← Chapters

ရှောင်းချောင်၏စိတ်

Vol. 22 Ch. 322

ရှောင်းချောင်၏စိတ်

Vol. 22 Ch. 322

မနေ့ညက မြင်ကွင်းနှင့် ရှောင်းချောင်၏ပုံရိပ်ကို ပြန်တွေးရင်း ရွှီဖန်းသည် သီချင်းတအေးအေး ညည်းနေလေသည်။ ထို့နောက် သူ ခြေလှမ်းများကို ကြွ၍ မီးဖိုချောင်ထဲသို့ ဝင်ကာ မနက်စာပြင်ဆင်တော့သည်။

မနေ့က သူမလည်း ကောင်းကောင်းမစားရသေးဘူးဟု သူ ယူဆမိသည်။

ရှောင်းချောင်အိမ်ထဲရှိ မီးဖိုချောင်မှာ ရွှီဖန်းအား အမှန်တကယ်ကို အံ့အားသင့်စေခဲ့သည်။ ဒီလို ခမ်းနားသည့် မီးဖိုချောင်ထဲ၌ သူ ဥအနည်းငယ်နှင့် ဆန်

အနည်းငယ်ကိုသာ တွေ့ခဲ့ရပြီး တခြားဘာမှမရှိပေ။ ဟင်းခတ်အမွှေးအကြိုင်ဆိုလို့ ဆားအနည်းငယ်နှင့် မဖွင့်ရသေးသောဆီတစ်ပုံးသာရှိသည်။

ကံကောင်းစွာဖြင့် ရွှီဖန်း၏ဟင်းချက်ကျွမ်းကျင်မှုကြောင့် ဤပစ္စည်းနည်းနည်းလေးဖြင့် သူ ချက်ပြုတ်

နိုင်လေသည်။

ရွှီဖန်း နှုတ်ခမ်းတွန့်လိုက်ပြီးနောက် ဥကြော် ကြော်

နည်းအဆင့်ဆင့်ကို မှတ်မိအောင် ကြိုးစားလိုက်သည်။

ဥခေါက်...ဆားထည့်...မွှေ

ဒီလိုနှင့် ရွှီဖန်းသည် သီချင်းတအေးအေးညည်းရင်း ဥကြော်ကြော်နေခဲ့သည်။ ညက ဆွဲဆောင်မှုရှိသော ရှောင်းချောင်၏ပုံစံမှာ သူ့စိတ်ထဲ၌ ဆက်တိုက်ပေါ်

နေလေသည်။

သို့သော် ထိုအချိန်၌ ရွှီဖန်း၏နောက်ကျောတွင် ခြေသံမကြားရအောင် လှမ်းလာသော ခြေလှမ်းတစ်စုံ ပေါ်လာသည်။

"ပျော်နေတာလား"

"လန့်လိုက်တာ... ဒါပေါ့ အရမ်းပျော်တာပေါ့"

ရွှီဖန်းလည်း တဲ့တိုးပြန်ဖြေခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့ပြီး အနောက်ကို လှည့်ကြည့်လိုက်ရာ ပြုံးနေသော ရှောင်းချောင်

မျက်နှာကို တွေ့လိုက်ရသည်။

"အဟဲ…"

ရွှီဖန်း ရယ်မောလိုက်သည်။ ထို့နောက် သူ လုပ်လက်စ အလုပ်ကို ရပ်ပြီး ရှောင်းချောင်ကို ကြည့်လိုက်သည်။ အညှော်နံ့တစ်ခုက သူ့နှာခေါင်းထဲ ဝင်လာလေသည်။

"ဥကြော်က တူးသွားပြီ"

ရှောင်းချောင်သည် အံ့သြတကြီးပြော၍ အလျင်အမြန်ပင် ရွှီဖန်းကို သူမ တွန်းဖယ်လိုက်သည်။

အခုမှနိုးလာသော ဆံပင်ပွယောင်းယောင်းဖြင့် အမျိုးသမီးကို ရွှီဖန်း ကြည့်နေမိသည်။ သူမသည် အခုအချိန်မှာ အိမ်ရှင်မတစ်ယောက်ကဲ့သို့အလား ဖြစ်နေသည်။ သူလည်း နှလုံးသားထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။

