တမလွန်ဘုရင်များကို ခွေးသတ်သလိုသတ်ဖြတ်ခြင်း
Vol. 177 Ch. 2653
ဝုန်း…
တမလွန်ဘုရင်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျပြီး အနည်းငယ် လိမ့်သွားသည်။ သူ၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ၏ အမူအရာက ငေးငိုင်နေကာ အေးအေးချမ်းချမ်း အနားယူမသွားနိုင်ခဲ့ပေ။
သူသေဆုံးသည့် အချိန်ထိကို တမလွန်ဘုရင်သည် သူဘယ်လို သတ်ဖြတ်ခံလိုက်ရသလဲ မသိခဲ့ပေ။
ဘေးပတ်ဝန်းကျင်ရှိ ဆူညံပွက်လောရိုက်နေသော အသံများက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
လူတိုင်းသည် အရာရာတိုင်းကို မယုံကြည်နိုင်စွာ ကြည့်ရင်း ကြက်သေသေနေကြ၏။
ရုတ်တရက် မြောက်ပိုင်းရိုးမ နန်းတော်၏ ပင်မခန်းမက အပ်ကျသံပင် ကြားရအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အစကတော့ ထန်ချင်အာသည် မျက်နှာလွှဲပြီး အဲဒါကို မကြည့်ရက်နိုင်ခဲ့ပေ။
သို့သော်လည်း သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ အော်ဟစ်သံနှင့် တစ်ယောက်ယောက် လဲကျသွားသံကို ကြားရသောအခါ ခန်းမက တိတ်ဆိတ်ငြိမ်သက်သွားသည်။
အရာရာတိုင်းက ပြီးဆုံးသွားပြီ ဖြစ်သည်။
ထန်ချင်အာက ကြိတ်၍ သက်ပြင်းချကာ လှည့်ကြည့်ပြီးနောက် သူမက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူမ ရှေ့မှာရှိသော အရာရာတိုင်းက သူမ တွေးထင်ထားသည်နှင့် တက်တက်စင်အောင် လွဲနေလေသည်။
သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှာ ထိုင်နေဆဲဖြစ်သည်။ တကယ်ဆို သူက မတ်တတ်ထရပ်ခြင်းပင် မရှိဘဲ ဘေးကင်းလုံခြုံနေသည်။
ယခုတင် တိုက်ခိုက်ခဲ့သော တမလွန်ဘုရင်ပညာရှင်ကတော့ အောက်ဘက်မှာ နောက်ပြန်လန်ကျနေ၏။ သူ၏ နှာရောင်က ထိုးဖောက်ခံထားရပြီး သွေးများက စီးကျနေဆဲဖြစ်ကာ သူ့မှာ ဆက်လက်၍ အသက်မရှိတော့ပေ။
ထန်ချင်အာက ဖြစ်ပျက်နေသည့်အရာကို နားမလည်နိုင်ဘဲ ကြက်သေသေနေသည်။
“ဦးလေးချန်… စောစောက ဘာဖြစ်သွားတာလဲ”
ထန်ချင်အာက မနေနိုင်ဘဲ မေးလိုက်၏။
ဦးလေးချန်က တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်နေရသည့်လား တုန်လှုပ်နေသော အမူအရာဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ကျောကို ကြည့်နေ၏။
ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် သူက တီးတိုးပြောဆိုလိုက်သည်။
“သူ… သူက… တမလွန်ဘုရင်က သူ့ဆီက ထိုးချက်တစ်ချက်နဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ပုံပဲ”
ထန်ချင်အာက ကြက်သေသေသွားလေသည်။
တမလွန်ဘုရင်ပညာရှင်သည် အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရတာလား။
ထိုစကားကို ပြောသည့်အခါ ဦးလေးချန်ပင်လျှင် မယုံကြည်နိုင်ဖြစ်နေဆဲပင်။
သူက အဲဒါကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်း မဟုတ်လျှင် သူက အဲဒါကို ယုံကြည်မိလိမ့်မည် မဟုတ်ပေ။
