ငရဲကိုးခု
Vol. 177 Ch. 2644
“ငါက ကောင်းကင်ဘုံကမ္ဘာကပဲ”
သိုင်းတာအိုပင်မခန္ဓာက သူ၏ နောက်ခံကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။
“ကောင်းကင်ဘုံကမ္ဘာလား”
ထန်ချင်အာက သိုင်းတာအိုပင်မခန္ဓာကို မယုံကြည်နိုင်စွာဖြင့်ကြည့်ပြီး မေးလိုက်သည်။
“ရှင်က ကောင်းကင်ဘုံကမ္ဘာကလာတာလို့ တကယ်ပဲပြောနေတာလား... အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ကောင်းကင်ဘုံကမ္ဘာကို ပြောတာလား”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထန်ချင်အာက မယုံကြည်နိုင်ဖြစ်နေဆဲပင်။
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ ငရဲကမ္ဘာကြားမှာ စွမ်းအားကြီးမားတဲ့ ကန့်သတ်အလွှာတစ်ခုရှိတယ်လို့ အဖေပြောတာကျွန်မကြားဖူးတယ်”
ဧကရာဇ်နယ်ပယ်ထိ ကျင့်ကြံထားတဲ့ ပညာရှင်တွေတောင်မှ ငရဲကမ္ဘာကို ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူး”
“ငါက... ဒီနေရာကို ကြောက်စရာကောင်းလောက်တဲ့ တိုက်ဆိုင်မှုတချို့နဲ့ ရောက်လာခဲ့တာပဲ”
သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍ရှင်းကြမနေပေ။
မည်သို့မည်ပုံရှင်းပြရမည်ကိုလည်း သူမသိပေ။
သူပင်လျှင် စဥ်းစားမရဖြစ်နေပြီး သူ၏ စိတ်ထဲမှာ မေးခွန်းများစွာရှိနေသည်။
“စောစောက မင်းပြောတဲ့ ငရဲကမ္ဘာဆိုတာဘာလဲ”
သိုင်းတာအိုပင်မခန္ဓာသည် ထန်ချင်အာ၏ စကားလုံးမှာဖုံးကွယ်ထားသည့် အလွန်တရာအရေးကြီးသော သတင်းအချက်အလက်တစ်ခုရှိနေသည်ကို အာရုံခံမိသွားပြီး မေးလိုက်သည်။
“ငရဲကမ္ဘာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကထဲမှာ မပါဘူးလား”
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကထဲရှိ အမျိုးမျိုးသောကမ္ဘာများကို အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်များက ပိုင်းခြားထားလေသည်။
ကျင့်ကြံမှုနယ်ပယ်နိမ့်ကျသော ကျင့်ကြံသူများအနေဖြင့် ကြယ်တာရာကောင်းကင်များကိုဖြတ်ကျော်ဖို့က ခက်ခဲသော်လည်း များသောအားဖြင့် အမျိုးမျိုးသောကမ္ဘာများမှာ ကန့်သတ်အလွှာဟုခေါ်သောအရာမရှိပေ။
ဧကရာဇ်ပညာရှင်များကို မပြောနှင့် ပကတိဧကနယ်ပယ်နှင့် အင်မော်တယ်ဘုရင်များပင်လျှင် အခြားသောကမ္ဘာများသို့ ကူသန်းဝင်ရောက်နိုင်ကြသည်။
ငရဲကမ္ဘာနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကြားမှာ ကန့်သတ်အလွှာတစ်ခုရှိနေသည်ဆိုသည်မှာ ထူးခြားလေသည်။