"ဘာကြည့်နေတာလဲ ပန်းကန်နဲ့တူ သွားယူလေ"

ရှောင်းချောင် လှည့်ကြည့်လိုက်တော့ ကြောင်တောင်တောင်လုပ်နေသည် ရွှီဖန်းကို တွေ့လိုက်ရသည်။ သူမ နှုတ်ခမ်းကိုမဲ့ကာ အနည်းငယ် နီမြန်းသွားရသည်။

"အာ အခုလား"

ရွှီဖန်းလည်း ကြောင်သွားကာ မီးဖိုချောင်ထဲ၌ ထိုပစ္စည်းများကို အမြန်လိုက်ရှာလိုက်သည်။

"ဟိုမှာ ဟုတ်တယ်...ပွင့်နေတဲ့ ဗီရိုထဲမှာ"

ရှောင်းချောင်က ဘေးနားမှာရပ်၍ ရွှီဖန်းကို အမိန့်ပေးနေသည်။ နောက်ဆုံးမှာတော့ အနည်းငယ်မျှ တူးနေသောဥကြော်အား မွှေးသည်ဟု ယူဆရသော ဆန်ပြုတ်နှင့် အတူ စားပွဲပေါ်မှာ တင်လိုက်သည်။ ရှောင်းချောင်ကတော့ ရယ်မော၍ မပြီးနိုင်အောင် ဖြစ်နေသည်။

နောက်ဆုံးမှာ အခြေအနေကလည်း တည်ငြိမ်သွားပြီဖြစ်၍ ရွှီဖန်း ရှောင်းချောင်ကို မေးလိုက်သည်။

"မနေ့ညက မင်း ဘာဖြစ်ခဲ့တာလဲ၊ ဘာလို့ တုန်ယင်နေခဲ့တာလဲ၊ တစ်ခုခု ဖြစ်ခဲ့တာလား"

ရှောင်းချောင်သည် ဇွန်းကိုကိုင်ရင်း တုန်ယင်သွားကာ မျက်ရည်များ စီးကျလာပြန်သည်။

ရှောင်းချောင်မှ သူမ၏ဇာတ်လမ်းကို ပြောပြလာသောအခါ ရွှီဖန်းလည်း အကြမ်းဖျင်းကို သိလိုက်ရသည်။ ရှောင်းချောင် သတိမေ့နေတုန်းက အိပ်မက်ဆိုးတစ်ခု မက်ခဲ့တာ ဖြစ်နေသည်။ ထိုအိပ်မက်ထဲ၌ ဓားဒဏ်ရာနှင့်လူတစ်ယောက်သည် သူမကို အဓမ္မကျင့်ခဲ့ပြီး ရွှီဖန်းကလည်း သူမကို အေးစက်သောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ မိသားစုဝင်အကုန်လုံးက သူမကို စွန့်ပစ်ခဲ့ပြီး သူမအစ်ကိုကလည်း သူမကို သတ်ချင်ခဲ့တာတွေကို မက်ခဲ့တာ ဖြစ်သည်။ သူမ နိုးလာသည့်အခါ ဆေးရုံမှာ ဘယ်သူ့ကိုမှ မတွေ့ရတာကြောင့် တစ်ယောက်တည်း အိမ်ပြန်ပြေးလာခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် မနေ့က ရွှီဖန်းကို တွေ့သည့်အခါ ရှောင်းချောင်သည် သူ့အား လက်ထပ်ချင်သည်ဟု ရုတ်တရက် ထပြောခဲ့တာဖြစ်ပြီး သူမအတွက် ရှင်းမပြနိုင်သော လုံခြုံမှုတစ်ခုကို လိုချင်ခဲ့၍ဖြစ်သည်။

ဒါကိုကြားတော့ ရွှီဖန်းလည်း နောက်ဆုံးမှာ နားလည်သွားခဲ့သည်။ ရှောင်းချောင်သည် ဘယ်လောက်ပဲ သန်မာသလို ဟန်ဆောင်နေပါစေ သူမ၏နှလုံးသားကမူ ကလေးမလေးတစ်

ယောက်လိုသာ ရှိသေးသည်။ မနေ့က သူမ၏ထိုစိတ်အခြေအနေမှာ ပေါ်ထွက်လာခဲ့ပြီး ကြောက်နေသော မိန်းမငယ်လေးတစ်ဦး ဖြစ်ခဲ့ခြင်းပင်။

ရွှီဖန်း သူမ၏ပခုံးကို ပုတ်ကာ...

