← Chapters

ဓမ္မအဆုံးသတ်ခေတ်

Vol. 177 Ch. 2647

ဓမ္မအဆုံးသတ်ခေတ်

Vol. 177 Ch. 2647

နောက်ရက်အနည်းငယ်အတွင်း သိုင်းတာအိုပင်မခန္ဓာသည် နန်းတော်ထဲမှာနေပြီး ထွက်ခွာမသွားပေ။

ဘုရင်မြောက်ရိုးမ၏ မွေးနေ့ဂုဏ်ပြုစားသောက်ပွဲနီးကပ်လာသည်နှင့်အမျှ ငရဲဘုရင်ပညာရှင်များက မြောက်ရိုးမမြို့တော်သို့ ဆင်းသက်လာကြသည်။

ရက်အနည်းငယ်မှာ သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှုရှိမလာခဲ့ပေ။

ထန်ချင်အာပြောသည့်အတိုင်းပင် ငရဲကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ရင်ဘောင်တန်းရပ်တည်နေသည်။ ဤလောကနှစ်ခုကြားမှာ စွမ်းအားကြီးမားသော အကာအရံအလွှာတချို့ရှိနေရပေမည်။

ထိုအကာအရံအလွှာသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုအကြား ဆက်သွယ်မှုကို ပိုင်းခြားထားလိုက်သည်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ထန်ချင်အာသည် ငရဲနှင့်ဆက်စပ်နေသည့် နန်းတော်ထဲမှ ရှေးဟောင်းစာအုပ်များအားလုံးကို သိုင်းတာအိုပင်မခန္ဓာကို ပြပေးနေ၏။

သူတို့၏ ထိတွေ့ဆက်ဆံမှုများကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာသည် ဆီးနှင်းစိမ့်စမ်းငရဲနှင့် ငရဲကမ္ဘာတစ်ခုလုံးကို အကြမ်းဖျင်းနားလည်သဘောပေါက်လာခဲ့သည်။

ဤနေရာကို ဆီးနှင်းစိမ့်စမ်းငရဲဟုခေါ်ဆိုသည်မှာ ဤငရဲ၏ အလယ်ဗဟိုတွင် ဧရာမစိမ့်စမ်းတစ်ခု တကယ်ပင်ရှိနေသောကြောင့်ပင်။

ထိုစိမ့်စမ်းမှာ အလွန်တရာအေးစက်နေသော ရေများက တလိပ်လိပ်ထိုးတက်နေပြီး ထို့ကြောင့်ပင် အဲဒါကို ဆီးနှင်းစိမ့်စမ်းဟု ခေါ်ဆိုခြင်းဖြစ်သည်။

အခြားသောငရဲရှစ်ခုမှာလည်း သူတို့၏ အမည်များနှင့် လိုက်ဖက်ညီသောအကြောင်းရင်းများ ရှိနေကြသည်။

အဝါရောင်စိမ့်စမ်းငရဲ၏ အလယ်မှာ နောက်ကျိ၍ညှိုးနွမ်းနေသော စိမ့်စမ်းရေများရှိပြီး အဲဒါကို အဝါရောင်စိမ့်စမ်းများဟုခေါ်ဆိုကြသည်။

ယင်စိမ့်စမ်းငရဲ၏ အလယ်ဗဟိုမှာ အဆုံးစွန်ယင်ရေရှိပြီး ယင်စိမ့်စမ်းဟူသောအမည်ကို ရရှိလာသည်။

ငရဲကမ္ဘာတစ်ခုလုံးမှာ ဆူဇီမိုတက်လှမ်းခဲ့သော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ဆင်တူမှုတချို့ရှိနေသည်။

ဥပမာအားဖြင့် ငရဲကမ္ဘာမှာလည်း ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ များပြားလှစွာသော ပမာဏတစ်ခုပါဝင်နေသည်။

ပတ်ဝန်းကျင်အနေအထားကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီမှာ မှောင်မိုက်၍အေးစက်နေသော နောက်ထက်အပိုစွမ်းအားတစ်ခု ပါဝင်နေသည်။ ငရဲကမ္ဘာ၏ သက်ရှိများက အဲဒါကို တမလွန်ချီဟုခေါ်ဆိုကြသည်။

