သနားစရာ ပိုင်မော့
Vol. 22 Ch. 323
လက်ရှိအချိန်မှာ စားသောက်ဆိုင်ပိုင်ရှင်သည် ရွှီဖန်းတို့အတွက် နေရာပြင်ဆင်ရန် စီစဉ်နေလေသည်။ သူက ရွှီဖန်းနှင့် ပိုင်မော့တို့၏ တိုက်ပွဲကြေညာသော ဗီဒီယိုကို သူငယ်ချင်းများ၏ ဂရုချက်ထဲမှာ တင်
လိုက်တာကြောင့် လုပ်ငန်းက အထွတ်အထိပ်ကို ရောက်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် နေရာကို မပြင်ဆင်ရသေးသော်လည်း လာရောက်ကြည့်ရှုသူကတော့ ပိုများလာခဲ့သည်။
"သူက ငါတို့ကျောင်းရဲ့ လက်ဝှေ့ကလပ်က ဥက္ကဋ္ဌ မဟုတ်လား"
ပရိသတ်များ များပြားလာသည်နှင့်အမျှ သူတို့အများစုသည် အနီးအနားမှ တက္ကသိုလ်ကျောင်းသားများဖြစ်ကြလေသည်။ သူတို့ထဲမှ တချို့က ပိုင်မော့ကို မှတ်မိကြသည်။
သူက လက်ဝှေ့ကလပ်၏ဥက္ကဋ္ဌ ဖြစ်နေခဲ့သည်ပင်။ ဒါကြောင့်လည်း သူ ဒီလောက် ယုံကြည်မှုရှိနေတာ အံ့သြစရာမရှိပေ။
ရွှီဖန်းကတော့ ထိုစကားများကို ကြားပြီးသော်လည်း စိတ်မပူသေးပေ။ ကမ္ဘာ့ထိပ်တန်းလူသတ်သမားများတောင် ရွှီဖန်း၏လက်ချက်ဖြင့် သေခဲ့ရသေး၏။
တခြားတစ်ဖက်တွင် ရွှီဖန်း၏ဘေးမှာ ရပ်နေသော ရှောင်းချောင်သည် လူအများ၏အံ့အားသင့်သံများနှင့် ပိုင်မော့၏ထောင်လွှားမှုများကို ကြားနေရသည်။
"ရွှီဖန်း သူ့ကို နိုင်တယ်မလား"
ရွှီဖန်းသည် ရှောင်းချောင်၏လက်ဖမိုးကို ပုတ်၍ စိတ်အေးအောင် လုပ်ပေးခဲ့သည်။
တခြားတစ်ဖက်မှာတော့ ပိုင်မော့သည် ရှောင်းချောင်၏စကားကို ကြားသောအခါ သူ့လက်ကို မြှောက်ပြီး ကြွက်သားများကို ပြလာသည်။ ထို့နောက် လှောင်ပြောင်သည့်ပုံစံဖြင့်...
"မင်းက အရမ်း ဘက်လိုက်တတ်တာပဲ၊ ကြည့်ထား ငါ ဘယ်လောက်ထိ သန်မာလဲဆိုတာ ညဘက်ကျရင် မြင်ရလိမ့်မယ်"
ပိုင်မော့မှ ထိုစကားကို ပြောလိုက်သောအခါ ရွှီဖန်း၏မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ့ကို အေးစက်စက် ကြည့်လိုက်သည်။
ထိုအကြည့်က ပိုင်မော့၏နှလုံးကိုပါ တုန်လှုပ်သွားစေခဲ့သည်။ သူက မသိစိတ်ကနေ ရွှီဖန်းကို ကြည့်
လိုက်ပြီး နည်းနည်းတော့ မှားနေပြီဟု ခံစားလိုက်ရသည်။
ရှောင်းချောင်ကလည်း ရွှီဖန်း ဒေါသထွက်လာတာကို သတိထားမိသည်။ သူမ ရွှီဖန်း၏လက်မောင်းကို အမြန်ဆွဲကိုင်၍...