"ရပြီ ဘာမှမတွေးနေနဲ့တော့၊ အရာအားလုံးလည်း ပြီးဆုံးသွားပြီ၊ အခု မင်းမှာ ငါရှိနေပြီပဲ၊ ဒါကြောင့် ဒီအိမ်မှာလည်း ဆက်မနေနဲ့တော့၊ အိမ်က ကြီးနေပြီး ဟာတာတာကြီး၊ မိန်းကလေးတစ်ယောက်ထဲ ဒီမှာဆက်နေလို့ မရဘူး၊ ဒါကြောင့် အိမ်ငှားကြရအောင်...မင်း ကြောက်နေသေးရင် ငါ မင်းနဲ့အတူ နေပေးလို့ရတယ်"

ရွှီဖန်းသည် ထိုအရာကို ပြောနေစဥ်မှာ သူ့စိတ်သည် ပကတိသန့်စင်နေခဲ့ကာ သူမအား စိုးရိမ်ရုံသာ ဖြစ်သည်။

သို့သော် ရှောင်းချောင်၏နားကတော့ အဓိပ္ပာယ်

ကောက်လွဲသွားသည်။ သူမ ခေါင်းထောင်၍ ရွှီဖန်းကို စိုက်ကြည့်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ဟမ့်! ရှင်က လူကြီးလူကောင်းဆိုတာ ကျွန်မ မသိခဲ့ရဘူးပဲ၊ မနေ့ညက ဘာလို့များ အခွင့်အရေး မယူခဲ့တာလဲ"

ဒါကိုကြားတော့ ရွှီဖန်းလည်း သက်ပြင်းချဟန်ဆောင်ကာ...

"ငါလည်း နောင်တရနေတာ"

သို့သော် ရှောင်းချောင်၏ သတ်ဖြတ်လိုသော မျက်လုံးအကြည့်များကို ခံစားမိသောအခါ ရွှီဖန်းသည် ချက်ချင်းပင် စကားပြောင်းလိုက်သည်။ သူက အမှန်တရားလိုက်စားသောလေသံဖြင့်

"ငါက အဲ့ဒီလိုလူစားမျိုးလား"

သို့သော် ရှောင်းချောင်မှာ သံသယမျက်လုံးများဖြင့် ကြည့်နေဆဲဖြစ်ပြီး မယုံကြည်ဟန်ဖြစ်နေသည်။ ထမင်းစားပြီးခါနီးတွင် ရွှီဖန်း သတိပြုမိခဲ့သည်မှာ ရှောင်းချောင်က သူမ ပြောပြ၍မရသော တစ်စုံတစ်ရာကို စိတ်ထဲမှာ သိမ်းထားနေပုံရသည်။

"ဘာဖြစ်နေတာလဲ ပန်းကန်က မင်းကြောင့် ကွဲတော့မယ်"

"အာ..."

ရှောင်းချောင်လည်း ထိုစကားကို ကြားတော့ အတွေးများကို ရပ်လိုက်မိသည်။ သူမ ရွှီဖန်းကို အချိန်အကြာကြီး ကြည့်ပြီးနောက် နောက်ဆုံးမှာတော့ မေးလာသည်။

"ဒီနေ့ ရှင် ကျွန်မနဲ့ နေပေးလို့ရမလား"

သူမ ထိုသို့ပြောနေစဥ်၌ သူမ၏မျက်လုံးများသည် တောင်းပန်လိုခြင်းနှင့် ချွဲနွဲ့ခြင်းများဖြင့် ပြည့်

နေသည်။

ဒီနေ့က ဒုတိယနေ့ပင်။ မနေ့က ရှယန်ယွိသည် သူ့အား တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။ ထို့အပြင် သူ့အခြေစိုက်

