ပါတီကိုနှောင့်ယှက်လာခြင်း
Vol. 22 Ch. 327
ရွှီဖန်း လှည့်ကြည့်လိုက်တော့ လူတစ်စုဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူအုပ်စုကို ရွှီဖန်း မှတ်မိသည်။ လျိုမိသားစုမှ လူများပင်။ ဦးဆောင်သူမှာ လျိုယုံးရမ် ဖြစ်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်နှင့်သူကတော့ လျိုကျီပင်း ဖြစ်သည်။
သို့သော်လည်း လာသူမှန်သမျှဟာ ဧည့်သည်များဖြစ်၍ ရွှီဖန်းလည်း ကြိုဆိုရန် ထွက်သွားလိုက်သည်။
"မစ္စတာရွှီ ခွင့်ပြုပါဦး...ကျွန်တော်တို့က ဖိတ်စာမရှိဘဲ ရောက်လာခဲ့ကြတာပါ"
လျိုယုံးရမ်သည် ရွှီဖန်းကိုမြင်သောအခါ မျက်လုံးထဲ၌ အပြုံးများ ပြည့်နှက်နေသည်။
"မဟုတ်တာ မစ္စတာလျို...အရမ်းယဉ်ကျေးနေပါပြီ"
"မစ္စတာရွှီက စီးပွားရေးလုပ်နေတာ လျိုမိသားစုကို မပြောဘဲနဲ့"
"အာ...ဒါက လုပ်ငန်းသေးသေးလေးပါ"
ထိုစကားများမှာ ယဉ်ကျေးမှုအရ စကားများသာဖြစ်၍ ရွှီဖန်းသည် လျိုမိသားစုအား လင်းမိသားစု၏ စားပွဲတွင် နေရာချပေးလိုက်သည်။ အကြောင်းမှာ သူတို့အားလုံးသည် ပေကျင်းမှ ဂုဏ်သရေရှိမိသားစုကြီးလေးခုထဲမှဖြစ်၍ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြသည်ဟု မှတ်ယူနိုင်သည်။
"ရွှီဖန်း အခုစလို့ရပြီ"
ပိုင်ပင်း၏မျက်နှာပေါ်တွင် အေးစက်သော အမူအရာရှိနေသည်။ ရွှီဖန်းက ငါးရံ့နှစ်ကောင်ဖမ်းထားတာကို မြင်ပြီးနောက်မှာ ပိုင်ပင်း၏ ရွှီဖန်းအပေါ်ထားရှိသော သဘောထားက ပို၍ဆိုးရွားသွားသည်။ သူမ ရွှီဖန်းကို နာမည်ပင် တပ်ခေါ်လာသည်။
သို့သော်လည်း ရွှီဖန်းက အမှုမထားပေ။ သူ ပိုင်ပင်း ကို ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ...မင်းရဲ့လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ပြီး သွားတော့... ငါဘာလုပ်ပေးရဦးမလဲ"
"ဟွန့်! ရှင့်ကို ဘာအားကိုးရမှာလဲ"
ပိုင်ပင်းသည် အေးစက်စွာနှာမှုတ်၍ လှည့်ထွက်သွားသည်။
"ဟေး!"
