← Chapters

မြောက်ရိုးမမင်းသမီး

Vol. 177 Ch. 2642

မြောက်ရိုးမမင်းသမီး

Vol. 177 Ch. 2642

သိုင်းတာအိုပင်မခန္ဓာသည် ငရဲမီး၏ စွမ်းအားအပြည့်အဝကို လုံးဝထုတ်ဖော်ခြင်းမရှိပေ။

သူ၏ လက်ရှိကျင့်ကြံမှုအရ သူသာ ငရဲမီးကို လှည့်ပတ်လိုက်မည်ဆိုလျှင် အန္တိမအင်မော်တယ်ဘုရင်တစ်ပါးပင် အဲဒါကို ခုခံနိုင်ချင်မှခုခံနိုင်ပေလိမ့်မည်။

ထိုခွန်အား၏ တစ်စိတ်တစ်ပိုင်းကပင် သူ့ရှေ့မှာရှိသော ငရဲငယ်သားတစ်အုပ်စုကို ကိုင်တွယ်ဖို့အတွက် လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။

ငရဲမီးတောက်များက မြက်ခင်းပြင်တစ်ခုကဲ့သို့ လျင်မြန်စွာ ဖြန့်ကြက်သွားပြီး သူ့ရှေ့မှာရှိသော ငရဲငယ်သားများစွာကို လွှမ်းခြုံသွားသည်။

ငရဲငယ်သားများက စူးစူးဝါးဝါးမအော်ဟစ်နိုင်ခင်မှာပင် လောင်ကျွမ်းပြာကျသွား၏။

တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာ၏ ဦးဆောင်မှုအောက်မှာရှိသော မဟူရာစစ်တပ်က တစ်ကွဲတစ်ပြားစီလှည့်ထွက်ပြေးလိုက်ကြ၏။ သူတို့က အလျင်အမြန်ရောက်ရှိလာသော်လည်း ပို၍ပင်မြန်ဆန်စွာရှုံးနိမ့်သွားကြ၏။ သူတို့ထဲ မည်သူကမှ နေရာမှာတင် ရပ်မနေရဲတော့ပေ။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။ သူက တစ်စုံတစ်ရာကိုအာရုံခံမိသွားသည့်အလား ဘေးတစ်ဘက်လေဟာနယ်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

သူက သူတို့အားလုံးကိုမသတ်ဖြတ်ဘဲ ငရဲငယ်သားများကို မောင်းထုတ်ဖို့ လုံလောက်သည့်ခွန်အားကိုသာ ထုတ်ဖော်ပြသပြီးနောက် ငရဲမီးကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

သို့သော်လည်း စောစောက သူ့ကို သတ်ဖြတ်လိုခဲ့သည့် ငရဲဗိုလ်များအားလုံးနီးပါးက နေရာမှာပင် သေဆုံးသွားကြပြီး ချောမောသောအမျိုးသမီးတစ်ဦးတည်းသာ အသက်ရှင်နိုင်ခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာမှာ အမျိုးသမီးများအပေါ် ကာကွယ်လိုသောခံစားချက်တစ်စုံတစ်ရာမရှိပေ။

သို့သော်လည်း ထိုအမျိုးသမီးသည် စောစောက သူ့ကို စေတနာဖြင့် သတိပေးခဲ့ပြီး ဤလူအုပ်စုထဲမှာ သူမတစ်ယောက်တည်းထဲက​သာ သူ့ကို ရန်လိုစိတ်မရှိခြင်းပင်။

ထို့ကြောင့်ပင် သိုင်းတာအိုပင်မခန္ဓာက သူမ၏ အသက်ကို ချမ်းသာပေးခဲ့ခြင်းဖြစ်သည်။

“ရှင်..ရှင်... ရှင်ကတော့ သွားပြီ”

ချောမောသောအမျိုးသမီးက သူမရှေ့မှာရှိသောမြင်ကွင်းကို ထိတ်လန့်တကြားအမူအရာဖြင့် ငေးကြည့်နေသည်။

သူမသည် သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး တုန်ရီနေသောအသံဖြင့် ပြောလိုက်၏။

“ရှင်က တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာကို သတ်လိုက်တာပဲ... အလောင်းတောင်ကြောရိုးရဲ့ ပညာရှင်တွေက သေချာပေါက် ရှင့်ကိုခွင့်လွှတ်မှာ မဟုတ်ဘူး”