"ဒေါသမထွက်နဲ့ သူတို့က ကျောင်းသားတွေ"
ထို့နောက် ရှောင်းချောင်သည် လျှာထုတ်ပြကာ
"ကောင်းပြီ အကုန်လုံး ကျွန်မအပြစ်ပါ၊ ကျွန်မက ဒီလိုပျော်စရာတွေကို အရမ်းကြိုက်တာ၊ ပြန်ရောက်ရင် ရှင့်ကို လျော်ကြေးပေးပါ့မယ်၊ ဒါပေမဲ့ သူ့ကို အရမ်းပြင်းပြင်းထန်ထန်မထိုးသင့်ဘူးလို့ ကျွန်မ ပြောထားမယ်နော်...ဘာပဲဖြစ်ဖြစ် သူတို့က ကျောင်းသားတွေပဲဆိုတော့"
"ငါ့ကို လျော်ကြေးပေးမယ်ဟုတ်လား...ဘာကို ပြန်ပြီးလျော်ကြေးပေးမှာလဲ"
သို့သော် ရှောင်းချောင်သည် ရွှီဖန်း ဘာပြောပြော ဂရုမစိုက်တော့ပေ။
ဆိုင်ပိုင်ရှင်ကတော့ စင်မြင့်ကို အဆင်သင့်ပြင်ဆင်ထားပြီးပြီဖြစ်သည်။ ပရိသတ်၏ အားပေးသံများကို ရွှီဖန်း တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
ရွှီဖန်းနှင့် ပိုင်မော့တို့ အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့ တက်
လိုက်ကြသည်။ လက်ရှိအချိန်တွင် စင်မြင့်
ပတ်ပတ်လည်၌ လူများ ဝန်းရံနေသည်။
ရွှီဖန်းနှင့် မျက်နှာချင်းဆိုင်ရပ်နေသော ပိုင်မော့ နှလုံးသားထဲ၌ သွေးများဆူပွက်လာသည်ကို မ
တားဆီးနိုင်ခဲ့ပေ။ သူ လက်နှစ်ဖက်ကို ပွတ်လိုက်
သည်။ အဘယ်ကြောင့်ဆိုသော် ရွှီဖန်း၏မျက်လုံးအကြည့်များက ပိုင်မော့ကို အလေးအနက်ဖြစ်စေခဲ့သည်။ သူကိုယ်တိုင်ကလည်း ထိုကဲ့သို့သောခံစားချက်မျိုးကို နှစ်သက်လေသည်။ ထိုသို့ဖြစ်တိုင်း
ပိုင်မော့သည် အမြဲတမ်း လေးနက်စွာ ကစားခဲ့သည်။ အခုအချိန်အထိ ပိုင်မော်သည် တစ်ခါမှ မရှုံးဖူးသေးပေ။
လက်ရှိအချိန်၌ ရွှီဖန်း၏အမူအရာသည် မတိုင်ခင်ကလိုပင် သက်သောင့်သက်သာရှိနေဆဲဖြစ်သည်။ ရှောင်းချောင်လည်း သူ့ကို စိတ်မပူတော့ပေ။ သို့သော်ငြား ပိုင်မော့၏အမူအရာကို မြင်သောအခါ သူမ အနည်းငယ်သောစိုးရိမ်မှုကို ခံစားလိုက်ရပြန်သည်။
ပိုင်မော့သည် ရှောင်းချောင်၏အမူအရာကို မြင်
သောအခါ အနည်းငယ်သဝန်တိုမိသည်။
ထိုစဥ် ဒိုင်လူကြီးက ရွှီဖန်းနှင့် ပိုင်မော့တို့ကို စတင်ရန် လက်ဝှေ့ယမ်းပြသည်။ ပိုင်မော့ကလည်း ခေါင်းညိတ်လာသည်။ သူ့မျက်လုံးများက ရှောင်းချောင်ကို စူးစိုက်ကြည့်လိုက်ပြီးမှ ရွှီဖန်းအား တည်ကြည်သောအမူအရာဖြင့် ကြည့်လာသည်။
ပွဲစလိုက်သော်လည်း ရွှီဖန်းသည် လက်ဝှေ့ထိုးအိတ်ကို ဝတ်လို့မပြီးသေးပေ။ ထိုအရာအတွက် ရွှီဖန်းကို အပြစ်တင်၍မရပေ။ သူ ဒီလိုပစ္စည်းမျိုးကို ဝတ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ဝတ်ရတာ မလွယ်ကူလှပေ။
"အာ..."