ရွှီဖန်းမှာ ပိုင်ပင်း၏စကားကြောင့် လည်ချောင်းနင်သွားခဲ့ရသည်။ သို့သော်လည်း ပိုင်ပင်း၏အလုပ်ဝတ်စုံနှင့် တောက်ပနေသော ပေါင်နှစ်ဖက်ကို မြင်သောအခါ သူလှည့်ထွက်လာခဲ့သည်။ ရွှီဖန်း၏ မျက်နှာပေါ်၌ ဆိုးယုတ်သောအပြုံးတစ်ပွင့် ထပ်ပေါ်လာသည်။
"မင်းလှုပ်ရှားလာမယ့်နေ့ကျ ငါမင်းကို ဂရုစိုက်ပေးမယ်"
ထို့နောက် လင်းရှောင်ရှောင်း၏ စားပွဲဆီသို့ ရွှီဖန်း လျှောက်သွားလိုက်သည်။ ထိုအချိန်၌ လျိုယုံးရမ် ထက် ရာထူးပိုမြင့်ပုံရသည့် ခေါင်းဆောင်နေရာတွင် ထိုင်နေသော လူငယ်တစ်ဦးသည် ပိုင်ပင်း၏ ပုံရိပ်ကို စိုက်ကြည့်နေပြီး သူမ၏အလှတွင် လုံးဝနစ်မြောနေလေသည်။
"အကိုရွှီ ကျွန်မအဘိုးကို ဘယ်တော့ကုပေးမယ်လို့ ပြောထားလဲ"
"ပွဲပြီးရင် သွားဖို့ စီစဉ်ထားတယ်"
ရွှီဖန်းသည် လင်းရှောင်ရှောင်း၏ဘေးတွင် ထိုင်ကာ ရယ်မော၍ ပြောဆိုလိုက်သည်။ လျိုကျီပင်း၏ မျက်လုံးထဲ၌ မကျေနပ်မှုများ ပြည့်နှက်လာသည်ကို မြင်နေရသည်။ ရှယန်ယွိနှင့် ရှောင်းချောင်၏မျက်လုံးများလည်း ထပ်တူပင်။
"သူမကရော ဘယ်သူလဲ"
"မသိဘူး၊ နင့်ကို ဆေးရုံပို့တုန်းက ရွှီဖန်းနဲ့တစ်ခါပဲ တွဲတွေ့ဖူးတာ၊ ငါလည်း သူ့ကို မသိဘူး"
သူမတို့ထက် မနိမ့်သော အလှပိုင်ရှင်အမျိုးသမီးတစ်ဦးက ပေါ်လာပြီး ရွှီဖန်းနှင့်ပျော်ရွှင်စွာ စကားပြောနေသည်ကို မြင်နေရသောအခါ အမျိုးသမီးနှစ်ဦးသည် ယာယီအားဖြင့် စည်းလုံးညီညွတ်သွားကာ အချက်အလက်များ ဖလှယ်နေကြသည်။
ရွှီဖန်းဘက်တွင်တော့ အသေးအဖွဲကိစ္စလေးတစ်ခု ဖြစ်ပျက်နေခဲ့သည်။
"ဟေး ရွှီဖန်း ဟုတ်တယ်မလား"
"ဟုတ်တယ်"
ရွှီဖန်းလည်း သူ့ကို နှုတ်ဆက်လာသူအား ကြည့်
လိုက်သည်။ သူက လျိုမိသားစု၏ခေါင်းဆောင်နေရာတွင် ထိုင်နေသော လူငယ်ဖြစ်သည်။
"မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်"
"ပြောပါ"
"မင်းကုမ္ပဏီက အဲ့ဒီတစ်ယောက်ကို ငါ့
အတွက် သောက်စရာ လာငှဲ့ခိုင်းလိုက်ပါ"
လူငယ်သည် ရွှီဖန်းအား လေးစားမှုတစ်စက်မှမရှိဘဲ ပေါ့ပေါ့ပါးပါးစိုက်ကြည့်ကာ ပြောလာသည်။ သူ့လေသံထဲတွင် မထီမဲ့မြင်ပြုခြင်းအရိပ်အယောင်တစ်ခု ပါဝင်နေသည်။
လျိုယုံးရမ်နှင့် လင်းရှောင်ရှောင်းတို့လည်း ထိုအရာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။