ရုံးတွင်လည်း ပြဿနာကြီးကြီးမားမား ကျန်နေသေးသည်။ ရွှီဖန်း ခေါင်းကိုက်သလိုခံစားနေရသည်။ သို့သော်ငြား ရှောင်းချောင်မှာ အခုမှ နိုးလာခဲ့သည်

ဖြစ်ရာ မနေ့ညကလည်း ကြောက်လန့်နေခဲ့တာကြောင့် ထိုသနားစရာကောင်းသည့် သူမ၏ပုံစံကို မငြင်းဆန်

နိုင်ခဲ့ပေ။

ရွှီဖန်း သဘောတူလိုက်ပြီး ချက်ချင်းပင် အခြေစိုက်

ရုံးသို့ ဖုန်းခေါ်ဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ယန်

ပင်းအား အခြေစိုက်ရုံးတွင် ခန့်အပ်ထားသောဝန်ထမ်းများအား သူ့မွေးရပ်မြေမှ တောင်များဆီ ခေါ်

ဆောင်ပြရန် ညွှန်ကြားခဲ့သည်။ ထိုအရာအားလုံးကို ရှင်းပြီးနောက် ရွှီဖန်းသည် ရှယန်ယွိကို ဖုန်းခေါ်ခဲ့သော်လည်း သူမက ဖုန်းကိုင်ရန် ငြင်းဆိုနေတုန်းပင်။ ရွှီဖန်းမှာ နှုတ်ခမ်းကိုမဲ့၍ ကူကယ်ရာမဲ့နေတော့သည်။

နောက်ဆက်တွဲရလဒ်ကတော့ သူ ရှောင်းချောင်ကို အချိန်အကြာကြီး စောင့်ဆိုင်းလိုက်ရခြင်းဖြစ်သည်။ အမျိုးသမီးတစ်ယောက် အလှပြင်၍ ဝတ်စားဆင်ယင်သောအချိန်၏ သဘောတရားသည် အခြေခံအားဖြင့် နာရီနှင့်ချီကာ ကြာလေသည်။

ထိုအချိန်အတွင်းမှာ ရွှီဖန်းသည် အကဲဖြတ်အရာရှိကဲ့သို့ ရှောင်းချောင်၏ပုံစံအမျိုးမျိုး ဝတ်ပြနေခြင်းကိုချီးကျူးပေးခဲ့ရသည်။

နောက်ဆုံးမှာတော့ ရွှီဖန်းပဲ ဆုံးဖြတ်ပေးလိုက်ရသည်။ အဝါနုရောင်ဝတ်စုံတစ်ထည်က ရွှီဖန်း၏မျက်လုံးများကို လင်းလက်စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရွှီဖန်းကတော့ သူမ အကုန်နီးပါး ဝတ်ဆင်ပြသည်ကို မြင်ခဲ့ရသည်။

ထို့နောက် ရွှီဖန်းနှင့်သူမ စထွက်လာကြသည်။ သူ မနေ့က တက္ကစီဖြင့် အလျင်စလို ရောက်လာခဲ့သည်ဖြစ်ရာ ရှောင်းချောင်သည် နေကာမျက်မှန်နှင့် ကုတ်အင်္ကျီကို ဝတ်ကာ သူမ၏အမိုးပွင့်sportကားဖြင့် မောင်းခဲ့လေသည်။

ရှေ့ခရီးသည်ထိုင်ခုံတွင်ထိုင်နေသောရွှီဖန်းသည် ချမ်းသာသည့်အမျိုးသမီးတစ်ဦးမှ သူ့အား ဂရုစိုက်ပေးနေသည့်အလား ခံစားနေရသည်။ သို့သော် ချမ်းသာသည့်အမျိုးသမီးတစ်ဦးထံမှ ဂရုစိုက်မှုကို ခံရခြင်းမှာ လုံးဝရှက်စရာမကောင်းပေ။ ရွှီဖန်း ထိုသို့တွေးလိုက်တော့ သူ့မျက်နှာအမူအရာမှာ ပို၍သဘာဝကျလာခဲ့သည်။

