← Chapters

ပိုင်ပင်းပြန်ပေးဆွဲရခြင်း

Vol. 22 Ch. 329

ပိုင်ပင်းပြန်ပေးဆွဲရခြင်း

Vol. 22 Ch. 329

"ပြောပါဦး ဘယ်လိုတောင်းပန်ချင်လဲ"

လျိုထိုက်က ရွှီဖန်းအား ဒေါသဖြင့် ကြည့်လာသည်။

"ဘယ်လောက်လိုချင်လဲ"

သို့သော် ရွှီဖန်း ပါးစပ်မဖွင့်ရသေးခင်မှာပင် သူ့ဘေးမှာ ရပ်နေသည့် ရှယန်ယွိက ရှေ့ထွက်လာသည်။

"ဘယ်လောက်လဲ"

လျိုထိုက်သည် အစကတော့ ကြောင်သွားခဲ့သည်။ ပြီးမှ ရှယန်ယွိကို တစ်ချက်ဝေ့ကြည့်ကာ ဆိုးဝါးသောအကြည့်ဖြင့်....

"ငါတို့လျိုမိသားစုမှာ ပိုက်ဆံမရှားဘူး"

"ဒါဆို ဘာလိုချင်လဲ"

လျိုထိုက်၏အကြည့်ကို မြင်သည့်အခါ ရှယန်ယွိသည် နောက်တစ်လှမ်းဆုတ်မိသော်ငြား သူ့အကြည့်ကိုတော့ ရှောင်လွှဲခြင်းမရှိဘဲ မေးလိုက်သည်။

လျိုထိုက်မဖြေခင်မှာပင် ရွှီဖန်းသည် ရှယန်ယွိအား သူ့နောက်ကို ဆွဲခေါ်လိုက်သည်။

"ဒါ မိန်းကလေးတစ်ယောက် ဝင်ဖြေရှင်းရမယ့် အချိန်မဟုတ်ဘူး"

"ကျွန်မ"

ရှယန်ယွိလည်း ခဏတာမျှ ကြောင်သွားသည်။ သူမလို မိန်းကလေးတစ်ယောက်က ခေါင်းမထောင်သင့်ဘူးဆိုတာ နားလည်သော်လည်း သူမမျက်လုံးများကတော့ ရွှီဖန်းအတွက် အနည်းငယ် စိုးရိမ်နေသေးသည်။

"ကြည့်နေလိုက်"

ရွှီဖန်း ရှယန်ယွိအား ပေါ့ပါးသောအကြည့်တစ်

ချက်ကိုပေးကာ လျိုထိုက်ကို လှည့်ကြည့်လိုက်သည်။

"ဘယ်လိုတောင်းပန်ချင်လဲ တောင်းပန်လို့ရတယ်ပေါ့"

"ဟုတ်တယ်"

လျိုထိုက်က ပြုံး၍ ရွှီဖန်း ကို ပြန်ဖြေလာသည်။

"ဒါဆို မင်းကို ဒူးထောက်တောင်းပန်စေချင်တယ်"

ရွှီဖန်း နှုတ်ခမ်းကို တွန့်လိုက်သည်။ သူက လျိုထိုက်အား မျက်နှာတည်တည်၊ ပေါ့ပါးသောအမူအရာဖြင့် ကြည့်ကာ သူ့ဆံပင်ကို ပွတ်သပ်လိုက်သည်။

"မင်း!"

လျိုထိုက်က ထပ်ပြီး ကြောင်အသွားသည်။ သူက ရွှီဖန်းကို တစ်စက္ကန့်မျှ စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးမှ ကျယ်လောင်စွာ ရယ်မောလေသည်။

"ဟားဟား! သေတွင်းမရောက်ခင် မငိုဘူးပေါ့ ကောင်းတယ်!"

လျိုထိုက်က ဟစ်အော်သံနှင့်အတူ သံလက်သီးဖြင့် ရွှီဖန်း ဆီသို့ အားကုန်ပြေးဝင်လာသည်။

"အား!"

