ရန်ငြိုးမချေခင် အရင်ကျေးဇူးဆပ်မယ်
Vol. 22 Ch. 330
ပါးရိုက်မှုကြောင့် စနိုက်ပါသမား၏ဦးထုပ်လည်း လွင့်စင်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူမ၏ ဆံပင်ရှည်များကျဆင်းလာပြီး မျက်နှာလည်း ပေါ်လာသည်။ ထိုသူမှာ ပိုင်ပင်း ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် ပိုင်ပင်း၏မျက်လုံးထဲ၌ ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုဖြတ်ပြေးသွားကာ ထိုလူအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"ရွှီဖန်းကို ငါနဲ့ခြိမ်းခြောက်လို့မရဘူးလို့ ပြောခဲ့တယ်မလား...တုံးအလိုက်တာ"
သူမ၏စကားများက ထိုလူကို လှောင်ပြောင်နေခြင်းဖြစ်သည်။ ထိုလူကမူ ပိုင်ပင်း၏ ရုတ်တရက်ပေါ်လာသောမျက်နှာကြောင့် ခဏတာမျှ ကြောင်သွားရသည်။ သို့သော် ပိုင်ပင်း၏စကားများကို ကြားပြီးနောက်မှာ သူ လှောင်ပြောင်လိုက်ပြီး သူမကို ဂရုမစိုက်တော့ဘဲ သူမလက်များကိုသာ အနောက်သို့ ကြိုးတုပ်ထားလိုက်သည်။
"ဟားဟားဟား ဘယ်လိုလဲ...အခုတော့ ငါတို့ လျိုမိသားစုရဲ့အင်အားကို သိပြီမလား"
လျိုယွမ်ချန်သည်လည်း ခုနက ဖုန်းခေါ်ဆိုမှုကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ လက်ရှိအချိန်တွင် ရွှီဖန်းက သူ့ကို တိုက်ခိုက်ရဲမည်မဟုတ်ကြောင်း သိနေသဖြင့် ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
ရွှီဖန်းသည် မျက်လုံးကျဥ်းမြောင်းကာ နောက်ကိုပင်
လှည့်မကြည့်ဘဲ လျိုယွမ်ချန်ကို လက်သီးဖြင့်ထိုးရန် ပြင်ဆင်ခဲ့သည်။ သို့သော် သူ့လက်သီး လေထဲသို့ ရောက်သွားစဉ် ရွှီဖန်း ရပ်တန့်လိုက်မိသည်။
ပိုင်ပင်းသာ ထိုလက်သီးချက်ကို ထိမှန်သွားပါက
အခြေအနေက တကယ်ဆိုးသွားလိမ့်မည်။ ဤကဲ့သို့ခြိမ်းခြောက်ခံနေရသည့်အတွက် ရွှီဖန်းလည်း အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
လျိုယွမ်ချန်မှာ အလွန်ကြောက်လန့်သွားကာ မျက်လုံးများကို မှိတ်လိုက်မိသည်။ ရွှီဖန်းက သူ့ကို တကယ် မရိုက်ရဲကြောင်း မြင်မှသာ သူ့သဘောထားက ပို၍ ထောင်လွှားလာခဲ့သည်။
ရွှီဖန်းသည် လျိုယွမ်ချန်ကို ဂရုမစိုက်တော့ဘဲ ကားကိုသာ ချန်ဟိုင်းပြည်နယ်ပတ်ပတ်လည်၌ ဆက်လက် မောင်းနှင်နေခဲ့သည်။ သူ့စိတ်ထဲတွင်မူ ပိုင်ပင်း၏စနိုက်ပါပစ်သောနေရာကို ခန့်မှန်းနေခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့သော အခြေအမြစ်မရှိသည့်
