ပိုင်ယွီ
Vol. 22 Ch. 320
ရွှီဖန်းသည် ရှောင်းမိသားစု၏ကားဂိုဒေါင်ထဲမှ sportကားတစ်စီးကို ကျပန်းရွေး၍ ချက်ချင်းမောင်းထွက်သွားလာခဲ့သည်။
သို့သော် သူ ချန်ဟိုင်းပြည်နယ်သို့ ဦးတည်မသွားဘဲ မြို့ငယ်လေးတစ်မြို့ဆီကိုသာ ဦးတည်နေခြင်း ဖြစ်
သည်။ အခုအချိန်မှာ ချန်ဟိုင်းပြည်နယ်ကို ပြန်ရန် အလွန်နောက်ကျနေပြီဖြစ်၍ မြို့ငယ်လေးတစ်မြို့မှာအခန်းယူပြီး စောင့်ဆိုင်းရုံသာ ကျန်ရှိတော့သည်။
ရွှီဖန်းက ကားကိုအလွန်မြန်မြန်မောင်းခဲ့တာကြောင့် တခြားကားများသည် အဝေးမှာ ကျန်ရစ်ခဲ့သည်။ မိနစ် ၃၀လောက်အကြာမှာ ရွှီဖန်းသည် မြို့ငယ်လေး၏ လမ်းမတစ်နေရာကို ရောက်လာသည်။
မြို့ပတ်ပတ်လည်ကို ကြည့်ပြီးနောက် နောက်ဆုံးမှာတော့ ဟိုတယ်အသေးလေးတစ်ခုကို ရွှီဖန်း ရှာတွေ့ခဲ့သည်။ လုံးဝတွန့်ဆုတ်မနေတော့ဘဲ ရွှီဖန်းသည် ကားပေါ်ကနေအမြန်ဆင်းကာ အခန်းတစ်ခန်းယူခဲ့သည်။
"Sir ကျေးဇူးပြုပြီး မှတ်ပုံတင်ပြပေးပါဦး"
"ကောင်းပြီ"
စကားပြောနေတုန်းမှာပင် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ လွင့်ပျံသွားတာကို ခံစားလိုက်ရပြီး သူ့မျက်စိရှေ့မှ မြင်ကွင်းများသည်လည်း ဝေဝါးလာသည်။
"အခန်း၅၀၂ပါ"
ရွှီဖန်းသည် သော့ကိုယူပြီးနောက် မြေပြင်ပေါ်သို့လဲကျတော့မလိုတောင် ဖြစ်သွားရသည်။ သို့သော်ငြား သူ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်မတ်တပ်ရပ်ကာ ဓာတ်လှေကားထဲကို အရောက်သွားပြီး ဖြူဖျော့နေသည့်မျက်နှာဖြင့် ဓာတ်လှေကားကို မှီလိုက်သည်။
နောက်ဆုံးမှာ ၅၀၂ အခန်းတံခါးကိုလည်း သူ အားအကုန်ထုတ်၍ ဖွင့်လိုက်ရသည်။ အထဲကိုရောက်
သည်နှင့် ရွှီဖန်းသည် ချက်ချင်းလှည့်၍ တံခါးကို လော့ချလိုက်သည်။ ထို့နောက် သူ တစ်ဖက်ကိုပြန်
လှည့်လိုက်သည်နှင့် သတိလစ်သွားရသည်။ သို့သော် မျက်လုံးများကို လုံးလုံးမမှိတ်ခင်မှာ ရွှီဖန်းသည် ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသလိုခံစားခဲ့ရသည်။ ထိုလူက နံပါတ်၅ အမျိုးသမီးပင်။
သူ တဖန်ပြန်နိုးလာသည့်အခါ နောက်တစ်နေ့ မွန်းလွဲပိုင်းပင် ရောက်နေပြီဖြစ်ပြီး နောက်ထပ်၂၄ နာရီ ကုန်ဆုံးသွားပြီဖြစ်သည်။ ရွှီဖန်းသည် သူ့ခေါင်းကို ထိချင်သော်ငြား သူ့ခန္ဓာကိုယ်မှာ တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရသည်။ သူ့လက်များက နောက်ပြန်ချည်ခံထားရပြီး လုံးဝလှုပ်၍မရချေ။