“ဒါပေါ့... ဘယ်ပါပါ့မလဲ”
ထန်ချင်အာက ပြောလိုက်သည်။
“ငရဲကမ္ဘာကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ပိုင်းခြားထားတယ်... အဲဒါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ ယှဥ်နိုင်တဲ့တည်ရှိမှုတစ်ခုလို့ ဆိုနိုင်တယ်... သူတို့နှစ်ခုစလုံးက မဟာကမ္ဘာတစ်ထောင်လောကရဲ့ အတိုင်းအတာအောက်မှာရှိနေတယ်”
ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးမှာ ကမ္ဘာသုံးထောင်ရှိလေသည်။ ကောင်းကင်ဘုံကမ္ဘာ၊ မဟာအရိုင်းကမ္ဘာ၊ နဂါးကမ္ဘာ၊ ဓားကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာနှင့် အစရှိသည်ဖြင့် ကမ္ဘာများအားလုံးသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကထဲမှာ ပါဝင်နေသည်။
သို့သော်လည်း ငရဲကမ္ဘာဟုခေါ်ဆိုသော ဤကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးနှင့် ရင်ဘောင်တန်းရပ်တည်နိုင်တာလား။
“ကျွန်မတို့အခုနေတဲ့ ဆီးနှင်းစိမ့်စမ်းငရဲက ငရဲကမ္ဘာမှာ ငရဲတစ်ခုပဲ”
ထန်ချင်အာက ဆက်ပြောလိုက်သည်။
“ငရဲကမ္ဘာတစ်ခုလုံးမှာ စုစုပေါင်းငရဲကိုးခုရှိတယ်... သူတို့တွေက လေးလံစိမ့်စမ်းငရဲ၊ အဝါရောင်စိမ့်စမ်းငရဲ၊ ဆီးနှင်းစိမ့်စမ်းငရဲ၊ ယင်စိမ့်စမ်းငရဲ၊ တည်ငြိမ်အေးချမ်းစိမ့်စမ်းငရဲ၊ နိမ့်ကျစိမ့်စမ်းငရဲ၊ ခါးသက်စိမ့်စမ်းငရဲ၊ ကန့်သတ်မဲ့စိမ့်စမ်းငရဲနဲ့ အလယ်မှာရှိတဲ့ နံပါတ်တစ်ငရဲ ညှင်းပန်းနှိပ်စက်စိမ့်စမ်းငရဲတို့ပဲ”
ငရဲကိုးဘုံ...။
သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ်ထိတ်လန့်သွားသည်။
ဤငရဲကမ္ဘာသည် သူတွေးထင်ထားသည်ထက်ပင် ပို၍လျှို့ဝှက်ဆန်းကြယ်ပြီး ပို၍တုန်လှုပ်စရာကောင်းနေသည်။
ဆီးနှင်းစိမ့်စမ်းငရဲ၏ မြောက်ပိုင်းရိုးမတစ်ခုတည်းကပင် ကောင်းကင်ဘုံကမ္ဘာ၏ ပိုင်နက်နယ်မြေများနှင့် ယှဥ်နိုင်နေလသည်။ ဆီးနှင်းစိမ့်စမ်းငရဲတစ်ခုလုံးနှင့် ငရဲကိုးဘုံစလုံးပေါင်းပါက မည်သို့သောလောကတစ်ခုဖြစ်လာမလဲ။
ငရဲဖိနှိမ်ခြင်း... ငရဲဖိနှိမ်ခြင်း...။
မဟာဧကရာဇ်အနန္တ၏ အစစ်အမှန်ရည်ရွယ်ချက်သည် ငရဲကိုးဘုံကို ဖိနှိမ်ဖို့ ဖြစ်နိုင်မလား။
ငရဲမှာရှိသောသက်ရှိများစွာသည် သူက ကောင်းကင်ဘုံကမ္ဘာကလာသည်ဟုကြားသိရသောအခါ သူ့အပေါ် ကြီးမားသောအမုန်းတရားနှင့် ရန်လိုစိတ်တို့ရှိနေသည်ကို သူက ပြန်လည်အမှန်ရလိုက်၏။