ရွှီဖန်း၏မထင်မှတ်ထားသော လုပ်ဆောင်ချက်ကြောင့် ရွှီဖန်းအနောက်မှ ပရိသတ်အားလုံးက သက်ပြင်းချကုန်ကြသည်။ သူတို့အများစုမှာ ပိုင်မော့ဘက်သို့ သွားကြည့်ကုန်ကြသည်။ သူတို့ ရွှီဖန်းအပေါ်၌ စိတ်ဝင်စားမှုမရှိတော့ပေ။ အောင်နိုင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းက ဆုံးဖြတ်ပြီးသားဖြစ်နေလေပြီ။
ရွှီဖန်းက ထိုပရိသတ်များကို ဂရုမစိုက်ပေ။ သို့သော်ငြား ပိုင်မော့ကတော့ လုံးဝစည်းကမ်းမဲ့လေသည်။ လက်ဝှေ့ထိုးပွဲတွင် စည်းကမ်းများထားရှိထားသော်လည်း ရွှီဖန်းခေါင်းငုံ့၍ လက်အိတ်ကို ဝတ်နေစဉ်၌ ပိုင်မော့က ရွှီဖန်းကို တိုက်ခိုက်လာသည်။
ပရိသတ်များသည် ထိုလုပ်ရပ်ကြောင့် ပိုင်မော့ကို အထင်သေးသွားကြပြီး သူတို့အားလုံး ရွှီဖန်းအစား ချွေးစို့သွားကြသည်။
ထူးဆန်းစွာပင် ရွှီဖန်းသည် ခေါင်းငုံ့၍လက်အိတ်
နှင့် အလုပ်ရှုပ်နေသော်လည်း ပိုင်မော့၏လက်သီးကို ရှောင်တိမ်းနိုင်ခဲ့သည်။
ပိုင်မော့သည် သူ့ခွန်အားအပြည့်အစုံကို အသုံးပြုခဲ့ခြင်းဖြစ်ရာ ရွှီဖန်း၏ ရှောင်တိမ်းမှုကြောင့် သူ ချက်ချင်း ဟန်ချက်ပျက်ပြီး ကြမ်းပြင်အား မျက်နှာနှင့်အပ်ကာ လဲကျသွားခဲ့တာကြောင့် ပရိသတ်အားလုံးကို ရယ်မောစေခဲ့သည်။
ပိုင်မော့သည် အလျင်အမြန်ထရပ်၍ လက်ဝှေ့ထိုးအိတ်နှင့် ဗျာများနေဆဲဖြစ်သည့် ရွှီဖန်းကို ကြည့်
လိုက်သည်။ သူ့မျက်လုံးထဲ၌ ဒေါသရိပ်တစ်ခု ဖြတ်ပြေးသွားပြီး နောက်ထပ် ပြင်းထန်သောလက်သီးတစ်ချက်ကို ထိုးချလိုက်သည်။
ရွှီဖန်းသည် သူ၏သိမ်မွေ့သောလှုပ်ရှားမှုဖြင့် ပိုင်မော့ကို ကျော်ဖြတ်ကာ လက်သီးကို ရှောင်တိမ်းလိုက်
ပြန်သည်။
ပိုင်မော့၏ အသက်ရှူသံမှာ ပြင်းထန်နေပြီး ချွေးများ တစ်စက်စက်ကျနေသည်။ သူ ရွှီဖန်းကို အကြိမ်
တစ်ရာကျော်ထိုးခဲ့သော်လည်း ရွှီဖန်း၏အဝတ်ကိုပင် မထိနိုင်ခဲ့ပေ။
ပရိသတ်အားလုံးလည်း ထိုမြင်ကွင်းကြောင့် တိတ်တဆိတ်ပင် အံ့အားသင့်သွားကြသည်။ ပိုင်မော့က မျောက်တစ်ကောင်လို တစ်ကိုယ်တည်း တိုက်
နေသည်ကို သူတို့ မြင်နေရသည်။ အစမှအဆုံး ရွှီဖန်းလှုပ်ရှားသောအကွာအဝေးမှာ တစ်မီတာပင် မရှိခဲ့ပေ။
"ရပြီ"
ထိုအချိန်၌ ရွှီဖန်းက ခေါင်းမော့လာပြီး သူ့လက်သီးများကိုလည်း လက်ဝှေ့ထိုးအိတ်ဖြင့် စည်းထားပြီးပြီဖြစ်သည်။ သူက ပိုင်မော့အား လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"လာခဲ့"
ရွှီဖန်း၏ ထိုကဲ့သို့ဆွပေးမှုကြောင့် ပိုင်မော့၏ နှလုံးသားထဲ၌ ဒေါသများ တောက်လောင်လာသည်။ သူ ဟိန်းဟောက်ရင်း ရွှီဖန်းဆီသို့ ထပ်မံ ပြေးဝင်
လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ ရွှီဖန်းဘက်မှ ရှောင်တိမ်းခြင်းမပြုတော့ပေ။ သူ ရိုးရှင်းသောလက်သီးတစ်ချက်ကိုသာ ထုတ်၍ ပိုင်မော့၏လက်သီးကို ထိလိုက်သည်။
"ဂျွတ်!"