ရွှီဖန်းလည်း ခဏတာမျှ ကြောင်သွားသည်။ သူရယ်မောကာ ပိုင်ပင်းကို ခေါ်ရန် ခေါင်းလှည့်လိုက်
သည်။
"ဒီကိုလာဦး"
ပိုင်ပင်းက ရွှီဖန်း၏ စားပွဲဘက်ကို ကြည့်လာသည်။ သူမကို စိုက်ကြည့်နေသည့်လူငယ်ကို မြင်သောအခါ သူမမျက်လုံးထဲ၌ စက်ဆုပ်ရွံရှာမှုအရိပ်အယောင်
တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော်ငြား သူမက ရွှီဖန်းဆီသို့ လျှောက်လာခဲ့သည်။
"ဘာဖြစ်လို့လဲ"
ပိုင်ပင်း၏ လေသံမှာ အေးစက်ခြင်းလည်းမဟုတ်၊ နွေးထွေးခြင်းလည်း မဟုတ်နေပေ။
"ဒီကလူငယ်လေးကို ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်ပါ"
ရွှီဖန်းလည်း လျိုမိသားစုမှလူငယ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထို့နောက် အမှုမထားတော့ဘဲ ဝိုင်တစ်
ခွက်သာ မော့သောက်လိုက်သည်။
ပိုင်ပင်းသည် မကျေမနပ်ဖြစ်သွားသော်လည်း ခဏတာ တွေဝေသွားပြီးနောက် လျှောက်သွားလိုက်သည်။
သို့သော်ငြား ပိုင်ပင်းမှ ထိုလူငယ်အတွက် ဝိုင်ငှဲ့ပေးတော့မည့်အချိန်တွင် ထိုလူငယ်က ရုတ်ချည်းပင် လက်လှမ်းကာ သူမလက်ကို ဆွဲကိုင်လာသည်။
ထို့နောက် ဖျားယောင်းသွေးဆောင်သောအကြည့်ဖြင့်
"အလှလေး မင်းနာမည်က ပိုင်ပင်းလား ငါ့နာမည်က လျိုယွမ်ချန်"
"ရှင်!"
ပိုင်ပင်းသည် ဒေါသတကြီးဖြစ်ကာ သူ့လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် လူငယ်၏ လက်ခွန်အားမှာ အလွန်သန်မာတာကြောင့် ပုံမှန် လေ့ကျင့်မှုများ ပြုလုပ်ထားသော ပိုင်ပင်းသည်ပင် လှုပ်ရှား၍မရဘဲ ဖြစ်နေခဲ့သည်။
ရွှီဖန်းလည်း ထိုမြင်ကွင်းကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ပွဲကို ထိခိုက်သွားမှာကြောက်တာကြောင့် ရွှီဖန်းသည် ထုတ်ဖော်တော့မည့် သူ၏လှုပ်ရှားမှုကို ထိန်းချုပ်ထားရသည်။
"မစ္စတာလျို ဒါက ဘာကိုဆိုလိုတာလဲ"
"သခင်လေး မရှုပ်ပါနဲ့၊ ဒါက မစ္စတာရွှီရဲ့ပွဲပါ"
ဘေးတွင်ရပ်နေသော လျိုယုံးရမ်၏ မျက်နှာကလည်း စိုးရိမ်နေသောပုံ ပေါ်နေပြီး လျိုယွမ်ချန်အား တခြားနည်းဖြင့် ဆွဲဆောင်ရန် ကြိုးစားနေသည်။
သို့သော်ငြား လျိုယွမ်ချန်ကမူ လျိုယုံးရမ်ကို မျက်နှာသာ မပေးခဲ့ပေ။ ထိုအစား သူ ရွှီဖန်းဘက်သို့ လှည့်
ကြည့်ကာ မထီမဲ့မြင်ပြုသည့်ပုံစံဖြင့်
"မစ္စတာရွှီ သူမက ဒီကအစေခံတစ်ယောက်ပဲမဟုတ်လား...ငါ့ကို ဈေးနှုန်းတစ်ခုပြောလိုက်...ငါ ဝယ်မယ်"