ထိုခန့်မှန်းချက်က မဖြစ်နိုင်တာတော့ မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။
“ဒီမှာရှိတဲ့လူတွေက အထက်ဘုံကို ဘာလို့အဲလောက်ထိ ရန်လိုနေကြတာလဲ”
ထန်ချင်အာက ပြောလိုက်သည်။
“အဲဒါက သဘောတရားတွေအများကြီးရှိတယ်... ငရဲကမ္ဘာမှာရှိတဲ့ တမလွန်ချီက ခန်းခြောက်ပြီးတော့ ကျင့်ကြံတာက ခက်သထက်ခက်လာကြပြီ... အဲဒါက အထက်ဘုံနဲ့တစ်နည်းတစ်ဖုံပတ်သက်နေတယ်လို့ လူတချို့က ပြောကြတယ်”
“ငရဲရဲ့... အရင်အရှင်ကလည်း လွန်ခဲ့တဲ့ခေတ်ကာလတစ်ခုက အထက်ဘုံကပညာရှင်တွေရဲ့ ဖိနှိမ်တာခံခဲ့ရတယ်လို့ လူတချို့ကပြောတယ်”
ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
လွန်ခဲ့သည့်ခေတ်တစ်ခေတ်သည် အနန္တခေတ်ဖြစ်ပေလိမ့်မည်။
မဟာအဝီစိမှာ သူသည် စိတ်ဆန္ဒနှစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့ထဲမှတစ်ခုက ငရဲအရှင်ဖြစ်နိုင်မလား။
ထိုသို့ဆိုလျှင် အခြားတစ်ခုက ဘယ်သူလဲ။
ထန်ချင်အာက ဆက်ပြောလိုက်သည်။
“တကယ်ဆို ကျွန်မတို့တွေက မှောင်မိုက်ပြီးတော့မကောင်းဆိုးဝါးဆန်နေတဲ့ ဒီငရဲကမ္ဘာမှာ နေရမှာမဟုတ်ဘဲ အပြင်ဘက်မှာလို ပိုကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုရှိသင့်တယ်လို့တောင် လူတချို့ကပြောကြတယ်... အဲဒါတွေအားလုံးက အထက်ဘုံလောကက သက်ရှိတွေရဲ့ အနိုင်ကျင့်ဖိနှိမ်ခဲ့မှုကြောင့်ပဲ”
ခဏမျှရပ်တန့်ပြီးနောက် ထန်ချင်အာက ပြုံးပြလိုက်သည်။
“အကြောင်းအရင်းအတိအကျကိုတော့ ကျွန်မလည်းမသိဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငရဲမှာရှိတဲ့သက်ရှိတွေက အထက်ဘုံလောကကို အရမ်းကို ရန်လိုနေကြတာတော့အမှန်ပဲ... ရှင့်ရဲ့သရုပ်သကန်နဲ့ နောက်ခံကို အလွယ်တကူထုတ်ဖော်မပြမိစေနဲ့”
“ဒီလိုဆိုမှတော့ မင်းက ငါ့ကို ဘာလို့ခေါ်ယူစုဆောင်းချင်တာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
သူ့အပေါ် ထန်ချင်အာ၏ သဘောထားက ငရဲမှအခြားသောသက်ရှိများနှင့် မတူကွဲပြားနေသည်ကို သူက အာရုံခံမိနိုင်သည်။ အနည်းဆုံးတော့ သူမက ရန်လိုစိတ်မရှိပေ။
ထန်ချင်အာက ပြောလိုက်သည်။
“ကျွန်မက အထက်ဘုံကို ဘယ်တုန်းကမှ မရောက်ဖူးသလို အထက်ဘုံလောကရဲ့သက်ရှိတွေနဲ့လည်း ထိတွေ့ခွင့်မရှိခဲ့ဘူး... အထက်ဘုံက ဘယ်လိုပုံစံရှိတယ်ဆိုတာ ဘယ်သူသိမှာလဲ”
“ကျွန်မက ကျွန်မကိုယ်တိုင်မမြင်ဖူးမထိတွေ့ဖူးတဲ့ ကမ္ဘာတွေနဲ့သက်ရှိတွေအပေါ် စူးစမ်းလိုစိတ်ပဲရှိမယ်... မုန်းတီးမှုမရှိဘူး”