အရာကို ရွှီဖန်းက မည်သို့ ခန့်မှန်းနိုင်မည်နည်း။
ဆယ့်ငါးမိနစ်ကုန်လွန်သွားပြီးနောက် ရွှီဖန်း ပို၍စိုးရိမ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းအင်ကုန်ဆုံးရန် အချိန်သိပ်မကျန်တော့သောကြောင့်ဖြစ်သည်။ အကယ်၍ ထိုသို့မဖြစ်လာခင် ဤပြဿနာကိုသာ သူ မဖြေရှင်းနိုင်ခဲ့ပါက လျိုမိသားစုမှ လျိုယွမ်ချန်အပါအဝင် အားလုံးက သူ့ကို သတ်ပစ်လိမ့်မည်။
ထိုအချိန်၌ ရွှီဖန်းသည် ဖုန်းခေါ်ဆိုမှုနောက်တစ်ခုကို ရရှိခဲ့သည်။
"ပြည်နယ်မြို့တော်ဟိုတယ်ရဲ့ ထိပ်ဆုံးထပ်ကို လာခဲ့"
ထိုသို့ပြော၍ ဖုန်းချသွားသည်။
"ပြည်နယ်မြို့တော်ဟိုတယ်"
ရွှီဖန်းသည် ကိုယ့်ဘာသာကိုယ် တီးတိုးရေရွတ်
လိုက်မိသည်။ ထိုဟိုတယ်သည် အနီးအနားရှိ အမြင့်ဆုံးအဆောက်အဦးဖြစ်သည်မှာ သေချာပေသည်။ အကယ်၍ ၎င်းသည် စနိုက်ပါသမားနေရာယူသည့်နေရာဖြစ်ပါက အလွန်ကောင်းမွန်သောနေရာသည်။ ခဏတာမျှ စဉ်းစားပြီးနောက် ရွှီဖန်း၏ မျက်နှာအမူအရာမှာ မရေရာမသေချာဖြစ်နေခဲ့သော်လည်း သူ ကားကို ဆက်လက်မောင်းနှင်ခဲ့တုန်းပင်။
ထိုအချိန်တွင် ပိုင်ပင်း၏ ဘေးမှလူကလည်း ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
"ရွှီဖန်းကို ဟိုတယ် ခေါ်ထားပြီးပြီ"
ထိုသို့ပြော၍ တစ်ဖက်လူက ဖုန်းချသွားသည်။
သို့သော် ပိုင်ပင်းကလည်း သူ့စကားများကို ကြားလိုက်သည်။
"မင်းတို့အားလုံးက ယုတ်မာတဲ့သူတွေ!"
သူမကို အသုံးချ၍ ရွှီဖန်းကို ပြည်နယ်မြို့တော်
ဟိုတယ်သို့ လာရန် ဆွဲဆောင်ခဲ့မှန်း သူမ သဘာဝကျစွာ သိပေသည်။ လက်ရှိအချိန်တွင် ပိုင်ပင်းသည် သေဆုံးခြင်းနှင့် မဝေးတော့ကြောင်း သိလိုက်၏။ ရွှီဖန်းမှ ထိုနေရာသို့ ရောက်သွားသည်ဖြစ်စေ၊ မရောက်သွားသည်ဖြစ်စေ အသက်ရှင်နိုင်မည်မဟုတ်
မှန်း သူမ သိပေသည်။ မသိစိတ်မှအလိုလိုပင် ပိုင်ပင်းသည် ရွှီဖန်းသေဆုံးရန် ဆန္ဒမရှိတော့ပေ။ သူမ ရွှီဖန်းကို သတ်ရန် ကျိန်ဆိုထားသည်အား မေ့သွားသကဲ့သို့ပင်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ပိုင်ပင်းသည် ပို၍စိုးရိမ်ပူပန်လာခဲ့သည်။ ထိုအချိန်တွင် သူမဘေးမှ လူ၏ဖုန်းကလည်း မြည်လာသည်။ ပိုင်ပင်း အလွန်
အံ့အားသင့်သွားကာ သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့သည်။
ဖုန်းတစ်ဖက်မှ စကားလုံးများထွက်ပေါ်လာသည်။
"အခု သူ့ကို သတ်လို့ရပြီ"
ရိုးရှင်းသောစကားသာဖြစ်၏။ ထိုလူသည် ပိုင်ပင်းအား ရက်စက်သောအပြုံးဖြင့် ကြည့်လာသည်။
"ဖောင်း!"
