ဓားတစ်လက်အဖြစ် ထွက်သက်
Vol. 177 Ch. 2652
“ဟမ်...”
မင်ဖုန့်က သိုင်းတာအိုပင်မခန္ဓာ၏ စကားမှာ မှင်တက်သွားသည်။
သူသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သော်လည်း သူသည် ဤကဲ့သို့ ပါးရည်နပ်ရည်မရှိသည့် လူတစ်ယောက်ကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
လက်ရှိအခြေအနေအရ ဘုရင်မြောက်ရိုးမပင်လျှင် ဦးညွှတ်၍ သူ၏ ကံကြမ္မာကို လက်ခံထားရပြီဖြစ်ကာ သူ၏ တစ်မိသားစုလုံးက ချေမှုန်းသုတ်သင်ခံရတော့မည်ဖြစ်သည်။ ဒါတောင် ဤအပြင်လူက သူ့ကို ရန်စရဲသေးတာလား။
မင်ဖုန့်က ခဏမျှ မှင်တက်သွားပြီးနောက် အထိန်းအကွပ်မဲ့စွာ ရယ်မောလိုက်သည်။
အစကတော့ ခန်းမက ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ထို့နောက် ပို၍ပင်ဆူညံပွက်လောက်ရိုက်သော အသံများက ထွက်ပေါ်လာသည်။
အမျိုးမျိုးသောအဖွဲ့အစည်းများမှာ ဘုရင်များနှင့် ပညာရှင်များက သေလူတစ်ယောက်ကို ကြည့်ရှုနေသည့်အလား သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်ကြသည်။
“ဒီလူက တော်တော်မောက်မာတာပဲ... သူက မသေခင်မှာတောင် တည်ငြိမ်သယောင်ဟန်ဆောင်နေသေးတယ်... သူက အောက်မှာတော့ သေးထွက်ကျနေလောက်ပြီ”
“သူက သူသေရတော့မယ်ဆိုတာသိလို့ ဟိတ်ဟန်လုပ်နေရုံပါပဲ”
“အမှန်ပဲ... ရှေးဟောင်းတမလွန်မျိုးနွယ်က လူတစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့ အပြင်လူအနေနဲ့ သူက ဘယ်လိုလုပ်ရှင်သန်နိုင်တော့မှာလဲ”
“အာ...”
ထန်ချင်အာက သိုင်းတာအိုပင်မခန္ဓာကို ကူကယ်ရာမဲ့စွာကြည့်ပြီး သက်ပြင်းချလိုက်၏။
အစကတော့ သူမသည် သိုင်းတာအိုပင်မခန္ဓာကို ဤကိစ္စမှာ ပါဝင်ပတ်သက်စေလိုခြင်း မရှိပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ စကားလုံးများသည် မင်ဖုန့်ကို တမင်သက်သက်ဆန့်ကျင်လိုက်ခြင်းနှင့်တူလေသည်။ သူမက မည်သည့်စကားကို ပြောဆိုသည်ဖြစ်စေ ရှေးဟောင်းတမလွန်မျိုးနွယ်မှ ဤပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာကို ခွင့်လွှတ်ပေးစရာအကြောင်း မရှိတော့ပေ။
“ဟားဟားဟား”
တောင်ပိုင်းတောအုပ်သခင်လေးက သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြီး ဟားတိုက်ရယ်မောလိုက်သည်။
“အရှင်မင်ဖုန့်... အဲဒီလူက ဘယ်လောက်တောင်မောက်မာသလဲ ခင်ဗျားတွေ့ပြီမလား”
