မင်းငါ့ကိုဘာလုပ်နိုင်မှာလဲ
Vol. 177 Ch. 2651
ငရဲဆီးနှင်းစိမ့်စမ်းသည် ယခုအချိန်မှာ နယ်မြေဖြစ်စဥ်တစ်ခုသာဖြစ်သော်လည်း ၎င်းသည် ဘုရင်မြောက်ရိုးမ၏ ကောင်းကင်လိုဏ်ဂူကိုပင် အေးခဲသွားစေနိုင်သည့် အေးစက်နေသောစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ထားနိုင်ဆဲဖြစ်သည်။
အအေးဓာတ်က ဖြန့်ကြက်နေဆဲဖြစ်ပြီး ဘုရင်မြောက်ရိုးမ၏ မျက်ခုံးမွေးများနှင့် ဆံပင်များပေါ်တွင် ရေခဲအလွှာများ ပေါ်ထွက်လာသည်။
“ပျက်စမ်း”
ဘုရင်မြောက်ရိုးမက ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ ကောင်းကင်လိုဏ်ဂူကို စွန့်လွှတ်ပြီး သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆီးနှင်းအလွှာကနေရုန်းထွက်ကာ မင်ဖုန့်ရှိရာသို့ ဆက်လက်၍ပြေးဝင်သွားသည်။
“ဟမ့်...”
မင်ဖုန့်က သရော်တော်တော်အမူအရာဖြင့် လှောင်ရယ်လိုက်၏။
သူ၏ ရှေ့မှာ ဘုရင်မြောက်ရိုးမသည် ရုန်းကန်နေရပြီး မသေခင် မဲမဲမြင်ရာကိုက်နေသော ကူကယ်ရာမဲ့တောကောင်တစ်ကောင်နှင့်တူနေသည်။
“မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”
မင်ဖုန့်က ရုတ်တရက် တိုက်ခိုက်လိုက်ပြီဖြစ်သည်။
သူသည် မိုးကြိုးလျှပ်စီးလို အလျင်အဟုန်ဖြင့် ဝင်ရောက်လာသော မဟူရာဆေဘာ၏ ဘေးဘက်ကို ပစ်ရိုက်ကာ ဘုရင်မြောက်ရိုးမ၏ ခုတ်ချက်စွမ်းအားကို ချေဖျက်လိုက်သည်။
တစ်ချိန်တည်းမှာပင် မင်ဖုန့်က အခြေအနေကို အခွင့်ကောင်းယူပြီး ဘုရင်မြောက်ရိုးမ၏ ခံစစ်ကိုချိုးဖျက်ကာ ထိုသူ၏ ရင်ဘတ်ကို ဖိချလိုက်၏။
ဘုရင်မြောက်ရိုးမသည် သူ၏ ဆေဘာကို ပြန်ရုပ်သိမ်းဖို့ အချိန်မရဘဲ မင်ဖုန့်၏ လက်ဝါးကို လက်ပြန်သာပစ်ထိုးလိုက်ရ၏။
ဘန်း...
လက်သီးနှင့်လက်ဖဝါးက ထိတွေ့ရိုက်ခတ်သွားသည်။
အေးစက်နေသော စိတ်ဆန္ဒတစ်ခုက ဘုရင်မြောက်ရိုးမ၏ ခန္ဓာကိုယ်ထဲသို့ သူ၏ လက်သီးကနေတစ်ဆင့် တိုးဝင်လာလေသည်။
ဆီးနှင်းအလွှာက သူ၏ လက်ဖျံတစ်လျှောက် ဖြန့်ကြက်၍ မြင်နိုင်သောနှုန်းထားဖြင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
ဘုရင်မြောက်ရိုးမက ဆတ်ခနဲတုန်ယင်ပြီး တုန်လှုပ်သွားရ၏။
နှစ်ဘက်စလုံးသည် တစ်ကြိမ်မျှသာတိုက်ခိုက်ဖလှယ်လိုက်ပြီး သူက ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီဖြစ်သည်။
သူ၏ မျိုးဆက်သွေးနှင့် သူ၏ ကိုယ်တွင်းအင်္ဂါများကပင် ရေခဲအဖြစ် အေးခဲတော့မည့်လက္ခဏာများ ပြသလာ၏။
“ဖွီ...”