ထိုလူက ပိုင်ပင်းကို အထင်သေးထားခဲ့ခြင်းပင်။ ပိုင်
ပင်းသည် ဘယ်တော့မှ သူ့ကို ပြန်မတိုက်ခဲ့ဖူးသော်လည်း သူမသည် လူသတ်သမားတစ်ယောက်
ဖြစ်နေတုန်းပင်။ ထိုလူက သတိလက်လွတ်ဖြင့် ရှင်းလင်းစွာသောအားနည်းချက်နှင့် ပေါ့ဆမှုကို ထုတ်ဖော်လာခဲ့ပြီး ပိုင်ပင်းသည် အခွင့်အရေးကိုအပိုင်ယူကာ ပေါင်ကြားထဲကို ကန်သွင်းလိုက်သည်။
"အား!"
ထိုလူမှာ အေးစက်သောလေကို ရှိုက်သွင်းလိုက်ရသည်။ သူမ၏ကန်ချက်က ရက်စက်သည်ဟု ဆိုနိုင်ပေသည်။ ထိုလူ၏မျက်နှာမှာ ပုံပျက်နေပြီဖြစ်သည်။
ပိုင်ပင်းလည်း မတွန့်ဆုတ်ရဲပေ။ ခုနက ဖုန်းခေါ်ဆိုမှုကြောင့် ရွှီဖန်း အဆုံးသတ်သွားပြီမှန်း သူမသိလိုက်သော်လည်း နောက်ဆုံးမျှော်လင့်ချက်လေးဖြင့် သူမ ရွှီဖန်းကို ကယ်တင်နိုင်ဦးမလားဆိုတာကို စမ်းချင်နေသေးသည်။
သို့သော်ငြား ထိုလူက ပိုင်ပင်း၏ ကန်ချက်မှ ရလာသော နာကျင်မှုကို အတင်းအကျပ်ပင် ခံနိုင်ရည်ရှိအောင်လုပ်ခဲ့သည်။ သူ သူမကို ပြင်းထန်သောအကြည့်ဖြင့်ကြည့်ကာ လှေကားပေါ်သို့ ခြေလှမ်းနေသော သူမအနောက်ကို လိုက်သွားခဲ့သည်။
အချိန်မလုံလောက်သောကြောင့် ပိုင်ပင်းသည် ဖိနပ်လဲရန်ပင် အချိန်မရခဲ့ပေ။ ယခုမူ သူမ ဒေါက်ဖိနပ်များကို ပစ်ချကာ ခြေဗလာဖြင့် လှေကားပေါ်မှ ဆင်းလာခဲ့သည်။ လှေကားထစ်ပေါ်၌ အမြန်နှုန်းပြိုင်ပွဲက စတင်လာခဲ့သည်။
သို့သော်လည်း ထိုလူ၏အမြန်နှုန်းမှာ ပိုင်ပင်းထက် များစွာ ပိုမြန်ပေသည်။ အချိန်ကုန်လွန်လာသည်နှင့်
အမျှ သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ပိုင်ပင်း၏ နှလုံးသားလည်း ပို၍ ပို၍ တုန်လှုပ်လာခဲ့သည်။
"အား!"
ပိုင်ပင်း အံ့အားသင့်နေစဉ်မှာပင် ထိုလူသည် ရှေ့သို့ ခုန်ကာ သူမ၏ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးချလာသည်။ ထို့နောက် မတွန့်ဆုတ်နေဘဲ သူ့ခါးမှ ဓားတိုကို ထုတ်လာသည်။ ပိုင်ပင်းကမူ ဗိုက်ကိုဖက်တွယ်ထားကာ ထောင့်တစ်နေရာတွင် ကွေးနေသည်။ သူမ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်
နေသည်။ သူမ မျက်လုံးများကိုမှိတ်ချ၍ သေခြင်းတရားကိုသာ တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်းနေလိုက်သည်။
"ဖြောင်း!"
