← Chapters

ထိပ်တန်းညစာစားပွဲ

Vol. 22 Ch. 326

ထိပ်တန်းညစာစားပွဲ

Vol. 22 Ch. 326

နှစ်ယောက်သား စကားမပြောဘဲ အကြာကြီး စိုက်

ကြည့်နေကြလေသည်။

ဘေးက ဖြတ်သွားဖြတ်လာများကတော့ မျက်မှောင်ကြုတ်ကာ ညည်းတွားလေသည်။

"ဘယ်လူက ဒီလောက်တောင် ကံကောင်းတာလဲဟ"

ထို့နောက် စားပွဲထိုးများက ပန်းကန်ချပေးလာတာကြောင့် ရှောင်းချောင်တို့လည်း စကားမများတော့ဘဲ တိတ်ဆိတ်စွာ စားသောက်ခဲ့ကြသည်။

သို့သော် ထိုအချိန်၌ ရွှီဖန်းကတော့ ကုမ္ပဏီမှာ အလွန်အလုပ်များနေခဲ့သည်။

"ဥက္ကဋ္ဌရွှီ မြန်မြန်လုပ်ပါဦး၊ အဝတ်အစားကိစ္စကို မေ့ထားလိုက်ပါတော့၊ သတင်းထောက်တွေ အားလုံး ကျွန်မတို့ကို စောင့်နေကြပြီ"

ရှောင်ပိုင်သည် ဘေးမှနေ၍ ရွှီဖန်းအား အလျင်စလို ပြောလာသည်။ သို့သော် ရွှီဖန်းကတော့ အနည်းငယ် ရှက်ရွံ့နေမိသည်။ အဝတ်အစားများက သူနှင့် သိပ်မတော်ဘဲ အနည်းငယ်ကြပ်နေလေသည်။ အားကစားဝတ်စုံကိုသာ ဝတ်နေကျဖြစ်သော ရွှီဖန်းအတွက် ဤဝတ်စုံပြည့်များက အဆင်မပြေလှပေ။

သို့သော်လည်း သူ ဘာမှဆက်လုပ်လို့မရတော့ပေ။ ရှောင်ပိုင်က သူ့အား သတင်းစာရှင်းလင်းပွဲ စင်မြင့်ပေါ်သို့ ဆွဲခေါ်သွားလေပြီ။ စင်မြင့်ပေါ်

ရောက်ပြီးနောက် ရွှီဖန်းသည် ရှောင်ပိုင်မှ သင်ပေးထားသည့်အတိုင်း အပြုံးတစ်ခုကို တောင့်တင်းစွာ ပြုံးပြလိုက်သည်။ သူ စင်အောက်မှ သတင်းထောက်များ လက်မြှောက်နေကြသည်ကို ကြည့်လိုက်သည်။

ထိုတိုက်ရိုက်ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲသည် ကော်ဖီဆိုင်၏ပရိုဂျက်တာ မျက်နှာပြင်ပေါ်၌ ပေါ်လာခဲ့သည်။

"ဟေး အဲ့ဒါ ကြည့်မယ်"

ရှောင်းချောင်သည် ချန်နယ်ပြောင်းရန် ပြင်နေသော စားပွဲထိုးကို အလျင်အမြန် တားလိုက်သည်။ ထိုအချိန်မှာတော့ ရွှီဖန်းသည် ကင်မရာများ၊ ဖုန်းများဖြင့် ဓာတ်ပုံဆက်တိုက်ရိုက်နေကြသော သတင်းထောက်များကို ကြည့်နေသည်။ မီးရောင်စုံများက ရွှီဖန်း၏မျက်လုံးထဲတွင် ဝင်းကနဲ ဝင်းကနဲ ဖြစ်နေသည်။

သို့သော် ရွှီဖန်းသည် လုံးဝစိတ်မပူနေခဲ့ပေ။ သူ မနက်ခင်းတစ်ပိုင်းလုံး သူပြောရမည့်မိန့်ခွန်းကို ဖတ်ထားပြီးပြီဖြစ်၍ ရင်းနှီးပြီးသားဖြစ်သည်။

"အားလုံးပဲ မင်္ဂလာပါ"

