မြောက်ရိုးမမွေးနေ့ဂုဏ်ပြုစားသောက်ပွဲ
Vol. 177 Ch. 2643
အစကနေ ယခုအချိန်ထိ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူတစ်ခု၏ အော်ရာနှင့်နည်းလမ်းများကို ထုတ်ဖော်ဖို့နေနေသာ သူ၏ ခွန်အားအပြည့်အဝကိုပင် အသုံးမပြုခဲ့ပေ။
ထို့ကြောင့် ထန်ချင်အာနှင့် အခြားနှစ်ယောက်၏ မျကလုံးထဲမှာ သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်သည် ငရဲဘုရင်တစ်ပါး၏ ကနဦးပုံစံမှာသာရှိလေသည်။
“ဘုရင်မြောက်ရိုးမ”
သိုင်းတာအိုပင်မခန္ဓာက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
ယခုအချိန်မှာ သူသည် ဆီးနှင်းစိမ့်စမ်းငရဲအကြောင်း လုံလောက်အောင်မသိရှိသေးပေ။ ဘုရင်မြောက်ရိုးမသည် ဤပြင်ပကမ္ဘာအကြောင်း ကောင်းကောင်းသိထားသည့်လူများထဲတစ်ယောက် သေချာပေါက်ဖြစ်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေသည်ကို ထန်ချင်အာတွေ့မြင်သောအခါ သူက စိုးရိမ်နေဆဲဖြစ်သည်ဟု သူမက တွေးပြီး ပြုံးပြလိုက်သည်။
“အဖေက ဘုရင်မြောက်ရိုးမဆိုပေမယ့် သူက ကျွန်မကို အရမ်းချစ်တယ်လေ... ကျွန်မက သူ့ကို တောင်းပန်ပြောဆိုလိုက်တာနဲ့ သူက ဒီကိစ္စကို သေချာပေါက် ဝင်ဖြေရှင်းပေးလိမ့်မယ်”
“တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာရဲ့အဆင့်အတန်းက မနိမ့်ကျဘူးဆိုပေမယ့် ကျွန်မအဖေဝင်ပါလိုက်တာနဲ့ ဒီကိစ္စက ဘာမှမဟုတ်ဘူး”
ဘေးကနေ ဦးလေးချန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး လောဆော်လိုက်သည်။
“အရှင်မင်းသမီး ဘုရင့်ရဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက နီးကပ်နေပြီ... ဒီမှာအချိန်သိပ်မဆွဲဘဲ မြန်မြန်ပြန်ကြရအောင်”
“အဲဒါအမှန်ပဲ”
အနက်ရောင်ဝတ်အမျိုးသားက သိုင်းတာအိုပင်မခန္ဓာကို ခပ်စိမ်းစိမ်းကြည့်ပြီးနောက် ပြောလိုက်သည်။
“ချင်အာ... ဒီလူနဲ့ဘာလို့အချိန်ဖြုန်းနေတာလဲ... မင်းအဖေနဲ့ စောစောတွေ့ပြီး ဘုရင်မြောက်ရိုးမရဲ့ ဂုဏ်ကျက်သရေကို မြင်တွေ့ခွင့်ရချင်နေပြီ”
“ဘုရင်မြောက်ရိုးမရဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲလား”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
အဲဒါသည် ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲဖြစ်မည်ဆိုလျှင် ဤကဲ့သို့သော မြင်ကွင်းတစ်ခုသည် မြောက်ဘက်ရိုးမအတွက် ရှားရှားပါးပါးမဟာပွဲတော်တစ်ခုဖြစ်ပေလိမ့်မည်။
အဖွဲ့အစည်းများနှင့် မဟာငရဲတောင်ကြောရိုးဆယ်ခုစလုံးက တက်ရောက်လာကြပေမည်။
အလောင်းအရိုးတောင်ကြောရိုးမှာပင် ငရဲဘုရင်များရာချီရှိနေသည်။
ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲမှာ တက်ရောက်လာကြမည့် ငရဲဘုရင်များ ဘယ်လောက်တောင်ရှိနေမလဲ။
ဤပြင်ပကမ္ဘာကို နားလည်သဘောပေါက်လာဖို့ အရိုးရှင်းဆုံးနည်းလမ်းမှာဤနေရာမှာရှိသော ထိပ်သီးပညာရှင်များနှင့် ဆက်သွယ်ပြောဆိုနိုင်ဖို့ဖြစ်လေသည်။
မြောက်ရိုးမ၏ မင်းသမီး ပေါ်ထွက်လာခြင်းမရှိလျှင်တောင် သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာမှာရှိသောအခြေအနေနှင့် ပတ်သက်ပြီး ပို၍ကောင်းကောင်း နားလည်သဘောပေါက်ရန် ငရဲဘုရင်ပညာရှင်များကို လိုက်လံရှာဖွေဖို့ ကြံစည်ထားလေသည်။
သူသည် ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲအတွက် အချိန်မီရောက်ရှိလာပြီး ထိုနေရာမှာ ငရဲဘုရင်များစွာလည်း တက်ရောက်လာကြမည်ဆိုမှတော့ သိုင်းတာအိုပင်မခန္ဓာက သူတို့ကို တကူးတကလိုက်ရှာနေစရာ မလိုတော့ပေ။
“ဟေး... မျက်နှာဖုံးလူ”
အနက်ရောင်ဝတ်အမျိုးသားက သိုင်းတာအိုပင်မခန္ဓာနှုတ်ဆိတ်နေသည်ကို တွေ့မြင်သောအခါ သူက လှောင်ရယ်လိုက်သည်။
“ဘုရင်မြောက်ရိုးမရဲ့ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲမှာ ငရဲဘုရင်တွေအားလုံးက စုဝေးရောက်ရှိနေကြလိမ့်မယ်... အဲဒါက ကြီးမားတဲ့အစုအဖွဲ့တစ်ခုပဲ မင်းအဲဒါကို ခံနိုင်ရည်ရှိပါ့မလား”
သိုင်းတာအိုပင်မခန္ဓာက အမူအရာကင်းမဲ့နေပြီး အနက်ရောင်ဝတ်အမျိုးသားကို လှည့်ပင်မကြည့်ပေ။ သူက ထိုသူကို လက်ညှိုးထိုးပြီး ထန်ချင်အာကို မေးလိုက်သည်။
“သူက ဘယ်သူလဲ”
အနက်ရောင်ဝတ်အမျိုးသားက တကယ့်ကို ဆူညံလွန်းလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် အနက်ရောင်ဝတ်အမျိုးသားကို သတ်ရင်ကောင်းမလား စဥ်းစားနေပြီဖြစ်သည်။
“မင်းငါ့နာမည်ကို သိရဖို့ မထိုက်တန်ဘူး”
အနက်ရောင်ဝတ်အမျိုးသားက ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
“မင်းသိထားရမှာက ငါက တောင်ဘက်တောအုပ်ရဲ့ သခင်လေးပဲ”
ဆီးနှီးစိမ့်စမ်းငရဲကို နယ်မြေဒေသကြီးငါးခုခွဲထားပြီး သူတို့က အရှေ့ပိုင်းလွင်ပြင်၊ တောင်ပိုင်းတောအုပ်၊ အနောက်ပိုင်းရွှံ့ညွန်တော၊ မြောက်ပိုင်းရိုးမနှင့် ဗဟိုချက်မြို့တော်တို့ဖြစ်သည်။
တောင်ဘက်တောအုပ်၏ သခင်လေးဆိုသူသည် တောင်ဘက်မြူခိုးတောအုပ်၏ ဘုရင့်သားဖြစ်ပေလိမ့်မည်။
ဦးလေးချန်က မှင်သေသေဖြင့် ပြောလိုက်သည်။
