← Chapters

ပေါက်ကွဲမှု

Vol. 22 Ch. 324

ပေါက်ကွဲမှု

Vol. 22 Ch. 324

ရှောင်းချောင်၏ ရေစိုနေသော ဆံပင်များကို ကြည့်

ရင်း ရွှီဖန်းတစ်ယောက် အတွေးများ ဗြောင်းဆန်သွားတော့သည်။

သို့သော် သိပ်မကြာခင်မှာပင် လက်တွေ့ဘဝက သူ့ကို သတိဝင်လာစေသည်။ ရှောင်းချောင်က ရွှီဖန်းကို အပြင်ထွက်ခိုင်း၍ အဝတ်အစားအသစ်ကို လဲခဲ့သည့်အခါ ရွှီဖန်း၏စိတ်ကူးယဉ်မှုများ ထပ်မံ ပျက်စီးသွားရပြန်သည်။

ထို့နောက် သူတို့နှစ်ယောက် ဧည့်ခန်းထဲမှာ ထိုင်၍ အပြင်စာများစားကာ ရုပ်ရှင်ကြည့်ကြသည်။ တစ်နေ့ခင်းလုံး ရုပ်ရှင်ကြည့်ပြီးနောက် ရှောင်းချောင်သည် တမင်တကာလား မတော်တဆလားမသိသော်လည်းသူမ၏ နူးညံ့သော ခန္ဓာကိုယ်အား ရွှီဖန်း ခံစားရအောင်လုပ်ခဲ့တာကြောင့် ရွှီဖန်းမှာ ရုပ်ရှင်ကြည့်နေစဥ်တစ်လျှောက်လုံး စိတ်ယောက်ယပ်ခတ်နေခဲ့ရသည်။

"ဒီနေ့ နေ့လည် ဘယ်သွားကြမလဲ"

ရုတ်တရက် ရှယန်ယွိကို ရွှီဖန်း သတိရသွားလေသည်။ သူ ရှယန်ယွိနှင့် အဆက်အသွယ်မလုပ်ရသည်မှာ သုံးရက်ရှိလေပြီ။ ပိုင်ယွီမှ ရှယန်ယွိအား ဖုန်းခေါ်ဆိုပြီး နောက်ပိုင်းကနေ ဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် သူ လက်ရှိအခြေအနေကိုလည်း ရှင်းပြလို့မရဖြစ်နေသည်။ ထိုကြောင့် ရွှီဖန်းသည် နေ့လည်ပိုင်းတွင် ဘာမှလုပ်စရာမရှိပါက ရှယန်ယွိဆီ သွားမည်ဟု တွေးထားသည်။

မထင်မှတ်ထားစွာ ရှောင်းချောင်သည် အချိန်အကြာကြီးစဉ်းစားပြီးနောက် နေ့လည်ပိုင်းမှာ ရွှီဖန်း၏မိဘများဆီ သွားတွေ့မည်ဟု ပြောလာသည်။

ရွှီဖန်းမှာ အချိန်အကြာကြီး ကြောင်အသွားကာ စိတ်ရှုပ်ထွေးစွာ မေးမိသည်။

"မိဘတွေအိမ်ကို ဘာသွားလုပ်မလို့လဲ"

ထိုစကားကိုကြားတော့ ရှောင်းချောင်သည် ချက်ချင်းပင် သနားစရာကောင်းသောအမူအရာကို ပြလာသည်။

"အဒေါ်နဲ့ဦးလေးကို သွားတွေ့ချင်ရုံပါပဲ၊ အခု ကျွန်မမှာ ရှောင်းမိသားစုဆိုတာမရှိတော့ဘူး၊ ကျွန်မပဲ ကျန်တော့တယ်၊ ကျွန်မ....."