ရွှီဖန်း အရင်ဦးစွာ သတင်းထောက်များကို နှုတ်ဆက်လိုက်သည်။

"ဒီနေ့က ကျွန်တော် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးရဲ့ ဥက္ကဋ္ဌဖြစ်လာပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ် ကျွန်တော့်နာမည်က ရွှီဖန်းပါ"

သို့သော် ရွှီဖန်းမှ သူ၏မိတ်ဆက်စကားအတိုလေးကို စတင်ပြောလိုက်သည်နှင့် စင်အောက်မှ သတင်းထောက်တစ်ဦးက ဝင်ပြောလာတာကြောင့် သူ့စကားမှာ ဖြတ်တောက်ခံလိုက်ရသည်။ ထိုအရာက ရွှီဖန်း၏မျှော်မှန်းချက်ကို ကျော်လွန်သွားခဲ့သည်။

"ရှင် ဒီကုမ္ပဏီကို ဝယ်ခဲ့တဲ့ပိုက်ဆံက ရှမိသားစုဆီကလို့ ကြားတယ်၊ ဥက္ကဌရှယန်ယွိနဲ့ ရှင့်ကြားက ဆက်ဆံရေးက ဘာလဲ"

အမျိုးသမီးသတင်းထောက်တစ်ဦးက မေးလာသည်။ သူမသည် တက္ကသိုလ်မှဘွဲ့ရကာစဖြစ်ပုံရပြီး အလွန်

နုပျိုသည်။ ထို့အပြင် သူမ ထိုစကားပြောလိုက်

သည့်အခါ သိသိသာသာ စိတ်လှုပ်ရှားနေပုံရသည်။

သို့သော် ထိုမိန်းကလေး၏စကားများက ရှောင်ပိုင်နှင့် ဘေးကလူများကို ထိတ်လန့်သွားစေခဲ့သည်။ ထိုမေးခွန်းက သူတို့ မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။

ရွှီဖန်းလည်း အံ့အားသင့်သွားသည်။ အကြောင်းမှာ ဒီလိုမေးခွန်းမျိုးက အခြေခံအားဖြင့် သူ့ကုမ္ပဏီကို အသရေဖျက်ခြင်းဖြစ်မှန်း သူသိနေ၍ဖြစ်သည်။

ရွှီဖန်းလည်း ဆိတ်ဆိတ်မနေနိုင်တော့ဘဲ ဖြေကြားရန် ဆုံးဖြတ်လိုက်သည်။

"သတင်းထောက်က အရမ်းကောင်းတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တာပဲ၊ ဒီနေ့ ကျွန်တော် မိန့်ခွန်းတစ်ခု ပြင်ဆင်လာခဲ့ပေမဲ့ ခင်ဗျားတို့က ဒီလိုမေးခွန်းမျိုး မေးလာမှတော့ အဲ့ဒီမိန့်ခွန်းကို မဖတ်တော့ဘူး၊ ဒါကြောင့် လွတ်လွတ်လပ်လပ် စကားပြောကြတာပေါ့"

ထို့နောက် ရွှီဖန်း ခေါင်းမော့ကာ ပြင်ဆင်ထားသည့် မိန့်ခွန်းကို ဆက်မကြည့်တော့ပေ။

ကော်ဖီဆိုင်ထဲမှာရှိသည့် ရှယန်ယွိကလည်း ထိုအရာကိုမြင်သောအခါ သူမမျက်လုံးများက ယုံကြည်မှုများဖြင့် လင်းလက်သွားခဲ့သည်။

"ငါ့ယောက်ျားကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ"

ရှောင်းချောင်သည် ထိုစကားကို ကြားသောအခါ ရှယန်ယွိကို ရန်စသည့်အကြည့်ဖြင့် ကြည့်၍ ပြောလာသည်။

"သူ့ဘက်က တစ်ခွန်းမှ မပြောရသေးတဲ့ ကိစ္စကို စောစောစီးစီး အထင်မစောနဲ့"

သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်

များသည် ထိုစကားကိုကြားသောအခါ စိတ်ဝင်စားသွားကြသည်။ ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံးသည် ချန်ဟိုင်းပြည်နယ်၌ ဘာမှမဟုတ်သေးသော်လည်း ရွှီဖန်းသည် လက်ရှိမီဒီယာများ၌ အတင်းအဖျင်းပေါင်းစုံ၏ အဓိကနေရာတွင် ရပ်တည်နေခဲ့ပြီး သူတို့အတွက် အလွန်စိတ်ဝင်စားစရာကောင်းနေခဲ့သည်။

