မောက်မာထောင်လွှားသောလျိုမိသားစု
Vol. 22 Ch. 328
ရှောင်းချောင်နှင့်ရှယန်ယွိတို့ စားပွဲဆီ ရွှီဖန်း လျှောက်သွားလိုက်သည်။
"အခုတော့ ကျွန်မတို့ကို မှတ်မိပြီပေါ့"
သူ ထိုင်လိုက်သည်နှင့် ဘေးမှာထိုင်နေသော ရှယန်ယွိက လှောင်ပြောင်သလို ပြောလာသည်။
"ခဏနေ ဘာပဲဖြစ်လာပါစေ စိတ်မလှုပ်ရှားသွားကြနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းကာကွယ်ပြီး စိတ်အေးအေးထားကြ၊ အားလုံးစီစဉ်ထားပြီးသားဆိုတော့ ဘာမှတော့ ဖြစ်လာမှာ မဟုတ်ပါဘူး"
ထိုစကားနှင့်အတူ ရွှီဖန်းသည် ရှယန်ယွိနှင့် ရှောင်းချောင်ကို ကြည့်ကာ သူတို့၏လက်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
သို့သော် ထိုနှစ်ယောက်သည် ရွှီဖန်း၏အပြုအမူကို အာရုံမစိုက်မိဘဲ သံသယဖြင့်...
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး၊ ကိုယ်ပြောတဲ့စကားတွေကိုပဲ မှတ်ထားပေးပါ"
ထိုစကားကို ပြော၍ ရွှီဖန်းထရပ်ကာ လင်းရှောင်ရှောင်း၏စားပွဲဆီ လျှောက်သွားလိုက်သည်။
ရှောင်းချောင်နှင့် ရှယန်ယွိလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ တစ်ချိန်တည်းမှာပင် စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။
"မင်း သိနေတယ်မလား"
ရွှီဖန်းသည် လင်းရှောင်ရှောင်းဘေးမှာ ရပ်၍ မျက်မှောင်ကြုတ်ထားသော သူမကို ကြည့်လိုက်သည်။
"အင်း ကျွန်မမိသားစုနဲ့ မုရုန်မိသားစုက ရှင့်ကို ကာကွယ်ပေးဖို့ ဆန္ဒရှိပေမယ့် လျိုမိသားစုက ဘာပဲပြောပြော မိသားစုကြီးလေးခုထဲက တစ်ခုပဲလေ၊ ကျွန်မ မမှားရင် လျိုယွမ်ချန်က လျိုမိသားစု၊ လက်ရှိခေါင်းဆောင်ရဲ့သားဖြစ်လိမ့်မယ်"
လင်းရှောင်ရှောင်းသည် ထိုစကားများကိုပြောရင်း စိုးရိမ်ပူပန်မှုကို မရပ်နိုင်ခဲ့ပေ။
"လက်တုံ့ပြန်ခြင်းက မဖြစ်မနေပဲ၊ မင်းလည်း ငါကဘယ်လိုလူလဲဆိုတာ သိတာပဲ"
ရွှီဖန်း ပြုံးလိုက်ကာ လင်းရှောင်ရှောင်းအား သူ၏ ပုံမှန်ပေါ့ပါးသော အမူအရာဖြင့် ကြည့်လိုက်သည်။
သို့သော် လင်းရှောင်ရှောင်း၏စိုးရိမ်ပူပန်သောအမူအရာက ထိုနေရာမှာတင် မရပ်တန့်ခဲ့ပေ။ သူမ သက်ပြင်းချလိုက်ကာ...