“တောင်ဘက်တောအုပ်ရဲ့ သခင်လေးက ဗဟိုချက်မြို့တော်မှာ အရှင်မင်းသမီးနဲ့ကျင့်ကြံပြီး တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းလာခဲ့တာ နှစ်ပေါင်းများစွာကြာသွားပြီ... သူတို့ရဲ့မိသားစုတွေက သဟဇာတဖြစ်ကြတယ်... တောင်ဘက်တောအုပ်က လက်ထပ်မင်္ဂလာပွဲကို တောင်းဆိုဖို့အတွက် ဘုရင့်ရဲ့မွေးနေ့ဂုဏ်ပြုစားသောက်ပွဲဆီ တစ်ယောက်ယောက်ကို စေလွှတ်လိမ့်မယ်”
ဦးလေးချန်၏ စကားလုံးများသည် သိုင်းတာအိုပင်မခန္ဓာကို မလျော်ကန်သောအတွေးများမထားဖို့ သတိပေးနေခြင်းဖြစ်သည်။
ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲက ကောင်းချီးမင်္ဂလာနှစ်ထပ်ဆင့်လေသည်။
ထိုစကားကိုကြားချိန်မှာ ထန်ချင်အာသည် သူမဘေးမှာရှိသော တောင်ဘက်တောအုပ်၏ သခင်လေးကို ကြည့်ပြီး ညင်သာစွာပြုံးပြလိုက်၏။
တကယ်တော့ သူမသည် ဤကိစ္စနှင့်ပတ်သက်၍ အနည်းငယ်ဝေခွဲမရဖြစ်နေဆဲပင်။
အတိအကျဆိုရလျှင် သူမသည် တောင်ပိုင်းတောအုပ်၏ သခင်လေးကို သဘောမကျရုံသာဖြစ်သည်။
သို့သော်လည်း သူမအဖေနှင့် ဦးလေးချန်ပြောသည့်အတိုင်းပင် သူတို့သည် လူတန်းစားအလွှာချင်း ကောင်းကောင်းလိုက်ဖက်ညီနေသည်။ ဤလူသည် သူမအတွက် သင့်လျော်မှန်ကန်သည့် သတို့သား ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
တကယ်တော့... ဦးလေးချန်က အတွေးလွန်နေခြင်းသာဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် ထန်ချင်အာနှင့် အမှတ်မထင်တွေ့ဆုံရုံသာဖြစ်ပြီး သူမက လုံးဝစိတ်မဝင်စားပေ။
သို့သော်လည်း တောင်ပိုင်းတောအုပ်၏ ဤသခင်လေးက ထန်ချင်အာ၏ တာအိုလက်တွဲဖော်ဖြစ်လာတော့မည်ဆိုမှတော့ သိုင်းတာအိုပင်မခန္ဓာက သူ့ကိုသတ်ဖြတ်ဖို့ မသင့်လျော်တော့ပေ။
အစက မင်္ဂလာရှိနေသောကိစ္စကို ဈာပနတစ်ခုအဖြစ်ပြောင်းလဲပစ်ဖို့က မကောင်းတတ်ပေ။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို တက်ရောက်လိုလေသည်။
သူက ဘုရင်မြောက်ရိုးမ၏ သမက်ကို သတ်ဖြတ်လိုက်မည်ဆိုလျှင် သူသည် မွေးနေ့ဂုဏ်ပြုစားသောက်ပွဲကို ကောင်းကောင်းတက်ရောက်နိုင်တော့မည် မဟုတ်ပေ။ သူက သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ရပေတော့မည်။
သိုင်းတာအိုပင်မခန္ဓာက တောင်ပိုင်းတောအုပ်၏ သခင်လေးကို လျစ်လျူရှုပြီး ထန်ချင်အာကို ခေါင်းညိတ်ပြလိုက်သည်။
“ငါမင်းတို့နဲ့တစ်ချက်လိုက်ကြည့်မယ်... ငါက မြောက်ပိုင်းရိုးမကို ဝင်ရောက်မလား မဝင်ရောက်ဘူးလားဆိုတာကတော့ ငါတို့နောက်မှ ဆွေးနွေးကြတာပေါ့”
“ကောင်းပါပြီ”
ထန်ချင်အာက ပြုံးပြလိုက်သည်။
“အရင်ဆုံးကျွန်မဘေးမှာနေ... အချိန်ကျရင် မြောက်ပိုင်းရိုးမရဲ့စွမ်းအားနဲ့ အခြေခံအုတ်မြစ်ကို ကျွန်မရှင့်ကိုပြပေးမယ်... ပြီးမှရှင့်ဘာသာရှင်ဆုံးဖြတ်ပေါ့”