“ရှင်..ရှင် မြန်မြန်ထွက်ပြေးသင့်ပြီ... ရှင်က မြောက်ရိုးမကနေ ထွက်ပြေးလွတ်မြောက်နိုက်မယ်ဆိုရင် ရှင့်မှာ ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုရှိနေနိုင်တယ်... မဟုတ်ရင်တော့ ရှင်က သေချာပေါက်သေရတော့မှာပဲ”

ချောမောသောအမျိုးသမီးက သိုင်းတာအိုပင်မခန္ဓာကို ထပ်မံ၍ တိုက်တွန်းလှုံ့ဆော်လိုက်သည်။

“အလောင်းတောင်ကြောရိုးက ဘယ်နေရာမှာလဲ”

သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားယိမ်းယိုင်ခြင်းမရှိဘဲ ပြန်မေးလိုက်၏။ ထိုစဥ်မှာပင် အမျိုးသမီးတစ်ယောက်၏ အသံက ခပ်လှမ်းလှမ်းကနေ ထွ​က်ပေါ်လာသည်။

“အလောင်းတောင်ကြောရိုးက မြောက်ပိုင်းရိုးမရဲ့ မဟာငရဲတောင်ကြောရိုးဆယ်ခုထဲက တစ်ခုပဲ... သူတို့ရဲ့ပိုင်နက်အရှင်က ငရဲဘုရင်အလောင်းတောင်ဆိုပြီး ကျော်ကြားတယ်... သူ့ရဲ့ဦးဆောင်မှုအောက်မှာ ငရဲဘုရင်အဆင့်ပညာရှင်တစ်ရာကျော်ရှိတယ်”

ထိုစဥ်မှာပင် မလှမ်းမကမ်းလေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး လူသုံးယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာကြသည်။

စကားပြောလိုက်သောလူက ငယ်ရွယ်သောမိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ လုံးကြီးပေါက်လှနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားလေသည်။ သူမ၏ အသားအရေက နှင်းကဲ့သို့ဖြူဖွေးနေပြီး သူမသည် စောစောကချောမောသောအမျိုးသမီးထက်ပင် ပို၍ချစ်စဖွယ်ကောင်းနေသည်။

ဒါ့အပြင် သူမသည် တစ်မူထူးခြားသောနောက်ခံကနေ ဆင်းသက်လာသည့်အလား အနက်ရောင်ဝတ်မိန်းကလေး၏ ဘေးပတ်လည်မှာ ကြော့ရှင်းသန့်ပြန့်သော အော်ရာတစ်ခုရှိနေသည်။

အနက်ရောင်ဝတ်မိန်းကလေး၏ ဘေးမှာ အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ့မှာကြည့်ကောင်းတင့်တယ်သော ရုပ်ရည်သွင်ပြင်ရှိလေသည်။ သူ၏ ခေါင်းကို အနည်းငယ်မော့ထားပြီး သူ၏ မျက်လုံးထဲမှာ မာန်မာနတစ်စွန်းတစ်စရှိနေ၏။

အမျိုးသားနှင့်အမျိုးသမီးသည် လိုက်ဖက်ညီစွာ အတူတကွမတ်တတ်ရပ်နေသည်နှင့်တူလေသည်။

သို့သော်လည်း စောစောက လေဟာနယ်ကို ဆုတ်ဖြဲလိုက်သောနည်းလမ်းသည် သူတို့နှစ်ယောက်ပြုလုပ်နိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်လုံးက ငရဲဗိုလ်များသာဖြစ်ပြီး ထိုသို့ မပြုလုပ်နိုင်ပေ။

အနက်ရောင်ဝတ်မိန်းကလေး၏ နောက်ဘက်မှာ စွမ်းအားကြီးမားသောအော်ရာတစ်ခုနှင့်အတူ အမူအရာကင်းမဲ့နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ရှိနေသည်။

သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာရှိနေပြီဖြစ်သည်။

ဆီးနှင်းစိမ့်စမ်းငရဲမှာ ကျင့်ကြံမှုနယ်ပယ်ခွဲခြားမှုအရ သက်လတ်ပိုင်းအရွယ်အမျိုးသားက ငရဲဘုရင်တစ်ပါးဖြစ်ရပေမည်။

