← Chapters

အမျိုးသမီးများကြားကတိုက်ပွဲ

Vol. 22 Ch. 325

အမျိုးသမီးများကြားကတိုက်ပွဲ

Vol. 22 Ch. 325

ရွှီဖန်း၏စကားကို အမေရွှီလည်း ကြားတာကြောင့် သူမ၏မျက်နှာအမူအရာမှာ ပြေလျော့သွားခဲ့သည်။ သူမ ရှယန်ယွိ၏လက်ကို ပုတ်ကာ...

"ကြည့်...စိတ်မပူနဲ့လို့ အန်တီ ပြောသားပဲ၊ သူ ရောက်လာပြီဆိုမှတော့ အကုန်ရှင်းပြတာကို အရင်စောင့်လိုက်ပါ၊ နားလည်မှုလွဲတာ ဖြစ်မှာပါ"

ရွှီဖန်းသည် သူ့မိခင်အား ကျေးဇူးတင်သောအကြည့်

ဖြင့် ကြည့်လိုက်သည်။ ရှယန်ယွိလည်း သူ့မိခင်၏စကားကို ကြားသောအခါ စိတ်ပြေလျော့သွားခဲ့သည်။ သူမ ရွှီဖန်းကို ကြည့်၍...

"ဟုတ်ပြီ ပြောကြည့်၊ ရှင် ရှင်းပြတာနားထောင်ဖို့ပဲ ကျွန်မ ရောက်လာခဲ့တာ"

ရွှီဖန်းလည်း ဤအခွင့်အရေးကို မဖြုန်းတီးသင့်မှန်း သိလိုက်တာကြောင့် သူ ခပ်ဖွဖွ ချောင်းဆိုးကာ စရှင်းပြခဲ့သည်။

"အခြေအနေက အဲ့ဒီလိုပဲ၊ အဲ့ဒီနေ့က ဘယ်သူ ဖုန်းခေါ်ခဲ့တာလဲဆိုတာကို ကိုယ် မသိဘူး၊ ပြီးတော့ ရှောင်းချောင်က လွန်ခဲ့တဲ့နှစ်ရက်လောက်မှ နိုးလာတာ၊ အဲ့ဒီမတိုင်ခင်က ကိုယ် မင်းရဲ့ကုမ္ပဏီကို သွားခဲ့သေးတယ်၊ မင်းက ကိုယ့်ကို အတွေ့မခံဘူး၊ ပြီးတော့ ရှောင်းချောင်က နိုးလာပြီး ပျောက်သွားတယ်ဆိုပြီး ယန်ပင်းပြောလာတော့ ကိုယ်လည်း စိုးရိမ်တကြီးနဲ့ သွားရှာခဲ့တာ၊ ကိုယ် သူ့ကို ရှာတွေ့တော့ သူ့စိတ်အခြေအနေက အရမ်းဆိုးနေတာကို တွေ့ခဲ့ရတယ်၊ အဲ့ဒါကြောင့် ကိုယ် သူ့နဲ့နှစ်ရက်လောက် နေပေးခဲ့တာ၊ ပြီးတော့ ကိုယ်တို့ ဘာမှ မဖြစ်ခဲ့ဘူးဆိုတာ ကတိပေးနိုင်တယ်"

ရွှီဖန်း၏ရှင်းပြချက်က စိတ်ခံစားချက်အပြည့်အဝပါဝင်နေသည်။ တကယ့်အခြေအနေနှင့် အနည်းငယ်တော့ ကွာခြားသော်လည်း ရွှီဖန်း လုံးဝ လိမ်နေခြင်းတော့မဟုတ်ပေ။

ရွှီဖန်း၏စကားကို ကြားသော်လည်း ရှယန်ယွိသည် အနည်းငယ်တော့ သံသယရှိနေတုန်းပင်။

"ဒါဆို ပြီးခဲ့တဲ့ နှစ်ရက်လုံး ဘာလုပ်နေကြတာလဲ"