"ကောင်းပြီ ကောင်းပြီ၊ သွားကြတာပေါ့"

ရွှီဖန်းသည် ရှောင်းချောင်ဘာလုပ်ရန် ကြံစည်နေမှန်း မသိသော်ငြား သူမ၏သနားစရာကောင်းသောပုံစံကိုတော့ မငြင်းဆန်နိုင်ခဲ့ပေ။

မကြာခင်မှာပင် ရွှီဖန်းသည် ရှောင်းချောင်၏ကားကို မောင်းပြီး စစ်ဘက်ဆိုင်ရာမိသားစုအိမ်ရာဝင်းထဲသို့ရောက်လာခဲ့သည်။ ရှောင်းချောင်ကလည်း လမ်းတစ်လျှောက်လုံး လက်ဆောင်အများကြီး ဝင်ဝယ်ခဲ့သည်။ သို့သော် ရွှီဖန်းသည် အိမ်တံခါးကို တွန်းဖွင့်

လိုက်သည့်အချိန် တုန်လှုပ်သွားရသည်။ ကံကြမ္မာက ရွှီဖန်းအား လွယ်လွယ်နှင့်လွတ်မြောက်စေချင်ပုံမရပေ။ ရှယန်ယွိနှင့် အမေရွှီတို့သည် ဧည့်ခန်းထဲ၌ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်။ တစ်ချိန်

တည်းမှာပင် အဖေရွှီကလည်း အခုမှ စားပြီးထားသည့် ထမင်းပန်းကန်များကို သိမ်းဆည်းနေသည်။

ရွှီဖန်း ဝင်လာတာကို မြင်တော့ ရှယန်ယွိ၏အမူအရာမှာ အနည်းငယ် မူမမှန်ဖြစ်သွားရပြီး အမေရွှီကတော့ ရွှီဖန်းကို အထဲဝင်ရန်ခေါ်လေသည်။

ရှယန်ယွိ ဘာကြောင့် ဒီမှာ ရှိနေရတာလဲဆိုတာကို ရွှီဖန်း နားမလည်သေးခင်မှာပင် ရှောင်းချောင်သည် ခုနက ဝယ်ခဲ့သော လက်ဆောင်အများကြီးဖြင့် ဝင်ချသွားခဲ့သည်။ ရွှီဖန်းလည်း ထိုအရာကိုမြင်သည့်အခါ အထဲဝင်သွားလိုက်ရသည်။

အမေရွှီသည် ရွှီဖန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်

လိုက်သော်လည်း သိပ်တော့ဂရုမစိုက်ခဲ့ပေ။ အမေရွှီ၏အမူအရာက ရှယန်ယွိ၏အမူအရာနှင့် မတူညီပေ။ အမေရွှီက ရှောင်းချောင်ကို စိတ်ဝင်တစား ကြည့်နေချိန်မှာ ရှယန်ယွိကတော့ ရှောင်းချောင်ကို သတိအနေအထားဖြင့်ကြည့်နေသည်။

"အန်တီ သမီးက ရွှီဖန်းရဲ့သူငယ်ချင်းပါ၊ အန်တီတို့ကို လာတွေ့တာပါ၊ သူက ရွှီဖန်းရဲ့ ညီမလေးလား၊ ရွှီဖန်းက သူ့အကြောင်းကို တစ်ခါမှ မပြောခဲ့ဖူးဘူး"

သို့သော်လည်း လက်ရှိအချိန်၌ ရှောင်းချောင်၏စကားများက ပတ်ဝန်းကျင်လေထုအား အထွတ်အထိပ် ရောက်သွားစေခဲ့သည်။ ရှောင်းချောင်သည် ရှယန်ယွိက ဘယ်သူလဲဆိုတာကို သဘာဝကျစွာ သိလေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ့စကားကို ကြားသောအခါ ရှယန်ယွိ၏အမူအရာက အေးစက်သွားခဲ့ပြီး ဒေါသထွက်တော့မလို ဖြစ်သွားလေသည်။ ရွှီဖန်း၏မိခင်က ဒါကိုမြင်သည့်အခါ လက်ဝှေ့ယမ်း၍ ပြောလာသည်။

"ဘယ်က ညီမဖြစ်ရမှာလဲ...သူက အန်တီ့ချွေးမပါ သူတို့က အိမ်ထောင်မပြုရသေးတော့ သမီးက မသိလောက်ဘူး၊ ဒါနဲ့ သမီးက ရွှီဖန်းရဲ့လုပ်ဖော်ကိုင်ဖက်