ဟူသည့် အသံထွက်ပေါ်လာပြီးနောက် ပိုင်မော့သည်
ချက်ချင်းပင် သွေးပျက်ဖွယ်ရာ အော်ဟစ်တော့သည်။ သူ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့လက်သီးကို နာကျင်စွာဆုပ်ကိုင်ကာ လူးလှိမ့်နေတော့သည်။
ရွှီဖန်း သူ့နှုတ်ခမ်းကိုတွန့်ကာ ပိုင်မော့ကိုကြည့်၍ ခပ်တိုးတိုးပြောမိသည်။
"ငါ အားအများကြီးတောင် ထည့်စရာမလိုပါလား"
"ဝါး!!!!"
ပရိသတ်များသည် ချက်ချင်းပင် လက်ခုပ်သြဘာပေး၍ အားပေးသံများ ဆူညံသွားခဲ့သည်။ ထိုအားပေးသံများက ရွှီဖန်းအတွက် ဖြစ်သည်။ ရွှီဖန်းအနောက်မှာရှိနေသည့် ရှောင်းချောင်လည်း သူမ၏ပါးစပ်ကို ဖုံးအုပ်ကာ ပြုံး၍ ရွှီဖန်းကို လက်မထောင်ပြလိုက်သည်။
ရွှီဖန်းမှာတော့ ကူကယ်ရာမဲ့စွာ လက်နှစ်ဖက်ကို ဖြန့်ပြ
လိုက်သည်။ သို့သော်ငြား ရှောင်းချောင် ပျော်ရွှင်
နေတာကို မြင်တော့ ကျန်သည့်အရာများက အရေးမကြီးတော့ဘူးဟု သူ ခံစားလိုက်ရသည်။
တိုက်ပွဲရလဒ်များကို ကြေညာရန် လိုအပ်တော့ပေ။ သို့သော် အရင် လောင်းထားခဲ့သည့် လောင်းကြေးအတွက်ကတော့…
ရွှီဖန်း နောက်လှည့်၍ ပိုင်မော့ လောင်းခဲ့သော မိန်းကလေးကို ကြည့်လိုက်သည်။ ထိုအချိန်၌ မိန်းကလေးကလည်း ရွှီဖန်း၏ အကြည့်ကို ရှောင်တိမ်းခြင်းမရှိဘဲ ကိုးကွယ်လိုသောမျက်လုံးအကြည့်ဖြင့် ရွှီဖန်းကို ကြည့်နေသည်။
"အာ"
ရွှီဖန်းမှာ ကောင်မလေး၏မျက်လုံးအကြည့်ကြောင့် အံ့အားသင့်သွားရသည်။
သူမက သူနဲ့တစ်ညအိပ်ဖို့ စဉ်းစားနေတာများလား။
ထိုသို့တွေးရင်း ရွှီဖန်းသည် သူမအား သေချာ ဂရုတစိုက်ပင် လေ့လာလိုက်သည်။ ဖြူဖွေးသောအသားအရည်၊ အဖြူရောင် ဝတ်စုံနှင့် မီးခိုးရောင်သိုးမွှေးဘောင်းဘီ။
"ဖက်!"