ကောင်းကင်ဘုံကမ္ဘာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပေါကြွယ်ဝနေခြင်းမှာ တည်ဆောက်သူသစ်ပင်၏ တည်ရှိမှုကြောင့်ဖြစ်သည်။

ငရဲကိုးခု၏ စိမ့်စမ်းရေများမှာလည်း တူညီသောသက်ရောက်မှုတစ်ခုရှိနေသည်။

ထိုစိမ့်စမ်းကိုးခုသည် ငရဲကိုးခု၏ စွမ်းအားအရင်းအမြစ်ဖြစ်သည်ဟုဆိုနိုင်သည်။

ပို၍ပင်ထူးဆန်းသည့်အရာမှာ မြောက်ရိုးမ၏ နန်းတော်မှာရှိသော ရှေးဟောင်းစာအုပ်များအရ စိမ့်စမ်းကိုးခုသည် မတူကွဲပြားသော စွမ်းအားများကို ပိုင်ဆိုင်ထားရုံသာကမ သူတို့သည် စဥ်းစားကြည့်၍မရနိုင်သော စွမ်းပကားတစ်ခုကိုလည်း ပိုင်ဆိုင်ထားကြသည်။

ဥပမာအားဖြင့် ဤနေရာမှာရှိသော ဆီးနှင်းစိမ့်စမ်းရေသည် လွန်ကဲစွာအေးစက်နေသောရေဖြစ်ပြီး မည်သည့်သက်ရှိကိုမဆို ထိခိုက်မှုဖြစ်စေနိုင်သ​ည်။

အထူးသဖြင့် ရေနေသတ္တဝါများအတွက်ဖြစ်သည်။

အဝါရောင်စိမ့်​စမ်းရေကတော့ ၎င်းသည် နောက်ကျိ​၍ ညှိုးခြောက်နေပြီး လူတစ်ယောက်၏ မှတ်ဉာဏ်များကို ဖယ်ရှားရှင်းလင်းပစ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

အဝါရောင်စိမ့်စမ်းရေဖြင့် ဆေးကြောသန့်စင်မှုကို ခံယူအပြီး၌ ယခင်ဘဝမှတ်ဉာဏ်များကို မေ့ပျောက်သွားလိမ့်မည်ဟု ဆိုလေသည်။

အတိတ်မေ့စွပ်ပြုတ်လား..။

ချစ်ခြင်းမေတ္တာမေ့ပျောက်ဆေးရည်လား...။

ထိုနေရာအရောက်တွင် သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲမှာ ဖော်မပြတတ်သော ခံစားချက်တစ်ခုက လှိုက်တက်လာသည်။

ငရဲကမ္ဘာမှာ ​မော်တယ်လောကမှာတုန်းက သူကြားဖူးထားခဲ့သည့် ဒဏ္ဍာရီများ၊ ယုံတမ်းပုံပြင်များနှင့် ကိုက်ညီသောအရာတချို့ တကယ်ပင်ရှိနေပုံရသည်။

ဥပမာအားဖြင့် ကန့်သတ်မဲ့စိမ့်စမ်းရေသည် ကျိန်စာများကို ဖယ်ရှားရှင်းလင်းပစ်နိုင်သည်။

ကန့်သတ်မဲ့စိမ့်စမ်းရေဖြင့် ဆေးကြောမှုကို ခံယူပြီး၌ မည်သည့်ကျိန်စာ သို့မဟုတ် မည်သည့်ညစ်ညမ်းမှုမဆို ပျောက်ကွယ်သွားစေပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် ရှေးဟောင်းစာအုပ်များထဲမှ ရှေးဟောင်းတမလွန်မျိုးနွယ်၏ မှတ်တမ်းများကိုပင် တွေ့မြင်လိုက်ရ၏။

ရှေးဟောင်းတမလွန်မျိုးနွယ်သည် မွေးဖွားပေါ်ထွက်လာသော မျိုးနွယ်စုတစ်စုမဟုတ်ဘဲ အသွင်ပြောင်းလဲခြင်းကနေတစ်ဆင့် ဖန်တီးလိုက်သောမျိုးနွယ်တစ်ခုဖြစ်သည်။

လောကသုံးထောင်မှာ ထူးဆန်းသောအရာပေါင်းစုံရှိနေလေသည်။ သိုင်းတာအိုပင်မခန္ဓာသည် အသွင်ပြောင်းလဲခြင်းကနေ သက်ရှိကို ဖန်တီးခြင်းကဲ့သို့ ထူးဆန်းသည့်နည်းလမ်းတစ်ခုကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်လေသည်။