ဘုရင်မြောက်ရိုးမက ပါးစပ်အပြည့်သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရသည်။
ပါးစပ်အပြည့်သွေးများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားပြီး အေးစက်နေသောအော်ရာတစ်ခုကို ထုတ်ဖော်ကာ သွေးနီရောင်ရေခဲအစအနများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ငရဲကမ္ဘာမှာ ရှေးဟောင်းတမလွန်မျိုးနွယ်၏ မျိုးဆက်သွေးသည် သူတို့နှင့်အဆင့်တူများကြားမှာ အထွတ်အထိပ်တွင် ရှိလေသည်။ ဘုရင်မြောက်ရိုးမ၏ ကောင်းကင်လိုဏ်ဂူသည် အခြားသော တမလွန်ဘုရင်၏ မျိုးဆက်သွေးနယ်မြေကြောင့် အေးခဲသွားခဲ့ပြီး အသုံးပြု၍မရနိုင်တော့ပေ။ သူသည် သူ၏ အကြီးမားဆုံးမှီခိုအားထားရာကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။
သူနှင့် ရင်ဆိုင်ရချိန်မှာ မင်ဖုန့်သည် သူ၏ ကောင်းကင်လိုဏ်ဂူကိုပင် ထုတ်ဖော်စရာမလိုတော့ပေ။ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသက်သက်ကပင် ဘုရင်မြောက်ရိုးမကို ဖိနှိမ်ဖို့လုံလောက်နေသည်။
မင်ဖုန့်သည် ဘုရင်မြောက်ရိုးမကို အသက်ရှုခွင့် မပေးပေ။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ထိုသူ၏ ရင်ဘတ်ကို သူ၏ လက်ဖဝါးဖြင့် ဖိချလိုက်သည်။
ဖြောက်...
ဘုရင်မြောက်ရိုးမ၏ ရင်ဘတ်က နက်ရှိုင်းစွာချိုင့်ဝင်သွားသည်။
အေးစက်ချီက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ဘုရင်မြောက်ရိုးမသည် ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ နှုတ်ခမ်းများက ပြာနှမ်းလာကာ သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်လာခဲ့သည်။
မြောက်ပိုင်းရိုးမ၏ ဘုရင်များနှင့် ပညာရှင်များအားလုံးသည် ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက တွေဝေရှုပ်ထွေးလာကြသည်။
မြောက်ပိုင်းရိုးမမှာ နှစ်တစ်သိန်းကျော်ကြာအောင် အုပ်စိုးခဲ့သော စွမ်းပကားကြီးမားသည့် ဘုရင်မြောက်ရိုးမသည် ယနေ့ ဤကဲ့သို့သော ဆိုးဆိုးဝါးဝါးအခြေအနေနှင့် အဆုံးသတ်ရပေတော့မည်။
“အဖေ..”
ထန်ချင်အာက ထိတ်လန့်တကြားအော်ခေါ်လိုက်သည်။ သူမက ရှေ့သို့မဆင်မခြင်တက်လှမ်းသွားချင်သော်လည်း သူမကို ဦးလေးချန်က တားဆီးထားသည်။
“အာ...”