ရှောင်းချောင်သည် အိမ်မှထွက်မသွားခင်က အွန်လိုင်းပေါ်မှာ ရှာဖွေခဲ့သည့် Boxing Theme Restaurantဆိုသည့်နေရာကို သွားကြည့်ရန် ဆုံးဖြတ်ထားသည်။ ရွှီဖန်းကလည်း ဘာမှမကန့်ကွက်ပေ။ ရှောင်းချောင်က ဒီလိုတိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတွေပေါ်မှာသာ စိတ်ဝင်စားပုံရသည်။

စားသောက်ဆိုင်ကိုရောက်တော့ ရှောင်းချောင်၏ကားလေးက လူအများ၏အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ သူမနှင့် ဆန့်ကျင်ဘက်မှာရပ်နေသည့် ရွှီဖန်းလည်း တခြားသူများ၏ အကြည့်ပေါင်းစုံကို လက်ခံခဲ့ရသည်။ သို့သော် ရွှီဖန်းကတော့ ၎င်းကို မနာလိုသည့်

အကြည့်များဟူ၍သာ သဘောထားခဲ့သည်။

ရွှီဖန်း အထဲဝင်သွားလိုက်တော့ အလွန်ဆူညံသည့်

ပတ်ဝန်းကျင်တစ်ခုကို ရောက်လာသလို ခံစားခဲ့ရသည်။ ဤစားသောက်ဆိုင်သည် ဧရာမဆိုင်ကြီးတစ်ခုဖြစ်ပြီး အလွန်ကို လှပစွာ အလှဆင်ထားသည်။

စားသောက်ဆိုင်၏အလယ်၌ လက်ဝှေ့စင်တစ်ခုရှိပြီး လက်ရှိအချိန်မှာ အမျိုးသားနှစ်ဦးက တိုက်ခိုက်နေကြသည်။ ဘေးနားမှာ စားသောက်နေသောသူများကလည်း အော်ဟစ်အားပေးနေကြသည်။ သို့သော် လေထုထဲ၌ မွန်းကျပ်စရာကောင်းသော မီးခိုးနံ့များ ပြည့်နေသည်။ ဒီလိုစားသောက်ဆိုင်မျိုးကို ရွှီဖန်း တစ်ခါမှ မရောက်ဖူးသေးပေ။

"ဝိုး! ရွှီဖန်း မြန်မြန်! ဟိုလူရဲ့ကြွက်သားတွေကို ကြည့်ပါဦး!"

ရှောင်းချောင်သည် စင်ပေါ်ရှိ အနီရောင်ဝတ်စုံနှင့် လက်ဝှေ့သမားကို လက်ညှိုးထိုးပြရင်း အော်လာသည်။

"ဘာမှ မဟုတ်ပါဘူးကွာ"

ရွှီဖန်းက ထိုလူအား အနီးကပ်ကြည့်လိုက်ပြီးနောက် ကောက်ချက်ချသည်။

"ဒါဆို သူ ရှုံးလိမ့်မယ်လို့ ဆိုလိုတာလား"

"အခြေအနေက တော်တော်ရှင်းနေပြီကို"

သို့သော် ရွှီဖန်း မထင်ထားသည်မှာ သူ့ဘက်မှ ပေါ့ပေါ့ပါးပါးမှတ်ချက်ပေးပြီးသည်နှင့် ဘေးနားမှ အေးစက်သော လှောင်ပြောင်သံ တစ်ခု ထွက်လာခြင်းပင်။

"မင်း ဘာမှမသိရင် ဟာသတွေ လာမပြောနဲ့၊ ဒီမှာ လှည့်ဖြားရိုင်းစိုင်းတဲ့အလုပ်တွေ လာလုပ်မနေနဲ့"

ရွှီဖန်း ခေါင်းလှည့်ကြည့်လိုက်တော့ တက္ကသိုလ်

ကျောင်းသား၊ အသက်၂၀ အရွယ် ကျောင်းသားတစ်စုကို တွေ့လိုက်ရသည်။ စကားပြောလာသည့်သူသည် ဆံပင်အဖြူရောင်ဆိုးထားပြီး ရှောင်းချောင်၏ အဝါနုရောင်ဂါဝန်အောက်မှ ခြေထောက်များကို ကြည့်ကာ ဖုံးကွယ်မထားသည့်ကိလေသာရမ္မက်များက သူ့မျက်လုံးထဲ၌ ပြည့်နှက်နေသည်။

