← Chapters

ရှောင်းချောင် ပျောက်နေတယ်

Vol. 22 Ch. 321

ရှောင်းချောင် ပျောက်နေတယ်

Vol. 22 Ch. 321

ရွှီဖန်းသည် ရှောင်းပုချီ၏ sportကားကို မောင်း၍ ချန်ဟိုင်းပြည်နယ်သို့ အမြန်ပြန်လာခဲ့သည်။ သူ ပထမဆုံးလုပ်ခဲ့သည့်အရာကတော့ ရှယန်ယွိ၏ ကုမ္ပဏီကို သွားရန်ဖြစ်သည်။ ပြန်လာသည့်လမ်းတစ်လျှောက်လုံးမှာ သူမက လုံးဝ ဖုန်းမကိုင်ခဲ့ပေ။

"ရှင် အထဲကို ဝင်လို့မရဘူး"

ရှယန်ယွိ၏ရုံးခန်းကို ရောက်သည်နှင့် ရွှီဖန်းအား သူမအတွင်းရေးမှူးက တားလာသည်။ ရွှီဖန်း ကြောင်

အသွားပြီး အတွင်းရေးမှူးအား နားမလည်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။

"အာ...ကျွန်တော့်ကို မသိဘူးလား"

"ဥက္ကဌရှက အမိန့်ပေးထားတယ်၊ တခြားလူတွေ ဝင်လို့ရပေမယ့် ရှင်ကတော့ မရဘူးတဲ့"

အတွင်းရေးမှူးက အပြုံးတစ်ခုဖြင့် ပြောလာသည်။

ရွှီဖန်းသည် ပျော်ရွှင်နေသော သူမအတွင်းရေးမှူးအားကြည့်၍ ဘာဖြစ်နေလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူ နှုတ်ခမ်းကို မဲ့ကာ ပြုံးလိုက်မိသည်။

"ကောင်းပြီ အဲ့ဒါဆိုလည်း ဒီမှာပဲ စောင့်နေလိုက်မယ်"

ထိုသို့ပြော၍ ရွှီဖန်းသည် ဘေးမှာထိုင်၍ စောင့်နေလိုက်သည်။ အတွင်းရေးမှူးကလည်းကြောင်သွားလေသည်။ သူမ ခဏတာမျှ စဉ်းစားပြီးနောက် ရွှီဖန်းအား လျှာထုတ်ပြမိကာ...

"ကျွန်မ ဥက္ကဌရှကို သွားပြောကြည့်ပေးမယ်နော်"

"အင်း"

ရွှီဖန်း ခေါင်းညိတ်၍ အတွင်းရေးမှူးအား ဝင်ရန် လက်ဟန်ပြလိုက်သည်။ သို့သော် သူမ ဝင်သွားပြီး သိပ်မကြာခင်မှာပင် အတွင်းရေးမှူးသည် ပြန်ထွက်လာပြီး ရွှီဖန်းအား ခေါင်းအသာလေး ရမ်းပြသည်။ သူမ ဘာမှမပြောတော့ဘဲ အတွင်းရေးမှူးထိုင်ခုံမှာသာ ထိုင်၍ အလုပ်ဆက်လုပ်နေလေသည်။

ရွှီဖန်း၏မျက်နှာ၌ ကူကယ်ရာမဲ့သောအမူအရာတစ်ခု ပေါ်ထွက်လာသည်။ သိသိသာသာပင် ရှယန်ယွိသည် သူ့ကို စိတ်ဆိုးနေခြင်းဖြစ်သည်။

"ဟေး ရှင် ဝင်လို့မရဘူး"

ရွှီဖန်း ထရပ်၍ ရှယန်ယွိအား ရှင်းပြရန် ပြင်လိုက်

သည်။ သို့သော် တံခါးဝမှ အတွင်းရေးမှူးက သူ့ကို ပိတ်ရပ်လာသည်။ တံခါးဖွင့်တော့မည့် ရွှီဖန်း၏လက်မှာ အတွင်းရေးမှူး၏ရင်ဘတ်ရှေ့ရှိ လေထဲတွင် ရပ်တန့်သွားရသည်။

"ကျွန်မကို ဒုက္ခမပေးပါနဲ့"

အတွင်းရေးမှူးသည် လည်ပင်းအထိနီရဲလာပြီး ထစ်

ထစ်အအဖြင့် ပြောလာသည်။ ရွှီဖန်းလည်း သူ့လက်ကို အမြန်ပြန်ရုပ်ကာ ရှက်ရွံ့သောမျက်နှာဖြင့် ခေါင်းကုတ်လိုက်သည်။