ဘုရင်မြောက်ရိုးမက ကြိတ်၍သက်ပြင်းချပြီး စိတ်ပျက်လက်ပျက်နှင့် စိတ်နှလုံးညှိုးငယ်လာခဲ့သည်။
သူတို့ကြား ကွာဟချက်က အရမ်းကိုကြီးမားနေသည်။
ငရဲအရှင်၏ အမိန့်ပြန်တမ်းနှင့်အတူ သူ၏ လက်အောက်မှာရှိသော ငရဲဘုရင်ပညာရှင်များအားလုံးနီးပါးက သူ့ဘက်ကနေ မရပ်တည်ပေးရဲတော့ပေ။
ဒါ့အပြင် သူသည် ရှေးဟောင်းတမလွန်မျိုးနွယ်၏ ဘုရင်များကို လုံးဝမခုခံနိုင်ပေ။
ယနေ့မှာ သူ၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားခဲ့ပြီဖြစ်သည်။
ငရဲဘုရင်ဆီးနှင်းစိမ့်စမ်းက သူ့ကိုသေစေချင်နေသည်ဆိုမှတော့ ငရဲအရှင်ဆီးနှင်းစိမ့်စမ်းသည် သူ့ကို မည်သည့်အခွင့်အရေးမှ ပေးလိမ့်မည် မဟုတ်ပေ။
ဘုရင်မြောက်ရိုးမသည် သူ၏ နောက်ဘက်မှာရှိသော သူ၏ မျိုးဆက်များကို လှည့်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က ထန်ချင်ပေါ်သို့ ရောက်ရှိသွားပြီး သူ၏ ရင်ထဲမှာ မျှော်လင့်ချက်တစ်စွန်းတစ်စ ပေါ်ထွက်လာသည်။
“ရှန်းထူယင်... အစကတည်းက ဒီနေ့ကိစ္စပြီးရင် ချင်အာက တောင်ပိုင်းတောအုပ်ကို လက်ထပ်ဖို့လိုက်သွားရမှာပဲ... သူက ငါတို့ရဲ့ထန်မိသားစုဝင်ဆက်ပြီးတော့ မဟုတ်တော့ဘူး”
ဘုရင်မြောက်ရိုးမက တောင်ပိုင်းတောအုပ်၏ သခင်လေးကိုကြည့်ပြီး ညင်သာစွာပြောလိုက်သည်။
“မင်းတို့ရဲ့ အရင်တုန်းက ဆက်ဆံရေးကို ထောက်ထားပြီး... ကျေးဇူးပြုပြီး ချင်အာကိုခေါ်သွားပေးပါ ငါက...”
“ခင်ဗျားဘာတွေပြောနေတာလဲ”
ဘုရင်မြောက်ရိုးမက စကားဆုံးအောင်မပြောရသေးခင်မှာပင် တောင်ပိုင်းတောအုပ်သခင်လေးက သူ့စကားကို အလောတကြီးဖြတ်ပြောလိုက်သည်။ သူက မနှစ်မြို့သော အမူအရာနှင့်အတူ လက်ကာပြပြီး ပြောလိုက်သည်။
“ကျုပ်နဲ့ ထန်ချင်အာကြားမှာ ဘာအတိတ်ကာလဆက်ဆံရေးမှ မရှိဘူး... ကျုပ်တို့တွေက အသိအကျွမ်းတွေဖြစ်ခဲ့ရုံပဲ”
“မင်း...”
ဘုရင်မြောက်ရိုးမက ဒေါသထွက်သွားပြီး သူ့ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်သည်။
တောင်ပိုင်းတောအုပ်၏ သခင်လေးက စိုးရိမ်ပူပန်သောအမူအရာဖြင့် မင်ဖုန့်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူက ဘုရင်မြောက်ရိုးမကြောင့် ရောပါငြိစွန်းခံရမည်ကို စိုးရိမ်နေပုံရသည်။ သူက အလောတကြီး အော်ငေါက်လိုက်သည်။
“အဖိုးကြီး... ပါးစပ်ကိုပိတ်ထားစမ်း... ခင်ဗျားက တကယ်ကို အကျင့်မကောင်းတာပဲ... ခင်ဗျားက ခင်ဗျားမသေခင် တောင်ပိုင်းတောအုပ်ကိုပါ အပါဆွဲခေါ်ချင်နေတာလား”
ထန်ချင်အာက တောင်ပိုင်းတောအုပ်သခင်လေးကို မှင်သေသေဖြင့် အေးစက်စွာစိုက်ကြည့်နေသည်။ သူမသည် သူစိမ်းတစ်ယောက်ကိုကြည့်နေသည့်အလားပင်။
“ဟားဟားဟားဟား... စိတ်ဝင်စားစရာပဲ”
မင်ဖုန့်က ရယ်မော၍ လက်ခုပ်တီးလိုက်သည်။
“ဘုရင်မြောက်ရိုးမ... ကြည့်စမ်းပါဦး.. ငါက ထန်မိသားစုကို လွှတ်ပေးလိုတယ်ဆိုရင်တောင် ဘယ်သူကမှ မင်းတို့တွေကို လက်ခံမထားရဲတော့ဘူး”
တောင်ပိုင်းတောအုပ်သခင်လေးက တစ်ချက်ဝေ့ကြည့်ပြီးနောက် ရုတ်တရက် သူ၏ ထိုင်ခုံမှာ တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်သော သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်သွားသည်။ သူက နာမည်ကောင်းရယူလိုသည့်အလား အလောတကြီးပြောလိုက်သည်။
“အရှင်မင်ဖုန့်... ကျုပ်ခင်ဗျားကို အစီရင်ခံတင်ပြစရာရှိတယ်”
“အို...”