ဒါကို ကြားတော့ ရွှီဖန်း ချက်ချင်းရှင်းပြလိုက်သည်။

"ဘာမှမလုပ်ပါဘူး၊ သူနဲ့ပဲ နေပေးပြီး စိတ်ဖြေပေးနေခဲ့တာ၊ ပြီးတော့ သူက ကိုယ့်အိမ်ကို လည်ဖို့ အတင်းတောင်းဆိုတာမလို့ ကိုယ်လည်း သူ့ကို ခေါ်လာခဲ့တာ၊ မင်းသိပါတယ် သူက ကျန်းမာရေးမကောင်းသေးဘူး၊ ဒါကြောင့် ကိုယ့် သူ့ကို နည်းနည်းစိတ်ပူနေတာ"

ရှယန်ယွိသည် ရွှီဖန်းအား ထပ်ပြီး သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ရှင်တို့ အရင်ကရော အဲ့ဒါ လုပ်ဖူးလား"

ထိုစကားက ရွှီဖန်းအား ခဏတာမျှ တုံ့ပြန်နိုင်စွမ်းမဲ့စေခဲ့သည်။

"အဲ့ဒါက ဘာလဲ"

"အယ်.....အဲ့ဒါလေ"

ရှယန်ယွိ၏မျက်နှာက ချက်ချင်း နီရဲသွားပြီး လည်ပင်းထိတိုင်အောင် နီရဲသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ရွှီဖန်၏မိခင်က ဘေးနားကနေ နားထောင်နေသေး၏။

ရွှီဖန်းလည်း ချက်ချင်းတုံ့ပြန်လိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

"မလုပ်ဘူး တစ်ခါမှ မလုပ်ဖူးဘူး!"

"တကယ်လား"

ရှယန်ယွိသည် ရွှီဖန်း၏စကားကို ဆက်ပြီးမယုံနိုင်သေးပေ။

"တကယ်! ကတိပေးတယ်"

ရွှီဖန်းသည် ရှယန်ယွိအား ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ရွှီဖန်း၏ရှင်းပြချက်ကြောင့် ရှယန်ယွိသည် ရွှီဖန်းကို ခွင့်လွှတ်ခဲ့သော်လည်း သူမ၏စိတ်ထဲ၌ တစ်ခုခုကျန်နေသေးသည်။ ၎င်းက ရှောင်းချောင်နှင့် အများဆုံးဆက်စပ်နေသည်ကို ရွှီဖန်း သတိထားမိဆဲပင်။

ညနေပိုင်းမှာ ရှောင်းချောင်က ဖုန်းထပ်ခေါ်လာသည်။ ရွှီဖန်းသည် အောက်ထပ်မှာ ပစ္စည်းသွားဝယ်ချင်

ယောင်ဆောင်၍ ဖုန်းကိုင်လိုက်သည်။

ဆက်သွယ်မှုချိတ်ဆက်သွားသည်နှင့် ရှောင်းချောင်၏ ဒေါသတကြီးအသံကို ကြားလိုက်ရသည်။

"ဒီည ပြန်လာမှာလား မလာဘူးလား"

"ဒီညတော့ တကယ်ပြန်မလာနိုင်ဘူး၊ အမေ့အိမ်မှာရှိနေတာ ငါ ဘယ်လိုလုပ် ထွက်လာလို့ရမလဲ"

ရွှီဖန်းသည် ကူကယ်ရာမဲ့သောအမူအရာဖြင့် ပြောလိုက်သော်လည်း ရှောင်းချောင်ကိုတော့ သေချာရှင်းပြလိုက်ဆဲပင်။

"ရှင်!"

ရှောင်းချောင်သည် ရွှီဖန်းကြောင့် အကြာကြီး ဆွံ့အသွားခဲ့ပြီး သူ့ကို ဆူပူကာ ဖုန်းချသွားသည်။

ထိုအချိန်မှာ လေပြင်းတစ်ချက်တိုက်လိုက်တာကြောင့် အောက်ထပ်မှာရပ်နေသော ရွှီဖန်းလည်း ခေါင်းတော်တော် ရှင်းသွားသည်။ ရွှီဖန်းသည် ရှောင်းချောင် ရစ်နေတာကို သိသော်လည်း သူ့အပေါ်ထားသည့် သူမ၏သဘောထားကြောင့် တကယ်တော့ ပျော်မိ၏။