ရွှီဖန်းအနောက်မှ ရှယန်ယွိ က အော်ဟစ်လာသည်။

ရွှီဖန်းသည် ရှယန်ယွိ၏ပခုံးကို ညင်သာစွာ ပုတ်

ရန်ပင် အချိန်ရှိနေသေးပြီး ပြီးမှသာ လျိုထိုက်၏လက်သီးကို ပိတ်ဆို့ရန် လက်မြှောက်လိုက်

သည်။ သူတို့နှစ်ယောက် ထိုနေရာမှာ ရပ်နေကြပြီး လျိုထိုက် တုန်ယင်နေတာကို မြင်တွေ့ရလေသည်။ သူက လှုပ်ရှားရန်ပင် ခက်ခဲနေပြီး သူ့လက်မောင်းရှိ သွေးကြောများမှာ ထောင်ထနေသည်။

ထိုမြင်ကွင်းက အလွန်ကို စိတ်လှုပ်ရှားစရာကောင်းနေသည်။ အဝေးကနေ ကြည့်လျှင် လျိုထိုက်၏ အရပ်ရှည်ပြီးသန်မာသောပုံစံက ရွှီဖန်းနှင့် မလိုက်ဖက်နေပေ။ အခြေခံအားဖြင့် အလှလေးနှင့် သားရိုင်းတိရစ္ဆာန်၏အရွယ်အစားအတိုင်းပင်။ သို့သော် ထိုအချိန်၌ ရွှီဖန်းက ပေါ့ပါးသောအမူအရာဖြင့် ရှိနေသည်။

"လျိုထိုက် မင်း ဘာလုပ်နေတာလဲ...သူ့ကို ရိုက်နှက်

လိုက်တော့...ဆက်မစနေနဲ့"

ထိုအချိန်၌ လျိုယွမ်ချန်သည် မျက်မှောင်ကြုတ်၍ အနည်းငယ် စိတ်မပျော်မရွှင်သောအမူအရာဖြင့် လျိုထိုက်ကို အော်ပြောလာသည်။

"ကျွန်တော်"

လျိုထိုက်ဘက်မှ ရှင်းပြမလို့လုပ်တုန်းမှာ ရွှီဖန်းက ရုတ်တရက်ပင် သူ၏ခွန်အားကို အကုန်ထုတ်သုံးလိုက်သည်။

"အား!"

လျိုထိုက်က ဒူးထောက်ကျသွားပြီး သူ့လက်မောင်းကို ဆုပ်ကိုင်ထားလေသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ပြင်းထန်သောနာကျင်မှုကို ခံစားနေရသကဲ့သို့ သူ့မျက်နှာကလည်း ရှုံ့တွနေခဲ့သည်။

"မင်း ဘာလုပ်နေတာလဲ"

လျိုယွမ်ချန်က ရုတ်ချည်း အော်ဟစ်လာသည်။ မိုးရွာသွန်းနေပြီး မြင်နိုင်စွမ်းအားနည်းနေသည့် ဒီနေ့ကြောင့် သူ မြင်လိုက်သည်မှာ လျိုထိုက်က ရွှီဖန်းအရှေ့၌ ဒူးထောက်ချလိုက်သည့်ဖြစ်စဥ်ကိုသာဖြစ်သည်။ ထိုမြင်ကွင်းက လျိုယွမ်ချန်အား တုန်လှုပ်စေသလို ဒေါသလည်းထွက်စေခဲ့သည်။

"ကောင်းပြီ မင်းက ဒူးထောက်ပြီးပြီဆိုတော့ မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးလိုက်မယ်"

ထိုစကားနှင့်အတူ ရွှီဖန်း ပြုံးလိုက်ကာ လျိုထိုက်အား မိုးရေထဲမှ ရွှံ့အိုင်ထဲသို့ ပစ်ချလိုက်သည်။