"ဟုတ်ပါပြီ မဝင်စေချင်ဘူးဆိုရင်လည်း မဝင်တော့ဘူး၊ ကျွန်တော် အလုပ်ဆင်းမှ ပြန်လာခဲ့မယ်လို့ ပြောပေးပါ"

ဤနေရခက်လှသော အခြေအနေကြောင့် ရွှီဖန်း လည်း မဝင်တော့ပေ။ သူ အတွင်းရေးမှူးအား ထိုစကားပြောပြီးနောက် လှည့်ထွက်လာခဲ့သည်။

သူ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်စခန်းကို သွားရန် လုပ်နေတုန်းမှာ ယန်ပင်းဆီကနေ ဖုန်းဝင်လာပြီး ရှောင်းချောင်မှာ ဒီမနက်နိုးလာပြီးနောက် ပျောက်သွားသည်ဟု ပြောပြလာသည်။

"ဒါဆို ဘာလို့ အခုမှ ဖုန်းဆက်တာလဲ"

ရွှီဖန်းသည် ဖုန်းတစ်ဖက်က ယန်ပင်းအား အော်၍ ဖုန်းချလိုက်သည်။

ဆေးရုံမှာရှိသော ယန်ပင်းသည် သူ့ဖုန်းအားကြည့်ကာ မကျေမနပ်ပုံစံဖြင့်...

"ငါ ဘယ်နှစ်ခါ ဖုန်းခေါ်ထားလဲဆိုတာကျ မင်းမတွေ့ဘူးလား"

သို့သော် ရွှီဖန်းကတော့ ထိုနောက်ဆက်တွဲစကားကို သေချာပေါက် မကြားနိုင်ခဲ့ပေ။

ဖုန်းချပြီးနောက် ရွှီဖန်း ပထမဆုံးတုံ့ပြန်ခဲ့သည့်အရာမှာ ချန်ဟိုင်းက ရှောင်းချောင်၏ ဗီလာကို သွားကြည့်ရန် ဖြစ်သည်။ ရွှီဖန်းသည် ကားပါကင်သွား၍ ကားယူရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ တက္ကစီတစ်စီးကိုသာ တားလိုက်သည်။

လမ်းပေါ်၌ ရွှီဖန်းသည် ယာဉ်မောင်းအား မြန်မြန်

မောင်းပေးရန် ဆက်တိုက်တိုက်တွန်းနေခဲ့သည်။ ယာဉ်မောင်း၏စိုက်ကြည့်မှုအောက်မှာ ရွှီဖန်းသည် ကားပေါ်မှဆင်း၍ နှစ်ထပ်ဗီလာအဝင်ဝကို ပြေးသွားခဲ့သည်။

ဗီလာက မှောင်မည်းနေ၏။

ရွှီဖန်း တံခါးခေါက်လိုက်သော်လည်း ဘာအသံမှမကြားရပေ။ သူ ရှောင်းချောင်ကို ဖုန်းထပ်ခေါ်

လိုက်သော်လည်း ဖုန်းခေါ်၍ မရခဲ့ပေ။

ရှောင်းချောင် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်မိတာကြောင့် ရွှီဖန်း အနည်းငယ် ထိတ်လန့်နေမိသည်။ သူ ဗီလာ၏ ပထမထပ်ပြတင်းပေါက်ကို ကြည့်ကာ ပတ်ပတ်လည်ကို ခြုံငုံကြည့်လိုက်သည်။ ထို့နောက် သူ့လက်သီးဖြင့် ပြတင်းပေါက်ကို ထိုးခွဲလိုက်သည်။

ကွဲကြေသွားသော မှန်စများကို ရှင်းပြီးနောက် ရွှီဖန်းသည် လိုက်ကာကို ဖယ်ရှားကာ အိမ်ထဲသို့ ဝင်

ရောက်လာခဲ့သည်။

ရွှီဖန်း အထဲကိုဝင်ရောက်ပြီးနောက်မှာ သူ့မျက်စိရှေ့မှ အရာအားလုံးသည် မှောင်မည်းနေလေ၏။ သူ အမှောင်ထဲ၌ မီးခလုတ်ကိုရှာ၍ ပထမထပ်ဧည့်ခန်းကို မီးထွန်းလိုက်သည်။

ရွှီဖန်း လျှောက်ကြည့်သော်ငြား ရှောင်းချောင်ကို မတွေ့တာကြောင့် ဒုတိယထပ်ကို တက်သွားလိုက်သည်။