ထိုအခါမှသာ ရွှီဖန်း တုန်လှုပ်သွားရသည်။ သူချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ဘေးနားမှာ ပြုံးနေသည့် နံပါတ်၅ကို တွေ့လိုက်ရတယ်။
လက်ရှိအချိန်မှာ နံပါတ်၅သည် ရွှီဖန်း၏ဖုန်းကို ကိုင်ထားပြီး တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်။ နံပါတ်၅က ရွှီဖန်း နိုးလာတာကို မြင်တော့ သူမ၏မျက်လုံးထဲ၌ စနောက်လိုသောအရိပ်အယောင်လေးတစ်ခု ပေါ်လာသည်။
ရှယန်ယွိ၏ဒေါသတကြီးအသံက ဖုန်းထဲကနေ ချက်ချင်း ထွက်ပေါ်လာသည်။
"သူ့ကို ဖုန်းပြောခိုင်းလိုက်"
နံပါတ်၅ က ရွှီဖန်းအား ဆွဲဆောင်မှုရှိသော မျက်လုံးဖြင့်ကြည့်ပြီး ရှယန်ယွိကို ပြန်ဖြေလေသည်။
"ကျွန်မ ပြောပြီးပြီလေ မစ္စရဲ့...အကုန်ပြောပြပြီးပြီ မဟုတ်လား၊ သူ ပင်ပန်းနေလို့ အနားယူနေတယ်လို့၊ ကျွန်မပြောတာကို ဘာလို့နားမလည်တာလဲ"
"နင်က ဘယ်သူလဲ"
ရှယန်ယွိ၏အသံမှာ ထိန်းမနိုင်အောင်ဒေါသထွက်နေမှန်း သိသာလှပြီး အသံကလည်း အနည်းငယ် အက်ကွဲနေသည်။
"ကျွန်မလား...ကျွန်မက ရွှီဖန်းရဲ့မိတ်ဆွေကောင်းပါ၊ ခစ် ခစ် ခစ်"
နံပါတ်၅ က ပါးစပ်ကိုအုပ်ပြီး ရယ်မောလိုက်မိသည်။
"သိပ်ပြီး စဉ်းစားမနေပါနဲ့၊ သူက အိပ်ပျော်နေပြီရယ် ကျွန်မလည်း နည်းနည်းအိပ်ချင်လာလို့လေ၊ သူ နိုးလာ
ရင် ကျွန်မတို့ ဖုန်းပြန်ခေါ်မယ်နော်"
ထိုကဲ့သို့ပြော၍ နံပါတ်၅က ဖုန်းချပစ်လိုက်သည်။ အထူးသဖြင့် 'ကျွန်မတို့' ဟူသည့် စကားလုံးနှစ်လုံးမှာ နားခါးစရာကောင်း၏။
ရှယန်ယွိတစ်ယောက် ဘယ်လောက်ထိ ဒေါသထွက်သွားမလဲဆိုတာကို မကြားလိုက်ရသော်လည်း သူ စိတ်ကူးဖြင့် မြင်ယောင်ကြည့်နိုင်ပေသည်။ သို့သော် ဤကိစ္စမှာ ရှင်းပြလို့ရပေသည်။ လက်ရှိအချိန်မှာ ရွှီဖန်းသည် နံပါတ် ၅ ဘာလုပ်ရန် ကြိုးစားနေလဲဆိုတာကို ပိုပြီး ဂရုစိုက်နေမိသည်။
နံပါတ်၅ က ရွှီဖန်းကို တစ်ချက်ကြည့်၍ လက်ကို မြှောက်ကာ ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်ပေးလာသည်။
"ဘာလုပ်ဖို့ကြိုးစားနေတာလဲ...မင်းကို ငါအသက်
ရှင်ခွင့်ပေးခဲ့ပေမယ့် မင်းကတော့ သေမင်းကို ဖိတ်ခေါ်နေတာပဲ"