“ရှင့်နာမည်ကို သိလို့ရမလာ”
ထန်ချင်အာက သိုင်းတာအိုပင်မခန္ဓာဘက်ကို လှည့်ကြည့်ပြီး မေးလိုက်၏။
“အထီးကျန်သိုင်းသခင်”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်သည်။
“အရှင်မင်းသမီးသွားကြရအောင်”
ဦးလေးချန်က ထပ်မံ၍လောဆော်လိုက်သည်။
“ကောင်းပါပြီ”
ထန်ချင်အာက သိုင်းတာအိုပင်မခန္ဓာကို လက်ယက်ပြီး လှမ်းခေါ်လိုက်သည်။
“ကျွန်မဘေးနားမှာလာနေ... ဦးလေးချန်က လေဟာနယ်ကိုဆုတ်ဖြဲပြီး အာကာသပို့ဆောင်ရေးနဲ့ အဝေးကြီးသွားတော့မှာ”
“ရှင်က အဝေးကြီးမှာနေလို့ ဦးလေးချန်ရဲ့ ထိန်းချုပ်မှုကနေလွတ်သွားမယ်ဆိုရင် ရှင်ကအဆုံးမဲ့လေဟာနယ်ထဲ ဝါးမျိုခြင်းခံရပြီး ဒီလောကကို ဘယ်တော့မှပြန်လာနိုင်မှာ မဟုတ်တော့ဘူး”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြပြီး ငြင်းဆန်နေခြင်းမရှိပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ထန်ချင်အာ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။
“ဟမ့်...”
ထိုသည်ကို တွေ့မြင်သောအခါ တောင်ပိုင်းတောအုပ်သခင်လေး၏ မျက်လုံးထဲတွင် သုန်မှုန်နေသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
ဦးလေးချန်က သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်ပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူက လေဟာနယ်ကို ဆုတ်ဖြဲပြီး ထန်ချင်အာ၊ တောင်ပိုင်းတောအုပ်၏ သခင်လေးနှင့် သိုင်းတာအိုပင်မခန္ဓာတို့ကို အာကာသဥမင်ထဲသို့ ခေါ်ယူသွားသည်။
သူတို့လေးယောက်သည် အာကာသဥမင်ထဲမှာ အဆက်မပြတ်ရွေ့လျားနေပြီး သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေသည်။ သို့သော်လည်း သူက ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး မည်သူကမှ သူ့အမူအရာကို မတွေ့မြင်ရပေ။
သူတို့လေးယောက်က လေဟာနယ်ကို နောက်တစ်ဖန်ဆုတ်ဖြဲပြီး အာကာသဥမင်ထဲကနေ လျှောက်လှမ်းထွက်လာသောအခါ တောင်ပိုင်းတောအုပ်၏ သခင်လေးက လှောင်ပြောင်ထေ့ငေါ့လိုက်၏။
“အထီးကျန်သိုင်းသခင်ဆိုလား ဘာဆိုလားပဲ... မင်းဘယ်လိုခံစားရလဲ”
“အဲဒီခံစားချက်ကို ကောင်းကောင်းမှတ်ထား... အဲဒါက မင်းဘဝမှာ အာကာသဥမင်ကနေတစ်ဆင့် အဝေးဆုံးသွားလာဖူးတဲ့ တစ်ခုတည်းသောခရီးဖြစ်လာလိမ့်မယ်”
“စောစောတုန်းက ငါတို့တွေက ငိုကြွေးဝိညာဥ်တောင်ကြောရိုးမှာ ရှိနေတယ်.. အခုတော့ငါတို့တွေက မြောက်ပိုင်းရိုးမရဲ့အလယ်ဗဟိုကို ရောက်လာပြီ”
သိုင်းတာအိုပင်မခန္ဓာက တောင်ပိုင်းတောအုပ်၏ သခင်လေးကို လျစ်လျူရှုပြီး ရှေ့ကိုသာ လှမ်းကြည့်လိုက်သည်။