လျိုယွမ်ချန်၏ "အစေခံ" ဟူသော စကားလုံးကို ကြားသည့်အခါ ရွှီဖန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့လက်ထဲမှ ဝိုင်ခွက်မှာမူ အမှုန့်ဖြစ်သွားခဲ့ပြီဖြစ်သည်။
"မင်းကို သုံးစက္ကန့် အချိန်ပေးမယ်၊ မင်း သူမလက်ကို လွှတ်ပြီး ဒီကနေထွက်သွား၊ မဟုတ်ရင် ငါမင်းကို မောင်းထုတ်မယ်"
ထို့နောက် ရွှီဖန်း ထရပ်ကာ ပိုင်ပင်းကို ကြည့်၍ ထပ်
ဖြည့်ပြောလိုက်သည်။
"သူမက ငါ့အစေခံမဟုတ်ဘူး ငါ့ရဲ့ဝန်ထမ်းပဲ၊ ပိုပြီး အရေးကြီးတာက သူမက ငါ့ရဲ့ကိုယ်ပိုင်
အတွင်းရေးမှူးပဲ"
"ကိုယ်ပိုင်အတွင်းရေးမှူး" ဟူသော စကားလုံးနှစ်လုံးကို ရွှီဖန်း အလေးပေး၍ ဖိပြောလိုက်သည်။
လျိုယွမ်ချန်နှင့် ပိုင်ပင်းတို့လည်း ထိုစကားကို ကြားသောအခါ ကြောင်အသွားကြသည်။ ပိုင်ပင်း၏ မျက်နှာမှာလည်း ရုတ်တရက် နီရဲသွားခဲ့သည်။ သူမ ရွှီဖန်းအား မကျေမနပ်ဖြင့် ကြည့်လိုက်သော်ငြား ကျေးဇူးတင်မိသောစိတ်လည်း ရှိနေခဲ့သည်။
လက်ရှိအချိန်မှာတော့ လျိုယွမ်ချန်သည် ကြက်သွန်ဖြူကို ဝါးစားမိသွားသလို ဖြစ်နေသည်။ သူ့မျက်လုံးထဲ၌ စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်သွားပြီး ပိုင်ပင်း၏လက်ကို ချက်ချင်း လွှတ်ချလိုက်သည်။
"ဖယ်စမ်း! မင်း ခွေးမ!"
သူက ထိုဆဲဆိုစကားကိုပင် တီးတိုးပြောလိုက်သေးသည်။
"ဖြန်း!"
လျိုယွမ်ချန်၏ စကားဆုံးသည်နှင့် ပိုင်ပင်းက လက်ဖဝါးဖြင့် ရိုက်ချလာသည်။ ထိုပါးရိုက်သံက ကျယ်လောင်ပြတ်သားလွန်းတာကြောင့် ပရိသတ်
တစ်ရပ်လုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
လင်းမိသားစုစားပွဲမှ လူအားလုံးလည်း ကြောက်ရွံ့မှုများ ပြည့်နှက်သွားကြသည်။ မသိလျှင် ပိုင်ပင်းကပဲအလွန်အရေးကြီးသောတစ်စုံတစ်ဦးကို အပြစ်လုပ်မိသွားသကဲ့သို့ပင်။ လင်းရှောင်ရှောင်း၏ အမူအရာကသာ တခြားလူများထက် ပိုကောင်းနေပြီး သူမ ရွှီဖန်း ကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
ရွှီဖန်းသည် ပိုင်ပင်းအား ပျော်ရွှင်သောအမူအရာဖြင့် ကြည့်လိုက်မိသည်။ ထို့နောင် သူမအား ချီးကျူးသည့်အနေဖြင့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
"မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့!"