ပိုင်ပင်းသည် ကျယ်လောင်သောအသံတစ်ခုကြောင့် လန့်နိုးသွားခဲ့သည်။ သူမ မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်သွားရသည်။ သူမအရှေ့မှ မြင်ကွင်းက အလွန်ကြောက်မက်
ဖွယ်ရာကောင်းလှသည်။ ထိုလူ၏ဘယ်ဘက်
လက်မောင်းမှာ မြေပြင်ပေါ်သို့ ရောက်နေပြီဖြစ်သည်။
"ဘုန်း!"
နောက်ထပ် ကျယ်လောင်သောအသံတစ်ချက် ထွက်ပေါ်လာပြီး ထိုလူ၏ခန္ဓာကိုယ်မှာ ပျော့ခွေကျသွားလေသည်။ ပိုင်ပင်း၏မြင်ကွင်းမှလှမ်းကြည့်လျှင် သူ့ဝမ်းဗိုက်ပေါ်၌လက်သီးရာတစ်ခု ထင်ကျန်ခဲ့သည်ကို မြင်တွေ့ရသည်။
ထိုလူ လဲကျသွားပြီးနောက် ပိုင်ပင်းသည် အံ့သြတကြီး အော်လိုက်မိသည်။
"ပြည်နယ်မြို့တော်ဟိုတယ်ကြီးကို သွားတာမဟုတ်ဘူးလား"
သို့သော် ထိုလူ၏ အနောက်တွင်ရပ်နေသော ရွှီဖန်း သည် ပိုင်ပင်း၏ စကားကို တုံ့ပြန်နိုင်ခြင်းမရှိဘဲ လက်ရန်းကိုကိုင်ကာ တုန်ယင်စွာ လဲကျသွားခဲ့သည်။
ပိုင်ပင်းလည်း ချက်ချင်း ပြေးသွားကာ ရွှီဖန်းကို ထောက်ကူလိုက်သည်။ သို့သော် ရွှီဖန်းမှာ မေ့လဲနေပြီဖြစ်သည်။ ကံကောင်းစွာဖြင့် ရွှီဖန်း၏ခန္ဓာကိုယ်
လုပ်ငန်းဆောင်တာများက ပုံမှန်ဖြစ်နေသည်ကို သူမ စစ်ဆေးပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။
ထို့နောက် သူမ ရွှီဖန်းကို လက်တစ်ဖက်တည်းဖြင့် ထမ်းကာ အောက်ထပ်သို့ခေါ်ဆောင်သွားလိုက်သည်။
ပေကျင်းရှိ ဇိမ်ခံအိမ်တစ်အိမ်တွင် ဖုန်းမြည်လာခြင်းဖြစ်သည်။
"ဟေး သူ့ကို သတ်လိုက်ပြီလား"
"မသတ်နိုင်ခဲ့ပါဘူး ဒါပေမဲ့ သခင်လေးကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်၊ သူ့ကိုတော့ မတွေ့လိုက်ပါဘူး"
"အသုံးမကျလိုက်တာ!"
"ဘုန်း!"