အဝတ်စကိုဖယ်ရှားပြီးနောက် ရွှီဖန်းသည် နံပါတ်၅အား အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ သူ ပြန်ပေးဆွဲခံထားရသည်ဟု လုံးဝ မခံစားရပေ။
နံပါတ်၅သည် ခဏတာမျှ ငြိမ်သက်သွားပြီး နှုတ်ခမ်းစူ၍ ပြောလာသည်။
"မင်းကို အခုချက်ချင်းပဲ သတ်ပစ်ချင်နေတာလေ"
ထိုစကားကို ရွှီဖန်း ကြားသော်လည်း စိတ်မဆိုးပေ။ ထိုအစား သူ လှောင်ပြောင်လိုက်သည်။
"မင်း ငါ့ကို သတ်ဖို့ အခွင့်အရေးလွတ်သွားခဲ့တာ စိတ်မကောင်းစရာပဲ၊ မင်းမှာ အခွင့်အရေး ထပ်မရှိတော့ဘူး"
"ဪ...ဘာလို့ ဒီလိုပြောရတာလဲ"
နံပါတ်၅က မှင်သက်သွားလေသည်။ သူမ ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လာသည်။
ရွှီဖန်းသည် သူ့လက်ပတ်ပတ်လည်ရှိ ထူထဲသော ကြိုးများကို ကြည့်ရန် ခေါင်းငုံ့လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။
"ဒီပစ္စည်းတွေနဲ့ ငါ့ကို ထောင်ချောက်ဆင်နိုင်လိမ့်
မယ်လို့ မင်း ထင်နေတာလား"
နံပါတ်၅သည် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ဟန်ဆောင်ပြုံး၍ စမ်းသပ်သည့်လေသံဖြင့် ပြောလာသည်။
"ငါ မမှားဘူးဆိုရင် မင်း ရုတ်တရက်အားနည်းသွားရတဲ့ အကြောင်းရင်းက မင်းအသုံးပြုခဲ့တဲ့ လျှို့ဝှက်
နည်းစနစ်တစ်ခုကြောင့်ပဲ၊ အဲဒါကြောင့် မနေ့က မင်း အရမ်းအစွမ်းထက်ခဲ့တာ"
"ဟုတ်တယ်"
မမျှော်လင့်ထားစွာပင် နံပါတ်၅ စကားဆုံးသည်နှင့် ရွှီဖန်း၏မျက်နှာမှာ တည်ငြိမ်သွားပြီး သဘောတူသလို ခေါင်းညိတ်ပြလာသည်။
"မင်း!"
နံပါတ်၅လည်း မှင်သက်သွားသည်။ အကြောင်းတစ်ခုခုကြောင့် သူမ၏နှလုံးသားထဲ၌ မလုံမခြုံခံစားရသည့်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
"အဆင်ပြေပါတယ် ငါ မင်းကို သတ်ဖို့အလျင်မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်ပေးပါဦး"
ရွှီဖန်း၏မျက်နှာပေါ်၌မူ ယုံကြည်မှုအပြည့်ရှိသော အမူအရာရှိနေဆဲဖြစ်သည်။ သူ့ထံ၌ လုံးဝ အားနည်းချက် ရှိပုံမရပေ။
နံပါတ်၅ သည် ရွှီဖန်းကို ကြည့်၍ သူမမျက်လုံးများကို မှေးကျဉ်းလိုက်သော်လည်း ရွှီဖန်းအား လုံးဝ ဖောက်ထွင်းပြီး မမြင်နိုင်ပေ။ ထိုအရာက နံပါတ်၅အား ပို၍ပင် မလုံမလဲဖြစ်စေသည်။
"ဒိုင်း!"