“ကျွန်မက ရှင့်ကို ခေါ်ယူစုဆောင်းခဲ့တယ်ဆိုတာ ကျွန်မက ရှင့်ဆီကနေ အထက်လုံလောကအကြောင်း ပိုပြီးတော့သိချင်လို့ပဲ... အခွင့်အရေးရရင် ရှင်ကျွန်မကို အဲဒီအကြောင်း ပြောပြနိုင်ဖို့ မျှော်လင့်တယ်”
ထိုနေရာအရောက်မှာ ထန်ချင်အာ၏ မျက်လုံးက စူးစမ်းလိုစိတ်ဖြင့် ပြည့်နှက်လာသည်။
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်သည် စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံများအပြန်အလှန်ပို့လွှတ်နေစဥ် သူတို့လေးယောက်က မြောက်ရိုးမမြို့တော်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မြို့စောင့်တပ်သားများက ထန်ချင်အာ၏ ခါးပေါ်မှ တံဆိပ်ပြားကို တွေ့မြင်သောအခါ သူတို့က ကြည်ညိုလေးစားသော အမူအရာများ ထုတ်ဖော်ပြသပြီး ဦးညွှတ်ကာ ခပ်မြန်မြန်လမ်းဖယ်ပေးလိုက်ကြသည်။
သူတို့လေးယောက်က မြို့ထဲသို့ အေးအေးဆေးဆေးဝင်ရောက်လာကြ၏။
သိုင်းတာအိုပင်မခန္ဓာသည် မြောက်ပိုင်းရိုးမမှာ အကြီးဆုံးမြို့တော်ထဲကိုဖြတ်လျှောက်လာစဥ် သူ့ဘေးပတ်လည်မှာရှိသောအရာရာတိုင်းက အသစ်အဆန်းဖြစ်နေသည်။
ဤနေရာသည် ကောင်းကင်ဘုံကမ္ဘာနှင့် လုံးလုံးလျားလျားကွဲပြားခြားနားသော လူမှုအဖွဲ့အသည်းတစ်ခုဖြစ်သည်။
ဗိသုကာလက်ရာများဖြစ်စေ၊ ဝင်ထွက်သွားလာနေသောလူအုပ်ကြီးဖြစ်စေ သို့မဟုတ် ရှေးဟောင်းမြို့တော်၏ အသေးစိတ်အချက်အလက်တစ်ခုချင်းစီကပင် အရာရာတိုင်းသည် ငရဲ၏ မှောင်မိုက်သောပုံစံနှင့် ၎င်း၏ တစ်မူထူးခြားသောပတ်ဝန်းကျင်ကို ထုတ်ဖော်ပြသနေသည်။ ငရဲ၏ အရောင်အဆင်းက အတော်လေးငြီးငွေ့ဖွယ်ရာကောင်းသည်။
ရှေးဟောင်းမြို့တော်ထဲမှာ အရာရာတိုင်းနီးပါးသည် အနက်ရောင်နှင့် အနီရောင်ကို ထုတ်ဖော်ပြသနေသည်။ ၎င်း၏ မကောင်းဆိုးဝါးဆန်မှုမှာ သွေးနှင့် ကြောက်မက်ဖွယ်ရာကောင်းမှု၏ အရိပ်အငွေ့အသက်တချို့ပါဝင်နေသည်။
ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲ ချဥ်းကပ်လာသည်နှင့်အမျှ မြောက်ရိုးမမြို့တော်က စည်ကားသိုက်မြိုက်လာခဲ့သည်။
လမ်းများ၏ တစ်ဘက်တစ်ချက်စီမှာ သွေးရောင်ဖြင့်တောက်ပနေသော မီးအိမ်များကို ချိတ်ဆွဲထားလေသည်။
မှောင်မိုက်သောရှေးဟောင်းမြို့တော်မှာ ရှေးဟောင်းကြမ်းကြုတ်တောကောင်တစ်ကောင်က ၎င်း၏ နီရဲနေသောမျက်လုံးများကို ပြူးကျယ်ထားသည့်အလားပင်။