ရွှီဖန်းက ချောင်းဟန့်လိုက်ကာ ပြတ်ပြတ်သားသားပြောလိုက်သည်။

"သူမက ကျွန်တော့်ရဲ့ချစ်သူပါ"

သတင်းထောက်များသည် ထိုစကားကို ကြားသောအခါ အကုန်လုံး ဆူညံသွားကြသည်။ ထိုကိစ္စက တကယ်မှန်နေမည်ဟု သူတို့ မထင်ခဲ့ကြပေ။

ရှယန်ယွိကလည်း ရှောင်းချောင်ကို တိုက်ခိုက်နိုင်

မည့်အခွင့်အရေးကို ဘယ်တော့မှ လက်လွှတ်ခံမည် မဟုတ်ပေ။ ရွှီဖန်း၏စကားကိုကြားသောအခါ သူမ ချက်ချင်း ပြောလိုက်သည်။

"တစ်ခုခုနဲ့ သက်သေပြဖို့ လိုသေးလား"

ရှောင်းချောင်လည်း အနည်းငယ် မျက်မှောင်ကြုတ်

လိုက်သည်။ သူမ ရှယန်ယွိ၏စကားကို ပြန်ပြီး မချေပနိုင်ခဲ့သော်လည်း သူမ ပြောလိုက်တုန်းပင်။

"နောက်ဆုံး ရယ်နိုင်ခြင်းကသာ အကောင်းဆုံး ရယ်မောခြင်းပဲ"

သတင်းထောက်များ၏ နောက်ဆက်တွဲမေးခွန်းများကိုရွှီဖန်း ဆက်လက်၍ ဖြေခဲ့သည်။ သို့သော် သူက အဖွင့်သာ လုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရှောင်

ပိုင်သည် အခြေစိုက်ရုံး၏ အသေးစိတ်

အချက်အလက်များကို ရှင်းပြရန် တက်သွားပြီး ရွှီဖန်းကလည်း သူ့ရုံးခန်းကို ပြန်လာခဲ့သည်။

သူ ညနေစောင်းသည်အထိ အလုပ်ရှုပ်နေခဲ့ပြီးမှ ချန်ဟိုင်းဟိုတယ်ကို ရောက်လာခဲ့သည်။ ညဘက်မှာလည်း ချန်ဟိုင်းမြို့ရှိ ချမ်းသာကြွယ်ဝသောသူများကို ဧည့်ခံရန် ပွဲတစ်ခု ပြင်ဆင်ထားခဲ့သည်။

ပွဲစတော့မှာဖြစ်၍ ရွှီဖန်းလည်း ဧည့်သည်များကို ဝင်ပေါက်မှာ နှုတ်ဆက်နေခဲ့သည်။ ဧည့်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

"ဥက္ကဌရွှီ သူက ချင်းဖန့်လုပ်ငန်းစုက ဥက္ကဌဝမ်ပါ၊ သူတို့ ကျွန်မတို့နဲ့ ငါးနှစ်ကြိုတင်ဝယ်ယူခြင်းစာချုပ်ကို ချုပ်ထားပါတယ်"

ရှောင်ပိုင်က ရွှီဖန်းကို ဘေးကနေ မိတ်ဆက်ပေးနေသည်။ ရွှီဖန်းလည်း ဥက္ကဌဝမ်နှင့် အမြန်လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဥက္ကဋ္ဌရွှီ သွားနားချင်လား၊ ဒီလူတွေနဲ့ ကျွန်မက ရင်းနှီးပြီးသားဆိုတော့ ဒီမှာပဲ စောင့်ပြီးဧည့်ခံလိုက်ပါ့မယ်"

ရှောင်ပိုင်သည် ရွှီဖန်း ပင်ပန်းနေတာကို သတိထားမိပြီး အလျင်အမြန် မေးလိုက်သည်။ ရွှီဖန်းလည်း ခေါင်းငြိမ့်လိုက်သည်။ သူနေမကောင်းတာတော့ မဟုတ်ပေ။ ဒီလိုလူမှုရေးပွဲမျိုးကို ရွှီဖန်း သိပ်မကြိုက်ခြင်းဖြစ်သည်။