နံပါတ်၅သည် ရုတ်တရက်ပင် လက်မြှောက်၍ ချက်ချင်း ပစ်ခတ်လိုက်သည်။ သို့သော် နံပါတ် ၅ ၏ပစ်ခတ်မှုမတိုင်ခင် တစ်ခဏအလိုတွင် ရွှီဖန်း၏ လက်ထဲမှ အဝါရောင်အဆောင်တစ်ခု လွင့်ထွက်လာပြီး ကျည်ဆံနှင့်ထိတွေ့သွားသည်။ အဆောင်သည် ပြာကျသွားပြီး ကျည်ဆံကလည်း လေထဲတွင် ရပ်တန့်ကာ ဖုန်မှုန့်များအဖြစ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"မင်း!"
နံပါတ်၅ ၏ မျက်နှာအမူအရာမှာ ရုတ်တရက် အမြီးတက်နင်းခံလိုက်ရသော ကြောင်တစ်ကောင်နှင့် တူလှသည်။ သူမ ထရပ်ကာ ရွှီဖန်းအား မယုံကြည်နိုင်သည့် အမူအရာ၊ ကြောက်ရွံ့သောအမူအရာအပြည့်ဖြင့် ကြည့်ကာ လက်ညှိုးထိုး၍
"မင်းက နိုင်ငံတော်ကပဲ! မင်းက အဆင့်မြင့်
အဆောင်ဆရာသခင်မလား!"
ထိုစကားကို သူ ကြားဖူးသည်မှာ တတိယအကြိမ်
မြောက်ဖြစ်သည်။ ပထမအကြိမ်မှာ ရှမိသားစုက အဘိုးထံမှ ဖြစ်ပြီး၊ ဒုတိယအကြိမ်မှာ ကျောက်ချန်ကျွင်းအားသတ်ဖြတ်စဥ်က ကျောက်မိသားစု ကာကွယ်ရေးအစောင့်အရှောက်များထံမှ ဖြစ်သည်။ ယခု နံပါတ် ၅ ကလည်း အလားတူပင် ပြောဆိုခဲ့သည်။ သို့သော် ဘယ်သူကပဲပြောပြော ရွှီဖန်းသည် သူတို့၏ မျက်လုံးထဲ၌ နက်ရှိုင်းသောကြောက်ရွံ့မှုကို မြင်တွေ့ခဲ့ရပေသည်။
"မဆန်းပါဘူး၊ မထူးဆန်းတော့ဘူး"
နံပါတ်၅ သည် ရွှီဖန်းအား ကြည့်၍ ခေါင်းခါယမ်းနေသည်။ သူမက အတွေးနယ်ချဲ့နေပုံရသည်။
သို့သော် အစကနေအဆုံးအထိ ရွှီဖန်းဘက်မှ ဘာစကားမှ မပြောခဲ့ပေ။ နံပါတ်၅သည် ရွှီဖန်းအား အမြန်ကြိုးဖြည်ပေးလိုက်သည်။ ထို့နောက် ဘေးနားမှာ ထိုင်၍ ခုခံခြင်းကို လက်လျှော့လိုက်သည်။
"မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်ပါ၊ မင်းနဲ့ တွေ့တာ တစ်ကယ်ကံဆိုးတာပဲ၊ ဒါပေမဲ့..."
ထိုသို့ပြောနေရင်း နံပါတ်၅သည် ခဏရပ်သွားပြီး ခေါင်းကိုလှည့်ကာ ရွှီဖန်းကို တစ်ချက်ကြည့်လိုက်သည်။
"မင်း ပိုင်ပင်းကို အသက်ရှင်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ငါ့ရဲ့အပျိုစင်သွေးနဲ့ အဲ့ဒီကတိကို လဲလှယ်ချင်တယ်"
နံပါတ်၅သည် အချိန်အတော်ကြာစိတ်ဒုက္ခခံစားခဲ့ရပြီးမှသာ နောက်ဆုံးမှာ စကားတစ်ခွန်းကို မနည်းထုတ်ပြောခဲ့လေသည်။
"အဟွတ်! အဟွတ်!"