သို့သော်လည်း သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အနက်ရောင်ဝတ်မိန်းကလေး၏ နောက်ဘက်မှာရပ်နေပြီး အဆင့်အတန်းချင်းယှဥ်လျှင် သူက ပိုမိုနိမ့်ကျပေလိမ့်မည်။

တကယ်တမ်းမှာတော့ သိုင်းတာအိုပင်မခန္ဓာ​က ငရဲမီးကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သူက ထိုနေရာမှာရှိသောလေဟာနယ်ထဲမှာ ဝဲဂယက်တစ်ခုကို အာရုံခံမိခဲ့ပြီးသားဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို လေ့လာအကဲခတ်နေစဥ် သူက သူ့ဘာသာသူတွေးနေသည်။

‘အလောင်းတောင်ကြောရိုးမှာတင် ငရဲဘုရင်အရေအတွက်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ထက် သာလွန်နေပြီပဲ။’

‘ဒါပေမဲ့... အလောင်းတောင်ကြောရိုးက မြောက်ပိုင်းရိုးမရဲ့ မဟာငရဲတောင်ကြောရိုးဆယ်ခုထဲကတစ်ခုပဲ... မြောက်ပိုင်းရိုးမတစ်ခုလုံးဆိုရင် ဘယ်လောက်သန်မာမလဲ စဥ်းစားကြည့်လို့ရတယ်။’

“ထူးဆန်းတာကတော့ မြောက်ပိုင်းရိုးမရဲ့ ကျယ်ပြောတဲ့ပိုင်နက်နယ်မြေနဲ့ နက်ရှိုင်းတဲ့အခြေခံအုတ်မြစ်နဲ့တောင် ဘုရင်မြောက်ရိုးမတစ်ယောက်ပဲ ငရဲဘုရင်နယ်ပယ်မှာ ရှိနေတယ်”

“မြောက်ရိုးမမှာ ဧကရာဇ်တစ်ပါးမှမရှိဘူးလား... ဒါမှမဟုတ် အကြောင်းအရင်းတချို့ကြောင့် ဧကရာဇ်နယ်ပယ်ပညာရှင်တွေက ငြိမ်သက်နေကြတာလား”

သိုင်းတာအိုပင်မခန္ဓာက စဥ်းစားတွေးတောနေစဥ် လေထဲမှာရှိသော အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကလည်း သူ့ကို အကဲခတ်ကြည့်နေ၏။

အတိအကျဆိုရလျှင် အနက်ရောင်ဝတ်မိန်းကလေးတစ်ဦးကသာ သူမမျက်လုံးထဲရှိ စူးစမ်းလိုမှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို အထူးတလည်အာရုံစိုက်ကြည့်နေ၏။

သူမ၏ ဘေးမှာရှိသော အနက်ရောင်ဝတ်အမျိုးသားနှင့် သူမ၏ နောက်မှာရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားက သိုင်းတာအိုပင်မခန္ဓာကို သာမန်ကာလျှံကာတစ်ချက်မျှသာကြည့်ပြီး သူ့ကို အလေးအနက်မထားကြပေ။

“ရှင်က တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာကို သတ်ဖြတ်ပြီးတာတောင် မြောက်ပိုင်းရိုးမမှာ အသက်ရှင်နိုင်မယ့်အခွင့်အရေးရှိနေသေးတယ်”

အနက်ရောင်ဝတ်မိန်းကလေးက ညင်သာစွာပြုံးပြီး ယုံကြည်မှုရှိစွာဖြင့်ပြောလိုက်သည်။

“ကျွန်မက မြောက်ရိုးမမှာ ရှင့်ကိုကာကွယ်ပေးနိုင်တယ်”

“အို... ဟုတ်လား”

သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ အံ့အားသင့်သွားရုံမျှသာဖြစ်သည်။

စောစောက အသက်ရှင်နိုင်ခဲ့သည့် ချောမောသောအမျိုးသမီးက အနက်ရောင်ဝတ်မိန်းကလေးကိုကြည့်ပြီး လှောင်ရယ်လိုက်သည်။