အချိုရည်တစ်ဘူးကိုဝယ်၍ ရွှီဖန်း အပေါ်ထပ်ကို အမြန် ပြန်တက်သွားလိုက်သည်။ သူ ရှယန်ယွိ၏ စစ်ဆေးမေးမြန်းမှုကိုလည်း ခံခဲ့ရသည်။

ရွှီဖန်းကတော့ ပြုံးပြရုံသာတတ်နိုင်လေသည်။ ရွှီဖန်းသည် သူ့ရန်သူများအပေါ် ရက်စက်သည်ဟု ပြောလို့ရသော်လည်း သူပိုင်သည့် အမျိုးသမီးအပေါ်မှာတော့ လုံးဝကို ချစ်ခင်ကြင်နာပေသည်။

ညနေပိုင်းမှာ ရှယန်ယွိသည် ပထမဆုံးအကြိမ်အဖြစ် ရွှီမိသားစု၌ တည်းခိုခဲ့လေသည်။ သို့သော် အိပ်ရာမဝင်ခင်မှာ ရှယန်ယွိသည် မနက်ဖြန် သူမ ရှောင်းချောင်ကို သွားရှာရန် စီစဉ်ထားကြောင်း ရွှီဖန်းကို ပြောပြလာခဲ့သည်။ သူမ ရွှီဖန်းအား တစ်ညလုံး အိပ်မပျော်အောင် ဆွနိုင်ခဲ့လေသည်။ တကယ်တော့ ရွှီဖန်းစိုးရိမ်စရာတော့မလိုခဲ့ပေ။ ဘာပဲပြောပြော သူတို့ အမှားမလုပ်ထားကြပေ။ ရှယန်ယွိကတော့ တကယ်ကို စိုးရိမ်နေခြင်းပင်။

သို့သော် သူမ ဘာကြောင့် ရှောင်းချောင်ကို တွေ့မှာလဲဆိုတာ ရွှီဖန်းကိုမပြောပြခဲ့သလို လိုက်ခွင့်လည်းမပြုခဲ့ပေ။ စောင်ကိုတောင် နှစ်ထည်ခွဲပြီး ရွှီဖန်းအား တစ်လလုံးသူမကို မထိရန် အမိန့်ပေးခဲ့သေးသည်။

ရွှီဖန်းသည် ကြယ်များလင်းလက်နေသည့် ကောင်းကင်ကို ကြည့်ရင်း သူ့အတွက် ကောင်းမွန်သောနေ့ရက်များမှာ ကုန်ဆုံးတော့မည်ဟု ခံစားလိုက်ရသည်။

နောက်တစ်နေ့ မနက်စောစောမှာတော့ ရှောင်ပိုင်ဆီကနေ ဖုန်းဝင်လာပြီး ရွှီဖန်း တက်ရောက်ရမည့် အရမ်းအရေးကြီးသော ပွဲတစ်ခု ရှိကြောင့် အသိပေးလာသည်။

ရှောင်ပိုင်က ခေါ်လာမှတော့ ဒါဟာ အလွန်အလေးအနက်ထားရမည့်ကိစ္စဖြစ်နိုင်သည်။ ရွှီဖန်းလည်း သိပ်မမေးတော့ဘဲ ချက်ချင်းပင် ကုမ္ပဏီကို သွားလိုက်သည်။

တခြားတစ်ဖက်မှာ ရှယန်ယွိသည် ရွှီဖန်း ထွက်သွားမှာကို စောင့်နေသလိုမျိုး အိပ်ရာကနေ ထလိုက်သည်။ သို့သော် ထိုအခြေအနေကို ရွှီဖန်း မသိပေ။

ရှယန်ယွိသည် အမေရွှီအား နှုတ်ဆက်ပြီးမှ အိမ်ကနေ ထွက်လာခဲ့သည်။

အိမ်ကနေ ထွက်လာပြီးနောက် သူမ ဘဏ်ကို ကားမောင်းသွားလိုက်သည်။ သို့သော် သူမ ဘဏ်၌ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းတွေကို သေချာမသိတာကြောင့် ချက်ချင်း ပြန်မထွက်လာနိုင်ခဲ့ပေ။