ရွှီဖန်းမှာ ပြောတော့မည့်စကားပင် ဆို့နင့်သွားပြီး အချိန်အတော်ကြာအထိ ချောင်းဆိုးလိုက်ရသည်။
"မဟုတ်သေးဘူး ငါ့ကို အဲ့ဒီလိုသားရိုင်းမျိုးလို့ထင်နေလား၊ မင်းကို ပြောမယ်...မင်း အရမ်းလှတယ်ဆိုရင်တောင် ငါ မင်းကို စိတ်မဝင်စားဘူး"
သူမ ထရပ်ကာ ရွှီဖန်းအား ဒေါသတကြီး လက်ညှိုးထိုး၍
"ဘာတွေပြောနေတာလဲ!! ငါ့ခန္ဓာကိုယ်ကိုရော မင်းကို ပေးမယ်လို့ ထင်နေတာလား! ငါ့ရဲ့အပျိုစင်သွေးကို ပေးမယ်လို့ ပြောတာ! မင်းနဲ့ ဘာမှဖြစ်ချင်တာမဟုတ်ဘူး"
"အာ..."
ရွှီဖန်းမှာ မှင်သက်သွားရပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။
"ရွှီဖန်း မင်းလို အဆောင်သခင်တွေက အပျိုစင်သွေးကို အရမ်းတန်ဖိုးထားတယ်ဆိုတာ ငါ သိတယ်၊ အဲ့ဒါကို အဆောင်ရေးဆွဲဖို့ အသုံးပြုနိုင်တယ်လေ၊ ပြီးတော့ ငါကလည်း မင်းကို ပေးဖို့ ဆန္ဒရှိတယ်၊ ဒါပေမဲ့ မင်းကတော့ ငါ့ကို မလေးမစားဆက်ဆံဖို့ အခွင့်အရေးယူတယ်ပေါ့လေ၊ မင်းကို ငါ မယှဉ်နိုင်ဘူးဆိုတာ သိပေမဲ့ ငါ သေသွားရင်တောင် မင်းကို လုပ်ခွင့်ပြုမှာ မဟုတ်ဘူး"
ထိုသို့ပြော၍ နံပါတ်၅သည် ပြတ်သားသောအမူအရာကို ထုတ်ပြလာသည်။ သူမသည် တကယ်ကိုပင် သူမ၏ပစ္စတိုအား ကိုယ့်နားထင်ကိုယ် ချိန်လိုက်လေသည်။
"ဟေး! မလုပ်နဲ့! မလုပ်နဲ့! ငါ မင်းကိုအခွင့်အရေးယူဖို့ ကြိုးစားနေတာမဟုတ်ဘူး၊ နားလည်မှုလွဲသွားတာကွ! ငါ မင်းရဲ့အပျိုစင်သွေးကိုလည်း မလိုချင်ဘူး၊ ပိုင်ပင်းကိုလည်း မသတ်ဘူး! ဟုတ်ပြီလား!"
ရွှီဖန်းသည် အခြေအနေတစ်ရပ်လုံးအား အမြန် ရှင်းပြလိုက်ရသည်။ ရွှီဖန်းသည် နံပါတ်၅ ပြောနေတာကို နားမလည်သော်လည်း ပိုင်ပင်းအား ကာကွယ်ရန် ကြိုးစားနေတာကိုတော့ သူ သိပေသည်။
"တကယ်လား"
ထိုစကားကို ကြားမှ နံပါတ်၅လည်း စိတ်တည်ငြိမ်သွားပြီး ရွှီဖန်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လာသည်။
"ဟုတ်တာပေါ့ တကယ်!"
ရွှီဖန်း မျက်လုံးလှိမ့်လိုက်မိသည််။
"ငါ မင်းကို မယုံဘူး၊ ဒါဆို ဘာလို့ ငါ့ရဲ့ အပျိုစင်သွေးကို မယူတာလဲ၊ ငါတို့လိုအပျိုစင်တွေရဲ့သွေးက ဘယ်လောက်ထိတန်ဖိုးရှိလဲဆိုတာကို မင်းတို့အဆောင်သခင်တွေ သိကြတာပဲ၊ မင်း ပိုင်ပင်းကို သတ်မှာလို့ မပြောနဲ့"
သို့သော် နံပါတ်၅ သည် ယုံကြည်မှုကင်းမဲ့သော အမူအရာဖြင့် ရွှီဖန်းကို မေးခွန်းထုတ်နေဆဲဖြစ်သည်။
"ဟုတ်ပြီကွာ! ငါ လိုချင်တယ်! ဟုတ်ပြီလား!"