လျိုယွမ်ချန်သည် စကားမပြောနိုင်တော့ဘဲ မျက်လုံးများပြူးထွက်လာကာ လက်ရှိအခြေအနေအားရှင်းရှင်းလင်းလင်းသိအောင် ကြည့်လိုက်မိသည်။

"မကောင်းတော့ဘူး"

လက်ရှိအချိန်၌ ရွှီဖန်းသည် လျိုယွမ်ချန်ကို လုံးဝ အာရုံမစိုက်နိုင်သေးပေ။ သူ့ရင်ဘတ်ရှေ့မှ ခေါင်းလောင်းက ရူးသွပ်စွာ တုန်ခါနေတာကြောင့် ရွှီဖန်းသည် သူ့ခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန်ပင် ရွှေ့လိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်အတွင်းမှာပင် ခေါင်းလောင်းက ပြန်တုန်ခါလာသည်။

"စနိုက်ပါသမားပဲ"

အခြေခံအားဖြင့်တော့ ရွှီဖန်း ခန့်မှန်းမိသွားလေပြီ။ သူ ကို ချိန်လာတိုင်း ခေါင်းလောင်းက မြည်လာမှာဖြစ်ပြီး "နံပါတ်၁၆"ဟူသည့် စကားလုံးက ရွှီဖန်း၏စိတ်ထဲ၌ ချက်ချင်း ပေါ်လာသည်။

ရွှီဖန်းက ရန်သူနှင့် အမှောင်ထဲမှာ စိတ်အားထက်သန်စွာ တိုက်ခိုက်နေသည့်အချိန် တခြားသူများအတွက်ကတော့ လုံးဝကွဲပြားသည့် မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။

"ရွှီဖန်းက ဘာဖြစ်နေတာလဲ...သူ ဘာလို့ လျှောက်သွားနေတာလဲ...သူ့ခေါင်းက မြေကြီးကိုပဲ စိုက်ကြည့်နေတုန်း"

လင်းရှောင်ရှောင်းက ကြောင်အသွားကာ ဝူထျန်းကို မေးလိုက်သည်။

"ငါလည်း မသိဘူး"

ဝူထျန်းလည်း လက်ခါယမ်းပြလိုက်သည်။

"ဖာ့ခ်!"

အဝေးက အဆောက်အဦးတစ်လုံး၏ ထိပ်ဆုံးထပ်တွင် အနက်ရောင်အင်္ကျီဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ထိပ်ဆုံးအထပ်၏လက်ရန်းကို ရိုက်ချလိုက်ပြီး သူမမျက်လုံးထဲ၌ မကျေနပ်မှုများ ပြည့်နှက်နေလေသည်။

ထိုစဥ် ရွှီဖန်း၏အပြုအမူက လျိုယွမ်ချန်၏မျက်လုံးများကို ဆွဲဆောင်မိသွားသည်။ လျိုယွမ်ချန်၏မျက်နှာက နီရဲနေပြီး ဒေါသများ ထွက်နေသည်။

"စတုတ္ထအကြီးအကဲ ပဉ္စမအကြီးအကဲ အဲ့ဒီအမျိုးသမီးကို ကျွန်တော့်အတွက် သွားဆွဲခေါ်ခဲ့!"

ရုတ်တရက်ပင် လျိုယွမ်ချန်သည် ရှယန်ယွိကို လက်ညှိုးထိုး၍ အမိန့်ပေးလိုက်သည်။

သို့သော် ရွှီဖန်းက ထိုအရာကို သဘာဝကျစွာပင် မကြားခဲ့ချေ။ ရွှီဖန်းသည် မိုးရေထဲ၌ စနိုက်ပါသမားကို အဆက်မပြတ်ရှောင်တိမ်းနေပြီး အာရုံစိုက်နေရသည်။

လင်းရှောင်ရှောင်းကသာ အော်ဟစ်ပြီး ရွှီဖန်းကို နိုးကြားစေခဲ့တာ ဖြစ်သည်။

"ဘာဖြစ်တာလဲ"

သို့သော် ရွှီဖန်း ပြန်လှည့်ကြည့်လိုက်သည့်အချိန် အဘိုးကြီးနှစ်ယောက်မှာမူ အလွန်မြန်ဆန်လှပြီး ရှယန်ယွိ အား လျိုယွမ်ချန်၏ဘေးကို ခေါ်သွားခဲ့ပြီဖြစ်သည်။

"သူမကို လွှတ်လိုက်!"