"ဦးနှောက်ထဲ ပိုးဝင်နေတာပဲ"

ရွှီဖန်းသည် စိတ်ထဲမှ လှောင်လိုက်သော်လည်း အပြင်မှာတော့ ဘာမှ မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေ သူတို့သည် ကျောင်းသားများဖြစ်ပြီး ရွှီဖန်းသည် သူတို့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ချင်ပေ။

သို့သော် ရွှီဖန်း၏နှုတ်ဆိတ်လိုက်သောနည်းလမ်းက တစ်ပါးသူ၏ထောင်လွှားမှုကို ပိုတိုးစေခဲ့သည်။

"အလှလေး...ကြည့်ရတာ သူက မင်းရဲ့ရည်းစား မဟုတ်ဘူး ထင်တယ်၊ ငါ့နာမည်က ပိုင်မော့ ငါနဲ့ သိကျွမ်းချင်လား၊ ဒီမှာ လာထိုင်ပြီး အတူတူစားကြရအောင်၊ ပြီးရင် မင်းကို လက်ဝှေ့ထိုးနည်း သင်ပေးမယ်"

ထိုလူက ရွှီဖန်းကို မသိကျိုးနွံပြု၍ စကားပြောလာသည်။ ရွှီဖန်း၏အရှေ့မှာတင် ရှောင်းချောင်ကို စကားပြောနေခဲ့ခြင်းပင်။

ရှောင်းချောင်၏မျက်လုံးထဲ၌ ဒေါသရိပ်တစ်ခု ဖြတ်ပြေးသွားသော်ငြား သူမ ချက်ချင်း ဒေါသမထွက်ခဲ့ပေ။ ထိုအစား ရွှီဖန်းကို သူမ လှမ်းကြည့်

လိုက်သည်။ ရှောင်းချောင်သည် ရွှီဖန်းအား သူမ တစ်ယောက်တည်းအားဖြင့် မဖြေရှင်းနိုင်မှန်း အသိပေးလိုခြင်းပင်။

ရွှီဖန်းကလည်း ရှောင်းချောင်၏ဆိုလိုရင်းကို သဘာဝကျစွာ နားလည်သည်။

"ဒါဆို မင်းက လက်ဝှေ့ထိုးတာ အရမ်းတော်တယ်

ပေါ့"

ရွှီဖန်းသည် တည်ငြိမ်သောမျက်နှာထက်၌ လှောင်ပြုံးပြုံးကာ ပိုင်မော့ကို ကြည့်လိုက်သည်။ ရှောင်းချောင်က သူ့ကို တုံ့ပြန်ခြင်းမရှိဘဲ ရွှီဖန်းကိုသာ လှမ်းကြည့်ခဲ့ခြင်းကို သူ မြင်ခဲ့သည့်အပြင် ရွှီဖန်း၏စကားကိုပါ ကြားလိုက်ရတာကြောင့် သူ ချက်ချင်း နားလည်သွားခဲ့သည်။ ဒီနေ့ ရွှီဖန်း၏မျက်နှာအား မရိုက်ချနိုင်လျှင် ရှောင်းချောင်နှင့် စကားပြောလို့ရတော့မည်မဟုတ်

ပေ။

သူလှည့်ကာ ရွှီဖန်းအား မထီမဲ့မြင်

ကြည့်လိုက်သည်။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ချိတ်ထိုင်၍ ဂုဏ်ယူစွာ ပြောလိုက်လေသည်။

"အို...ပုံမှန်ပါပဲ၊ ဒါပေမဲ့ မင်းလို ခန္ဓာကိုယ်ပေါ်မှာ အသားနှစ်ပြားလောက်တောင် မရှိတဲ့လူကိုတော့ အလွယ်တကူ ရှင်းလို့ရပါသေးတယ်"

ရွှီဖန်းသည် ကျောင်းသားတစ်ယောက်အား အနိုင်ကျင့်ရတာကို စိတ်မဝင်စားသော်လည်း ဒီကောင့်ဘက်က အကုန်ပြောလာခဲ့ပြီဖြစ်သည်။ ထို့အပြင် ရှောင်းချောင်၏ ဖျော်ဖြေမှုကြည့်ချင်နေသောအမူအရာကလည်း သိသာနေတာကြောင့် သူမကို ပျော်အောင်ထားရန်အတွက် ရွှီဖန်း ဤအခွင့်အရေးကို ယူလိုက်မည်။