“သူ့ကိုကာကွယ်ဖို့ ရှင့်မှာ ဘာရှိလို့လဲ... ရှင့်မှာ အဲလိုမျိုးခွန်အားရှိလို့လား”

အနက်ရောင်ဝတ်မိန်းကလေး၏ ကျင့်ကြံမှုနယ်ပယ်က သူမနှင့် များစွာမကွာခြားပေ။

အနက်ရောင်ဝတ်မိန်းကလေး၏ နောက်ဘက်မှာရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားက ငရဲဘုရင်တစ်ပါးဖြစ်သည်ဆိုလျှင်တောင် သူသည် ငရဲဘုရင်အလောင်းတောင်၏ စွမ်းအားကြီးမားသော အခြေခံအုတ်မြစ်ကို ခုခံဆန့်ကျင်နိုင်မည်မဟုတ်ပေ။

“ငါ့မှာ ငါ့နာမည်ရှိတယ်လေ”

အနက်ရောင်ဝတ်မိန်းကလေးက ရယ်မောပြီး သိုင်းတာအိုပင်မခန္ဓာကို လက်ပြလိုက်၏။

“ငါတို့တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ရအောင်... ငါ့နာမည်က ထန်ချင်အာပဲ”

“ထန်ချင်အာ...”

ချောမောသောအမျိုးသမီးက ညင်သာစွာတီးတိုးရေရွတ်ပြီး အနက်ရောင်ဝတ်မိန်းကလေး၏ ခါးပေါ်မှာရှိသောတံဆိပ်ပြားကို ကြည့်လိုက်၏။ သူမ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“ရှင်..ရှင်က... ဘုရင်မြောက်ရိုးမရဲ့ မင်းသမီးလေးပဲ”

“ဒါပေါ့”

ထန်ချင်အာက ခေါင်းညိတ်ပြလိုက်၏။

မြောက်ပိုင်းရိုးမမှာ ဘုရင်မြောက်ရိုးမတစ်ဦးတည်းကသာ အလောင်တောင်ကြောရိုး၏ အမဲလိုက်ခံနေရသော တစ်ယောက်ယောက်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

“မင်္ဂလာပါမင်းသမီး”

ချောမောသောအမျိုးသမီးက တစ်ဘက်လူသည် ထန်ချင်အာဖြစ်သည်ကို နားလည်သိရှိသွားသောအခါ သူမက ကြန့်ကြာမနေရဲဘဲ ခပ်မြန်မြန်ဒူးထောက်ချကာ ဦးညွှတ်လိုက်၏။

“နင်ထွက်သွားလို့ရပြီ... ဒီနေရာမှာ နင့်ကိစ္စမရှိဘူး”

ထန်ချင်အာက ချောမောသောအမျိုးသမီးကို ညင်သာစွာလက်ကာပြလိုက်၏။ ချောမောသောအမျိုးသမီးက လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသည့်အလား ခပ်မြန်မြန်ပြေးထွက်သွားလေသည်။

ထို့နောက် ထန်ချင်အာသည် လေထဲကနေဆင်းသက်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ လျှောက်လှမ်းလာသည်။

ဤဆီးနှင်းစိမ့်စမ်းငရဲမှာ မည်သည့်စည်းကမ်း သို့မဟုတ် မည်သည့်ကျင့်ဝတ်ထုံးတမ်းမှမရှိဘဲ နေရာတိုင်းက သွေးထွက်သံယိုများဖြင့် ပြည့်နှက်နေသော်လည်း ထန်ချင်အာသည် သူ့ပေါ်မှာ အနည်းဆုံးရင်းနှီးဖော်ရွေမှုရှိနေသည်။

သိုင်းတာအိုပင်မခန္ဓာက ထန်ချင်အာထံမှ မည်သည့်ရန်လိုစိတ်ကိုမှ အာရုံမခံမိနိုင်ပေ။

“သတိထားဦး”

အနက်ရောင်ဝတ်အမျိုးသားက မျက်မှောင်အနည်းငယ်ကြုတ်ပြီး နောက်ကနေခပ်မြန်မြန်လိုက်ပါကာ သတိပေးလိုက်၏။

“အဆင်ပြေပါတယ်”

ထန်ချင်အာက ပြုံးပြလိုက်၏။

“ငါ့မှာ.. နင်ရယ် ဦးလေးချန်ရယ်ရှိနေတာပဲ”