ဒီညက သတင်းစာရှင်းလင်းပွဲဖြစ်ပြီး ရွှီဖန်း ရာထူးရပြီးနောက်မှာ ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ကြေညာပွဲလည်း ဖြစ်သည်။ နာမည်ကြီးပုဂ္ဂိုလ်များစွာကို ဖိတ်ကြားထားခဲ့ပြီး လုပ်ငန်းလောကမှာ ချမ်းသာကြွယ်ဝသော လုပ်ငန်းကြီးများစွာ၏ CEOများလည်း ပါဝင်သည်။ ထိုလူများအားလုံးသည် ရွှီဖန်း၏ ဖောက်သည်များသာ ဖြစ်သည်။

ဒီနေ့တစ်နေ့လုံး ရွှီဖန်း တော်တော်လေး အလုပ်များခဲ့ရသည်။ ရွှီဖန်းသည် ကုမ္ပဏီ၏လုပ်ငန်းဆောင်တာများကို ဒီလောက်အထိ အလေးအနက်ထား၍ တက်

ရောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ရှောင်းချောင်နှင့် ရှယန်ယွိ အကြောင်းကိုတော့ ရွှီဖန်း စဉ်းစားရန် အချိန်မရသေးပေ။

နေ့လယ်ပိုင်းတွင် ရှယန်ယွိသည် ရှောင်းချောင်၏ဗီလာရှေ့၌ ကားရပ်လိုက်သည်။ ကားပေါ်က ဆင်းပြီးသည်နှင့် သူမ ရှောင်းချောင်အိမ်ဘက်ကို တန်းတန်းမတ်မတ်လျှောက်သွားပြီး တံခါးခေါက်

လိုက်သည်။

တံခါးဖွင့်လိုက်သောအခါ ရှောင်းချောင်ကလည်း ရှယန်ယွိကို တွေ့လိုက်ရသည်။ ရှယန်ယွိက သူမကို လာရှာရဲတာကြောင့် ရှောင်းချောင်လည်း အံ့သြသွားကာ ချက်ချင်းပင် စနောက်လိုသည့်အမူအရာကို ပြလိုက်မိသည်။

ရှယန်ယွိ၏အမူအရာကလည်း မဖော်ရွေပေ။ သူမ ရှောင်းချောင်ဆီ လျှောက်သွားကာ စကားစလိုက်သည်။

"ရွှီဖန်းနဲ့ ငါ ပြန်ပြေလည်သွားပြီ"

ထိုစကားကိုကြားတော့ ရှောင်းချောင်သည် အနည်းငယ် အံ့သြသွားကာ...

"ဪ ဒါဆို ဒီနေ့ ဘာလို့ရောက်လာတာလဲ"

ရှောင်းချောင် ညင်သာစွာ ပြုံးနေတာကိုမြင်တော့ ရှယန်ယွိသည် သူမ ရင်ဘက်ကမှ စာအိတ်တစ်အိတ်ကို ထုတ်လိုက်သည်။ အထဲမှာ ဘာထည့်ထားမှန်းမသိသော်လည်း ရှောင်းချောင်ကို ပေးလာခဲ့သည်။

"နင်တို့ ရှောင်းမိသားစုက ရွှီဖန်းပေးထားတဲ့ ဖော်မြူလာကို လိုချင်ခဲ့ကြတာ မဟုတ်လား၊ ငါ နင့်ကို ရှယ်ယာတစ်စိတ်တစ်ပိုင်း ရောင်းပေးလို့ရတယ်၊ ဒီကိတ်ကို ငါတို့ အတူတူ စားနိုင်တယ်၊ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ နင် ရွှီဖန်းနဲ့ ဝေးဝေးနေပေးဖို့ မျှော်လင့်တယ်"

ထိုအရာက ရှယန်ယွိ၏ တကယ့်ရည်ရွယ်ချက်ပင်။တကယ်တော့ ရှယန်ယွိသည် ရှောင်းချောင်ကို မြင်

ပြီးကတည်းက နက်ရှိုင်းသောခြိမ်းခြောက်မှုတစ်ခုကို ခံစားခဲ့ရ၏။ မည်သို့ပင်ဆိုစေ ဤချစ်ရေးချစ်ရာကဏ္ဍ၌ သူမ ရှောင်းချောင်ကို ယှဉ်နိုင်ခြင်းမရှိပေ။