ရွှီဖန်းထွက်သွားပြီး မကြာခင်မှာပင် ရှယန်ယွိသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပွဲခန်းမထဲသို့ ရောက်ရှိလာသည်။ ရှောင်ပိုင်သည် ရှယန်ယွိကို သိသော်လည်း သူမအနောက်က အမျိုးသားကိုတော့ မရင်းနှီးပေ။

ရှယန်ယွိသည် အရင်ဦးဆုံး ပတ်ပတ်လည်ကို ရှာကြည့်လိုက်ရာ အနည်းငယ်စိတ်ပျက်သွားသည်။ သိူ့သော် သူမ ရှောင်ပိုင်ကို အမြန်မိတ်ဆက်ပေးလိုက်

သည်။

"သူက ရှလုပ်ငန်းစုရဲ့ ဒုဥက္ကဋ္ဌ မစ္စတာလျူပါ၊ ဒီနေ့ သူကလည်း ကျွန်မနဲ့အတူ ဒီကုမ္ပဏီမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ပရောဂျက်တွေ ရှိမရှိ လာကြည့်တာ"

"အိုး ကြိုဆိုပါတယ်...အထူးကြိုဆိုပါတယ်"

ရှောင်ပိုင်သည် ရှယန်ယွိက ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ ရှယ်ယာတစ်ဝက်ကို ကူညီပြီးဝယ်ယူထားပေးတယ်ဆိုတာကို သိထား၏။ သို့သော် ရှယန်ယွိက ဖုံးကွယ်ထားချင်ပုံရတာကြောင့် အတွင်းရေးမှူးအနေဖြင့် အတူတူ ဟန်ဆောင်ပေးလိုက်သည်။

ရှလုပ်ငန်းစုမှလူတွေ ရောက်လာတာကိုမြင်တော့ လူတိုင်းသည် ရွှီဖန်းနှင့် ရှယန်ယွိတို့၏ ကောလဟာလများကို ပြန်သတိရပြီး တိတ်တိတ်လေး သက်ပြင်းချမိကြသည်။

သို့သော် ရှယန်ယွိဝင်သွားပြီး မကြာခင်မှာပင် နောက်ထပ်လူတစ်စု ရောက်လာပြန်သည်။ အားလုံးမှာ တိတ်တဆိတ်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ရှောင်းမိသားစုမှလူများလည်း ရောက်လာသောကြောင့်ပင်။ သူတို့ အဖွဲ့ကို ဦးဆောင်လာသည့် မိန်းကလေးကို မမှတ်မိကြသော်လည်း အနောက်ကနေလိုက်လာသောသူကတော့ ရှောင်းမိသားစု၏ အိမ်တော်ထိန်းချုပ်ကြီးဖြစ်သည်။ ရှောင်းမိသားစုသည် မိသားစုနှင့်တည်ဆောက်ထားသည့် စီးပွားရေးလုပ်ငန်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံစဖြစ်လာတည်းက အိမ်တော်ထိန်းချုပ်ကြီးသည် အခြေခံအားဖြင့် ရှောင်းမိသားစု၏ အကြီးအကဲဖြစ်ခဲ့သည်ပင်။

ရှယန်ယွိလည်း ထိုမြင်ကွင်းကို မြင်တော့ မျက်မှောင်ကြုတ်သွားသည်။ သူတို့နှစ်ယောက် ရန်လိုမှုအပြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်

ကြည့်နေကြသည်။

အခုဆိုရင် ပွဲက အရမ်းစည်နေပြီဟု ပြောလို့ရသည်။ လူ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး ရှောင်းမိသားစုနှင့် ရှမိသားစုကို နှုတ်ဆက်ကြလေသည်။ ဤမိသားစုနှစ်စုသည် အရင်က လျို့ဝှက်

မိသားစုများဖြစ်ခဲ့ကြပြီး ဘယ်လောက်ပဲ အင်အားလျော့သွားပါစေဦး၊ ကုလားအုတ်တွေက မြင်းတွေထက် ပိုကြီးနေတုန်းပင်။

ရွှီဖန်းသည် ဘေးခန်းထဲမှာ နားနေတာဖြစ်ပြီး ပွဲထဲမှာ ဘာတွေဖြစ်နေလဲ မသိခဲ့ပေ။

"အိမ်တော်ထိန်းချုပ်ကြီးဝမ် ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"