မင်ဖုန့်က မျက်ခုံးပင့်လိုက်၏။
တောင်ပိုင်းတောအုပ်သခင်လေးက မလှမ်းမကမ်းမှာရှိသော သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြလိုက်သည်။
“အရှင်... ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပါဦး... ငွေရောင်မျက်နှာဖုံးနဲ့ အဲဒီခရမ်းရောင်ဝတ်ကျင့်ကြံသူက ကျုပ်တို့ဆီးနှင်းစိမ့်စမ်းငရဲကလူ မဟုတ်ဘူး”
“သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ကောင်းကင်ဘုံကမ္ဘာကနေလာတာလို့ပြောတယ်”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကလား”
မင်ဖုန့်က မျက်မှောင်ကြုတ်လိုက်သည်။
“အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သို့သော်လည်း သူ၏ စိတ်ဝိညာဥ်အသိစိတ်က သိုင်းတာအိုပင်မခန္ဓာကို ဖြတ်သန်းသွားပြီးနောက် ထိုသူ့ထံမှာ သက်ရှိတစ်ဦး၏ အော်ရာ တကယ်ပင် ထွက်ပေါ်နေသည်ကို သူက အလျင်အမြန် ရှာဖွေတွေ့ရှိလိုက်သည်။
ထန်ချင်အာက တောင်ပိုင်းတောအုပ်သခင်လေးကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး တည်တံ့စွာပြောလိုက်သည်။
“ဒီနေ့က မြောက်ပိုင်းရိုးမရဲ့ ထန်မိသားစုအတွက် ကပ်ဘေးတစ်ခုပဲ... အဲဒါက တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး... တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်က မြောက်ပိုင်းရိုးမကို အခုချိန်ထိ မဝင်ရောက်ရသေးဘူး... ရှန်းထူယင်... နင်မဆိုင်တဲ့လူတွေကို ဆွဲမထည့်နဲ့”
ထန်ချင်အာသည် သူမက ယနေ့သေဘေးကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို နားလည်သိရှိသွားပြီဖြစ်သည်။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာကို ဖိတ်ခေါ်လာခဲ့သည့်သူက သူမဖြစ်လေသည်။ သူက ရောပါသတ်ဖြတ်ခံရမည်ဆိုလျှင် အဲဒါက သူ့အတွက်မကြုံသင့်သော ကပ်ဘေးတစ်ခုဖြစ်ပေလိမ့်မည်။
“ကျွတ်... ကျွတ်...”
တောင်ပိုင်းတောအုပ်၏ သခင်လေးက သူ၏ နှုတ်ခမ်းကိုစူပြီး ထူးဆန်းသောအမူအရာဖြင့် ပြောလိုက်သည်။
“နင်က တကယ်ကို စိုးရိမ်ကြောင့်ကြပြီး သူ့ကိုစတင်ခုခံကာကွယ်ပေးနေပြီပဲ... နင်က အကျင့်မကောင်းတဲ့မိန်းမပျက်ဆိုတာ ငါသတိထားမိနေတာကြာပြီ”
“အရှင်မင်ဖုန့်... ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျုပ်က အဲဒီမိန်းမပျက်နဲ ဘာဆက်ဆံရေးမှ မရှိတော့ဘူး”
ထန်ချင်အာနှင့် ချည်နှောင်မှုကို ဖြတ်တောက်ဖို့အတွက် တောင်ပိုင်းတောအုပ်၏ သခင်လေးက ညစ်ညမ်းသောစကားများဖြင့်ပင် ပြောဆိုလိုက်လေသည်။
တောင်ပိုင်းတောအုပ်၏ သခင်လေးက ဆက်ပြောလိုက်သည်။
“အဲဒီလူက ကောင်းကင်ဘုံကမ္ဘာကဆိုတာကို ထန်ချင်အာက သိထားတယ်... ဒါတောင် သူက အဲဒီလူကို လက်ခံထားတုန်းပဲ... မြောက်ပိုင်းရိုးမရဲ့ ထန်မိသားစုက သစ္စာမရှိတော့တာကြာခဲ့ပြီပဲ”
ရှန်းထူယင်၏ ရည်ရွယ်ချက်က ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရရှိဖို့အတွက်ဆိုတာ သိသာလေသည်။
သို့သော်လည်း မင်ဖုန့်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုဆိုရင် မြောက်ပိုင်းရိုးမရဲ့ ထန်မိသားစုကို ငါတို့တွေဖျက်ဆီးတာက မမျှတတာတော့မဟုတ်ဘူးဘဲ”
“အမြော်အမြင်ကြီးမားပါပေတယ်”
တောင်ပိုင်းတောအုပ်သခင်လေးက မြှောက်ပင့်ပေးပြီး ဆက်ပြောလိုက်သည်။
“နောက်ပြီး အဲဒီလူက ဆီးနှင်းစိမ့်စမ်းငရဲကို ရောက်လာတဲ့အချိန်မှာပဲ အလောင်းတောင်ကြောရိုးက တမလွန်ဗိုလ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်”
“ဟမ်...”
