိမ်ထဲတွင် ဘယ်ပြန်ညာပြန် ကြည့်နေရင်း ဘာလုပ်ရမှန်းမသိဖြစ်နေသည့် ရွှီဖန်းအား ရှောင်းပုချီ ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး ရွှီဖန်းကို ရှင်းပစ်ရန်အတွက် အလျင်မလိုပေ။
ရွှီဖန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ ဒီလို အချိန်ကြာမြင့်နေတာကို မလိုချင်ပေ။ သူ့ခန္ဓာကိုယ်ထဲရှိ မိုးပျံအိုးသိုင်းကျမ်းကို လည်ပတ်၍ စွမ်းအင်မြှင့်
တင်သည့်စွမ်းရည်ကိုအသုံးပြုကာ သံလှောင်အိမ်ကို ချိုးဖျက်ရန် စီစဉ်လိုက်သည်။
သို့သော် ရွှီဖန်းမှ စွမ်းအင်မြှင့်တင်သည့်စွမ်းရည်ကို အသုံးပြုတော့မည့်အချိန်တွင် ခေါင်းလောင်းသည် ရုတ်ချည်းပင် ပြင်းထန်စွာ တုန်ခါလာသည်။ ရွှီဖန်းမှာ စဉ်းစားရန်တောင်အချိန်မရလိုက်ဘဲ အမြန် ခုန်
လိုက်ရသည်။
မူလက မြေပြင်ပေါ်တွင်ရပ်နေသည့် ရွှီဖန်း၏နေရာသို့ ပါးလွှာ၍ရှည်လျားသော ဓားတစ်ချောင်းက ရုတ်တရက် ထိုးထွက်လာသည်။ ရွှီဖန်းသာ စောစောရှောင်ထွက်မသွားခဲ့ပါက ထိုဓားက သူ၏ဦးခေါင်းကို ထိုးဖောက်သွားလောက်ပြီဖြစ်သည်။
ဖုန်မှုန့်များလွင့်ပျံသွားသည်နှင့် ရွှီဖန်းသည် ဓားရှည်ကို ကိုင်ဆောင်ထားသော အရိပ်တစ်ခုက ကောင်းကင်မှ ခုန်ဆင်းလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။ သူ့ရင်ဘက်ထဲရှိ ခေါင်းလောင်းက တုန်ခါသွားသော်လည်း ရွှီဖန်းသည် တိုက်ခိုက်ရန် အချိန်မရလိုက်ဘဲ ဓားခုတ်ချက်ကိုသာ ရှောင်တိမ်းလိုက်ရသည်။
သူ မြေပြင်ပေါ်သို့ခြေချလိုက်သည်နှင့် ရွှီဖန်းသည် သူ့ခြေထောက်အောက်တွင် တုန်ခါမှုတစ်ခုကို ထပ်ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး"
ရွှီဖန်းအတွက် ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ သူ့ခြေထောက်အောက်က နေရာမှာပေါက်ကွဲသွားခဲ့သည်။ တစ်ဖက်လူ၏ သံလက်သီးက ရွှီဖန်း၏ ခြေထောက်ပေါ်သို့ ကျရောက်သွားပြီး ရွှီဖန်းသည် သံခြံစည်းရိုးနှင့်ရိုက်မိကာ အချိန်အတော်ကြာထိ လဲကျနေခဲ့သည်။ သူ ရင်ဘတ်ကိုဖိကိုင်၍ အသက်ရှူရန် ကြိုးစားလိုက်သည်။ တစ်ချက်ကြည့်လိုက်ရာ ထိုလူသည် သံမဏိဖြင့်ပြုလုပ်ထားသော လူကြီးတစ်ဦးနှင့်
ဆင်လှပြီး ရင်ဘက်ဗလာနှင့်ရှိကာ သံတုံးပမာ ကြွက်သားများဖြင့် ခန္ဓာကိုယ်ကို တည်ဆောက်ထားသည်။
ဓားကိုကိုင်ဆောင်ထားသူကတော့ ရှေးဟောင်းပုံစံသိုင်းပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ခါးထိရှည်လျားသော ဆံပင်များကို အနက်ရောင် ခေါင်းစီးပုဝါဖြင့် စည်းနှောင်ထားသည်။ သူ၏ မျက်လုံးထောင့်များက မကောင်းဆိုးဝါးဆန်သော ပုံစံဖြင့် အပေါ်ကိုထောင်တက်နေ၏။
သို့သော်လည်း အခြေအနေက ရွှီဖန်းကို တွေးတောနေရန် အချိန်မပေးချေ။ ခေါင်းလောင်းက ထပ်မံ၍တုန်ခါသွားသော်လည်း ဒီတစ်ကြိမ်မှာတော့ သူ မရှောင်တိမ်းတော့ပေ။ ထိုအစား သူ့အတွင်းအားကို လည်ပတ်ကာ ဦးဆောင်တိုက်ခိုက်လိုက်သည်။
ရွှီဖန်းသည် သူ့ခြေထောက်အောက်ရှိ ထုံးကျောက်မြေပြင်ကို တက်နင်းလိုက်သည်။ ကျောက်ပြားခင်းထားသောကြမ်းပြင်မှာ ပေါက်ကွဲသွားခဲ့ပြီး သူ့အနားရှိ လူအိုကြီးတစ်ယောက်မှာ တုံ့ပြန်ခဲ့သည်။ ထိုလူအိုကြီးမှာ ခြေတစ်ဖက်ဖြင့် ထောက်ထားကာ နောက်ပြန်ရပ်နေသော်လည်း သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့ပြီး သူ့ကိုယ်သူ ထိန်းထားနိုင်ခြင်း မရှိတော့သည့်ပုံပင်။
ရွှီဖန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူ့ခြေထောက်ကို မြှောက်၍ ထပ်နင်းချလိုက်သည်။ လူအိုကြီး၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သို့သော် ထိုအချိန်တွင်...
"ဒိုင်း!"
သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။ သို့သော် ရွှီဖန်းဘက်မှ ကြိုတင်၍ ဘေးသို့ရွှေ့ထားပြီးပြီဖြစ်ရာ ထိုကျည်ဆန်သည် ရွှီဖန်းကို မထိမှန်ခဲ့ပေ။
*******************