ရွှီဖန်း ဒေါသထွက်သွားသည်။ သူ မူလက တည်ငြိမ်နေသော်လည်း အခုအချိန်မှာ လျိုယွမ်ချန်သည် ရွှီဖန်းနှင့်နီးစပ်သူအား တိုက်ခိုက်ရန်အထိ ရဲတင်းခဲ့သည်။ ရွှီဖန်း လျိုယွမ်ချန်အား သတ်ဖြတ်လိုသောစိတ်ဖြင့်

ကြည့်လိုက်သည်။

သို့သော်ငြား လျိုယွမ်ချန်သည် ရွှီဖန်း ဒေါသထွက်

သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဂရုမစိုက်တာ သိသာလှသည်။ သူ ခေါင်းငုံ့ကာ ကားထဲကို ဝင်

လိုက်သည်။

"ဟမ့်! သူ့ကို ခေါ်သွား!"

အဘိုးကြီးနှစ်ယောက်ကလည်း ရှယန်ယွိ၏ခေါင်းကို ဖိကာ ကားထဲသို့ အတင်းထည့်လိုက်သည်။

"သေချင်လို့လား!"

ရွှီဖန်း မျက်လုံးမှေးကျဥ်းကာ ကားဆီသို့ အပြေးအလွှား သွားလိုက်သည်။

အင်ဂျင်အော်သံက မြည်လာသည်။

"သူ့ကို တိုက်ပစ်လိုက်!"

လျိုယွမ်ချန်သည် ရွှီဖန်းပြေးလာတာကို ကြည့်ပြီး အမိန့်ပေးလိုက်သည်။

"ဒုံး!"

လျိုယွမ်ချန်သည် ပြင်းထန်စွာ တိုက်မိမည့်အသံကို မျှော်လင့်ခဲ့သော်လည်း ထိုသို့မဖြစ်လာခဲ့ပေ။ ထိုအစား ရွှီဖန်းက ညည်းတွားသံပြုလိုက်ပြီး ကား၏အရှေ့ပိုင်းရှိ သတ္တုများ ပိန်လိန်ကုန်သည့်အသံသာ ထွက်ပေါ်လာခဲ့သည်။

"တားလိုက်!"

ပုံပျက်သွားသော ကား၏အရှေ့ပိုင်းကို လျိုယွမ်ချန် မြင်သောအခါ သူ့မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး ဘေးနားရှိ စတုတ္ထနှင့်ပဉ္စမ အကြီးအကဲများကို ရွှီဖန်းအား တားဆီးရန် အမိန့်ပေးခဲ့သည်။

သို့သော်လည်း ထိုနှစ်ဦး ကားပေါ်မှဆင်းလိုက်သည်နှင့် ရွှီဖန်းသည် ရုတ်တရက်ပင် ဘေးသို့ ရှောင်တိမ်းလိုက်သည်။ လျိုယွမ်ချန်လည်း ထိုအရာမှာ အခွင့်အရေးဖြစ်သည်ကိုသိသဖြင့် သူ မတွန့်ဆုတ်တော့ဘဲ ယာဉ်မောင်းထိုင်ခုံပေါ်သို့ ခုန်ကျော်တက်လိုက်သည်။

ကားက ထပ်မံမောင်းရန် ပြင်နေသည်ကို မြင်

သောအခါ ရွှီဖန်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး ကားကိုတားဆီးရန် ပြင်ဆင်လိုက်သည်။ လျိုမိသားစုမှ အကြီးအကဲနှစ်ဦးကလည်း ရွှီဖန်းအား ထိုအခွင့်အရေးကို ပေးမည်မဟုတ်တာကြောင့် ချက်ချင်းပင် တိုက်ခိုက်ခဲ့ကြသည်။

"ဖယ်စမ်း!"