ဒီတစ်ကြိမ်မှာတော့ ရွှီဖန်းတစ်ယောက် တကယ်ကို ဆွံ့အနေလေသည်။ သို့သော် ဘာတွေဖြစ်နေလဲဆိုတာကိုတော့ သူ အကြမ်းဖျင်း နားလည်သွားလေပြီ။ ဤအမျိုးသမီးသည် ရွှီဖန်းအား နိုင်ငံတော်၏ လျို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုမှ အဆင့်မြင့် အဆောင်သခင်တစ်ယောက်ဟု ထင်နေတာ ရှင်းပေသည်။ ထိုအဆောင်သခင်များသည် အပျိုစင်သွေးအား အဆောင်ရေးဆွဲရန်အတွက် အသုံးပြုကြသည်။ ထိုကြောင့် အခုအချိန်မှာ နံပါတ်၅သည် ဤနည်းကို အသုံးပြု၍ ပိုင်ပင်း၏အသက်ကို ကယ်တင်ချင်နေသည်။
ထိုစကားကို ကြားပြီးနောက် နံပါတ်၅သည် ရွှီဖန်းအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း သူမလက်ထဲရှိ သေနတ်ကိုတော့ ချလိုက်ပြီဖြစ်သည်။
"အနည်းဆုံးတော့ မင်းနာမည်ကို ဘယ်လိုခေါ်လဲဆိုတာ ငါ့ကို ပြောပြရမယ်"
နံပါတ်၅ စိတ်တည်ငြိမ်သွားတာကို မြင်တော့ ရွှီဖန်းသည် တိတ်ဆိတ်နေသော လေထုကို ဖြိုခွဲလိုက်သည်။
"မင်း သိဖို့ မလိုပါဘူး၊ ငါတို့ ထပ်တွေ့မှာမှ မဟုတ်ဘဲ"
လက်ရှိအချိန်မှာ နံပါတ်၅သည် သူမ၏ ပုံမှန်
သဘောထားဖြစ်သော မီးတောက်ကဲ့သို့ ပြန်လည်
ပြောင်းလဲသွားခဲ့ပြီး သူမ၏လေသံမှာ အကြောင်းတစ်ခုခုကြောင့် အေးစက်နေလေသည်။ သူမသည် ရွှီဖန်းနှင့် ဝေးဝေးမှာ နေချင်နေပုံရသည်။
ထိုပုံစံကို မြင်တော့ ရွှီဖန်း ပြုံးလိုက်သည်။
"ကောင်မလေး မင်း ခဏနေရင် မင်းရဲ့အပျိုစင်ဘဝတောင် ငါ့ကို ပေးတော့မှာ၊ မင်းအကြောင်း နည်းနည်းပါးပါးလေးတောင် ငါ သိလို့မရဘူးလား၊ ငါက တာဝန်ယူတတ်တဲ့ယောင်္ကျားတစ်ယောက်ပါ"
ရွှီဖန်းသည် ထိုအခွင့်အရေးကိုယူ၍ နံပါတ်၅အား စနောက်ရင်း ထိုစကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
မမျှော်လင့်ထားဘဲ နံပါတ်၅သည် ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာမှာ ချက်ချင်း နီရဲသွားလေသည်။ သူမ ရွှီဖန်းအား မုန်းတီးသော မျက်လုံးများဖြင့် ကြည့်၍ လက်မြှောက်ကာ သူမကိုယ်သူမ ပစ်ခတ်လာသည်။
ရွှီဖန်း ချက်ချင်းပင် တောင့်တင်းသွားတော့သည်။
သူ အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့တာကြောင့် နောက်ထပ်လျှပ်စီးဆင့်ခေါ်ခြင်းအဆောင်သည် နံပါတ်၅၏ပစ်ခတ်မှုမတိုင်ခင်မှာ သေနတ်ပြောင်းအား ပိတ်ဆို့နိုင်ခဲ့သည်။ သူသာ အမြန်မတုံ့ပြန်ခဲ့လျှင် နံပါတ်၅သည် သူမ၏ ကိုယ်ပိုင်သေနတ်အောက်မှာ သေနေလောက်ပြီဖြစ်သည်။