ကျင့်ကြံသူအချို့သည် သူတို့၏ မီးအိမ်များကို စတင်ချိတ်ဆွဲနေစဥ် သိုင်းတာအိုပင်မခန္ဓာက တစ်ချက်ဝေ့ကြည့်ပြီး သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
မီးအိမ်များ၏ အောက်ဘက်မှာ လတ်လတ်ဆတ်ဆတ်သွေးများက တစ်စက်စက်စီးကျနေပြီး ခပ်ဖျော့ဖျော့သွေးရနံ့ကို ထုတ်ဖော်နေသည်။
သူတို့သည် မီးအိမ်များကို လတ်လတ်ဆတ်ဆတ်သွေးများထဲမှာ နှစ်ပြီးမှ ပြန်ဆွဲထုတ်လာသည့်ပုံပင်။
ဤကဲ့သို့ကြောက်စရာကောင်းသောအရာတစ်ခုသည် ငရဲကမ္ဘာ၏ ဤရှေးဟောင်းမြို့တော်မှာ အလွန်တရာသာမန်ဆန်နေသည့်ပုံပင်။ ဒါ့အပြင် ၎င်းသည် မည်သည့်မပြေပြစ်မှုမှမရှိဘဲ ဘေးပတ်ဝန်းကျင်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေသည်။
ဆီးနှင်းစိမ့်စမ်းငရဲမှာ ရာထူးဂုဏ်သိမ်အဆင်ဆင့်ကို တင်းကျပ်စွာခွဲခြားထားသည်။
လမ်းမများမှာ ငရဲဗိုလ်များသာလျှင် အလယ်ကနေ ရဲဝင့်စွာ ဖြတ်လျှောက်နိုင်ကြသည်။
လမ်း၏ တစ်ဘက်တစ်ချက်စီမှာ ကျဥ်းမြောင်းသောနေရာလွတ်များရှိပြီး ထိုနေရာလွတ်များသည် ငရဲငယ်သားများစွာသွားလာဖို့အတွက် ချန်ထားသောစင်္ကြလမ်းဖြစ်လေသည်။
ရှေးဟောင်းမြို့တော်၏ ကောင်းကင်မှာတော့ ငရဲဘုရင်ပညာရှင်တစ်ဦး၏ ဦးဆောင်မှုအောက်မှာရှိသော သူများသာလျှင် ဖြတ်သန်းသွားလာနိုင်ကြသည်။
တကယ်တော့ သူတို့လေးယောက်ကြားမှာ ထန်ချင်အာသည် မြင့်မြတ်သောအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ဘုရင်မြောက်ရိုးမ၏ သမီးဖြစ်သောကြောင့် လေထဲကနေပျံသန်းလာခြင်းကို မည်သူကမှ တားဆီးလိမ့်မည် မဟုတ်ပေ။
“အမလေး... အဲဒါမြောက်ရိုးမရဲ့ မင်းသမီးလေးမလား”
မလှမ်းမကမ်းမှာ ရွှတ်နောက်နောက်နိုင်သောအသံတစ်သံက ထွက်ပေါ်လာသည်။
သူတို့လေးယောက်က လှည့်ကြည့်လိုက်ကြ၏။
မလှမ်းမကမ်းမှာ ကြီးမားသောကျင့်ကြံသူတစ်အုပ်စုသည် လေထုကို ဆုတ်ဖြဲလာကြသည်။ သူတို့၏ ခေါင်းဆောင်သည် ကျောက်စိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အစိမ်းရောင်မီးတောက်များဖြင့် တောက်လောင်နေသော မီးလုံးနှစ်လုံးကို ကစားနေသည်။
ဤလူ၏ ကျင့်ကြံမှုနယ်ပယ်က ငရဲဗိုလ်တစ်ဦးမျှသာဖြစ်သည်။
သို့သော်လည်း သူ၏ နောက်ဘက်မှာ ကြောက်စရာကောင်းသောအော်ရာနှင့် အစိမ်းရောင်မီးတောက်များနှင့်အတူ လောင်ကျွမ်းနေပုံရသော မျက်လုံးများနှင့်အတူ ငရဲဘုရင်ပညာရှင်တစ်ဦးက မတ်တတ်ရပ်နေသည်။
ဤလူငယ်သည် မြင့်မားသောအဆင့်အတန်းတစ်ခုရှိသည့်ပုံပေါ်လေသည်။