"မိသားစုကြီးလေးဂိုဏ်းက မိသားစုကြီးလေးဂိုဏ်းပဲလေ၊ ရှင် ဘယ်လောက်ပဲသန်မာပါစေ အသုံးမဝင်
ဘူး"
မိသားစုကြီးလေးဂိုဏ်း၏ကျော်ကြားမှုက လင်းရှောင်ရှောင်းဆီ၌ အမြစ်တွယ်နေတာ သိသာလှသည်။
သို့သော် ရွှီဖန်းကတော့ ဂရုမစိုက်ပေ။ သူ့ခွန်အားကို သူကောင်းကောင်းသိပေသည်။ အာ့လန်ရှန်းဟုခေါ်သော ယန်ကျင်းက သူ့ညီအစ်ကိုဖြစ်သည်။
မိသားစုကြီးလေးဂိုဏ်းကို လေးစားပေးရမယ်လို့ ထင်နေလား။ မဖြစ်နိုင်ပေ။
ရွှီဖန်းသည် ထိုစကားကိုကြားသော်လည်း မထီမဲ့မြင် ပြုံးရယ်ကာ ဘာမှပြန်မပြောခဲ့ပေ။
"ပိုင်ပင်း မင်း အရင်ပြန်လို့ရပြီ၊ နောက်ပိုင်း ကိစ္စက အရမ်းရှုပ်ထွေးလာရင် ငါ မင်းကို ဂရုမစိုက်နိုင်တော့မှာ စိုးတယ်"
ရွှီဖန်းသည် လင်းမိသားစုစားပွဲကနေ ထွက်လာပြီး ပိုင်ပင်း၏ဘေးကို လျှောက်သွားကာ သူမကို အမိန့်ပေးလိုက်သည်။
"သူတို့ဘက်က ပြဿနာရှာလာပြီမလား"
ပိုင်ပင်းသည် ရွှီဖန်းစကား၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး လျိုမိသားစုက လူများ ဒုက္ခပေးရန် ရောက်လာတော့မှာဖြစ်ကြောင်း ချက်ချင်း မှန်းဆလိုက်မိသည်။
"ဟုတ်တယ်"
ရွှီဖန်း ဘာမှမဖုံးကွယ်ဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ဒါဆို ကျွန်မ ပိုပြီးတော့တောင် မထွက်သွားနိုင်ဘူး၊ ဒီကိစ္စက အစကတည်းက ကျွန်မကြောင့် ဖြစ်လာခဲ့တာ"
ပိုင်ပင်းသည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ရွှီဖန်းကို ငြင်းပယ်လိုက်သည်။
ထိုအခြေအနေကိုမြင်တော့ ရွှီဖန်း အံ့အားသင့်သွားသည်။ သို့သော် သူ ခေါင်းခါယမ်းကာ...
"မင်းက ငါ့ကို ဒုက္ခပိုပေးရုံပဲ ရှိလိမ့်မယ်၊ ကောင်းပြီ...ဒါက ဆုံးဖြတ်ထားပြီးသား ကိစ္စပဲ၊ မင်း အခု ထွက်သွားလို့ရပြီ"
ထိုစကားနှင့်အတူ ရွှီဖန်းသည် ဝူထျန်းဆီသို့ တည့်
တည့်လျှောက်သွားလိုက်သည်။
သို့သော် ထိုအချိန်၌ ပိုင်ပင်း၏မျက်နှာမှာ မရေရာမသေချာသော အမူအရာဖြစ်နေခဲ့သည်။ သူမက ရွှီဖန်း ၏နောက်ကျောကို ကြည့်ကာ ပြောနေ၏။
"ဒါက အခွင့်အရေးတစ်ခုလည်း ဖြစ်သွားနိုင်တယ်။"
"သူတို့ ငါးမိနစ်အတွင်း ရောက်လာလိမ့်မယ်"
ဝူထျန်းသည် ရွှီဖန်းကို မြင်သောအခါ အခြေအနေကို အကြောင်းကြားလိုက်သည်။
"ခင်ဗျားရဲ့လူတွေက ဘယ်မှာလဲ"
"သူတို့လည်း တစ်ချိန်တည်းပဲ"
"ကောင်းပြီ ခင်ဗျား စောင့်နေလိုက်ပါ"