နံပါတ်၅ကလည်း မျက်လုံးအတင်းမှိတ်ထားပြီး အသက်အောင့်ထားလေသည်။ ထွက်လာသောကျည်ဆံက သူမအား မထိမှန်ဖို့ မျှော်လင့်နေသည့်အလားပင်။
"ငါက စနေတာပါ၊ ဟေး အဆင်ပြေရဲ့လား"
ရွှီဖန်း၏မျက်နှာပေါ်တွင် မနိုင်တော့သည့် အမူအရာ မျိုး ထွက်ပေါ်လာသည်။ စကားအမှားပြောမိရုံဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် အမျိုးသမီးတစ်
ယောက်နှင့် တွေ့နေရတာကြောင့် သူ ခေါင်းကိုက်လာမိသည်။
“ငါ့ ငါ့ကို အဲ့ဒီလို မစနောက်နဲ့"
နံပါတ်၅မှ မျက်လုံးဖွင့်လိုက်သည့်အချိန် ရွှီဖန်းကြောင့် ကျည်ဆံ ပိတ်ဆို့သွားတာကို သတိထားမိလိုက်သည်။ ရွှီဖန်း၏ကြောက်လန့်နေသောမျက်နှာကို မြင်တော့ သူမ၏နှလုံးသားထဲ၌ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမ၏မျက်လုံးထောင့်မှာလည်း အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။
"အေးပါကွာ မင်း နိုင်ပါတယ်၊ ဒီမှာ ငါ မင်းကို မသတ်ဘူး အဲ့ဒါကြောင့် ငါတို့ကြားမှာလည်း ရန်ငြိုးမရှိဘူး၊ နောက်ဆိုရင် ငါ့ကို သတ်ဖို့ဆိုပြီး အတတ်နိုင်ဆုံး လာမရှာကြနဲ့၊ ပိုင်ပင်းကိုလည်း ငါ မသတ်ဘူး"
ဤအမျိုးသမီးမှ သူမကိုယ်သူမ ရုတ်တရက် ထပစ်မှာကို တကယ်ကြောက်မိတာကြောင့် ရွှီဖန်းသည် ထိုစကားကို ပြော၍ ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
"ငါက ပိုင်ယွီပါ ပိုင်ပင်းရဲ့အစ်မ"
သို့သော် ရွှီဖန်းမှ တံခါးဆွဲဖွင့်လိုက်သည့်အချိန် ထိုအမျိုးသမီးက ပါးစပ်ဖွင့်ပြီး ထိုစကားကို ပြောလာသည်။
ရွှီဖန်း မှင်သက်သွားသည်။
"သိပြီ"
ထို့နောက် သူ တံခါးဝကနေ ထွက်သွားကာ နောက်
လှည့်မကြည့်တော့ပေ။
ရွှီဖန်း၏ထွက်ခွာသွားသောနောက်ကျောကို ကြည့်နေသည့် ပိုင်ယွီ၏စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ သူမ၏မျက်လုံးအရောင်မှာ တောက်ပလိုက်၊ မှေးမှိန်လိုက်ဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။
ရွှီဖန်းသည် ထွက်လာပြီးသည်နှင့် ချန်ဟိုင်းသို့
တန်းပြန်လာခဲ့သည်။ သူ ပထမဆုံး လုပ်မည့်အရာမှာ ရှယန်ယွိကို ရှင်းပြရန်ဖြစ်သည်။ သူမထံ၌ ဘယ်လောက်ပဲ စိတ်ရှည်သည်းခံသည့် စိတ်ထားရှိနေပါစေ အထင်လွဲမှားသွားနိုင်သေးသည်။
********************