လား"

ရှယန်ယွိ၏မျက်နှာမှာ ချက်ချင်း နီရဲသွားသော်လည်းသူမ၏နှလုံးသားကတော့ အလွန်နွေးထွေးသွားခဲ့သည်။ သူမ၏အနာဂတ်ယောက္ခမက ရှေ့ထွက်လာပြီး သူမကိုကာကွယ်ပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သို့သော်ငြား ရှောင်းချောင်၏ပင်ကိုစရိုက်ကလည်း အားနည်းမှုမရှိပေ။ သူမ တံခါးဝကနေ ဝင်လာပြီး ရှယန်ယွိကို မြင်ပြီးကတည်းက ရှောင်းချောင်သည် စိတ်

ထဲ၌ တစ်စုံတစ်ရာကို ဆုံးဖြတ်ထားပြီးသားဖြစ်၏။

အမေရွှီ၏စကားကို ကြားသောအခါ သူမသည် "ဘာ!" ဟူ၍ အံ့ဩဟန်ဆောင်ကာ အကျယ်ကြီးအော်လိုက်

သည်။

ရှောင်းချောင်၏အော်သံကို ကြားတော့ ရွှီဖန်း ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ "မကောင်းတော့ဘူး"ဟု သူ တွေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ...ပြဿနာရှိလို့လား"

ရွှီဖန်း၏မိခင်သည် ရှောင်းချောင်အား စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လာသည်။

"မိန်းကလေးက ဘာလို့ ဒီလောက်တောင် ထိတ်လန့်သွားရတာလဲ"

ရှောင်းချောင်သည် မိခင်ရွှီ၏မေးခွန်းအား ဖြူဖျော့သောအပြုံးဖြင့် ပြုံးပြလိုက်သည်။ သူမ ရုတ်တရက်ပင် ရှယန်ယွိအား စစ်ဆေးလိုသော

အမူအရာဖြင့် ကြည့်ကာ...

"အန်တီ ရွှီဖန်းက ဘယ်သူ့ကို လက်ထပ်မလဲဆိုတာက ပြောဖို့ စောပါသေးတယ်"

အမေရွှီမှာ ခဏတာမျှ ကြောင်အသွားလေသည်။ ထိုအချိန်၌ ရှယန်ယွိကတော့ ဒေါသထွက်နေပြီဖြစ်သည်။ သူမ ရွှီဖန်းနှင့်ရှောင်းချောင်အား စဉ်းစားဟန်

အမူအရာဖြင့် ကြည့်ကာ...

"ရှင် ဒီသုံးရက်လုံး ပျောက်နေတာ သူနဲ့အတူရှိနေခဲ့တာလား၊ ဒါဆို ကျွန်မကို ဖုန်းခေါ်ပြီး ဆဲဆိုခဲ့တဲ့သူက သူလား"

နောက်ဆုံးမှာ ရှယန်ယွိသည် သူမအား စိတ်ရှုပ်စေသည့် မေးခွန်းကို မေးလိုက်မိသည်။

"မဟုတ်ဘူး…"

"ရှင် ရှင်းပြစရာမလိုတော့ဘူး၊ ယန်ပင်းက ကျွန်မကို ပြောခဲ့ပြီးသား၊ ရှင် ရှောင်းချောင်ကို သွားရှာတယ်လို့ သူပြောတယ်"

ရွှီဖန်းမှ ပါးစပ်ဖွင့်လိုက်ရုံရှိသေး၊ ရှယန်ယွိက သူ့ကို ဖြတ်ပြောလာသည်။

"မဟုတ်ဘူး အနည်းဆုံး ပြောတာကို နားထောင်ပေးဦး၊ ရှောင်းချောင် ပြဿနာရှာနေတာ ရပ်ပါတော့"

ရွှီဖန်းလည်း ဖြတ်ပြောလိုက်သည်။ သူ့မျက်လုံးထဲ၌ မစိတ်မချမ်းသာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ သူ့လေသံထဲတွင်လည်း ဒေါသအနည်းငယ်