စကားဆုံးသည်နှင့် ရွှီဖန်းသည် ဝူထျန်ဘေးမှာ ထိုင်၍ ဝိုင်ဖြူတစ်ခွက်ကိုယူကာ ဝူထျန်းနှင့်အတူ အကုန်သောက်လိုက်သည်။ လျိုမိသားစုကဲ့သို့ ထူးခြားသောရန်သူမျိုးကို ရင်ဆိုင်နေရတာတောင် ရွှီဖန်း၏ မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှု သို့မဟုတ် ထိတ်လန့်မှုတစ်စက်မျှ မရှိပေ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ပွဲတက်လာသောလူတိုင်းလည်း တဖြည်းဖြည်း သတင်းရလာကြပြီး ပတ်ဝန်းကျင်၏လေထုက တဖြည်းဖြည်း အေး
စက်လာသည်။
သို့သော် သတင်းကြားသူများအတွက်တော့ ထွက်ခွာရန် နောက်ကျနေလေပြီ။ ကားသံများက အောက်
ထပ်ကနေ ထွက်ပေါ်လာသည်။ ပြတင်းပေါက်ကနေကြည့်လိုက်လျှင် စီးပွားရေးသုံးကားဖြစ်သည့် ကားဒါဇင်ပေါင်းများစွာသည် အောက်ထပ်၌ ပရမ်းပတာ ရပ်ထားကြသည်ကို မြင်ရပေသည်။ အားလုံးက အလျားရှည်သောကားအမျိုးအစားများဖြစ်ပြီး လူတစ်ရာကျော်လောက် ဆင်းလာကြသည်။
သို့သော် ထိုလူအုပ်စု ကားပေါ်ကနေ ဆင်းလာပြီး ဟိုတယ်ထဲသို့ အပြေးအလွှား ဝင်လာချိန်မှာပင် စစ်ကားတစ်တန်းကလည်း သူတို့အနောက်ကနေ မောင်းချလာပြီး ပိတ်ရပ်လာကြသည်။
"မလှုပ်နဲ့!"
စစ်ကားပေါ်ကနေ ခုန်ဆင်းလာသော စစ်သားများသည် လက်နက်အပြည့်အစုံဖြင့် ကားပေါ်မှ ဆင်းကာ ထိုလူအုပ်စုကို ချိန်ထားကြသည်။
"မင်းတို့ ဒီမှာ ဘာလို့ စုဝေးနေကြတာလဲ"
"ကျွန်တော်တို့ ဒီမှာ လာစားကြတာပါ"
"လူအများကြီးက တစ်စုတည်း လာစားကြတာပေါ့၊ မင်းတို့က လူအုပ်စုဖွဲ့ပြီး ပြဿနာရှာဖို့ စီစဉ်နေတယ်လို့ ငါထင်တယ်"
တစ်ဖက်အဖွဲ့သည် ထိုမေးခွန်းကြောင့်ကြောင်သွားတာ သိသာလှသည်။ ဆူညံသံတွေ ထွက်ပေါ်လာသော်ငြား စစ်သားများကို ရင်ဆိုင်နေရတာဖြစ်၍ သူတို့ ရမ်းကားခြင်းတော့ မလုပ်ရဲပေ။
"မင်း ဘာကိုဆိုလိုတာလဲ ငါတို့က ဥပဒေချိုးဖောက်နေတယ်လို့ဆိုလိုတာလား"
ထိုအချိန်၌ သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် ကားပေါ်ကနေ ဆင်းလာပြီး စစ်သားတန်းကို ကြည့်
လာသည်။ သူ့မျက်နှာပေါ်၌ ထိတ်လန့်မှု သို့မဟုတ် ကြောက်ရွံ့မှုအရိပ်အယောင်တစ်စက်မှ မရှိပေ။
"လာ အောက်ကို ဆင်းရအောင်"
ထိုမြင်ကွင်းကိုမြင်တော့ ရွှီဖန်းလည်း ဝူထျန်းကို ပြောလိုက်သည်။
"ကောင်းပြီ"
ဝူထျန်းခေါင်းညိတ်လိုက်သည်။
ထိုအချိန်၌ အပြင်မှာ မိုးဖွဲဖွဲလေး ရွာနေသည်။ ကောင်းကင်က မှောင်မိုက်နေပြီး မြင်နိုင်စွမ်းမှာ အလွန်အားနည်းသည်။
"ဥပဒေချိုးဖောက်တာမဟုတ်ရင် မင်းတို့ ဒီမှာဘာလုပ်နေကြတာလဲ"
ဝူထျန်းသည် ခေါင်းဆောင်လုပ်သူကို ကြည့်၍ တည့်ပဲ မေးလိုက်သည်။
"ဗိုလ်မှူး!"