အိပ်ခန်းများကို တစ်ခန်းပြီးတစ်ခန်း ရှာဖွေရင်း ရွှီဖန်းသည် ဒုတိယထပ်၏အဆုံးက အိပ်ခန်းတစ်ခုမှာ ရှောင်းချောင်ကို တွေ့လိုက်ရသည်။

လက်ရှိအချိန်မှာ ရှောင်းချောင်၏ပုံစံက ရွှီဖန်းကို လန့်ဖြန့်သွားစေခဲ့သည်။

အိပ်ခန်းထဲရှိ မီးရောင်အောက်၌ သူမ၏မျက်နှာမှာ မျက်ရည်များဖြင့် စီးကျနေလေသည်။ သူမ၏မျက်နှာမှာ ဖြူဖျော့နေပြီး ခြောက်သွေ့နေသော နှုတ်ခမ်းနှင့် မှိတ်ထားသောမျက်လုံးများက သူမ အခုလိုဖြစ်နေတာ ကြာပြီဆိုတာကို ပြသနေ၏။

ရှောင်းချောင်၏လက်ရှိအမူအရာကို ကြည့်ရင်း ရွှီဖန်း ၏မျက်လုံးထဲ၌ စိတ်မကောင်းသောအရိပ်အယောင်တစ်ခု ဖြတ်သွားသည်။

"ရေလေးနည်းနည်းသောက်လိုက်ဦး"

ရှောင်းချောင်၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို ကြည့်၍ ရွှီဖန်းသည် သူမအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။

သူမက မယူဘဲ လက်ကလေးပိုက်ကာ ထောင့်မှာကွေးနေရင်း ရွှီဖန်း လက်ထဲမှ ဖန်ခွက်ကို ငေးကြည့်နေသည်။

ရွှီဖန်းသည် သူမဘေးမှာ ထိုင်ချကာ သူမ၏ခန္ဓာကိုယ်ကို ညင်သာစွာထောက်မ၍ နွေးထွေးမှုပေးရန် ကြိုးစားလိုက်သည်။

"ဘာဖြစ်တာလဲ ဘာတွေဖြစ်ခဲ့လို့လဲ ပြောပြပါဦး"

မထင်မှတ်ထားဘဲ ရှောင်းချောင်သည် ရုတ်တရက်ပင် ရွှီဖန်း၏ ရင်ခွင်ထဲခုန်ဝင်လာကာ ခါးကို ဖက်ထားပြီး

ရွှီဖန်း၏ပခုံးပေါ်၌ မျက်နှာအပ်ကာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ ရွှီဖန်း၏ခန္ဓာကိုယ်လည်း တောင့်တင်းသွားသည်။ သူမသည် ရှိုက်ကြီးတငင် ငိုကြွေးနေကာ ဝမ်းနည်းနေတာလား သို့မဟုတ် ကြောက်လန့်နေတာလားဆိုတာကို ခွဲခြားရခက်သော်ငြား သူ့လက်ထဲရှိရေခွက်ကတော့ လျှံကျတော့မလိုဖြစ်နေလေသည်။ ရွှီဖန်းသည် အမြန်ပင် ရေခွက်ကို လှမ်းကိုင်လိုက်သော်လည်း ရှောင်းချောင်အား ဖက်ထားသလိုမျိုး ဖြစ်သွားရသည်။

ထိုအချိန်၌ အချိန်များ ရပ်တန့်သွားသလိုပင်။ ရွှီဖန်းသည် သူ့နှလုံးခုန်သံအား သူကိုယ်တိုင်တောင် ကြားနေရသည်။

"ဘာမှမဖြစ်ဘူး"

အချိန်အကြာကြီးနေမှ ရွှီဖန်းသည် ထိုစကားလုံးများကို သူ့ပါးစပ်ထဲကနေ ညှစ်ထုတ်လိုက်ရသည်။ ရှောင်းချောင်လည်း ရွှီဖန်း၏အားပေးမှုနှင့်အတူ တဖြည်းဖြည်း ငြိမ်သက်လာသည်။

"ကြောက်တယ်"

ရှောင်းချောင်၏ အသက်ရှူသံမှာ တဖြည်းဖြည်း ပုံမှန်ဖြစ်လာသော်လည်း သူမသည် သူမ၏မျက်နှာကို ရွှီဖန်း၏ရင်ခွင်ထဲမှာပင် အပ်ထားတုန်းဖြစ်သည်။

ရွှီဖန်း သက်ပြင်းချကာ ရှောင်းချောင်ကို ပွေ့ချီ၍ ခုတင်ပေါ်တင်ပေးရန် ပြင်လိုက်သည်။

"မလုပ်ပါနဲ့..."