ရွှီဖန်းသည် ရှယန်ယွိအား ကယ်ထုတ်ရန် ကြာသွားမည်ကို စိုးရိမ်သဖြင့် ဒေါသတကြီး အော်ဟစ်ကာ မိုးပျံအိုးသိုင်းကျမ်းကို ထုတ်သုံး၍ စွမ်းအင်မြှင့်စွမ်းရည်ကို အသက်သွင်းလိုက်သည်။

အကြီးအကဲနှစ်ဦးသည် လျိုယွမ်ချန်၏ ကားနောက်ဘီးသို့ လွင့်စင်ကာ "ဒုန်း! ဒုန်း!" ဟူသော အသံဖြင့် တိုက်မိသွားခဲ့သည်။ ထို့နောက် ပေါက်ကွဲသံ နှစ်ခု ထွက်ပေါ်လာသည်။ ကားနောက်ဘီးနှစ်လုံးမှာ ပေါက်ကွဲသွားခဲ့ပြီး ကားထဲတွင်ရှိသော လျိုယွမ်ချန် လည်း အော်လိုက်ရသည်။ ကားက ထိန်းချုပ်မှု လွတ်သွားကာ လမ်းဘေးတွင် မိုဘိုင်းလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်နေသော မိန်းကလေးတစ်ဦးကို ဝင်

တိုက်တော့မလိုပင် ဖြစ်သွားခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှ အာမေဋိတ်အသံများ ထွက်ပေါ်လာခဲ့သည်။ ရွှီဖန်းသည် ထိုအမျိုးသမီးရှေ့သို့ လျှပ်တစ်ပြက်ရောက်ရှိသွားကာ ညည်းတွားသံတစ်ခုနှင့်အတူ သူ့ရှေ့မှ ကားကို မြဲမြံစွာ ပိတ်ဆို့လိုက်သည်။

"ခုနက မှတ်တမ်းတင်ထားတာတွေ အားလုံး ဖျက်

လိုက်"

ရွှီဖန်း ခေါင်းပင်မလှည့်ဘဲ ထိုသို့ပြောလိုက်သည်။ သူလျှပ်တစ်ပြက် ဘေးသို့ ခုန်ဝင်လိုက်ကာ ယာဉ်မောင်းထိုင်ခုံရှိမှန်ကို သူ့လက်သီးဖြင့် ထိုးခွဲ၍ လျိုယွမ်ချန်၏ ကော်လာကို ဆုပ်ကိုင်လိုက်သည်။

လျိုယွမ်ချန်မှာ ကြောက်လန့်တကြားဖြစ်နေပြီဖြစ်သည်။ ရွှီဖန်းက သူ့ဆီအား လက်လှမ်းလာသည်ကိုမြင်သောအခါ ခုခံရန်အတွက် လက်မြှောက်

ချင်ခဲ့သည်။ သို့သော် ရွှီဖန်း၏လက်သီးက သူ့လည်ပင်းကို ထိမှန်လာပြီး လျိုယွမ်ချန်တစ်ယောက် မေ့လဲသွားခဲ့သည်။

ရွှီဖန်းသည် လျိုယွမ်ချန်ကို ကားပေါ်မှ သယ်ထုတ်လာသည့်အချိန် အမှောင်ထဲတွင် ရွှီဖန်းကို လျို့ဝှက်စွာ