စစ်သားတန်းသည် ဝူထျန်းကို မြင်သောအခါ သေနတ်များကို ကိုင်ပြီး ဂါရဝပြုကြသည်။ ဝူထျန်းလည်း လက်မြှောက်ကာ ပြန်လည်ဂါရဝပြုလိုက်
သည်။ ထို့နောက် စစ်သားအုပ်စုက ထိုလူအုပ်စုကို တည်ကြည်သောအမူအရာဖြင့် ပြန်ကြည့်လိုက်ကြသည်။
သို့သော် ခေါင်းဆောင်သည် ဝူထျန်းကို မြင်သောအခါ သူ့မျက်လုံးအကြည့်များ ချက်ချင်းပြောင်းလဲသွားသည်။ အဆုံးမှာတော့ သူ ခိုင်မာသည့်အမူအရာကို ပြသကာ လျှောက်သွားခဲ့သည်။
"ဗိုလ်မှူးဝူ ကျွန်တော်က လျိုမိသားစုက လုံခြုံရေးကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်အဖွဲ့ဝင်ပါ၊ ဝန်ထမ်းတွေကို ညစာစားပွဲ ခေါ်လာတာက ကောင်းတဲ့အကြံပဲ မဟုတ်ဘူးလား"
"ဟမ့်"
ဝူထျန်းသည် ထိုစကားကို ကြားပြီးနောက် မြန်
မြန်ဆန်ဆန်ပင် လက်ဝှေ့ယမ်းလိုက်သည်။
"ဥပဒေချိုးဖောက်မှုရှိ၊ မရှိက မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ အခု မင်းတို့က ဒီလိုရန်လိုနေတဲ့ပုံစံနဲ့ စုရုံးနေတာကို ကြည့်ပြီး ငါ့မှာ မင်းတို့ကို သံသယဝင်ပိုင်
ခွင့်တော့ ရှိတယ်"
"ဗိုလ်မှူးဝူ ခင်ဗျား လျိုမိသားစုအကြောင်းကို သိသင့်တယ်မလား"
ခေါင်းဆောင်သည် မျက်လုံးကျဥ်းမြောင်းကာ ဝူထျန်းကို ကြည့်လိုက်သည်။ သူ့မျက်နှာအနှံ့တွင် "ခြိမ်းခြောက်မှု"ဟူသည့် စကားလုံးကြီးကို ရေးထားလေသည်။
"သူ သေချာပေါက် မသိဘူး"
သို့သော် ဝူထျန်းမှ မတုံ့ပြန်ခင်မှာပင် လျိုယွမ်ချန် ၏အသံက ထွက်ပေါ်လာသည်။ ထို့နောက် သူ ကားပေါ်ကနေ ဆင်းလာသည်။ လျိုကျီပင်းသည် ထီးဆောင်းပေးထားပြီး လျိုယွမ်ချန်က သူ့အနောက်မှာ ရှိနေသည်။ လျိုယုံးရမ်၏ပုံရိပ်ကိုတော့ သူ မတွေ့လိုက်ရသေးပေ။
"သူသာသိရင် သူ့ကို သတ္တိဆယ်ဆလောက် ပေးရင်တောင် ငါ့ကို သေနတ်နဲ့မချိန်ရဲဘူး"
လျိုယွမ်ချန် စကားပြောလိုက်သည့်အခါတိုင်း မာနထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။ သူက ရွှီဖန်းနှင့် ဝူထျန်းအား မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် ကြည့်နေသည်။
"ဪ မင်းက ဘယ်သူလဲ"
ရွှီဖန်း တဟဲဟဲ ရယ်မောကာ မေးလိုက်သည်။ သူ လျိုယွမ်ချန်ကို အရှက်ခွဲချင်နေတာ သိသာလှသည်။
"ငါ ဘယ်သူလဲဟုတ်လား...မင်း သိဖို့ မလိုဘူး၊ မင်းသိဖို့လိုတာက မင်းရဲ့ကောင်းတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီဆိုတာကိုပဲ၊ သူ့ကို ငါ့အတွက် ဖမ်းလာကြစမ်း!"