ရုတ်ချည်းပင် လျိုယွမ်ချန်က ခုန်ထလာပြီး ပိုင်ပင်း၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်သီးဖြင့် ထိုးလာသည်။
ပိုင်ပင်းကလည်း သာမန်မိန်းကလေး မဟုတ်တာကြောင့် သူမလက်ကို ခါးသို့ လှမ်းလိုက်သည်။ ရွှီဖန်း လည်း တောက်ပနေသောစစ်ဓားတစ်လက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သို့သော်ငြား ရွှီဖန်း ခေါင်းခါလိုက်မိသည်။ ပိုင်ပင်း၏ အနီးကပ်တိုက်ခိုက်နိုင်စွမ်းမှာ လျိုယွမ်ချန်နှင့် ယှဉ်
လျှင် သိသိသာသာ နိမ့်ကျနေသည်။ ပိုင်ပင်းမှ စစ်ဓားကို မထုတ်ရသေးခင် ရွှီဖန်းသည် ပိုင်ပင်းဆီသို့ လျှောက်သွားကာ လျိုယွမ်ချန်၏ လက်သီးကို ဖမ်းကိုင်လိုက်သည်။
"မစ္စတာရွှီ"
လျိုယွမ်ချန်၏ လက်သီးကို ပိတ်ဆို့လိုက်သော ရွှီဖန်းကြောင့် လျိုမိသားစုမှ လူများအားလုံး မတ်တပ်ရပ်
လိုက်ကြသည်။ လျိုယုံးရမ်ကလည်း ရွှီဖန်းကို စိုးရိမ်သောမျက်နှာဖြင့် ကြည့်နေသည်။
"ကျွန်တော့် သခင်လေးကို ထိခိုက်အောင်လုပ်လို့မရဘူးနော်"
လျိုယုံးရမ်သည် ရွှီဖန်းကို ကြည့်ကာ ဆွေးနွေးပြောဆိုသလိုနှင့် အမိန့်ပေးနေခြင်းပင်။
"ကျွန်တော် ပြောခဲ့တယ်လေ၊ သူ့ကို အခုထွက်သွားမလား ဒါမှမဟုတ် သူ့ကို မောင်းထုတ်ပေးရမလားလို့"
သို့သော် ရွှီဖန်းကတော့ လျိုမိသားစုအား မျက်နှာသာ မပေးခဲ့ဘဲ သူ့မျက်နှာအမူအရာမှာ အလွန်ခိုင်မာနေခဲ့သည်။
လျိုယွမ်ချန်သည် လက်ဝှေ့ယမ်းကာ လျိုယုံးရမ်ကို စကားဆက်မပြောရန် တားဆီးလိုက်သည်။
"လျိုဦးလေး ဘာမှ ဝင်ပြောစရာမလိုဘူး၊ လျိုယွမ်ချန် ဖြစ်တဲ့ကျွန်တော့်ကို ဒီလိုမျိုး လုပ်ရဲတဲ့သူ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ လျိုမိသားစုက ဘယ်လိုနေရာမျိုးမှာရှိလဲဆိုတာကို သူတို့ သိဖို့လိုတယ်၊ ဒီကိုလာစမ်းပါ ဒီပွဲကို ဖျက်ဆီးပစ်မယ်"
လျိုယွမ်ချန်သည် ထိုစကားကို ပြောနေချိန်တွင် သူ့မျက်လုံးများက မာနထောင်လွှားမှုများဖြင့် ပြည့်
နှက်နေသည်။
"ဟားဟားဟား ကောင်းတယ်! မင်းကိုပဲ မောင်းထုတ်ပေးဖို့ ငါ ရွေးချယ်လိုက်ပြီ"
ရွှီဖန်းသည် ပေါ့ပေါ့ပါးပါး ရယ်မော၍ လျိုယွမ်
ချန်၏လက်မောင်းကို ဆွဲကိုင်ကာ ဘိုးလင်းဘောလုံးကဲ့သို့ မြှောက်လိုက်သည်။ လျိုယွမ်ချန်မှာ ဘာမှမတုန့်ပြန်ရသေးခင် အားတစ်ခုကျလာသည်ကို ခံစားခဲ့ရပြီး သူ့ခန္ဓာကိုယ်မှာလည်း ဘောလုံးတစ်လုံးကဲ့သို့ တံခါးဝဆီ အလိုအလျောက် လှိမ့်ထွက်သွားသည်။
"ဟားဟားဟား"
ထိုမြင်ကွင်းကို မြင်သောအခါ ပတ်ဝန်းကျင်မှ ဧည့်သည်များလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ အကြောင်းမှာ သူတို့သည် လျိုမိသားစုအကြောင်းကို နက်နက်နဲနဲ မသိကြသောကြောင့် ဖြစ်သည်။
လျိုမိသားစုမှ လူတွေကတော့ ရွှီဖန်းကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
"မစ္စတာရွှီ မင်း အရမ်းလွန်သွားပြီ"
လျိုယုံးရမ်ကလည်း ရွှီဖန်းကို ကြည့်လာပြီး သူ့မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"သူ့ကို အခွင့်အရေးပေးတယ်လို့ ပြောခဲ့သားပဲ"
ရွှီဖန်းကမူ လျိုယုံးရမ်ကိုပင် မကြည့်ဘဲ ပိုင်ပင်း၏ခါးမှ ဓားကိုယူရန် တိတ်တဆိတ်ပင် လက်လှမ်းလိုက်
သည်။ ထို့နောက် တစ်ဖက်ကိုလှည့်၍ ပိုင်ပင်း ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
"ကောင်မလေး ဓားနဲ့မဆော့နဲ့"
"ရှင်!"