ပစ်ခတ်နေသော အမျိုးသမီးလည်း ရုတ်တရက် တုန်ယင်သွားခဲ့ပြီး သူမ၏လည်ပင်းနားတွင် တောက်ပသော ဓားတစ်ချောင်း ထွက်လာခဲ့သည်။

"မလှုပ်နဲ့"

"ဘယ်သူလဲ"

ထိုသူက စနိုက်ပါသမားကို ပြန်မဖြေဘဲ ဖုန်းခေါ်ဆိုနေသည်။

"ဟေး ဒီမှာ ရပြီ"

ထိုသို့တိုတောင်းသောစကားကိုသာပြော၍ ဖုန်းချခဲ့သည်။

သို့သော် ထိုသူ ဖုန်းချပြီး တစ်မိနစ်ပင် မပြည့်သေးပေ။ ရွှီဖန်းသည် ထိုသို့သော ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

"မင်းရဲ့အတွင်းရေးမှူးက ငါ့လက်ထဲမှာ ရှိတယ်၊ လျိုယွမ်ချန်ကို မင်းဘက်က ဘယ်လိုလုပ်ပါစေ သူမလည်း အတူတူပဲ ခံစားရလိမ့်မယ်"

ထိုသို့ပြော၍ ဖုန်းချသွားသည်။

ရွှီဖန်းမှ လျိုယွမ်ချန်ကို ဖမ်းမိပြီး ငါးမိနစ်အကြာတွင် ထိုကဲ့သို့ခြိမ်းခြောက်သည့် ဖုန်းခေါ်ဆိုမှုက ရောက်ရှိလာခြင်းဖြစ်သည်။ ရွှီဖန်း၏ အခြေအနေကို တစ်ဖက်ကစောင့်ကြည့်နေခဲ့သည်မှာ ထင်ရှားလှသည်။

ထိုအချိန်၌ ရွှီဖန်းလည်း မျက်လုံးများမှေးစင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ စနိုက်ပါသမားဘက်ကို မျက်စိထောင့်ကပ်၍ တစ်ချက်ကြည့်လိုက်

သည်။ သို့သော် ရွှီဖန်းက ထိုအပြုအမူများအားလုံးကို အလွန်ဂရုတစိုက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရွှီဖန်း အရင်ဦးဆုံးပင် ရှယန်ယွိကို ကားထဲမှ အရင်

သယ်ထုတ်လိုက်သည်။ သူမကို စစ်ဆေးကြည့်ရာတွင် ဘာမှမဖြစ်ကြောင်းတွေ့ရသဖြင့် အကြီးအကဲနှစ်ဦးက သူမကို မေ့လဲသွားရုံသာ လုပ်ခဲ့ခြင်းဖြစ်မည်ဟု ယူဆရသည်။ ထိုအခါမှသာ ရွှီဖန်းလည်း စိတ်သက်သာရာ ရသွားသည်။

"လာ သူမကို ဆေးရုံပို့ပေးပါ၊ လင်းမိသားစုကလူတွေကိုတော့ သူတို့ ထိရဲမှာ မဟုတ်ဘူး"

ရွှီဖန်းသည် လင်းရှောင်ရှောင်းကို ခေါ်၍ သူ့လူများကို လူစုခွဲရန်အမိန့်ပေးလိုက်သည်။ ထို့နောက် လျိုယွမ်ချန် ကို သူ့ကားဆီသို့ခေါ်သွားကာ ထိုနေရာမှ မောင်းထွက်လာခဲ့သည်။

ရွှီဖန်း၏လှုပ်ရှားမှုအားလုံးကို အခြားသူများကလည်း စောင့်ကြည့်နေကြလေသည်။ စနိုက်ပါသမား၏အနောက်မှလူသည် ရွှီဖန်း၏လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး အချိန်အခါသင့်စွာ ဖုန်းခေါ်ဆို၍ သတင်းပို့နေသည်။