ပါသွားခဲ့သည်။

"ကျွန်မ နားမထောင်ဘူး"

သို့သော်လည်း ရွှီဖန်း၏လေသံက ရှယန်ယွိကို စိတ်

ထိခိုက်စေခဲ့သည်။ သူမ၏လှပသောမျက်လုံးများမှာ မျက်ရည်များဝဲတက်လာပြီး ပါးစပ်ကိုအုပ်ကာ ရွှီဖန်း၏ ဘေးကနေ ပြေးထွက်သွားတော့သည်။

ရွှီဖန်း၏ ရင်ထဲ ချက်ချင်းပင် တင်းကြပ်သွားသည်။ သူ တားရန် လက်လှမ်းလိုက်သော်လည်း ရှယန်ယွိက

မြင်ပြီး ချက်ချင်းပင် သူမလက်ဝါးဖြင့် ရွှီဖန်းကို ရိုက်ချလာသည်။ သူ ဒါကို မမျှော်လင့်ထားသည့်အတွက် သတိလွတ်သွားကာ သူမသည် ရွှီဖန်းကို ဂရုမစိုက်တော့ဘဲ အခန်းထဲကနေ ပြေးထွက်သွားသည်။

ရွှီဖန်းသည် နောက်ဆုံးမှာတော့ အသိပြန်ဝင်လာခဲ့ပြီး ရှောင်းချောင်အား စိုက်ကြည့်လိုက်မိသည်။

သို့သော် ရှောင်းချောင်ကတော့ ဂရုမစိုက်ပေ။ ဤအရာမှာ ရှောင်းချောင်၏လုပ်ပုံကိုင်ပုံဖြစ်ပြီး သူမသည် လိုချင်သည့်အရာကို ရအောင်လုပ်ယူတတ်သောသူဖြစ်သည်။

ရွှီဖန်း အခန်းထဲမှ ထွက်လာပြီး ချက်ချင်းပင် ရှယန်ယွိ၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ တဖက်လူက ရွှီဖန်း၏ဖုန်းခေါ်ဆိုမှုကို လက်ခံခဲ့သော်လည်း သူမ၏အသံမှာ အနည်းငယ် အေးစက်နေလေသည်။

"ဘာလဲ"

"ရှောင်းချောင်က ဘယ်သူလဲဆိုတာကို မင်း မသိလို့လား၊ ဘာလို့ ကိုယ့်ကို ရှင်းပြခွင့်မပေးတာလဲ"

ရွှီဖန်းသည် ဘာမှထပ်မမေးနေဘဲ တဲ့တိုးသာ ပြောလိုက်သည်။

"ရှင်းပြ"

"မင်းကို ပြောပြမယ်၊ အဲ့ဒီကိစ္စက..."

ရွှီဖန်း ရှင်းပြတော့မည့်အချိန် တစ်ဖက်က ဖုန်းချသွားပြီဖြစ်သည်။

ဖုန်းချခံလိုက်ရသည့် ရွှီဖန်းသည် ထိုနေရာမှာတင် ကြောင်အစွာ ရပ်နေခဲ့သည်။ သူ နှုတ်ခမ်းကိုတွန့်ကာ စကားပင် မပြောနိုင်တော့ချေ။

"ငါ ဒီနေ့ ပြက္ခဒိန် မကြည့်ခဲ့ဘူးပဲ"

ထိုအချိန် ရှောင်းချောင်ကလည်း ထွက်လာသည်။ ရွှီဖန်းသည် ရှောင်းချောင်အား မကျေမနပ်မျက်လုံးများဖြင့် ကြည့်ကာ...

"ဘယ်လိုလုပ်လိုက်တာလဲ"

သို့သော် သူ ထိုသို့ပြောလိုက်သည်နှင့် ရှောင်းချောင်က ဒေါသထွက်နေသောပုံဖြင့် ရွှီဖန်းကိုကြည့်ကာ...