ထိုလူသည် သူ့လက်ထဲမှဖုန်းကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီးရိုက်ချကာ ကောင်းကင်ကိုကြည့်၍ ပြောလိုက်မိသည်။
"လျိုမိသားစုရဲ့အရှိန်အဝါက ဒီလောက်အထိ အလွယ်တကူ ရန်စချင်စရာကောင်းနေလား"
ထိုအချိန်တွင် ပိုင်ပင်းသည် ရွှီဖန်းကို ဟိုတယ်အသေးလေးတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ကုတင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသော ရွှီဖန်းကို သူမကြည့်လိုက်သည်။ သေခြင်းတရား နယ်နိမိတ်အစွန်းမှ ပြန်လည်လွတ်မြောက်လာခြင်း၏ ကြောက်ရွံ့မှုမှ သူမ ပြန်လည်၍ စိတ်သက်သာရာရလာခဲ့သည်။ ထို့နောက် ရွှီဖန်းကို သူမ စူးစိုက်ကြည့်ကာ မဆုံးဖြတ်နိုင်သောအမူအရာမျိုးဖြစ်နေခဲ့သည်။ သူမ၏စိတ်ထဲ၌ မည်
ကဲ့သို့သောအတွေးများ တွေးနေရသည်ကို မည်သူက သိနိုင်မည်နည်း။
ပိုင်ပင်းသည် ဦးစွာပင် သူမ၏ပစ္စတိုကို ထုတ်ယူကာ ရွှီဖန်း၏ နဖူးပေါ်သို့ တင်လိုက်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး အချိန်ကြာသည်ထိတိုင်တောင် မောင်းဆွဲ၍မရခဲ့ပေ။ ထို့နောက် သူမ လက်ကို ချလိုက်မိသည်။ သို့သော် ခဏတာမျှ စောင့်
ကြည့်ပြီးနောက် ပိုင်ပင်း၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်တစ်ခု ထပ်မံဖြတ်ပြေးသွားပြန်သည်။ သူမ ရွှီဖန်းအား ပစ်
သတ်ချင်ခဲ့သည်။
သို့သော် နောက်ဆုံးတွင်မူ ပိုင်ပင်းသည် ရွှီဖန်းကို ကြိုးဖြင့်သာ ချည်နှောင်ထားခဲ့ပြီး သူ့ကို မပစ်သတ်ခဲ့ပေ။
နှစ်ဆယ့်လေးနာရီ ကုန်လွန်သွားခဲ့လေပြီ။
ပိုင်ပင်းသည် ညစာစားပြီးပြန်ရောက်လာကာ ရွှီဖန်းတစ်ယောက် ဘယ်အချိန်နိုးလာမည်ကို မသိတာကြောင့် ထမင်းအပိုတစ်ဘူးပါ ထပ်ယူလာခဲ့သည်။ တကယ်တော့ ရွှီဖန်းက အချိန်ကြာမြင့်စွာ အိပ်ပျော်နေခဲ့တာကြောင့် ပိုင်ပင်း စိုးရိမ်နေလေပြီ။
ရွှီဖန်း၏ဖုန်းမှာ ခေါ်ဆိုမှုများစွာကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေခဲ့သော်လည်း ပိုင်ပင်းသည် မည်
သည့်ခေါ်ဆိုမှုကိုမျှ မဖြေဆိုခဲ့ပေ။ သူမ ဖုန်းကို အသံပိတ်ထားခဲ့ပြီး သူ့ကို တစ်ယောက်တည်းထားခဲ့ခြင်းပင်။
သူမ ကုတင်ဘေးရှိကုလားထိုင်ပေါ်တွင် ထိုင်ချကာ ဆက်စောင့်နေခဲ့သည်။
"ရေ ရေဆာတယ်"