"ဒါဆို စမ်းကြည့်ကြတာပေါ့၊ ဒီနေရာကလည်း လက်ဝှေ့စားသောက်ဆိုင်ပဲ မဟုတ်လား၊ အတော်ပဲပေါ့"

ရွှီဖန်း၏စကားက ခန်းမထဲရှိဖောက်သည်အားလုံးကို မီးတောက်လောင်စေခဲ့သည်။ လက်ဝှေ့ထိုးပွဲ ထပ်ရှိဦးမယ်ဟု သူတို့ကြားတော့ ထရပ်ကာ အားပေးလာကြသည်။

ပိုင်မော့သည် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ သူ့စိတ်က လုံးဝ မလှုပ်ရှားနေပေ။ ထိုအစား ဆေးလိပ်တစ်လိပ်ကို မီးညှိ၍ ရွှီဖန်းကို ကြည့်လိုက်

သည်။

"ဒီအတိုင်းဆို ပျင်းစရာကြီး တစ်ခုခု လောင်းကြမယ်"

ထိုစကားကိုကြားတော့ ရွှီဖန်း၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုပေါ်လာသည်။ ထိုကဲ့သို့စိတ်ကူးကလည်း သူမှာရှိနေခဲ့သည်ပင်။ ရွှီဖန်း ဂရုမစိုက်ဘဲ ပိုင်မော့အား သနားသည့်အကြည့်များဖြင့် ကြည့်လိုက်မိသည်။ အပြစ်တင်ရမည်ဆိုလျှင် ဒီလိုအချိန်မှာ ရွှီဖန်းနှင့် လာဆုံသည့် သူ့ကံကိုသာ အပြစ်တင်ရပေလိမ့်မည်။

"မင်းက ဘာလောင်းချင်လဲ"

ပိုင်မော့က ရှောင်းချောင်ကို ကြည့်၍ သူ့လက်ထဲက ဆေးလိပ်ဖြင့် သူမကို ထိုးပြလာသည်။

"မင်းရှုံးရင် သူ့ကို ငါ့ပေး"

ထိုသို့ပြောရင်း ရှောင်းချောင်ကို လျှာလျက်ပြလာသည်။

ထိုအပြုအမူက ရှောင်းချောင်အား ချက်ချင်းပင် ရွံရှာသွားစေခဲ့သည်။ သူမ ရွှီဖန်းကို အနည်းငယ်

ခေါင်းညိတ်ပြကာ ထိုလူအား သင်ခန်းစာပေးလိုက်တော့ ဟူသည့်ပုံစံဖြင့် ကြည့်လာသည်။

ရွှီဖန်းလည်း နှုတ်ခမ်းတွန့်ကာ သူ့မျက်နှာပေါ်၌ ကူကယ်ရာမဲ့မှုများ ဖြတ်ပြေးသွားသည်။ သူ ပိုင်မော့အားကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ ဒါဆို မင်းရှုံးရင် ဘာပေးမလဲ"

ပိုင်မော့သည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးထဲ၌ အပြုံးတစ်ခု ပေါ်လာသည်။ သူက သူ့ရှေ့မှာ ထိုင်နေသော ကောင်မလေးကို လက်ညှိုးထိုးပြ၍...

"ငါရှုံးရင် သူ့ကို ပေးမယ်"

သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်နေသောပုံစံမှာ သူ ရွှီဖန်းကို မရှုံးနိုင်ဘူးဟု ပြောနေသည့်အလားပင်။

"ကောင်းပြီလေ ဒါဆို လာခဲ့"

ရွှီဖန်းသည် ထိုကိစ္စနှင့်ပတ်သက်၍ မငြင်းခုန်ချင်တော့ပေ။ ဘယ်လိုပဲဖြစ်ပါစေ ရွှီဖန်း ဂရုမစိုက်ပေ။

ရှောင်းချောင် ပျော်ရင် ရပြီ။

**********************

All Chapters