"ရှင် ဘာကို ဆိုလိုတာလဲ၊ ကျွန်မက ရှင့်ကို လိုချင်ခဲ့ရုံပဲ၊ ကျွန်မ မှားလို့လား၊ သူမငိုတာက သနားစရာကောင်းနေတယ်ပေါ့"

ရှောင်းချောင်သည် ထိုသို့ပြောကာ သူ့ကို လှည့်မကြည့်တော့ဘဲ ကားထဲဝင်သွားသည်။

ရွှီဖန်းကတော့ တစ်ယောက်တည်းကျန်ရစ်ခဲ့လေသည်။ လက်ရှိအချိန်၌ ရွှီဖန်းက တကယ်ကို လူမဆန်သည့် ယောကျ်ားတစ်ယောက်လို ဖြစ်နေသည်။ သူ စိုးရိမ်ခဲ့သမျှအကုန်လုံး ပေါက်ကွဲသွားလေပြီ။ သို့သော် ရွှီဖန်း မမျှော်လင့်ထားခဲ့သည်မှာ ရှယန်ယွိနှင့် ရှောင်းချောင်ကြား ပေါက်ကွဲသွားခြင်းဖြစ်သည်။

ရွှီဖန်း ပတ်ပတ်လည်ကို ကြည့်ပြီးနောက် ရှောင်းချောင် ထွက်သွားသည့်ဘက်ကို ကြည့်လိုက်သည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူ တက္ကစီတစ်စီးကို ငှားကာ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသို့ သွားလိုက်သည်။

ကုမ္ပဏီသို့ရောက်သည်နှင့် ရွှီဖန််သည် ပိုင်ပင်း၏ သတ်ဖြတ်လိုသော အကြည့်ကို မြင်ခဲ့ရသည်။ သို့သော် သူ ဂရုမစိုက်ပေ။ မနေ့ညက သူ ကောင်းကောင်း အိပ်မပျော်ခဲ့တာကြောင့် ရွှီဖန်းသည် သူ့ရုံးခန်းထဲမှာပင် အိပ်ပျော်သွားခဲ့သည်။

ရွှီဖန်း နိုးလာသည့်အခါ ဘေးနားတွင် ဒေါက်ဖိနပ်သံကို ကြားလိုက်ရသည်။ ထိုအခါမှသာ ရွှီဖန်း သတိထားမိသည်။ သူ ထရပ်၍ ပိုင်ပင်းကို ကြည့်လိုက်သည်။

"ဘာလုပ်နေတာလဲ"

"ရှင့်ကို လာနိုးတာ၊ ညရှစ်နာရီတောင် ရှိနေပြီ၊ ရှင် အလုပ်မဆင်းရင်တောင် ကျွန်မ အလုပ်ဆင်းရဦးမယ်"

ပိုင်ပင်းသည် ရွှီဖန်းအား အေးစက်သောအမူအရာဖြင့် ကြည့်နေသည်။

"ဘာ! ရှစ်နာရီလား"

ရွှီဖန်း တစ်နေကုန် အိပ်ပျော်သွားခဲ့ခြင်းပင်။ ပိုင်

ပင်း၏စကားကို ကြားသည်နှင့် ရွှီဖန်းသည် ချက်ချင်းပင် သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ့မိခင်၊ ရှောင်းချောင်၊ ရှယန်ယွိနှင့် ယန်ပင်းတို့ဆီမှာ ဖုန်းခေါ်ဆိုမှုများရှိနေပြီး နံပါတ်စိမ်းများပါ ရှိနေသည်။

ဒါကို မြင်တော့ ရွှီဖန်း ခေါင်းကိုက်သွားသည်။ သူ ရှောင်းချောင်ကို အရင် ဖုန်းခေါ်လိုက်သည်။

"ဖုန်းခေါ်ခဲ့တာလား ဘာဖြစ်လို့လဲ၊ တစ်နေကုန်

အိပ်ပျော်သွားလို့ ဘာမှမကြားလိုက်ဘူး"

ရွှီဖန်း မေးလိုက်သည်။

သို့သော်လည်း ရွှီဖန်း၏စကားဆုံးသည်နှင့် ရှောင်းချောင်သည် နူးညံ့သိမ်မွေ့ဟန်ဆောင်၍...