လက်ရှိအချိန် ရွှီဖန်းသာရှိနေပါက သေချာပေါက် ထိတ်လန့်သွားလောက်သည်။ သူ့အတွက် ရှယန်ယွိသည် အခြေခံအကျဆုံးစီးပွားရေးမူကိုတောင် ချိုးဖောက်ခဲ့လေသည်။

ရှောင်းချောင်က ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူမ ရှယန်ယွိ လက်ထဲမှ အိတ်ကို မယူဘဲ ပြောလိုက်သည်။

"ငါ ပိုက်ဆံမလိုအပ်ဘူး၊ ပြီးတော့ နင့်ကုမ္ပဏီကရတဲ့ပိုက်ဆံကိုလည်း မလိုချင်ဘူး"

ဒါကိုမြင်တော့ ရှယန်ယွိ ရယ်လိုက်သည်။

"ဒါက နင့်ကိစ္စ မဟုတ်ဘူးနော်၊ သူနဲ့စေ့စပ်ထားတဲ့အမျိုးသမီးအနေနဲ့ ငါ နင့်ကို လျော်ကြေးပေးမှာ၊ နင်တို့နှစ်ယောက်ကြား ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နင့် သူ့အပေါ် ခံစားချက်တွေရှိတယ်မလား၊ နင့်ဘက်က ထွက်သွားရတာ နာကျင်ရမှာမလို့ အဲ့ဒါအတွက် ငါ လျော်ကြေးပေးနိုင်တယ်"

ယနေ့ ရှယန်ယွိသည် ယခင်က နူးညံ့သောပုံစံနှင့် လုံးဝ ကွဲပြားသောလူတစ်ယောက်လိုဖြစ်နေသည်။

"ဟမ့်! အခု နေ့လည်စာစားချိန်ရောက်ပြီ"

"ဟုတ်ပြီလေ"

ချန်ဟိုင်းပြည်နယ်ရှိ ကော်ဖီဆိုင်တစ်ခုတွင် ဖြစ်သည်။ ဖောက်သည်များကတော့ ချန်ဟိုင်းပြည်နယ်မှ ကျောင်းသားအများစုဖြစ်သည်။

သို့သော် လက်ရှိအချိန်၌ ကော်ဖီဆိုင်ထဲတွင် ချမ်းသာစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးက မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ဒီနေ့ ရှယန်ယွိက သေသေချာချာ ပြင်ဆင်လာတာဖြစ်၍ ရှောင်းချောင်ကလည်း သဘာဝကျစွာ မလျော့နေပေ။

ထို့ကြောင့် ဘေးပတ်ဝန်းကျင်က ကျောင်းသားများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့ရည်းစားကို ခေါ်လာသော ကျောင်းသားတွေကတောင် ထိုလှတပတနှစ်ယောက်ကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

သူတို့နှစ်ယောက်သည် ထိုနေရာ၌ ထိုင်၍ တစ်

ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့မျက်လုံးထဲ၌ ရှောင်လွှဲလို့မရသည့် ရန်လိုမှုများ ရှိနေခဲ့သည်။

"မင်္ဂလာပါ ဘာမှာယူမလဲဗျ"

စားပွဲထိုးသည် အမျိုးသမီးနှစ်ဦးအား လေးစားမှုရှိစွာကြည့်လိုက်သော်လည်း မျက်လုံးချင်းဆုံအောင် မကြည့်ရဲဘဲ အနည်းငယ် မျက်နှာနီမြန်းသွားသည်။ သူ့ပုံစံအရ ဤကော်ဖီဆိုင်၌ အချိန်ပိုင်းအလုပ်လုပ်နေသော ကျောင်းသားတစ်ယောက် ဖြစ်လိမ့်မည်။ အလှလေးနှစ်ဦးနှင့် နီးနီးကပ်ကပ်ရှိနေရတာကြောင့် စားပွဲထိုးလေး၏ နှလုံးခုန်နှုန်းမှာ မြန်လာခဲ့သည်။