လျိုယွမ်ချန်သည် ရွှီဖန်းအား လှောင်ပြောင်ကာ ချက်ချင်းပင် ထိုလူအုပ်စုကို တိုက်ခိုက်ရန် အမိန့်
ပေးလိုက်သည်။
ထိုလူများကလည်း မဆိုင်းမတွပင် တုံ့ဆိုင်းမနေခဲ့ပေ။ လျိုယွမ်ချန်၏အမိန့်ကို ကြားပြီးနောက် သူတို့ ရွှီဖန်းဆီ လျှောက်သွားကြသည်။
"ဘယ်သူလုပ်ရဲလဲဆိုတာ ငါ မြင်ချင်တယ်!"
သို့သော် ထိုအချိန်၌ ဝူထျန်းက ရုတ်တရက် အော်ဟစ်လာသည်။
"လုံခြုံရေးတပ်မှူး!"
"ဟုတ်ကဲ့!"
"ဥပဒေနဲ့အမိန့်အာဏာကို ထိန်းသိမ်းစောင့်ရှောက်!"
"ဟုတ်ကဲ့!"
ထိုစကားပြောဆိုမှုက လူအုပ်စုကို တုန်လှုပ်သွားစေခဲ့ပြီး ခြေလှမ်းများ ရပ်တန့်သွားစေခဲ့သည်။
သို့သော် လျိုယွမ်ချန်ကမူ ထိုမြင်ကွင်းကို မြင်
သောအခါ အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်သွားရသည်။ သူ့မျက်နှာကလည်း မည်းမှောင်သွားလေသည်။
"မင်း ငါဘယ်သူလဲဆိုတာကို သိရဲ့လား!"
သူ့မျက်လုံးများက ဒေါသဖြင့် ပြည့်နှက်နေပြီး ဝူထျန်းအား စူးစူးစိုက်စိုက် ကြည့်နေသည်။
"မင်းက ဘယ်သူလဲ"
ဝူထျန်သည် ရွှီဖန်းဘေးမှာ ရပ်တည်ရန် ရွေးချယ်ထားပြီးသားပင်။ သဘာဝကျစွာပင် သူ အဆုံးထိ ရပ်တည်လိမ့်မှာဖြစ်သည်။ သူ လျိုယွမ်ချန်အား ဘာမျက်နှာသာမှ မပေးခဲ့ပေ။
"ကောင်းပြီ ဒါဆို ငါပြောပြမယ်၊ ငါက လျိုမိသားစုက လက်ရှိခေါင်းဆောင်ရဲ့သားဖြစ်ပြီး လျိုမိသားစုရဲ့ နောက်တက်မယ့်ခေါင်းဆောင်လည်း ဖြစ်တယ်! မင်းရဲ့ အဲ့ဒီဦးထုပ်နက်ကြီးကို မလိုချင်တော့ဘူးလား!"