"ဘာမှမဟုတ်ပါဘူး အဆင်ပြေပါတယ်၊ မြန်မြန်

ပြန်လာခဲ့၊ ရှင့်အတွက် ကျွန်မ ကြီးမားတဲ့ညစာစားပွဲ ပြင်ဆင်ထားတယ်"

သူမ ဘယ်လိုတောင် သူမကိုယ်သူမ ရွှီဖန်း၏ရည်းစားလို ဟန်ဆောင်ပြီး ဒီလိုလုပ်နေနိုင်ရတာလဲ။ ရိုးရိုးသားသားပြောရလျှင် ရွှီဖန်းသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ဒေါသထွက်သွားသည်။ သူ စိတ်အခြေအနေမကောင်းသော လေသံဖြင့်...

"ရှောင်းချောင် တစ်ကယ်ပဲ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ရှောင်းချောင်သည် ရွှီဖန်း၏စကားကို ကြားသောအခါ သူမ၏မျက်နှာအမူအရာက ပို၍တည်ငြိမ်လာသည်။ သူမ ပေါ့ပေါ့ပါးပါးဖြင့်...

"ကျွန်မ ဘာမှမလုပ်ပါဘူး၊ ဒီအတိုင်း နည်းနည်းကြောက်နေလို့ပါ၊ လာတာ မလာတာက ရှင်ရဲ့သဘောပါပဲ"

ရှောင်းချောင်သည် စကားဆုံးသည်နှင့် ဖုန်းချပစ်လိုက်သည်။ သူမ အနည်းငယ်တော့ အထီးကျန်

သလို ခံစားခဲ့ရသည်။ တကယ်တော့ သူမထံ၌ ထိုကဲ့သို့ စကားမျိုးပြောရန် အခွင့်အရေးမရှိဘူးဆိုတာကို ကောင်းကောင်း သိပေသည်။ သူမနှင့် ရွှီဖန်းကြား၌ တရားဝင်ဖွင့်ပြောထားတာ ဘာညာမရှိပေ။ သူတို့နှစ်ယောက်ကြား ဘာမှ မဖြစ်ထားပေ။

ရှောင်းချောင် ဖုန်းချသွားပြီးနောက် ရွှီဖန်းသည် ချက်ချင်းပင် သူ့မိခင်၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"အမေ ဖုန်းခေါ်ထားလို့ပါ၊ ဒီနေ့ အလုပ်က နည်းနည်းရှုပ်နေလို့ ခဏလောက် အိပ်လိုက်တာ"

သို့သော် ရွှီဖန်း မထင်မှတ်ထားသည်မှာ အမေရွှီသည် ဒေါသသံဖြင့် ချက်ချင်း ဆူလာခြင်းဖြစ်သည်။

"လူကောင်းတစ်ယောက်လို မလုပ်နေနဲ့၊ ငါ ပြောမယ်၊ ဒီည ရှောင်ယွိကို အိမ်ခေါ်ထားတယ်၊ အတူတူ စားကြမှာမလို့ မြန်မြန်ပြန်လာခဲ့"

ထိုစကားကိုကြားတော့ ရွှီဖန်းသည် အနည်းငယ် ချီတုံချတုံ ဖြစ်သွားရသည်။ ရှောင်းချောင်၏စရိုက်ကလည်း ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ခြေ ရှိနေသည်။

"အမေ ဒီနေ့ ကုမ္ပဏီမှာ အရေးကြီးကိစ္စတစ်ခု လုပ်

စရာရှိတယ်"

သို့သော် ရွှီဖန်း၏ စကားမဆုံးခင်မှာပင် သူ့မိခင်က ဖြတ်ပြောလာသည်။

"ငါ့ကိုတောင် လိမ်တတ်လာပြီပေါ့ ဟုတ်လား၊ ဒီနေ့ အိမ်ပြန်မလာရင် နောက်ကျရင် ငါ့သားအဖြစ် အသိအမှတ်ပြုတော့မှာ မဟုတ်ဘူးနော်"