ထိုအချိန် သူ့ခေါင်းထဲ၌ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရတာကြောင့် ရွှီဖန်း သူ့အကြည့်ကို ပြန်
ရုတ်သိမ်းလိုက်ရသည်။ ထို့နောက် ရှောင်းချောင်သည် သူ့အား မကျေမနပ်စိုက်ကြည့်နေသည်ကို သူတွေ့လိုက်သည်။
"ဘာကြည့်နေတာလဲ"
"မကြည့်ဘူး၊ မကြည့်ဘူး၊ ဘာမှမဟုတ်ပါဘူး"
ရွှီဖန်းသည် ချက်ချင်းလက်ခါယမ်းပြ၍ ငြင်းဆိုလိုက်သည်။ သို့သော် သူ့စိတ်ထဲ၌ သံသယစိတ်
တစ်ခု ပေါ်လာခဲ့သည်။ ရှောင်းချောင်က သဝန်တိုနေတာများလား။ ရွှီဖန်း တွေးလိုက်သော်လည်း မမေးရဲပေ။
လက်ရှိအခြေအနေက ရွှီဖန်းတို့ လိုချင်သောဘက်ကို ရောက်သွားခဲ့လေပြီ။ ရွှီဖန်းနှင့်ရှောင်းချောင်တို့ ဤဒုက္ခပေးသောနေရာမှ ထွက်ခွာရန် စီစဉ်နေတုန်းမှာပင် ကောင်မလေးက ပြေးလာပြီး ရွှီဖန်း၏လက်မောင်းကို ဆွဲလာသည်။ သူမက ရွှီဖန်းအား ဆွဲဆောင်မှုရှိသောအကြည့်များဖြင့် မျက်တောင်ခတ်ပြကာ ပြောလာသည်။
"ကိုယ်လူချော ညီမတို့ သူငယ်ချင်းလုပ်ကြရအောင်နော်"
သူမ၏ဖြူစင်သောမျက်နှာကို ရွှီဖန်း ကြည့်လိုက်
သည်။ သူငယ်ချင်းဖြစ်ရုံပဲမလို့ ရွှီဖန်းလည်း ဘာမှသိပ်တွေးမနေဘဲ သဘောတူချင်ခဲ့သည်။ သို့သော် ဘေးနားမှ သတ်ဖြတ်လိုသောအငွေ့အသက်က ရွှီဖန်းအား တုန်လှုပ်သွားစေခဲ့သည်။
ရှောင်းချောင်သည် ရွှီဖန်း၏လက်မောင်းကိုဆွဲ၍ ကောင်မလေးဆီကနေ ဆွဲခေါ်လိုက်သည်။ သူမသည် ကောင်မလေးအား ရန်လိုနေသောအကြည့်ဖြင့်
ကြည့်နေသည်မှာ သူမ၏ရည်းစားဖြစ်ကြောင်း သတိပေးလိုသည့်အလားပင်။
ရွှီဖန်းလည်း ထိုအခြေအနေကို မြင်တော့ ကောင်မလေးအား မချိပြုံး ပြုံးပြလိုက်ရသည်။ ကောင်မလေးက လုံးဝဂရုမစိုက်ဘဲ သူမ၏ဆက်
သွယ်ရမည့် အချက်အလက်များကို ရေးကာ ရွှီဖန်း၏အိတ်ထဲ ထိုးထည့်ပေးလာသည်။ သူမ လှည့်ထွက်သွားရင်း ရွှီဖန်းကိုလည်း မျက်ခုံးပင့်ပြခဲ့သေးသည်။
ရွှီဖန်းမှာတော့ ဤတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏သတ္တိရှိမှုကြောင့် အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှောင်းချောင်ကလည်း စားသောက်ဆိုင်ထဲကနေ ခြေဆောင့်၍ ထွက်သွားသည်။
ရွှီဖန်း သူမအနောက်ကို အမြန်လိုက်သွားလိုက်သည်။
ရှောင်းချောင်က ခေါင်းလှည့်၍ ရွှီဖန်း၏အကြည့်ကို ကြည့်လိုက်ရာ ပို၍ပင် ဒေါသထွက်သွားသည်။ သူမ လီဗာကိုတက်နင်းလိုက်တော့ ကားက ဆောင့်
ထွက်သွားလေသည်။
ရွှီဖန်း၏ထိုင်ခုံခါးပတ်က သူ့အား လဲမကျသွားအောင် ဆွဲထားနိုင်ခဲ့သော်လည်း သူမ၏ကားမောင်းကြမ်းမှုကြောင့် သူ့ခေါင်းမှာ ဟိုရောက်ဒီရောက်ဖြစ်ပြီး ခေါင်းမူးလာကာ အဆက်မပြတ်အော်ဟစ်ခဲ့ရသည်။
"ဖြည်းဖြည်း မောင်း! ရှေ့ကကားကို သတိထား!"