ရွှီဖန်း၏ရုတ်တရက် လုပ်ဆောင်မှုကြောင့် ပျောက်
ကွယ်လုနီးပါးဖြစ်နေသော မျက်နှာနီမြန်းမှုမှာထပ်ပေါ်လာပြန်သည်။ ရွှီဖန်းက သူမဘက်မှ ရပ်တည်ပေးခဲ့သည်ဟူသောအချက်နှင့် ပေါင်းတွေးလိုက်သောအခါ ပိုင်ပင်း၏ စိတ်ထဲ၌ ရုတ်တရက်ပင် ထူးဆန်းသောခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
"မစ္စတာရွှီ ငါတို့ဘက်က မင်းကို အမြဲတမ်း လေးစားခဲ့တယ်၊ ဒါက ငါတို့ကို ပြန်လည်ပေးဆပ်တဲ့ နည်းလမ်းပေါ့လေ၊ စောင့်ကြည့်နေလိုက်ပါ"
လျိုယုံးရမ်သည် ရွှီဖန်းအား ရက်စက်စွာ ကြည့်
နေသည်။ သူ၏ သိုဝှက်ထားသော ဝံပုလွေလိုမျက်နှာလည်း ရွှီဖန်းကြောင့် ထွက်ပေါ်လာခဲ့သည်။
"ကျေးဇူးပြုပြီး..."
ရွှီဖန်းကလည်း လျိုယုံးရမ်ကို မျက်နှာသာမပေးဘဲ ထွက်သွားရန်သာ လက်ဟန်ပြလိုက်သည်။
"မင်း နောင်တရလိမ့်မယ်"
လျိုယုံးရမ်၏အမူအရာက ရုပ်ဆိုးသွားသည်။ ထိုစကားများပြောကာ သူ ထွက်သွားတော့သည်။
"ကောင်းပြီ အားလုံးပဲ ဆက်စားကြပါ၊ စိတ်ထဲမထားကြပါနဲ့၊ လူတိုင်း ပျော်နေတဲ့စိတ်ခံစားချက်လေးကို မ
ဖျက်ဆီးလိုက်ပါနဲ့"
လျိုမိသားစု ထွက်သွားပြီးနောက် ရွှီဖန်းသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆွဲတင်ကာ ပရိသတ်များကို
ကို လှမ်းအော်ပြောလိုက်သည်။
လျိုမိသားစုထွက်သွားပြီး မကြာလိုက်ပေ၊ ဝူထျန်းကပါ ရွှီဖန်းဆီ ရောက်လာသည်။
"အဲ့ဒီအမူအရာက ဘာဖြစ်သွားလို့လဲ"
ဝူထျန်းက မျက်မှောင်ကြုတ်နေတာကြောင့် မကောင်းသော ကိစ္စတစ်ခုမှန်း သူ သိလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ဝူထျန်းသည်
ပတ်ဝန်းကျင်ကို ကြည့်၍....