ထိုစကားကိုကြားသောအခါ အလောင်းတောင်ကြောရိုး၏ ပိုင်နက်အရှင်က အမူအရာပြောင်းလဲသွားပြီး သူက မေးလိုက်သည်။
“တမလွန်ဗိုလ် မြောက်ပိုင်းမဟူရာကို သတ်ဖြတ်ခဲ့တဲ့သူက သူလား”
“အမှန်ပဲ”
တောင်ပိုင်းတောအုပ်သခင်လေးက အလောတကြီးခေါင်းညိတ်ပြလိုက်သည်။
“အဲဒါကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့တယ်... နောက်ပြီး သူက တမလွန်ဗိုလ်မြောက်ပိုင်းမဟူရာကို သတ်ပြီးတာတောင် ထန်ချင်အာက အဲဒီကိစ္စကိုအရင်စပြီး ဖုံးကွယ်ပေးချင်တုန်းပဲ”
“အဲဒီအချိန်တုန်းက အပြင်လူတစ်ယောက်က ကျုပ်တို့ဆီးနှင်းစိမ့်စမ်းငရဲက သက်ရှိတွေကို သတ်ချင်တိုင်းသတ်လို့မရဘူးဆိုတာ ကျုပ်က ငြင်းခုံပြောဆိုခဲ့သေးတယ်... နောက်ပြီး အဲဒီအသတ်ခံလိုက်ရတဲ့သူက မြင့်မြတ်တဲ့ရှေးဟောင်းတမလွန်မျိုးနွယ်က သက်ရှိတစ်ဦးပဲ... ဒါပေမဲ့ အဲဒီမိန်းမပျက်ထန်ချင်အာက ကျုပ်စကားကို နားမထောင်ဘဲ အဲဒီလူကို မရမကကာကွယ်ပေးနေခဲ့တယ်”
တောင်ပိုင်းတောအုပ်သခင်လေးသည် နာမည်ကောင်းရယူဖို့ကြိုးစားရင်း အမှားအမှန်ရောနှောကာ ပြောဆိုလိုက်လေသည်။
ရုတ်တရက် မင်ဖုန့်ကရယ်မောပြီး သူ၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံ ရောက်ရှိသွားကာ အေးစက်စွာ ပြောလိုက်သည်။
“တစ်ချိန်လုံးပုန်းကွယ်နေတဲ့ အပြင်လူတစ်ယောက်က ရှေးဟောင်းတမလွန်မျိုးနွယ်က လူတစ်ယောက်ကို တကယ်ပဲ သတ်ဖြတ်ရဲတာလား... မင်းကတကယ်ကို ရဲတင်းနေတာပဲ”
သိုင်းတာအိုပင်မခန္ဓာက မင်ဖုန့်ကို လျစ်လျူရှုပြီး သူ့လက်ထဲရှိဝိုင်ခွက်ကိုသာ မော့သောက်ကာ နောက်မှင်သေသေဖြင့် ပြောလိုက်သည်။
“ငါသူ့ကိုသတ်တယ်ဆိုတော့ရော... ဘာဖြစ်လဲ မင်းငါ့ကိုဘာလုပ်နိုင်မှာလဲ။”