“ဒီငနဲက ခင်ဗျားတို့အရှင်တွေရှေ့မှာတောင် ဘယ်လိုတောင် ခွန်းတုံ့ပြန်ရဲသေးတာလဲ... သူက ဒူးထောက်မတောင်းပန်တာကို ထားဦး... ဒါပေမဲ့ သူက အဲဒီမှာတောင် အေးဆေးထိုင်ပြီး သောက်စားနေသေးတယ်... သူက ခင်ဗျားတို့တွေကို လုံးဝအလေးအနက်မထားဘူးဘဲ”
တောင်ပိုင်းတောအုပ်သခင်လေးသည် သိုင်းတာအိုပင်မခန္ဓာက ဘယ်လောက်တောင် ပါးရည်နပ်ရည်မရှိသည်ကို တွေ့ရသောအခါ သူက ဖော်မပြတတ်စွာ စိတ်လှုပ်ရှားလာပြီး အော်ဟစ်ပြောဆိုလိုက်သည်။
သူပြောသည့်အချက်တစ်ချက်က မမှားပေ။
သိုင်းတာအိုပင်မခန္ဓာသည် မင်ဖုန့်နှင့် အခြားသူများကို တကယ်ပင် အလေးအနက်မထားပေ။
အတိအကျဆိုရလျှင် သိုင်းတာအိုပင်မခန္ဓာသည် ပင်မခန်းမထဲရှိ ပညာရှင်များအားလုံးကို လျစ်လျူရှုထားသည်။
တောင်ပိုင်းတောအုပ်၏ သခင်လေးက ဆက်ပြောလိုက်သည်။
“ဟေ့... အထီးကျန်သိုင်းသခင်ဆိုလား... မင်းက ဘုရင်မြောက်ရိုးမအတွက် ဂုဏ်ပြုလက်ဆောင်တစ်ခု ပြင်ထားတယ်လို့ပြောတယ်မလား... အဲဒါကိုထုတ်ပြလိုက်လေ... ငါတို့ကြည့်ရတာပေါ့”
“ဟားဟား... မင်းကိုငါသတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်... မင်းကအဲဒါကိုအခုချိန်ထုတ်မပြရင် မင်းမှာ အဲဒီအခွင့်အရေးရှိတော့မှာ မဟုတ်ဘူး”
“အို...”
မင်ဖုန့်က တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် သူက စိတ်ဝင်တစားအမူအရာတစ်ခုကို ထုတ်ဖော်ပြပြီး သရော်တော်တော်ဟန်ဖြင့် ပြုံးလိုက်သည်။
“မင်းက... ဘာဂုဏ်ပြုလက်ဆောင်ကို ပြင်ထားတာလဲ အဲဒါကိုထုတ်ပြစမ်းပါဦး... ငါတို့ရဲ့အမြင်တွေ ကျယ်သွားအောင်လို့”
ဤမွေးနေ့ဂုဏ်ပြုစားသောက်ပွဲသည် မြောက်ပိုင်းရိုးမ၏ ထန်မိသားစုအတွက် ချေမှုန်းသတ်ဖြတ်ခံရမည့် ဈာပနတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည်ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက မည်သို့သောဂုဏ်ပြုလက်ဆောင်ကို ထုတ်ဖော်ပြသသည်ဖြစ်စေ အဲဒါသည် လူတိုင်း၏ မျက်လုံးထဲမှာ ဟာသတစ်ခုဖြစ်လာပြီး သူက သူ့ကိုယ်သူအရှက်ခွဲမိရုံသာရှိပေလိမ့်မည်။
“ငါ့ရဲ့ဂုဏ်ပြုလက်ဆောင်မှာ စကားတစ်ခွန်းပဲပါတယ်”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်သည်။
“မြောက်ပိုင်းရိုးမရဲ့ထန်မိသားစုက ငါ့ရဲ့ကာကွယ်မှုအောက်မှာ ရှိနေပြီ”
“ဟမ်...”