ရွှီဖန်းမှာ သတိပြန်ရလာသည်နှင့် သူ့လည်ချောင်းတစ်ခုလုံး မီးလောင်တော့မလို ခံစားနေရသည်။
"ဒီမှာ"
အမျိုးသမီးတစ်ဦး၏အသံက သူ့ဘေးမှ ထွက်ပေါ်လာသည်။ ရွှီဖန်း ခဏတာမျှ ကြောင်သွားသော်လည်း သူ့အား ကမ်းပေးလာသော ရေခွက်ကို မြင်လိုက်ရသည်။ ရွှီဖန်းလည်း များများစားစား မစဉ်းစားနိုင်သေးဘဲ တစ်ကျိုက်တည်း မော့သောက်ချင်ခဲ့သည်။ ထိုအခါမှသာ သူ လုံးဝ လှုပ်ရှား၍မရသည်ကို သတိပြုလိုက်မိသည်။
ထိုအခြေအနေက ရွှီဖန်း၏နှလုံးသားကိုတင်းကျပ်သွားစေခဲ့ပြီး ပတ်ဝန်းကျင်ကို သူ လျင်မြန်စွာ ကြည့်ရှုလိုက်သည်။ ပိုင်ပင်းတစ်ယောက်ပဲ ရှိနေသည်ကို မြင်သောအခါမှ သူ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ ပါးစပ်ဖွင့်ကာ ပိုင်ပင်းအား ရေတိုက်ရန် အချက်ပြလိုက်သည်။ ပိုင်
ပင်းသည် ရွှီဖန်းအား ပြင်းထန်စွာ စူးစိုက်ကြည့်
လိုက်သော်လည်း ရေအနည်းငယ် တိုက်ကျွေးလိုက်
တုန်းပင်။
"မင်းရဲ့ညီမကို ဘာလို့ ဒီလောက်တောင်နှစ်သက်ရတာလဲ"
ရွှီဖန်းတစ်ယောက် ရေသောက်ပြီးနောက် ပထမဦးဆုံးပြောလာသော စကားမှာ ထိုစကားဖြစ်သည်။
"ဘာကြီး"
ပိုင်ပင်းသည် ရွှီဖန်း၏စကားများကို နားမလည်
သောကြောင့် ကြောင်အသွားရသည်။
ရွှီဖန်းလည်း ရှင်းပြရန် ပျင်းရိသဖြင့်
"ဘာမှမဟုတ်ဘူး ဘာလို့ ငါ့ကိုကြိုးတုပ်ထားတာလဲ"
"ဘာလို့လဲ ရှင်မသိဘူးလား၊ ရှင် ကျွန်မရဲ့မူလဇစ်မြစ်ကို ပထမဆုံးနေ့ကတည်းက ခန့်မှန်းမိနိုင်ခဲ့တယ်မဟုတ်လား"
ပိုင်ပင်း၏မျက်လုံးများက ရွှီဖန်းကိုကြည့်နေရင်း တဖျတ်ဖျတ် လင်းလက်နေသည်။
"မင်း ငါ့ကို အရမ်းအထင်ကြီးလွန်းတာပဲ၊ နောက်
တစ်နေ့ကျမှ ငါ ခန့်မှန်းမိတာပါ"
ရွှီဖန်း ပြုံးလိုက်ကာ ပိုင်ပင်းကို ပြန်ပြောလိုက်သည်။
"ဟက်!"
ပိုင်ပင်းသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလိုမျိုး ရယ်မောလိုက်မိသည်။ ထို့နောက် သူမ ရွှီဖန်းကို ကြည့်ကာ...
"ဘာလို့ ကျွန်မကို ကယ်တာလဲ"
"မင်းက ငါ့အတွင်းရေးမှူးမဟုတ်ဘူးလား၊ မင်းက ငါ့ရဲ့ ကိုယ်ပိုင်အတွင်းရေးမှူးအနေနဲ့ မင်းရဲ့တာဝန်တွေကို တကယ် မထမ်းဆောင်ခဲ့ပေမယ့်လည်းပေါ့"
ရွှီဖန်းသည် ပိုင်ပင်း၏ထိရှလွယ်သော နေရာများကို တမင်တကာ စူးစမ်းလိုက်ဟန်ဖြင့်...
"ဒါပေမဲ့ ငါကတော့ အလုပ်ရှင်တစ်ယောက်အနေနဲ့ ငါ့တာဝန်ကို ထမ်းဆောင်ရမှာပဲ"
"ရှင်!"