ဒါကို ကြားတော့ ရွှီဖန်းသည် လုံးဝမတွန့်ဆုတ်နေတော့ဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။

"ပြန်လာပြီ အခုပဲ ပြန်လာခဲ့မယ်! အမေ ပြောတာကြီးကလည်းဗျာ"

ထို့နောက် ရွှီဖန်း ဖုန်းချလိုက်ရာ ပိုင်ပင်း၏ မထီမဲ့မြင်ပြုသော အမူအရာကို မြင်လိုက်ရသည်။

"မင်းတို့ ဘာဖြစ်နေကြတာလဲ...ဘာလို့ ငါ့ကို ဒီလိုကြည့်နေကြတာလဲ"

"ဟွန့်!"

သူမ တစ်ဖက်ကိုလှည့်ကာ ဘာမှ မပြောဘဲ ထွက်လာခဲ့သည်။

"အဲ့ဒါက ဘာဖြစ်နေတာလဲ၊ ငါ ဒီလိုအပြုအမူတွေ လုံးဝမကြိုက်ဘူး"

ရွှီဖန်းသည် အစကတည်းက စိတ်မပျော်နေပေ။ပိုင်

ပင်း၏ အကြည့်က ရွှီဖန်းအား ပို၍ စိတ်တိုစေခဲ့တာကြောင့် သူ ထိုသို့ တီးတိုးရေရွတ်လိုက်မိသည်။

သို့သော်လည်း ပိုင်ပင်းက တံခါးကို ပိတ်ကာ ထွက်သွားလေပြီ။

အောက်ထပ်ကိုဆင်းပြီးနောက် ရွှီဖန်း ကားမောင်း၍ အိမ်ကို ချက်ချင်း ပြန်လာခဲ့သည်။

ရွှီဖန်း တံခါးဖွင့်လိုက်တော့ ဧည့်ခန်းထဲ၌ ရှယန်ယွိ ရပ်နေတာကို မြင်လိုက်ရသည်။ ထို့နောက် သူ့မိခင်၏အသံကိုလည်း အတွင်းကနေ ကြားလိုက်ရသည်။

"ပြန်လာပြီလား တံခါးမှာ ဘာရပ်လုပ်နေတာလဲ"

ထိုစကားကိုကြားတော့ ရွှီဖန်းလည်း ဖိနပ်လဲကာ အထဲကို ဝင်သွားလိုက်သည်။ ဒီနေ့မှာ ရွှီဖန်းသည် သူ၏ပြစ်မှုများကို တာဝန်ယူရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့အပြင် သူ့ကိုယ်သူအတွက် ရှင်းပြရန်လည်း ပြင်ဆင်ပြီးသား ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ ဝင်သွားသည့်အခါ ရှယန်ယွိသည် ငိုထားပုံရပြီး ရွှီဖန်းအပေါ်၌ သူမ၏အကြည့်များက အေးစက်မှုနှင့် မကျေနပ်မှုများပါဝင်နေတာကို တွေ့လိုက်ရသည်။

ဒါကို မြင်တော့ သူ ချက်ချင်းပင် သူမအား အားနာသည့်အပြုံးကို ပြုံးပြရင်း...

"မင်း ထင်နေသလို မဟုတ်ပါဘူး"

"ကျွန်မက ဘာကို ထင်နေတာလဲ...ရှင်က ဖြေတောင်မဖြေရှင်းရသေးဘဲ ဝန်ခံနေပြီမလား...ရှင့်ကို ကျွန်မ ဘာမှမပြောချင်တော့ဘူး"

အမျိုးသမီးများ ဒေါသထွက်သည့်အခါ အခြေခံအားဖြင့်တော့ သူမအတိုင်းပင်။ လက်ရှိအချိန်၌ ရှယန်ယွိ၏အမူအရာသည် ရှောင်းချောင်နှင့် မကွာခြားပေ။

ဒါကို ကြားတော့ ရွှီဖန်း ချက်ချင်း ပြောလိုက်သည်။

"အလျင်မလိုပါနဲ့၊ ကိုယ် ရှင်းပြပါ့မယ်"

*****************

All Chapters