ခန်းမထဲရှိ လူတိုင်းသည် သူတို့နားသူတို့မယုံနိုင်ဘဲ စားပွဲခုံတွင်ထိုင်နေဆဲဖြစ်သော သိုင်းတာအိုပင်မခန္ဓာကို မယုံကြည်နိုင်စွာကြည့်နေကြ၏။
“ဒီလူက ဘယ်လိုပေါက်တက်ကရစကားကို ပြောလိုက်တာလဲ... ငါက နားကြားလွဲသွားတာများလား”
“သူက မြောက်ပိုင်းရိုးမရဲ့ထန်မိသားစုက သူ့ရဲ့ ကာကွယ်မှုအောက်မှာရှိတယ်လို့ ပြောလိုက်တာလို့ငါထင်တယ်”
“သူက သောက်တာများပြီး ကယောင်ကတမ်းဖြစ်နေတာဖြစ်ရမယ်”
မြောက်ရိုးမနန်းတော်၏ ပင်မခန်းမထဲမှာ ဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာသည်။
ထန်ချင်အာက သူ့ကို ပထမဆုံးအကြိမ်တွေ့မြင်ရသည့်အလား သိုင်းတာအိုပင်မခန္ဓာကို ငေးငိုင်စွာကြည့်နေ၏။
ထိုစကားလုံးများသည် ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း ဘာ့ကြောင့်ရယ်မသိ သိုင်းတာအိုပင်မခန္ဓာထံမှ အရမ်းကို စွမ်းအားကြီးမားသည့် စိတ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ဟု ထန်ချင်အာက ရုတ်တရက်ခံစားမိလာသည်။
သိုင်းတာအိုပင်မခန္ဓာပြောလိုက်သော စကားတစ်လုံးချင်းစီမှာ သိပ်သည်းပြင်းထန်ကြီးမားသော စွမ်းပကားတစ်ခု ပါဝင်နေသည့်အလားပင်။
ဘုရင်မြောက်ရိုးမက မြေပြင်ပေါ်မှာ ပျော့ခွေစွာထိုင်နေ၏။
ထိုအခိုက်အတန့်မှာ သူက ငေးငိုင်နေသောအမူအရာဖြင့် တစ်ခါက သူပြစ်တင်ဆုံးမခဲ့သော လူငယ်လေးကို လှည့်ကြည့်လိုက်၏။
သူရဲ့အကဲဖြတ်မှုက မှားယွင်းခဲ့တာများလား။
ကောင်းကင်ဘုံကမ္ဘာမှ ဤအပြင်လူက ထန်မိသားစုကို တကယ်ပဲ ကယ်တင်ပေးနိုင်မှာလား။
ထိုအတွေးက ဘုရင်မြောက်ရိုးမ၏ စိတ်ထဲ ပေါ်ထွက်လာသည့်ခဏမှာပင် သူကအဲဒါကို အလျင်အမြန်ပယ်ချလိုက်၏။
အဲဒါက ဘယ်လိုမှမဖြစ်နိုင်ပေ။
သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို မပြောနိုင်သော်လည်း ဤလူငယ်သည် အသက်နှစ်တစ်သောင်းပင်မရှိသေးပေ။ သူက အလွန်တရာပါရမီအရည်အချင်းရှိပြီး ငရဲဘုရင်တစ်ပါး၏ အဆင့်ထိ ကျင့်ကြံထားမည်ဆိုလျှင်တောင် သူဘာတတ်နိုင်မှာလဲ။
ဤလူငယ်က သူ့ထက်ပိုပြီး သန်မာနိုင်မှာလား။
သူပင်လျှင် ရှေးဟောင်းတမလွန်မျိုးနွယ်၏ ပညာရှင်များကို အနိုင်မရနိုင်ဘူးဆိုလျှင် ဤလူငယ်က ဘာလုပ်နိုင်မှာလဲ။