ရှေ့မလှမ်းမကမ်းမှာ ကျယ်ပြောသော ဧရိယာတစ်ခုကို နေရာယူထားသည့် အလွန်ကြီးမားသည့် ဧရာမမြို့တော်တစ်မြို့ရှိနေသည်။ ထိုမြို့တော်က နက်မှောင်နေပြီး ထူးဆန်းသောကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ ခံ့ညားသောအော်ရာမှာ မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသော ခံစားချက်တစ်ခု ပါဝင်နေသည်။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်နိုင်ငံသုံးနိုင်ငံ၏ မြို့တော်များပင်လျှင် ဤမြို့နှင့်ယှဥ်ပါက များစွာပိုမိုသေးငယ်သွားပေလိမ့်မည်။
မြောက်ရိုးမမြို့တော်...။
ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲနီးကပ်လာသည်နှင့်အမျှ မြောက်ရိုးမမြို့တော်က ဆူညံပွက်လောရိုက်၍ စည်ကားအသက်ဝင်လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာနှင့် တခြားသုံးယောက်သာလျှင်မဟုတ်ဘဲ အခြားသောအရပ်မျက်နှာများကနေ အဖွဲ့အစည်းများနှင့် ကျင့်ကြံသူများစွာကလည်း မြောက်ရိုးမမြို့တော်သို့ ဦးတည်းလာနေကြသည်။
“သိုင်းတာအိုပင်မခန္ဓာတို့လေးယောက်အုပ်စုက လေဟာနယ်ကနေ လျှောက်လှမ်းထွက်လာသောအခါ ကျင့်ကြံသူများစွာသည် ကြည်ညိုလေးစားသောအမူအရာများကို ထုတ်ဖော်ပြသပြီး သူတို့ကို ရှောင်ကွင်းသွားကြသည်။
“ဆက်သွားကြတာပေါ့”
ထန်ချင်အာက သိုင်းတာအိုပင်မခန္ဓာကို ပြုံးပြပြီးပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ထန်ချင်အာ၏ နောက်ကနေလိုက်ပါပြီး ရုတ်တရက်အသံတစ်ခုကို ပို့လွှတ်လိုက်သည်။
“မင်းငါ့ကို ဘုရင်မြောက်ရိုးမရဲ့ လက်အောက်ငယ်သားတစ်ယောက်အဖြစ် ခေါ်ယူစုဆောင်းချင်တယ်ဆိုတာ ငါ့ရဲ့ခွန်အားကြောင့် မဟုတ်ဘူးမလား”
ဘုရင်မြောက်ရိုးမသည် များပြားလှစွာသော တောင်ကြောရိုးများကို အုပ်ချုပ်ပြီး သူ၏ လက်အောက်မှာ မရေမတွက်နိုင်သောပညာရှင်များရှိလေသည်။
ထန်ချင်အာမှာ အခြားသောရည်ရွယ်ချက်များရှိနေသည်မှာ သိသာလေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် စိတ်ထဲတွင် ထည့်မထားသည့်အလား သူသည် ထန်ချင်အာထံမှ မည်သည့်ရန်လိုစိတ်ကိုမှ အာရုံမခံမိသောကြောင့်ပင်။
ထန်ချင်အာမှာ မကောင်းသောရည်ရွယ်ချက်တစ်ခုခုရှိနေမည်ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာက ဂရုမစိုက်ပေ။
ထန်ချင်အာက ခဏမျှငြိမ်သက်နေပြီးနောက် အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“ကျွန်မက ရှင့်ရဲ့နောက်ခံကို နဲနဲစိတ်ဝင်စားနေတာ... ရှင်က ဆီးနှင်းစိမ့်စမ်းငရဲကလာတာ မဟုတ်ဘူးမလား။”