ရှ၏ဒုဥက္ကဋ္ဌသည် ရှောင်းမိသားစုကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။ ရှောင်းမိသားစုက အိမ်တော်

ထိန်းချုပ်ကြီးကလည်း ရှမိသားစုဘက်က လူပါ လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ဒုဥက္ကဋ္ဌလျူကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ဟေ...ဒုဥက္ကဋ္ဌလျူလည်း ရောက်လာတာကိုး၊ ကျုပ်ကတော့ အပျော်လိုက်လာတာပါ"

ဒုဥက္ကဋ္ဌလျူနှင့် အိမ်တော်ထိန်းချုပ်ကြီးဝမ်တို့ နှုတ်ဆက်နေကြစဥ် တခြားတစ်ဖက်ရှိ ရှောင်းချောင်

နှင့် ရှယန်ယွိတို့ကြားမှာတော့ မီးခိုးငွေ့များထွက်

လုနီးပါး ဖြစ်နေလေပြီ။

"ဖိတ်ကြားထားတာမရှိဘဲ ရောက်လာတာလား"

ရှယန်ယွိက အရင်ဆုံး စပြောလိုက်သည်။

ရှောင်းချောင်သည် ထိုစကားကို ကြားပြီးနောက် သဘောကျစွာ ရယ်မောလိုက်သည်။

"နင်ကရော ဖိတ်စာရထားလို့လား"

"နင်!"

ရှယန်ယွိလည်း စကားမပြောနိုင်တော့ပေ။

မကြာခင်မှာပင် နောက်ထပ်လူတစ်ယောက်က အပြင်ကနေရောက်လာပြီး လူအုပ်ကြီးကြားထဲ၌ ဆွေးနွေးမှုလှိုင်းလုံးကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ထိုလူသည် ချန်ဟိုင်းပြည်နယ်၏ အရာရှိကြီးတစ်ဦးပင်။ သို့သော် သူ ရောက်လာပြီးနောက် ခဏတောင်မနေဘဲ ဂုဏ်ပြုလက်ဆောင်တစ်ခုသာ ချန်ထားခဲ့သည်။

အရာရှိကြီးပြန်သွားသည်နှင့် နောက်ထပ် သူဌေးမိသားစုတစ်စု ပွဲကို ရောက်လာပြန်သည်။ သူတို့၏လက်ဆောင်က ဒေါ်လာတစ်သန်းတန်သည့် ရှေးဟောင်းပစ္စည်းများဖြစ်ပြီး သူတို့ကို ဦးဆောင်လာသူကတော့ အမျိုးသမီးတစ်ယောက်ပင်။ သို့သော် သူတို့ ထိုလူအုပ်စုကို မသိကြပေ။

ထိုအချိန်၌ ထိုအမျိုးသမီးကို အများဆုံး အာရုံစိုက်နေသူက ရှောင်းချောင်နှင့် ရှယန်ယွိတို့ဖြစ်သည်။

ထိုအမျိုးသမီးက လင်းရှောင်ရှောင်း ဖြစ်သည်။ လင်းရှောင်ရှောင်းသည် ရှောင်းချောင်နှင့် ရှယန်ယွိထံမှ မနှစ်မြို့သောအကြည့်များကို ခံစားမိသည့်အခါ ညင်သာစွာပြုံးပြီး သူတို့ကို လျစ်လျူရှုလိုက်သည်။သို့သော် သူမ စိတ်ထဲမှာတော့ ရွှီဖန်းအပေါ် အမြင်တစ်ခုရှိနေတုန်းပင်။

ဘေးခန်းထဲ၌ အိပ်နေသော ရွှီဖန်းသည် သူ၏ ရိုးရှင်းသောပွဲတစ်ခုက ဘယ်လောက်တောင်မှ ရှုပ်ထွေးနေလဲဆိုတာကို သတိမထားမိခဲ့ပေ။ ရှောင်ပိုင်သည် ဘေးခန်းထဲသို့ ဝင်သွားပြီး ရွှီဖန်းကို နှိုးလိုက်သည်။

သို့သော် သူတို့ အခန်းထဲကနေ ထွက်လာသည်နှင့် ပွဲခန်းမ၏ပင်မတံခါးဝကနေ လူအုပ်စုတစ်စု ဝင်လာတာကို မြင်လိုက်ရသည်။ ပွဲခန်းမက တံခါးနှင့် သူတို့ အရမ်းနီးနေတာမလို့ ထိုလူအုပ်စုကလည်း ဝင်လာသည်နှင့် ရွှီဖန်းကို မြင်လိုက်ကြသည်။