အနက်​ရောင်ဝတ်အမျိုးသားက ဝင့်ကြွားစွာပြောလိုက်သည်။

“မပူပါနဲ့ချင်အာ... ဦးလေးချန်လှုပ်ရှားမှုမပြုလုပ်ရင်တောင် တစ်ခုခုဖြစ်တာနဲ့ ငါသူ့ကို သတ်နိုင်တယ်”

ထိုသို့ပြောရင်း အနက်ရောင်ဝတ်အမျိုးသားက သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ပြင်းထန်ကြမ်းတမ်းသောလက်ဟန်အမူအရာတစ်ခုကို ပြုလုပ်ပြလိုက်၏။

“ကျေးဇူးပဲ”

ထန်ချင်အာက ပြုံးပြလိုက်၏။

အနက်ရောင်ဝတ်အမျိုးသားသည် ထန်ချင်အာကို စိတ်ဝင်စားနေသည်မှာ သိသာလေသည်။ တစ်ချိန်တည်းမှာပင် သူမကလည်း သူ့ကို ခုခံငြင်းဆန်ထားခြင်းမရှိပေ။

တစ်ခဏချင်းမှာပင် သူတို့သုံးယောက်က သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ ရောက်ရှိလာကြသည်။

ထန်ချင်အာက မေးလိုက်၏။

“ရှင်အဲဒါကိုစဥ်းစားပြီးသွားပြီလား... ရှင်က ကျွန်မလက်အောက်ကို ဝင်ရောက်လိုတယ်ဆိုရင် အဖေက ရှင့်ကို ကာကွယ်ပေးပြီး ရှင့်ရဲ့ဒီကိစ္စကိုတောင်မှ ဝင်ရောက်ဖြေရှင်းပေးနိုင်တယ်”

“ချင်အာ..”

ဦးလေးချန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ညင်သာစွာသတိပေးလိုက်၏။

အနက်ရောင်ဝတ်အမျိုးသားက အလောတကြီးထပ်ပြောလိုက်သည်။

“ချင်အာ... ဒီလူ့ရဲ့နောက်ခံက ဘာမှန်းမသိရဘူး... သူ့ဆီကနေ သက်ရှိတစ်ယောက်ရဲ့အော်ရာဖြာထွက်နေတယ်... ငါတို့သတိထားရမယ်”

“မင်းငါ့ကိုဘာလို့ကူညီပေးတာလဲ”

သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်သောအမူအရာဖြင့် မေးလိုက်၏။

ထန်ချင်အာက ပြောလိုက်သည်။

“ရှင့်ရဲ့နည်းလမ်းတွေက အားမနည်းဘဲ ရှင်ကငရဲဘုရင်တစ်ပါးရဲ့ ကနဦးပုံစံနဲ့တောင် ထိတွေ့မိနေပြီကို ကျွန်မအခုပဲမြင်ထားရတယ်... ရှင်က အလောင်းတောင်ကြောရိုးရဲ့ သတ်ဖြတ်တာကိုခံရမယ်ဆိုရင် နှမြောစရာပဲ”

ထိုသည်က အကြောင်းပြချက်တစ်ခုမျှသာဖြစ်သည်။

ထန်ချင်အာနှင့် အခြားနှစ်ယောက်သည် လေဟာနယ်ကိုဖြတ်ကျော်ပြီး မြောက်ရိုးမမြို့တော်သို့ ပြန်သွားဖို့ပြင်ထားကြသည်။ သူတို့သည် လမ်းမှာဖြစ်ပျက်ခဲ့သည့်အရာကိုတွေ့မြင်မှသာ ထန်ချင်အာ၏ မရမကတောင်းဆိုမှုအောက်မှာ ဆင်းသက်ရောက်ရှိလာကြခြင်းဖြစ်သည်။

ထန်ချင်အာက ဆက်ပြောလိုက်သည်။

“ကျွန်မအဖေက ငရဲဘုရင်တစ်ပါးဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ... အဲဒီရှုထောင့်မှာဆိုရင် သူ့ဆီက စကားတချို့က ရှင့်ဘာသာရှင်နှစ်ပေါင်းသောင်းချီကျင့်ကြံထာထက် ပိုပြီးတော့အကျိုးရှိလိမ့်မယ်။”

All Chapters