ပိုင်ပင်းသည် ရွှီဖန်း၏အကြည့်ကို မြင်သောအခါ ဒေါသထွက်သွားသော်လည်း ထိုစကားများကိုမူ မချေပနိုင်ခဲ့ပေ။
"ဘာဖြစ်တုန်း...ငါ့ကို ကြိုးမြန်မြန်ဖြည်ပေး၊ မင်း ငါ့ကို မသတ်နိုင်ဘူး"
ရွှီဖန်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဪ ဟုတ်လား...ဘာလို့ ရှင့်ကို ကျွန်မက မသတ်
နိုင်ရမှာလဲ"
"မင်း အဲ့ဒီလို မလုပ်နိုင်ဘူး"
"ကျွန်မက ဘာလို့ အဲ့ဒီလို မလုပ်နိုင်ရမှာလဲ၊ ရှင်က ကျွန်မဘဝရဲ့ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တာ"
"ဒါဆို လာခဲ့လေ"
ရွှီဖန်းသည် ထိုစကားကိုပြောရင်း နောက်ကို ဆုတ်
ကာ ခန္ဓာကိုယ်တစ်ခုလုံးကို လျှောချလိုက်သည်။ သူ့ကို သတ်ခွင့်ပြုသည့်အလားပင်။
ပိုင်ပင်းသည် တစ်ဖန်ဒေါသထွက်လာသော်လည်း ယခုတစ်ကြိမ်တွင် ရွှီဖန်းဘက်က မှန်နေသည်။ ပိုင်ပင်း သည် သူမအားကယ်တင်ခဲ့သူကို အမှန်တကယ်ပင် မသတ်နိုင်ပေ။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက်မှာ ပိုင်ပင်း မေးလိုက်သည်။
"ပြည်နယ်မြို့တော်ဟိုတယ်မှာ ကျွန်မ မရှိနိုင်ဘူးဆိုတာကို ဘယ်လိုသိသွားတာလဲ"
"စိတ်ချင်းဆက်သွယ်မှုလို့ပြောရင် ယုံမလား"
ရွှီဖန်း၏စကားကြောင့် ပိုင်ပင်း၏မျက်နှာမှာ နီရဲသွားသည်။
"ဟားဟား နောက်တာပါ ငါထင်ခဲ့တာ စနိုက်ပါသမားက မင်းပဲ၊ ပြီးတော့ ဒီလောက်နီးတဲ့ အကွာအဝေးကနေ ပစ်မှတ်ကို ရှာတွေ့နိုင်တဲ့တစ်ခုတည်းသောစနိုက်ပါပစ်မှတ်နေရာက ငါတို့ ပွဲလုပ်နေတဲ့အဆောက်အဦးရဲ့ခေါင်မိုးပေါ်မှာပဲ ရှိတယ်"
ရွှီဖန်း ပြုံးလိုက်ကာ သူ့စိတ်ထဲမှ ထင်မြင်ချက်ကို ထုတ်ပြောပြလိုက်သည်။
ပိုင်ပင်း၏မျက်လုံးထဲ၌ စိတ်ပျက်အားလျော့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူမ၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားကာ ရွှီဖန်းအား ပြောလိုက်သည်။
"ရှင်က အရမ်းထက်မြက်တာပဲ"
"ဒါပေါ့ ကြိုးတွေဖြည်ပေးဦး"
သို့သော် ပိုင်ပင်းက လှုပ်ရှားခြင်းမရှိသေးပေ။ ထိုအစား သူမသည် သူ့အား ခိုင်မာသောဆုံးဖြတ်ချက်
ဖြင့် ကြည့်လာကာ...
"ဒါပေမဲ့ ရှင့်ကို ကျွန်မ သတ်ရမယ်"
ရွှီဖန်း အံ့အားသင့်သွားသည်။
"မင်းကို ကယ်တင်ခဲ့တဲ့သူကို သတ်ချင်နေတာလား"
ပိုင်ပင်း ခေါင်းညိတ်လိုက်သည်။
"မဟုတ်ပါဘူး"
ရွှီဖန်းသည် သူမ၏စကားများကြောင့် ရှုပ်ထွေးသွားရသည်။
"ဒါဆို မင်းက ကိုယ့်စကားကိုယ် ဆန့်ကျင်နေတာမဟုတ်ဘူးလား"
"ရှင့်ကို မသတ်ခင်မှာ အရင်ဆုံး ကျေးဇူးပြန်ဆပ်လိုက်လို့ရတာပဲ"
*********************