ရှောင်းချောင်သည် ပထမဦးဆုံးပင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သူမ လက်ဆန့်တန်းလိုက်ပြီး အပြုံးတစ်ခုဖြင့် ယဉ်ကျေး၍ ဆွဲဆောင်မှုရှိသောပုံစံမျိုး လုပ်လိုက်သည်။ သူမက ငယ်ရွယ်သောမစ္စတစ်

ယောက်လိုမျိုး ပြုမူနေသည်။

"ကျွန်မအရှေ့က ဒီအစ်မကြီး ဘာမှာမလဲဆိုတာ ကြည့်တာပေါ့"

ထိုစကားကို ကြားတော့ ရှယန်ယွိက အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ ဒီလို တိုက်ခိုက်သည့်

စကားလုံးများက အရမ်းကို သိသာနေသည်။ ရှယန်ယွိကလည်း အရှုံးမခံသောသူပင်။ သူမ ပြုံးကာ...

"ငါ့ကို အစ်မကြီးလို့ခေါ်လို့ အပြစ်မတင်ပါဘူး၊ အသက်ဘယ်လောက်ပဲဖြစ်ဖြစ် အရင်တွေ့တဲ့သူက အရင်ရတာပဲ"

"အာ..."

ထိုစကားများကို ကြားသောအခါ စားပွဲထိုးမှာ ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိတော့ပေ။

တခြားတစ်ဖက်မှာတော့ ရှောင်းချောင်၏မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။

"အစ်မကြီးပြောတာ မှန်ပါတယ်၊ ရှေးခေတ်

ကတည်းက လျိုပန်းက ရည်မှန်းချက်ကြီးပြီး သေးနုပ်တဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်၊ သူက အစကတည်းက မကောင်းမှုတွေလုပ်ခဲ့ပြီး မကောင်းသတင်းတွေချည်းပဲ ချန်ခဲ့တယ်လေ"

ရှောင်းချောင်သည် ထိုစကားဆုံးသည်နှင့် စားပွဲထိုးဆီမှ မီနူးကိုယူလိုက်တာကြောင့် ပတ်ဝန်းကျင်က ပို၍တောင် ဒေါသထွက်စရာ ဖြစ်သွားခဲ့သည်။

ရှယန်ယွိသည် ရှောင်းချောင်ကို ကြည့်၍ ထပ်ပြုံးလိုက်ပါသည်။

"ညီမလေး နင်က ဘက်လိုက်ပြီး ပြောနေတာပဲ၊ ကမ္ဘာကြီးသာ သာယာဝပြောလာရင် ငြိမ်းချမ်းပြီး ခမ်းနားမှာ မဟုတ်ဘူးလား၊ အဲ့ဒီအခါကျမှပဲ သာမန်ပြည်သူတွေက နားနားနေနေနဲ့ ပြန်ပြီးနာလန်ထူနိုင်မှာပေါ့"

သူတို့နှစ်ယောက်လုံး၏ စကားလုံးတိုင်း၌ ဆူးများပါဝင်ပြီး အများနားမလည်နိုင်သည့်စကားကို ပြောကာတစ်ယောက်နှင့်တစ်ယောက် ခနဲ့နေကြသည်။

ရှယန်ယွိ၏အမူအရာကလည်း တဖြည်းဖြည်း ပို၍ အေးစက်လာသည်။

"မစ္စရှောင်းက အဲ့ဒီလို လူယုတ်မာတစ်ယောက်ဖြစ်

ချင်တာလား"

ရှောင်းချောင်သည် ရှယန်ယွိမှ ဒီလောက်တောင် တဲ့တိုးပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ ချက်ချင်း စိတ်ဆိုးသွားသည်။

"မစ္စရှကသာ ဆုံးဖြတ်လိုက်တာပါ"

သူမ စားပွဲထိုးကို ထွက်သွားရန် လက်ဟန်ပြလိုက်

သည်။ ဒီလိုစကားမျိုးက အပြင်လူတွေ နားထောင်ရန် မသင့်တော်ပေ။ စားပွဲထိုးက ခါးညွှတ်ကာ...