"ဟမ့်! မင်းတို့က ရွှီဖန်းကို ခြိမ်းခြောက်ဖို့ ငါ့ကို အသုံးချချင်နေတာပဲ၊ မင်းတို့မှာ ဘယ်လိုဦးနှောက်မျိုး ရှိနေလဲ ငါ တကယ်မသိတော့ဘူး၊ ရွှီဖန်းက ငါ့ကို ဂရုစိုက်မယ်ထင်နေလား"

စနိုက်ပါသမားသည် ထိုလူက သူမကို ထိခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ရွှီဖန်း၏လှုပ်ရှားမှုများကိုသာ အဆက်မပြတ်သတင်းပို့နေသည်ကို မြင်သောအခါ သူမ ချက်ချင်းပင် ကိစ္စအရပ်ရပ်ကို ခန့်မှန်းမိသွားသည်။

"ပါးစပ်ပိတ်ထား!"

ထိုလူက သည်းခံခြင်းအနည်းငယ်မျှပင် မရှိဘဲ စနိုက်ပါသမားကို ပါးရိုက်ကာ ပါးစပ်ပိတ်စေခဲ့သည်။

"မင်း!"

စနိုက်ပါသမားလည်း ပါးရိုက်ခံလိုက်ရသည့်အတွက် ထိတ်လန့်သွားကာ ထိုလူအား ရန်လိုသောအကြည့်ဖြင့်

ကြည့်လိုက်သည်။ သို့သော် ထိုလူက သူမအနီးတွင်ရှိနေသည်က သူမအတွက် အားအနည်းဆုံး အခြေအနေဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ သူမ ထိုလူ၏ ဓားအောက်မှ လွတ်မြောက်နိုင်မည်မဟုတ်သောကြောင့် စနိုက်ပါသမားသည် သူမကိုယ်သူမ ဆက်လက်

ထိန်းချုပ်ထားခဲ့ရသည်။

ထိုအချိန်တွင် ရွှီဖန်းကတော့ ဖုန်းခေါ်ဆိုမှုနောက်တစ်ခုကို လက်ခံရရှိခဲ့သည်။

"သူ့ကို ဘယ်ခေါ်သွားနေတာလဲ"

"ငါလူက ဘယ်မှာလဲ"

ရွှီဖန်းသည် ထိုလူ၏စကားအတိုင်း တုံ့ပြန်လိုက်ပြီး ပိုင်ပင်းအား တိုက်ရိုက်မေးခဲ့သည်။

"လျိုယွမ်ချန်ကို လွှတ်ပေးရင် မင်းလူကို ငါလွှတ်ပေးမယ်"

"အိပ်မက်မက်နေလိုက်"

ရွှီဖန်း ထိုစကားကိုပြောရင်း လက်မြှောက်ကာ လျိုယွမ်ချန်ကို ရိုက်လိုက်သည်။ ထိုပါးရိုက်ချက်ကြောင့် လျိုယွမ်ချန်မှာ ငိုလုမတတ်ပင် ဖြစ်သွားရသည်။

"မင်း! လျိုယွမ်ချန်ကို မင်းဘယ်လိုပဲ ပြုမူပါစေ၊ ငါတို့ကလည်း မင်းရဲ့အတွင်းရေးမှူးကို မင်းလုပ်သလိုပြုမူမယ်လို့ ငါပြောခဲ့တယ်!"

ထိုသို့ပြောကာဖြင့် ဖုန်းချသွားပြန်သည်။

ရွှီဖန်းသည် ထိုဖုန်းခေါ်ဆိုမှုကို နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် ရွှီဖန်း အနေဖြင့် လျိုယွမ်ချန်ကို အရင်လွှတ်ပေးရန်မှာ မဖြစ်နိုင်ချေ။

သို့သော် စနိုက်ပါသမားကတော့ စိတ်မကြည်မသာ ဖြစ်နေရသည်။ သူမအရှေ့မှ ထိုလူက ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက်မှာ စနိုက်ပါသမား၏မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သောကြောင့်ပင်။

********************

All Chapters