ဤလူငယ်လေးသည် ငယ်ရွယ်လွန်းသေးသောကြောင့် အတွေ့အကြုံမရှိတာဖြစ်ပေမည်။ သူသည် ကောင်းကင်ဘုံကမ္ဘာမှာ မည်သည့်ထိုးနှက်ချက်နှင့်မှ မတွေ့ကြုံခဲ့ရသည့်အတွက် သူကရောက်လေရာအရပ်မှာ မောက်မာနိုင်သည်ဟု တွေးနေခြင်းဖြစ်ကောင်းဖြစ်ပေမည်။
သို့သော်လည်း ဘုရင်မြောက်ရိုးမသည် သိုင်းတာအိုပင်မခန္ဓာကို ဆက်လက်၍ ပြစ်တင်ဆုံးမဖို့ အရေးမလုပ်နိုင်တော့ပေ။
သူ၏ ထင်မြင်ချက်အရ သိုင်းတာအိုပင်မခန္ဓာသည် ရှေးဟောင်းတမလွန်မျိုးနွယ်ကို ထပ်တလဲလဲရန်စစော်ကားခဲ့သည့်အတွက် သူ့ထက်အရင်ပင် သေရနိုင်သည်။
ရုတ်တရက် ဘုရင်မြောက်ရိုးမက သူ့ကိုယ်သူအပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
ခဏကြာသည်အထိ အသက်နှစ်တစ်သောင်းပင်မရှိသေးသော ဤလူငယ်လေးက ထန်မိသားစုကို ကာကွယ်ပေးနိုင်မလားဟု သူက ရူးသွပ်စွာ တွေးမိခဲ့သည်။ အဲဒါက တကယ့်ကို ရယ်စရာကောင်းလွန်းလေသည်။
“အရှင်မင်ဖုန့်... ခင်ဗျားတို့ အဲဒါကိုကြားပြီမလား”
ထိုအခါမှသာ တောင်ပိုင်းတောအုပ်သခင်လေးက တုံ့ပြန်၍ အလောတကြီးပြောဆိုလိုက်သည်။
“ဒီလူက မြောက်ပိုင်းရိုးမရဲ့ထန်မိသားစုကို ကာကွယ်ပေးချင်တယ်လို့ ထုတ်ဖော်ပြောဆိုနေတာပဲ... သူက ခင်ဗျားတို့အားလုံးကို ပေါ်ပေါ်တင်တင်ဆန့်ကျင်နေပြီ”
မင်ဖုန့်က သာမန်ကာလျှံကာ လက်ကာပြလိုက်သည်။
“သူက ပုရွက်ဆိတ်တစ်ကောင်ပဲ... သူ့ကိုသတ်လိုက်”
စောစောက ဘုရင်မြောက်ရိုးမနှင့် တိုက်ခိုက်ဖလှယ်ခဲ့သော တမလွန်ဘုရင်က သိုင်းတာအိုပင်မခန္ဓာရှေ့သို့ ရိပ်ခနဲရောက်ရှိလာပြီး ထိုသူ၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။
လက်ဝါးရိုက်ချက်က သိုင်းတာအိုပင်မခန္ဓာ၏ ထွက်လမ်းများအားလုံးနီးပါးကို ပိတ်ဆို့ထားလေသည်။
“တအလွန်ဘုရင်သည် သိုင်းတာအိုပင်မခန္ဓာကို သတ်ဖြတ်ချင်ရုံသာမက သူကအဲဒါကို လျှပ်တပြက်ချက်ချင်းပြုလုပ်လိုလေသည်။
ထိုသို့ဖြင့် ရှေးဟောင်းတမလွန်မျိုးနွယ်၏ နည်းလမ်းနှင့်စွမ်းအားများကို ထုတ်ဖော်ပြသရာကျပေမည်။
သိုင်းတာအိုပင်မခန္ဓာက တမလွန်ဘုရင်ပညာရှင်၏ စွမ်းပကားကြီးမားသောလက်ဖဝါး ဆင်းသက်လာသောအခါ သူက မတ်တတ်ပင် ထမရပ်ပေ။ သူက သူ၏ ခေါင်းကိုသာငုံ့ပြီး မလှုပ်မယှက်ထိုင်နေ၏။
“ဟားဟား...”