ထိုစကားနှင့်အတူ လျိုယွမ်ချန်သည် ဝူထျန်းအား စူးစူးစိုက်စိုက်ကြည့်ကာ ဝူထျန်း လက်နက်ချလာမှာကို စောင့်နေသည်။
"ငါတို့ စစ်သားတွေက ပြည်သူလူထုအတွက် အလုပ်လုပ်တာ၊ မင်းတို့ လျိုမိသားစုအတွက် မဟုတ်ဘူး၊ ဥပဒေအတိုင်းဆောင်ရွက်ခြင်းက ငါတို့ရဲ့ နိယာမပဲ!"
ဝူထျန်းသည် ဖြောင့်မတ်သောလေသံဖြင့် ပြောလိုက်သည်။
ထိုဂယက်များကို အင်တာနက်သုံးစွဲသူများသည် ဖမ်းယူရိုက်ကူးကာ အွန်လိုင်းပေါ်တွင် တင်နေကြသည်။ ဝူထျန်း၏စိတ်အားထက်သန်သော စကားများက တရုတ်နိုင်ငံအနှံ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သော်လည်း ၎င်းမှာ နောင်ဖြစ်လာမည့် အကြောင်းအရာများဖြစ်သည်။
"မင်း!"
ရွှီဖန်းအတွက်နှင့် ဝူထျန်းက လျိုမိသားစုကို ဂရုမစိုက်လိမ့်မည်ဟု သူ ထင်မထားမိခဲ့ပေ။ လျိုယွမ်ချန်၏ အမြင်တွင် ဝူထျန်း ရူးသွားပြီဟု ထင်လိုက်
တော့သည်။ သို့သော် ဤစစ်သားတန်းကြောင့် ရွှီဖန်း ကို ထိလို့မရတော့ဘူးဆိုတာက ရှင်းနေ၏။
သို့သော်လည်း လျိုယွမ်ချန်သည် လျိုမိသားစုနှင့်အတူ ချန်ဟိုင်းရှိ ကိစ္စရပ်များကို ကိုင်တွယ်သူများထဲမှ တစ်ဦးဖြစ်သည်။ အခုလက်ရှိမြင်ကွင်းကို မြင်
သောအခါ သူ့ကိုယ်ပိုင်လူများကို အသုံးပြုရန်
မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
"ဝူထျန်းမလား ငါမင်းကိုမှတ်ထားမယ်"
"မင်း လုပ်ရဲလား"
ရွှီဖန်းသည် ဝူထျန်းအား တားဆီးရန် လက်ဝှေ့ယမ်းလိုက်သည်။
"ဒီလိုကိစ္စတွေကို ဂရုစိုက်စရာမလိုဘူးလို့ ပြောခဲ့တယ်လေ"
ကားပေါ်ကနေ ဆင်းလာသောလူကို ရွှီဖန်းကြည့်
လိုက်သည်။ မိုးကသည်းထန်စွာ ရွာသွန်းနေသော်လည်း မိုးရေတစ်စက်မှ ထိုလူအပေါ်သို့ မကျဆင်းခဲ့ပေ။
"မဆိုးဘူးပဲ"
ရွှီဖန်းသည် အနည်းငယ် ပြုံးလိုက်သော်လည်း သူ၏ပေါ့ပါးသော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။ သူ့စကားမှာ ကျောင်းဆရာက သူ့ကျောင်းသားကို မှတ်ချက်ပေးနေသကဲ့သို့ပင်။
ဝူထျန်းသည် ရွှီဖန်း၏စကားကို ကြားပြီးနောက် လျိုယွမ်ချန်၏ ဒေါသကိုပါ မြင်လိုက်ရသောအခါ အစွန်းကို ရောက်နေပြီမှန်း သိလိုက်သည်။
ဝူထျန်းက ဆက်မပြောတော့သည်ကို မြင်သောအခါ လျိုယွမ်ချန်၏မျက်နှာပေါ်၌ အပြုံးလေးတစ်ခု ပေါ်လာပြီး လျိုထိုက်ကို ကြည့်လိုက်သည်။