"မိတ်ဆွေလေး ရွှီ"

ရွှီဖန်းဘက်မှ ဘာမှမတုံ့ပြန်ရသေးခင်မှာပင် ဝူထျန်းက သူ့ကို ခေါ်လာသည်။

"အဲ့ဒါ ဝူထျန်း မဟုတ်လား၊ ချန်ဟိုင်းစစ်တပ်ရဲ့ဗိုလ်မှူးဝူက ရွှီဖန်းနဲ့နက်နဲတဲ့ ဆက်ဆံရေးရှိပုံရတယ်"

ချက်ချင်းဆိုသလိုပင် နေရာအနှံ့မှ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

"ဗိုလ်မှူးဝူ ဘယ်လိုကိစ္စနဲ့ ဒီကိုရောက်လာတာလဲ"

ရွှီဖန်းလည်း ပြုံးကာ ဝူထျန်းနှင့် လက်ဆွဲနှုတ်ဆက်

လိုက်သည်။

ဝူထျန်းလည်း ဒါကိုမြင်တော့ ရယ်မောကာ...

"ဘာလာလုပ်ရမှာလဲ မင်းကို လာကူညီတာပေါ့၊ မင်း ကျင်းပတဲ့ပွဲက မြို့အနှံ့အပြားက စီးပွားရေးလောကချန်နယ်တွေမှာ တိုက်ရိုက်ထုတ်လွှင့်ခံနေတယ်ဆိုတာကို မသိဘူးလား"

ဝူထျန်း၏စကားကြောင့် ရွှီဖန်း အံ့အားသင့်သွားသည်။ သူတို့ သတင်းထောက်တွေကို ဖိတ်ထားသော်ငြား တိုက်ရိုက်ထုတ်လွှင့်မှုက ထိုအဆင့်ထိ မရောက်သွားလောက်ဘူးဟု ထင်ခဲ့တာဖြစ်သည်။ သို့သော် ရွှီဖန်း လှမ်းကြည့်လိုက်တော့ အတွင်းရေးမှူးများ သို့မဟုတ် စီးပွားရေးသမား တော်တော်များများက ဖုန်းဆက်ပြီး တစ်ခုခုအား အကြောင်းကြားနေကြသည်ကို တွေ့လိုက်ရသည်။ ဒါက ဘာတွေဖြစ်နေသလဲဆိုတာကို သူ နားလည်သွားခဲ့သည်။

ဝူထျန်းသည် ရွှီဖန်း၏မျက်နှာပေါ်မှ ရှုပ်ထွေးနေသောအမူအရာကို သတိထားမိပုံရသည်။ သူက ရွှီဖန်း၏ ရှပ်အင်္ကျီစကို ဆွဲလိုက်လေသည်။ ဝူထျန်း၏ အကြည့်နောက်ကို လိုက်၍ ရွှီဖန်းလည်း လင်းရှောင်ရှောင်း၏ စားပွဲကို ကြည့်လိုက်မိသည်။

"ငါတို့ ပေကျင်းမှာ အဆက်အသွယ်ကရှိပြီးသား"

ဝူထျန်းသည် လင်းရှောင်ရှောင်း စားပွဲမှ လူတွေကို သဘာဝကျစွာ မှတ်မိပေသည်။

ထိုအခါကျမှသာ ရွှီဖန်းသည် လင်းရှောင်ရှောင်း၏ ပုံရိပ်ကို မြင်လိုက်ရသည်။ လင်းရှောင်ရှောင်းကလည်း ရွှီဖန်းကို မြင်သွားခဲ့သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ လင်းရှောင်ရှောင်းသည် လက်မြှောက်ပြ၍ ရွှီဖန်းကို လာရန် အချက်ပြ၏။

လင်းရှောင်ရှောင်း၏ စားပွဲသို့ သွားရန် ပြင်လိုက်တုန်းမှာပင် သူ့အနောက်ကနေ သတ်ဖြတ်လိုစိတ်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာတာကို ချက်ချင်း ခံစားလိုက်ရ၏။

*******************

All Chapters