"လျိုမိသားစုက လူတွေစေလွှတ်လိုက်ပြီ၊ သူတို့က ဒီချန်ဟိုင်းမှာ လုံခြုံရေးကုမ္ပဏီတစ်ခု ရှိတယ်၊ သူတို့က မင်းရဲ့ဒီပွဲကို ဖျက်ဆီးဖို့ စီစဉ်နေတယ်လို့ ငါထင်တယ်၊ ဒါ့အပြင် အထက်က ဖုန်းခေါ်ဆိုမှုတစ်ခုလည်း ရောက်လာတယ်၊ သူတို့က သိုင်းသမားတွေကိုပါ စေလွှတ်လိုက်ပြီတဲ့"
"ဘာ"
ရွှီဖန်း အံ့အားသင့်သွားသည်။ လျိုမိသားစုနှင့် အခုချက်ချင်းပင် ချရတော့မည်ဟု သူ မထင်ထားခဲ့ပေ။
"မင်း ဖြေရှင်းနိုင်လား"
ဝူထျန်းက ရွှီဖန်းကိုကြည့်၍ မေးသည်။ ရွှီဖန်းကသာ ၎င်းကို မကိုင်တွယ်နိုင်လျှင် သူ့လှုပ်ရှားတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဝူထျန်၏ အခုလိုခိုင်မာသော ရပ်တည်ချက်ကြောင့် ရွှီဖန်းလည်း နားမလည်နိုင် ဖြစ်သွားခဲ့သည်။
"လျိုမိသားစုက အဲ့ဒီလိုအမိန့်ပေးလိုက်တော့ မုရုန်
မိသားစုကလူနဲ့ လင်းမိသားစုကလူက ငါ့ကို ဖုန်းဆက်လာတယ်"
ဝူထျန်းသည် တစ်ဖက်မှာ ထိုင်နေသည့် လင်းရှောင်ရှောင်းကို ကြည့်ကာ...
"မင်းကို ကာကွယ်ပေးပါ ဆိုပြီး"
"မုရုန်မိသားစုလား"
ထိုရင်းနှီးလှသောအမည်ကို ကြားမှသာ ရွှီဖန်းသည် သူမ၏ ပထမဆုံးအကြိမ်ကို လုယူသွားပါတယ်ဆိုပြီး သောင်းကျန်းခဲ့သော မုရုန်လင်ဟူသည့် မိန်းကလေးကို သတိရသွားသည်။
"အင်း မုရုန်မိသားစုရဲ့သဘောထားက လင်းမိသားစုထက်တောင် ပိုပြီးခိုင်မာနေသေးတယ်၊ မင်းအတွက်ဆိုရင် လင်းမိသားစုနဲ့တောင် တိုက်ခိုက်ဖို့ ဝန်မလေးဘူးဆိုပဲ"
ဝူထျန်းသည် ထိုစကားများကို ပြောနေရင်း သူ့မျက်လုံးထဲ၌ မယုံနိုင်မှုများ ပြည့်နှက်နေသည်။
"ငါ သူမကို ကယ်တင်ခဲ့တာ အချည်းနှီး မဟုတ်ဘူးပဲ"
ရွှီဖန်းလည်း ပြုံးလိုက်ကာ မုရုန်လင်၏ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာသည်။
"သူတို့ကို ပိတ်ဆို့ထားဖို့ လူတချို့ စေလွှတ်လိုက်ပါ၊ ကျန်တာကိုတော့ ကျွန်တော်နဲ့ လွှဲထားလိုက်၊ မလိုအပ်သ၍ လူတွေနဲ့ ပဋိပက္ခမဖြစ်ချင်ဘူး"
ရွှီဖန်းသည် ဝူထျန်းကို ပြန်ကြည့်၍ ညွှန်ကြားလိုက်
သည်။
ဝူထျန်းကလည်း ချက်ချင်းပင် ခေါင်းညိတ်သဘောတူကာ ဖုန်းဆက်ရန် ပြန်လှည့်သွားသည်။
"လုံခြုံရေးကုမ္ပဏီတစ်ခုကို ခေါ်လိုက် အခုချက်ချင်း! မင်းတို့ နေရာတွေ ချထားပြီးရင် ငါ့ကို ဖုန်းပြန်ခေါ်! မင်းတို့ ထပ်မေးနေဖို့ လိုအပ်သေးတာလား! အဓိပ္ပာယ်မရှိချက်! လက်နက်ကိုင်ပြီးသာ ဒီကိုလာကြစမ်း! ဥပဒေနဲ့အမိန့်အာဏာကို ထိန်းသိမ်းကြစမ်း!"
ထိုစကားနှင့်အတူ ဝူထျန်းသည် ဖုန်းချ၍ ရွှီဖန်းကို ခေါင်းညိတ်ပြလိုက်သည်။
ရွှီဖန်းလည်း ဝူထျန်းကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို ကျဥ်းမြောင်းကာ တီးတိုးဆိုမိသည်။
"လျိုမိသားစု"
*******************