"ဘယ်လိုလဲ အခု ငါ့လျိုမိသားစုရဲ့စွမ်းအားကို မင်းသိပြီမလား၊ မင်း ခုနက ငါ့ကို ရွေးချယ်စရာနှစ်ခု ပေးခဲ့တယ်၊ အခု ငါလည်း မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်၊ တစ်! ဒူးထောက်ပြီးတောင်းပန်ရင် မင်းအသက်ကို ချမ်းသာပေးမယ်၊ နှစ်! မင်းကို ငါခေါ်သွားမယ် မင်း အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး"
"အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ" ဟူသော စကားကို သူပြောချိန်တွင် လျိုယွမ်ချန်၏ မျက်နှာပေါ်မှာ အပြုံးသည် အလွန်ကြီးမားနေသည်။ သူ လက်ညှိုးထောင်၍ သေနတ်ပုံစံလုပ်ကာ ရွှီဖန်း၏စကားများကို အတုယူရင်း "ဘန်း!" ဟူသော အသံကိုပင် ပြုလုပ်လေသည်။
"ရွှီဖန်း လျိုမိသားစုနဲ့တိုက်ရိုက်တိုက်ခိုက်မှာကို ကျွန်မ အကြံမပေးဘူး"
ထိုအချိန်၌ လင်းရှောင်ရှောင်းကလည်း ဘေးကနေ ရွှီဖန်းကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။ သို့သော်လည်း ရွှီဖန်းသည် လင်းရှောင်ရှောင်း၏ စကားများကို တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ထိုအစားမာနထောင်လွှားနေသော လျိုယွမ်ချန်ကို ကြည့်
ရင်း သူ့အကြည့်က တဖြည်းဖြည်း အေးစက်လာခဲ့
သည်။
"ဘုန်း!"
လျိုထိုက်သည် ကားတစ်စီးအား ဝင်ထိုးလိုက်ရာ ကားမှာ ချက်ချင်းဆိုသလိုပင် အပေါ်ကနေ ချိုင့်ဝင်သွားခဲ့သည်။ လျိုထိုက်ကလည်း လက်သီးဆုပ်ကာဖြင့် လျိုယွမ်ချန်ကဲ့သို့ မာနထောင်လွှားစွာရယ်မောနေပြီး ရွှီဖန်း၏ အရှေ့တွင် ပုံစံပြသနေလေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ရှောင်းချောင်နှင့်ရှယန်ယွိတို့လည်း ကြောက်လန့်တကြားဖြင့် တုန်လှုပ်သွားကြသည်။ မိန်းကလေးနှစ်ဦးသည် စိုးရိမ်သော မျက်နှာများဖြင့် ရွှီဖန်း၏ဘေးသို့ အလျင်အမြန် လျှောက်လာပြီး မေးကြသည်။
"ဒီလူ ဘယ်သူလဲ?"
လျိုထိုက်၏လှုပ်ရှားမှုကြောင့် မိန်းကလေးနှစ်ဦးက စိုးရိမ်သွားသည်မှာ သိသာလှသည်။ ရွှီဖန်းက ခွန်အားကြီးမားမှန်း သူတို့သိသော်လည်း ရွှီဖန်း၏အကြောင်းအား သူတို့သိရှိမှုမှာ မိုးပျံအိုးသိုင်းကျမ်း၏ဒုတိယအဆင့်တွင် ရှိခဲ့စဉ်အချိန်၌ ရပ်တန့်နေသောကြောင့် ရွှီဖန်း၏ လက်ရှိခွန်အားကို သူတို့ မသိရှိကြသေးချေ။
***************