သို့သော် ရှောင်းချောင်ကတော့ ရွှီဖန်း၏အခြေအနေကို အလွန်ကျေနပ်နေပုံရသည်။ သူမက အရှိန်လျှော့မည့်အစား လီဗာကို ပိုနင်းလိုက်သည်။
မိနစ်နှစ်ဆယ်လောက် မောင်းရမည့်ခရီးအား သူတို့ ငါးမိနစ်အတွင်းမှာပင် အိမ်ပြန်ရောက်လာခဲ့ကြသည်။
ရှောင်းချောင်သည် သူမ၏အိတ်ကိုယူ၍ ခြံဝင်းထဲ ဝင်သွားသည်။ တံခါးက မပိတ်ထားတာမလို့ ရွှီဖန်းလည်း အသက်မှန်မှန်ရှူကာ လိုက်ဝင်သွားခဲ့သည်။
သူ တံခါးပိတ်ပြီးနောက်မှာ ဧည့်ခန်းထဲ၌ ရှောင်းချောင်၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။ ထိုအစား အပေါ်ထပ်မှ ရေသံတွေကိုသာ ကြားနေရသည်။
ရွှီဖန်းလည်း ဂရုမစိုက်တော့ပေ။ သူတို့ နေ့လယ်စာ မစားရသေးတာကြောင့် ဗိုက်ဆာနေလေပြီ။ မီးဖိုချောင်ထဲမှာလည်း ဘာစားစရာမှမရှိတာကြောင့် ရွှီဖန်းသည် အစားအသောက်မှာယူရန် ကတ်ပြားတစ်ခုခုကို ရှာ၍ ဖုန်းဆက်ကာ စားစရာတစ်ခုခုကို မှာခဲ့သည်။
ထို့နောက်မှာလည်း ရှောင်းချောင်၏ပုံရိပ်ကို သူ မတွေ့ရသေးပေ။ ရွှီဖန်းသည် စိတ်ရှုပ်ထွေးသောအမူအရာဖြင့် အပေါ်ထပ်တက်သွားလိုက်သည်။
သို့သော် သူမ၏အခန်းတံခါးဝသို့ လျှောက်သွားတုန်းမှာပင် ရွှီဖန်းသည် ရှောင်းချောင် တံခါးရှေ့တွင် ပစ်
ချထားခဲ့သော အဝါနုရောင်အင်္ကျီကို တွေ့လိုက်ရသည်။ ထို့အပြင် ရှောင်းချောင် ဒီနေ့ဝတ်သော တခြားအဝတ်အစားများလည်း ရှိနေသည်။
ရွှီဖန်း ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။
"ခုနက နေရာက လူအရမ်းများတယ်၊ ကျွန်မ အဲ့ဒီနေရာကို မကြိုက်ဘူး၊ တံခါးဝမှာ ရပ်မနေနဲ့လေ၊ ဘေးက ဗီရိုထဲမှာ ရေချိုးသဘက် ယူပေးပါဦး"
ရှောင်းချောင်ထံမှ ရုတ်တရက်ထွက်လာသောအသံက ရွှီဖန်းကို လန့်သွားစေခဲ့ပြီး သူ့အား အပြစ်ရှိသလို ခံစားရစေသည်။
သူ ချက်ချင်းပင် ရှောင်းချောင်အတွက် ရေချိုးသဘက်ကို သွားယူပေးလိုက်သည်။
"ဒီမှာ"
ရွှီဖန်းသည် သဘက်ကို ကမ်းပေးရင်း မသိစိတ်ကနေ မော့ကြည့်လိုက်မိသည်။ သို့သော် သူမက လက်ကိုသာ ဆန့်လာပြီး ရွှီဖန်း ဘာမှမမြင်ခဲ့ရပေ။
ထို့နောက် သူ ရှောင်းချောင်၏ ကုတင်ပေါ်မှာ လှဲချကာ သူမ ရေချိုးပြီးတာကို စောင့်နေရင်း သူမအခန်းထဲမှ သိမ်မွေ့သောရနံ့ကို ရှူရှိုက်နေခဲ့သည်။
မနေ့ညက ရှောင်းချောင်ဘက်မှ သူ့ကို လက်ထပ်
မည်ဟု ပြောခဲ့သောအချိန်ကို သူ တွေးနေတုန်းမှာပင် ရှောင်းချောင်သည် သဘက်တစ်ထည်ဖြင့် သူမကိုယ်လုံးလေးကို ပတ်ကာ ပခုံးဗလာဖြင့် ရွှီဖန်း၏အရှေ့မှာ ရပ်နေသည်ကို သူ သတိထားမိခဲ့သည်။
******************