ရှောင်းချောင်က ရုတ်တရက်ပင် တုန်ယင်စွာ ထအော်ဟစ်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ကြောက်စရာကောင်းသည့် တစ်ခုခုနှင့် တွေ့ခဲ့ရသလိုမျိုး သူမ၏အသံမှာ အက်ကွဲနေသည်။

ထိုအပြုအမူက ရွှီဖန်းအား အနည်းငယ် ရှုပ်ထွေးသွားစေသည်။

"ဘာဖြစ်လို့လဲ"

"ဒီည..."

ထိုစကားကိုကြားတော့ ရွှီဖန်းလည်း ကြောင်သွားသည်။

"ရုတ်တရက်ကြီး ဘာပြောလိုက်တာလဲ"

"ရှင်နဲ့ လက်ထပ်ချင်တယ်"

ရှောင်းချောင်က သူမခေါင်းကိုမော့၍ ရွှီဖန်းကိုကြည့်လာသည်။

ရွှီဖန်း ကြောင်အသွားသည်။ ဒီလိုရုတ်တရက် စကားတစ်ခွန်းအား ဘယ်လိုတုံ့ပြန်ရမှန်း သူ တကယ်မသိပေ။

ရွှီဖန်းသည် ရှောင်းချောင်တစ်ယောက် သူမနှုတ်ခမ်းကို မဲ့ကာ သူမ၏မျက်လုံးများမှာ မှောင်မိုက်

နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ပါးစပ်

ထောင့်လေးမှာ ကွေးသွားပြီး ရွှီဖန်းကို မေးလာသည်။

"ကျွန်မ လှရဲ့လား"

စကားပြောသံက ရွှီဖန်း၏နားထဲသို့ လွင့်လာပြီး သူ အသက်ပြင်းပြင်း ရှူလိုက်ရသည်။ ရွှီဖန်းသည် သူ့ဝမ်းဗိုက်အောက်ပိုင်းက ချက်ချင်း ပူတက်လာသည်ကို ခံစားလိုက်ရသည်။

"လှတယ်"

သို့သော် ရွှီဖန်း ပြောခဲ့ပြီးမှ နောင်တရသွားသည်။

ထင်ထားသည့်အတိုင်းပင် ရှောင်းချောင်သည် ပါးစပ်ကို ပြန်ဖွင့်၍ မျှော်လင့်ချက်အပြည့်ရှိနေသော မျက်ဝန်းများဖြင့် မေးလာသည်။

"ဒါဆို ရှင် ကျွန်မကို လက်ထပ်မလား"

ရွှီဖန်းကတော့ စိတ်ရှုပ်ထွေးစွာ နှုတ်ခမ်းကိုက်လိုက်

မိသည်။ သူ အစိုးရိမ်ဆုံးသောအရာမှာ ဖြစ်လာခဲ့လေပြီ။ သို့သော် လက်ရှိအချိန်၌ ရှောင်းချောင်၏ ဖိအားပေးမှုက ရွှီဖန်းအား တိတ်ဆိတ်မနေနိုင်အောင် လုပ်

နိုင်ခဲ့သည်။

"ဟင့်အင်း ငါ"

သို့သော် ရှောင်းချောင်သည် ရွှီဖန်း၏စကားကို

နားထောင်လို့မပြီးသေးခင်မှာပဲ သူမ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားခဲ့သည်။ သူမ၏မျက်နှာအမူအရာမှာ ပြင်းထန်စွာပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီးဖြင့် တံခါးကို လက်ညှိုးထိုးပြကာ...

"ထွက်သွား!"

"မဟုတ်..."

ရွှီဖန်းလည်း ဘာလုပ်ရမှန်းမသိဖြစ်ကာ ကိုယ့်ကိုယ်

ကိုယ် ကာကွယ်ရန်အတွက် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် ရှောင်းချောင်၏ အသံမှာ ဒေါသများဖြင့်ပြည့်နေပြီး အရူးကဲ့သို့ ဖြစ်နေ၏။ သူမ ရွှီဖန်း အား စိုက်ကြည့်ပြီး အော်ဟစ်လာသည်။

"ထွက်သွား! ယောကျ်ားတွေ ဘယ်သူမှ မကောင်းဘူး! ရှင်လည်း လူကောင်းမဟုတ်ဘူး!"