တောင်ပိုင်းတောအုပ်သခင်လေးက ရယ်မောလိုက်သည်။
“မင်းက အဲလောက်တောင်အကြောက်လွန်သွားပြီလား”
ဘေးတစ်ဘက်မှာ ငရဲဘုရင်တောင်ပိုင်းအမြုတေက တည်ငြိမ်စွာ ဆန်းစစ်ပြလိုက်သည်။
“ဒီတမလွန်ဘုရင်ရဲ့နည်းလမ်းတွေက ရိုးရှင်းတယ်လို့ထင်ရပေမယ့် သူက အဲဒါကို အရိုးရှင်းဆုံးပုံစံဖြစ်အောင် ပြုလုပ်ထားလို့ပဲ”
“သူ့ရဲ့အော်ရာက ကြမ်းကြုတ်ခက်ထန်ပြီးတော့ ပြိုင်ဘက်ကင်းတယ်... ရှေးဟောင်းတမလွန်မျိုးနွယ်ရဲ့သွေးချီနဲ့ဆို သူက အဲဒီလူကို လုံးဝကို ဖိနှိမ်နိုင်နေပြီ”
“သူက မလှုပ်ရှားချင်လို့ မဟုတ်ဘူး... အဲဒါသူက ဘာမှမတတ်နိုင်တော့တဲ့အတွက် သေရမှာကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရတာပဲ”
ထန်ချင်အာက မကြည့်ရက်နိုင်တော့ဘဲ မျက်နှာလွှဲလိုက်လေသည်။
သူမသည် ဤမြင်ကွင်းကို ဆက်လက်၍ မကြည့်ရက်နိုင်တော့ပေ။
ငိုကြွေးဝိညာဥ်တောင်ကြောရိုးမှာတုန်းက သူမသည် စူးစမ်းလိုစိတ်နှင့် စေတနာနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို မြောက်ပိုင်းရိုးမသို့ ခေါ်ဆောင်လာခဲ့သည်။
ဤလူ၏ သေဆုံးမှုက သူမကြောင့်ဖြစ်ပေမည်။
ရိပ်ခနဲဆို တမလွန်ဘုရင်၏ လက်ဖဝါးက ဆင်းသက်လာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းနှင့် တစ်ပေပင် မကွာဝေးတော့ပေ။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည်။
ချောက်ချားစရာကောင်းသောအလင်းနှစ်ခုက သူ၏ မျက်လုံးထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူက ထွက်သက်ကို ရှူထုတ်လိုက်သည်။
“သွားစမ်း”
ထိုအသံမှာ သိုင်းတာအိုပင်မခန္ဓာသည် အသင်္ချေသက်ရှိများအသံ၏ လျှို့ဝှက်အတတ်ကို အသုံးမပြုထားပေ။
ထိုသို့ဆိုလျှင်တောင် သူသည် စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် မျိုးဆက်သွေးနှင့်အတူ အလွန်တရာပြင်းထန်ကြမ်းတမ်းသော ရိုက်ခတ်မှုတစ်ခုကို ထုတ်ဖော်နိုင်ဆဲဖြစ်သည်။
တမလွန်ဘုရင်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ နားထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ ခေါင်းထဲမှာ တဝီဝီမြည်လာပြီး သူ၏ အသိစတ်က ခဏမျှဗလာကျင်းသွားသည်။
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ ချီများက စုစည်းလာပြီး ဓားတစ်လက်ဖြစ်ပေါ်လာသည်။ အဖြူရောင်အလင်းက လေထုကိုဆုတ်ဖြဲပြီး တမလွန်ဘုရင်၏ နှာရောင်ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွားသည်။
အစကတော့ ဤလှုပ်ရှားမှုသည် အင်မော်တယ်ကျင့်ကြံရေးမှာ အသုံးများသော နည်းလမ်းတစ်ခုဖြစ်သည်။
ဓားတစ်လက်ကို ဖြစ်ပေါ်စေသော ထွက်သက်...။
တစ်ဘက်သူက ကြိုတင်ပြင်ဆင်ထားသည်နှင့်အမျှ ဤကဲ့သို့သောနည်းလမ်းများသည် ကျင့်ကြံမှုနယ်ပယ်တူမှာ သူတို့၏ ပြိုင်ဘက်များကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားကြီးမားသော အဆုတ်အားဖြင့် ထုတ်လွှတ်လိုက်သောဓားချီစွမ်းအားက ပြိုင်ဘက်ကင်းနေပြီး တမလွန်ဘုရင်၏ ခန္ဓာကိုယ်ကိုပင် ထိုးဖောက်နိုင်လေသည်။
စွမ်းအားကြီးမားသော အသံပိုင်းလျှို့ဝှက်အတတ်နှင့်အတူ တမလွန်ဘုရင်သည် ခဏမျှငေးငိုင်သွားပြီးနောက် လုံးဝမရှောင်တိမ်းနိုင်ခဲ့ပေ။
သူက သူ၏ အသိစိတ်ကို ပြန်လည်ရရှိမလာခင်ပင် သူ၏ အမြုတေစိတ်ဝိညာဥ်က သိုင်းတာအိုပင်မခန္ဓာထွေးထုတ်လိုက်သောဓားချီဖြင့် ထိုးဖောက်ခံလိုက်ရပြီဖြစ်ပြီး သူက နေရာမှာပင် သေဆုံးသွားသည်။