ရှေးဟောင်းစာအုပ်များအရ မျိုးနွယ်စုတစ်သောင်း၏ သက်ရှိများ မျိုးပွားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအပြင် ငရဲကမ္ဘာ၏ သက်ရှိများအတွက် အသက်ဓာတ်ကိုဖန်တီးဖို့ နောက်ထပ်တစ်မူထူးခြားသည့် နည်လမ်းတစ်ခုရှိနေသည်။

အဲဒါက အသွင်ပြောင်းလဲခြင်းဖြစ်သည်။

ခဏကြာပြီးတိုင်း စိမ့်စမ်းကိုးခုက​နေ သက်ရှိများမွေးဖွားပေါ်ထွက်လာတတ်သည်။ ထိုသက်ရှိများမှာ မိဘများမရှိကြပေ။

ဘာမှမရှိသောအရာကနေ တစ်စုံတစ်ရာကိုဖန်တီး​သည့် နည်းလမ်းများသည် ငရဲကမ္ဘာမှာ အသက်ဓာတ်၏ အသွင်ပြောင်းလဲခြင်း ဖြစ်လေသည်။

သွေးထွက်သံယိုများနှင့်အတူ မရေမတွက်နိုင်သောသက်ရှိများက ငရဲကမ္ဘာ၏ နေရာတိုင်းမှာ သေဆုံးနေကြသည်။

သို့သော်လည်း အသွင်​ပြောင်းလဲခြင်းကဲ့သို့ အသက်ဓာတ်ဆင့်ကဲပြောင်းလဲခြင်း၏ ထူးဆန်းသောနည်းလမ်းကြောင့် ငရဲမှာသက်ရှိများက အတောမသတ်ထွက်ပေါ်လာနေဆဲဖြစ်သည်။

"ငရဲရဲ့ စိမ့်စမ်းကိုးခုကနေ သက်ရှိကို မွေးထုတ်ပေးနိုင်တာလား"

သိုင်းတာအိုပင်မခန္ဓာသည် ထိုမှတ်တမ်းများကို ပထမဆုံးတွေ့မြင်သောအခါ အလွန်တရာအံ့အားသင့်သွားရသည်။

တည်ဆောက်သူသစ်ပင်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုစည်းပေးနိုင်သည့် သက်ရောက်မှုရှိသော်လည်း ၎င်းသည် မည်သည့်သက်ရှိပုံစုံကို​မှ မွေးထုတ်မပေးနိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံလောကမှာ ဤကဲ့သို့မှတ်တမ်းများကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

သက်ရှိများကိုဖန်တီးခြင်း၏ ဤနည်းလမ်းသည် လောက၏ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက် ဓမ္မတာအိုများကို ဖောက်ဖျက်နေပုံရသည်။

စွမ်းအားကြီးမားလွန်းသော မဟာဧကရာဇ်များပင်လျှင် သက်ရှိများကို ဖန်တီးမပေးနိုင်ပေ။

ငရဲ၏ စိမ့်စမ်းကိုးခုကနေ မွေးဖွားပေါ်ထွက်လာသော သက်ရှိများသည် ငရဲကမ္ဘာ၏ ရှေးဟောင်းတမလွန်မျိုးနွယ်ဖြစ်ကြသည်။

ရှေးဟောင်းတမလွန်မျိုးနွယ်မှာ လူသားများ၊ သားရဲတောကောင်များနှင့် သက်ရှိပေါင်းစုံပါဝင်နေသည်။

သို့သော်လည်း ထိုသက်ရှိများကို ငရဲ၏ စိမ့်စမ်းကိုးခုကနေ ဖန်တီးပေးလိုက်ပြီးနောက် သူတို့သည် ရှေးဟောင်းတမလွန်မျိုးနွယ်ဝင်များ ဖြစ်လာကြသည်။