ရှောင်းချောင်သည် ရွှီဖန်းအား ထိုကဲ့သို့ဆဲဆိုနေသော်လည်း သူကတော့ မထွက်သွားခဲ့ပေ။ ရှောင်းချောင် ဘာကြောင့်များ ဒီလောက်ထိ ဒေါသထွက်နေရသလဲဆိုတာကို ရွှီဖန်း မသိသော်လည်း အခုအချိန်မှာ သူမအား ပို၍ အဖော်ပြုပေးရန် လိုအပ်နေကြောင်းကိုတော့ သူသိ၏။

ရွှီဖန်းသည် ရေခွက်ကို ကြမ်းပြင်ပေါ် ချလိုက်ပြီး သူမ၏လည်ပင်းကို ဖက်ရန် လက်မြှောက်လိုက်သည်။

"ဖြန်း!"

ရှောင်းချောင်သည် ရူးသွပ်သွားသည့်လူတစ်ဦးကဲ့သို့ သူမလက်ကို မြှောက်ကာ ရွှီဖန်းကို ရိုက်ချလာသည်။

ရွှီဖန်းလည်း ကြောင်သွားသလို သူမလည်း ထိတ်လန့်သွားသည်။ သူမ၏မျက်လုံးထဲရှိ ဒေါသအမြောက်အများလည်း လျော့ပါးသွားလေသည်။ သူမ မျက်လုံးများက စိုစွတ်လာကာ မျက်ရည်များ စီးကျလာသည်။

"တောင်းပန်ပါတယ်"

ရှောင်းချောင်သည် မျက်ရည်များဝဲနေသောမျက်လုံးဖြင့် ရွှီဖန်းကို ကြည့်လာသည်။ သူမ မျက်လုံးထဲရှိနာကျင်မှုကို သူ ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။ သူမ၏တောင်းပန်စကားကို ကြားသည့်အခါ ရွှီဖန်း နှုတ်ခမ်းတွန့်၍ ခေါင်းအသာခါယမ်းလိုက်သည်။

သူမကလည်း ထပ်ပြီး မခုခံတော့ပေ။ သူမက ရွှီဖန်း ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ စငိုတော့သည်။

"တောင်းပန်ပါတယ် ကျွန်မ ကြောက်လို့ပါ"

ရွှီဖန်း ခေါင်းကိုသာခါယမ်းနေပြီး သူမ၏ကျောကို ပွတ်သပ်ပေးကာ ဘာမှမဖြစ်ကြောင်း ပြခဲ့သည်။

ညဉ့်နက်သည်အထိ ရွှီဖန်းသည် ကြမ်းပြင်ပေါ်၌ ထိုင်နေခဲ့သည်။ သူမ၏အသက်ရှူသံမှန်မှန်လေးကြောင့် အိပ်ပျော်သွားပြီဟု ယူဆရသည်။ ထို့နောက် သူမကို ဖြည်းဖြည်းချင်း ခုတင်ပေါ်ချီတင်ကာ ဖိနပ်နှင့်

ခြေအိတ်များကို ချွတ်ပေးလိုက်သည်။ သူမ၏တခြားနေရာများကို မထိဘဲ စောင်သာ ခြုံပေးခဲ့သည်။

"ဟင်း"

ရှောင်းချောင်ကို ကြည့်၍ ရွှီဖန်း သက်ပြင်းချမိသည်။ မနက်ဖြန် သူမ နိုးလာလျှင် သူ အသေးစိတ်မေးမြန်းရန် စီစဥ်ထားသည်။

"မသွားပါနဲ့၊ မသွားပါနဲ့~"

ရွှီဖန်း ထွက်သွားရန်ပြင်တော့ သူမက ရုတ်ချည်းပင် သူ့လက်ကိုဆွဲကိုင်ကာ စိုးရိမ်တကြီး အော်လာသည်။

ရွှီဖန်း ခေါင်းလှည့်ကြည့်လိုက်တော့ သူမက အိပ်နေရင်း မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။ သူ့နှလုံးသားမှာ မခုန်လှုပ်ဘဲမနေနိုင်ခဲ့သော်ငြား ရွှီဖန်း သည် အမြန်ပြန်ထိန်းချုပ်ခဲ့သည်။

ရွှီဖန်း ခုတင်စွန်းမှာ ဝင်ထိုင်ပြီး သူမ၏ပုခုံးကို အသာအယာပုတ်ကာ သူမ၏စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုကို လျော့ပါးစေရန် နှစ်သိမ့်ခဲ့သည်။

မသိလိုက်ဘာသာပင် ရွှီဖန်းသည် သူမဘေးနားရှိ ခေါင်းရင်းဘက်ခြမ်းအား မှီကာ အိပ်ပျော်သွားခဲ့သည်။

********************

All Chapters