"ဒီမှာပဲ စောင့်ပေးပါဗျ၊ မှာထားတာတွေ မကြာခင် ရောက်လာပါလိမ့်မယ်၊ တစ်ခုခု လိုအပ်ရင် ခေါ်

လိုက်ပါ"

စားပွဲထိုး ထွက်သွားပြီးနောက် ရှောင်းချောင်သည် ရှယန်ယွိဘက်ကို လှည့်၍...

"ရှယန်ယွိ နင် ဒီအခြေအနေကို သိပ်နားမလည်သေးဘူးလို့ ငါထင်တယ်၊ ငါတို့ရဲ့ဆက်ဆံရေးက အဲ့ဒီလောက် ရိုးရှင်းတာ မဟုတ်ဘူး"

သူမက ရှယန်ယွိအား စကားတစ်ခွန်းတည်းဖြင့် ပြန်ပြောခဲ့ခြင်းဖြစ်ပြီး သူမနှင့်ရွှီဖန်းတို့ကြားတွင် ဆက်ဆံရေးရှိကြောင်း၊ ပြီးခဲ့ပြီဖြစ်ကြောင်း ရှယန်ယွိအား သိသာစွာ ပြောပြလိုက်ခြင်းပင်။

ရှောင်းချောင်၏စကားကို ရှယန်ယွိကြားလိုက်သည့်

အပြင် သူမ၏ ယုံကြည်မှုရှိသော အမူအရာကြောင့် ရှယန်ယွိ၏ စိတ်ထဲတွင် သံသယများ ပေါ်ပေါက်လာခဲ့သည်။ ရှောင်းချောင်က သူတို့ကြားထဲတွင် ဆက်ဆံရေးရှိနေပြီဟု ပြောခဲ့သော်လည်း ရွှီဖန်းပြောခဲ့သည်မှာ ထိုသို့မဟုတ်ခဲ့ပေ။ ရှယန်ယွိသည် စိတ်ထဲ၌ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သော်လည်း အခြေအနေက ဒီအထိ ရောက်လာသည့်အတွက် သူမဆီမှ ခိုးယူသွားသော မိန်းမတစ်ဦး၏အရှေ့တွင် ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်လို့မရနိုင်တော့ပေ။

"ဟုတ်လား ငါသိရသလောက်ကတော့ နင်တို့ မအိပ်ရသေးဘူးဆိုတာပဲ"

"ဖလူး!"

ဘေးစားပွဲတွင် ဖျော်ရည်တစ်ခွက်အား တစ်ငုံအပြည့်သောက်လိုက်သော အမျိုးသားတစ်ဦးသည် ရှယန်ယွိ၏စကားကိုကြားသည့်အခါ ချက်ချင်းပင်ဖျော်ရည်များ ပြန်ပန်းထုတ်လိုက်မိသည်။

ရှောင်းချောင်၏အမူအရာလည်း ပြောင်းလဲသွားခဲ့ပြီး သူမမျက်နှာပေါ်တွင် နီမြန်းမှုတစ်ခု ပေါ်လာသည်။ သူမ ဒေါသထွက်နေသည်လား သို့မဟုတ် ရှက်ရွံ့နေသည်လား မသိရသော်လည်း သူမ၏လေသံမှာ မဖော်ရွေတော့ပေ။

"နင် အိပ်လိုက်တာနဲ့ပဲ ရွှီဖန်းကို ခိုးယူနိုင်မယ်လို့ ထင်နေတာလား"

"ဘာဖြစ်လဲ ရွှီဖန်းက ငါ့ကို အရမ်းချစ်တာ"

ရှယန်ယွိလည်း သိသိသာသာပင် လူကောင်းတစ်

ယောက် မဟုတ်ပေ။ ရှောင်းချောင်၏စော်ကားသော စကားများကို ကြားရသောအခါ သူမစိတ်ထဲရှိ ဒေါသများကို ထိန်းချုပ်၍ ရှောင်းချောင်ကို ထိုသို့ပြောထည့်လိုက်သည်။

********************

All Chapters