ရှေးဟောင်းတမလွန်မျိုးနွယ်များ၏ အမှတ်အသားများကလည်း အလွန်တရာထင်ရှားပေါ်လွင်လေသည်။

​များသောအားဖြင့် ထိုသက်ရှိများ၏ မျက်နှာပြင်ပေါ်မှာ သို့မဟုတ် နှာရောင်များပေါ်မှာ ထူးဆန်းသောမှော်စာလုံးတစ်ခု ရှိနေတတ်သည်။ အဲဒါသည် တမလွန်ဗိုလ်​ မြောက်ပိုင်းမဟူရာ၏ နှာရောင်ပေါ်မှာ သိုင်းတာအိုပင်မခန္ဓာတွေ့မြင်ခဲ့ရသော မှော်စာလုံးပင်ဖြစ်လေသည်။

ထိုမှော်စာလုံး၏ အဓိပ္ပါယ်က 'တမလွန်' ဖြစ်လေသည်။

ထိုနေရာအရောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာရရှိခဲ့သည့် ယင်ယန်အဆောင်သုတ္တန်ကို အမှတ်ရသွားသည်။

ထိုထူးဆန်းသောမှော်စာလုံးများသည် ယင်ယန်အဆောင်သုတ္တန်နှင့် အလွန်တရာဆင်တူနေပြီး သူတို့က တူညီသောလူမှုအဖွဲ့အစည်းကနေ အရင်းခံလာတာဖြစ်နိုင်မလား။

ယင်ယန်အဆောင်သုတ္တန်သည် ငရဲကမ္ဘာနှင့် ဆက်စပ်နေနိုင်မလား။

ဒါမှမဟုတ် သူတို့နှစ်ခုစလုံးက တူညီသောလူမှုအဖွဲ့အစည်းကနေ ဆင်းသက်လာကြတာလား။

ရှေးဟောင်းတမလွန်မျိုးနွယ်သည် ငရဲကမ္ဘာမှာ အန္တိမအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။

ရှေးဟောင်းတမလွန်မျိုးနွယ်သည် ငရဲ၏ စိမ့်စမ်းကိုးခုကနေ မွေးဖွားပေါ်ထွက်လာခြင်းကြောင့်သာ မဟုတ်ပေ။ အဲဒါထက် သူတို့မွေးဖွားလာပြီးနောက် သူတို့သည် အခြားသောသက်ရှိများထက် များစွာပိုမိုသာလွန်သော စွမ်းအားများကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

မျိုးဆက်သွေး သို့မဟုတ် ကိုယ်ကာယမှာ သူတို့သည် မနှိုင်းယှဥ်သာအောင်သန်မာပြီး ကျင့်ကြံမှုနယ်ပယ်တူခြင်းမှာ အခြားသူများကို ဖိနှိမ်နိုင်ကြသည်။

ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးက သန်မာလွန်းလေသည်။ သူတို့သည် သတ်မှတ်ထားသော အသက်အပိုင်းအခြားတစ်ခုထိ ကြီးပြင်းလာပြီးနောက် ငရဲ၏ စိမ့်စမ်းကိုးခုနှင့် နီးစပ်သော မျိုးဆက်သွေးနယ်မြေတစ်ခုက သူတို့ထံကနေ မွေးဖွားပေါ်ထွက်လာပေလိမ့်မည်။

အဲဒါကို စဥ်းစားကြည့်ဖို့က မခက်ခဲပေ။

ငရဲ၏ စိမ့်စမ်းကိုးခုသည် ငရဲကိုးခု၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟုဆိုကြသည်။ သူတို့၏ စိမ့်စမ်းရေများကနေ မွေးဖွားလာသောသက်ရှိများက သေချာပေါက် တစ်မူထူးခြားမှုရှိနေပေလိမ့်မည်။

ကံဆိုးစွာနှင့်ပင် မောက်မာဝင့်ကြွားသော တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာသည် သိုင်းတာအိုပင်မခန္ဓာနှင့် ကြုံတွေ့ပြီးနောက် သူ၏ မျိုးဆက်သွေးကို ထုတ်ဖော်ခွင့်ပင်မရဘဲ ဓားချီတစ်ခုဖြင့် သတ်ဖြတ်ခံခဲ့ရသည်။

ရှေးဟောင်းတမလွန်မျိုးနွယ်ကလည်း မျိုးပွားနိုင်ကြသည်။

သို့သော်လည်း သူတို့၏ မျိုးဆက်များသည် ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးစွမ်းအားကို ဆက်ခံရရှိနိုင်မှုမရှိသလောက်နီးပါးဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်မှာ တမလွန်ဟူသော ထူးဆန်းသည့်မှော်စာလုံးများလည်း မရှိတတ်ပေ။

ရှေးဟောင်းတမလွန်မျိုးနွယ်မှ သူများသာလျှင် ငရဲဗိုလ်များနှင့် ငရဲဘုရင်များအဖြစ် ခေါ်ဆိုခံရဖို့ အဆင့်မီလေသည်။

ဥပမာအားဖြင့် ငရဲကိုးခု၏ ငရဲအရှင်များအားလုံးသည် ရှေးဟောင်းတမလွန်မျိုးနွယ်မှဖြစ်ကြသည်။

အရင်တုန်းက ငရဲအရှင်သည် ရှေးဟောင်းတမလွန်မျိုးနွယ်မှ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။

ရှေးဟောင်းမှတ်တမ်းများအရ ပုံမှန်အခြေအနေအောက်မှာတုန်းက ငရဲအရှင်ကိုးဦးစလုံးသည် ဧကရာဇ်နယ်ပယ်ပညာရှင်များဖြစ်ခဲ့ကြသည်။ ငရဲ၏ အရှင်ကတော့ သူသည် ငရဲကိုးခုစလုံးကို အုပ်စိုးလေသည်။

သို့သော်လည်း လွန်ခဲ့သည့်ခေတ်ကာလတစ်ခုက ငရဲကမ္ဘာသည် ပြင်းထန်သောပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ပုံရပြီး လောကကို ကြေမွသွားစေခဲ့သည်။ ၎င်း၏ မဟာတာအိုကလည်း ပျက်စီးထိခိုက်သွားပြီး ၎င်း၏ နိယာမများက ပြီးပြည့်စုံမှုမရှိတော့ပေ။

ထိုကပ်ဘေးမှာ ငရဲအရှင်သည် သေဆုံးခဲ့ရုံသာမက ငရဲကမ္ဘာတစ်ခုလုံးက ကြီးမားသော ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး မရေမတွက်နိုင်သော ဧကရာဇ်များ၊ ငရဲဘုရင်များနှင့် အခြားသောပညာရှင်များကလည်း သေဆုံးခဲ့ကြသည်။

ပို၍ပင်ဆိုးဝါးသည့်အရာမှာ ငရဲကမ္ဘာကို ပြန်လည်ပြင်ဆင်၍ မရတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ငရဲကမ္ဘာမှာရှိသော တမလွန်ချီက ပါးလွှာလာပြီး ငရဲ၏ စိမ့်စမ်းကိုးခုကပင်လျှင် ခန်းခြောက်တော့မည့်လက္ခဏာများ ပြသလာခဲ့သည်။

ထို့နောက် ငရဲကမ္ဘာသည် ဓမ္မအဆုံးသတ်ခေတ်သို့ ကျဆင်းသွားပြီး ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာနိုင်သော ပညာရှင်များက မရှိသလောက်ရှားပါးလာသည်။

အချိန်ကြာလာသည်နှင့်အမျှ အရင်တုန်းက ဧကရာဇ်များက သူတို့၏ ဘဝသက်တမ်းကုန်ဆုံးခြင်းနှင့်အတူ သေဆုံးသွားကြသည်။

ထိုအချိန်မှစ၍ ငရဲကိုးခုမှာ ဧကရာဇ်ဖြစ်လာသော မည်သည့်သက်ရှိမှ ဆက်လက်၍ မရှိတော့ပေ။

ယခုအချိန်ထိကို ရှေးဟောင်းတမလွန်မျိုးနွယ်သည် ငရဲအရှင်ကိုးဦး၏ ရာထူးများကို ဆက်လက်ရယူထားဆဲဖြစ်သော်လည်း သူတို့အားလုံးနီးပါးသည် အထွတ်အထိပ်ငရဲဘုရင်များဖြစ်ကြပြီး မည်သည့်ဧကရာဇ်နယ်ပယ်ပညာရှင်မှ မရှိကြပေ။

တကယ်တော့... ဓမ္မအဆုံးသတ်ခေတ်မှာ ဧကရာဇ်နယ်ပယ်ပညာရှင်များ မရှိသော်လည်း သူတို့သည် အလွန်တရာများပြားသော ငရဲဘုရင်များနှင့် တမလွန်ဘုရင်များကို စုဆောင်းထားပြီး သူတို့၏ အခြေခံအုတ်မြစ်က ကျန်ရှိနေဆဲဖြစ်သည်။

All Chapters