ဘုရင်မြောက်ရိုးမက သူနှင့် မလှမ်းမကမ်းမှာ လဲကျနေသော တမလွန်ဘုရင်ပညာရှင်ကို ကြည့်ကာ တံတွေးကို အလျင်စလို မျိုချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာကို သူကြည့်နေသော ကြည့်ရှုပုံက တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုအခိုက်အတန့်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်က သူပြစ်တင်ဆုံးမခဲ့သည့် လူငယ်လေးက ဘယ်လောက်ကြောက်စရာကောင်းသလဲ နားလည်သွားခဲ့ပြီဖြစ်သည်။
တကယ်တော့ ဘုရင်မြောက်ရိုးမသည် အထီးကျန်သိုင်းသခင်က မင်ဖုန့်နှင့် အခြားသူများကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိမည်ဟု မတွေးထားပေ။
မည်သို့ပင်ဆိုစေ အထီးကျန်သိုင်းသခင်က တစ်ယောက်တည်းဖြစ်ပြီး မင်ဖုန့်၏ ဘက်မှာ တမလွန်ဘုရင်ပညာရှင် ဆယ်ဦးကျော် ရှိနေသည်။
မင်ဖုန့်သည် မဟာငရဲတောင်ကြောရိုး ဆယ်ခုနှင့်ပင် ပူးပေါင်းထားလေသည်။ မဟာငရဲတောင်ကြောရိုး ဆယ်ခုမှာပင်လျှင် ငရဲဘုရင်များက ထောင်ချီရှိနေသည်။ သူတစ်ယောက်တည်းက ဤကဲ့သို့ သိပ်သည်းပြင်းထန်ကြီးမားသည့် အင်အားတစ်ရပ်ကို ဘယ်လိုလုပ် ဆန့်ကျင်တိုက်ခိုက်နိုင်မှာလဲ။
ပြောရမည်ဆိုလျှင် တမလွန်ဘုရင်သည် ထိခိုက်နစ်နာစွာဖြင့် သေဆုံးခဲ့ရသည်။
တမလွန်ဘုရင်ပညာရှင်တစ်ဦးအနေဖြင့် သူသည် ကောင်းကင်လိုဏ်ဂူနှင့် ငရဲဆီးနှင်းစိမ့်စမ်းမျိုးဆက်သွေးနယ်မြေကဲ့သို့ သူ၏ အသန်မာဆုံး နည်းလမ်းများကို မထုတ်ဖော်နိုင်ခင်မှာပင် အထီးကျန်သိုင်းသခင်၏ အညှာတာမဲ့စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
မင်ဖုန့်နှင့် အခြားသူများက သတိထားလာသည်နှင့် သူတို့သည် ဤလူငယ်ကို မည်သည့်အခွင့်အရေးမှ ပေးတော့မည် မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ဘုရင်မြောက်ရိုးမက ရုတ်တရက် ပြောလိုက်သည်။
“အထီးကျန်သိုင်းသခင်… ချင်အာကိုခေါ်ပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားပါတော့… ထန်မိသားစုရဲ့ မျိုးဆက်သွေးကို ထိန်းထားပေး… ငါ့ကို စိုးရိမ်မနေနဲ့”
သူ့အနေဖြင့် ထန်မိသားစုမှ လူတိုင်းကို ကာကွယ်ပေးဖို့က မဖြစ်နိုင်ပေ။
ထန်မိသားစု၏ မျိုးဆက်သွေးကို ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် အဲဒါက အလွန်တရာ ကံကောင်းလှပြီဖြစ်သည်။
“မင်းက ငါတို့ ရှေးဟောင်းတမလွန်မျိုးနွယ်က တမလွန်ဘုရင်တစ်ဦးကို သတ်ဖြတ်ပြီး ထွက်သွားချင်သေးတာလား”
မင်ဖုန့်၏ အမူအရာက တည်တံ့လာပြီး အေးစက်စွာ ပြောလိုက်သည်။
“ငါ မင်းကို ပြောလိုက်မယ်… ပင်မခန်းမထဲမှာရှိတဲ့ လေဟာနယ်ကို ငါတို့တွေ ချိပ်ပိတ်ပြီးသွားပြီ”
“မြောက်ပိုင်းရိုးမရဲ့ ထန်မိသားစုက ဘယ်သူကမှ ဒီနေ့ အသက်ရှင်လျက် ထွက်မသွားနိုင်စေရဘူး”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် တမလွန်ဘုရင် ဆယ်ပါးကျော်က တစ်ချိန်တည်းမှာ ရှေ့သို့ထွက်ပြီး လေထဲမှာ မတ်တတ်ရပ်ကာ သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းပတ်လိုက်ကြသည်။
သူတို့သည် မင်ဖုန့်ထံမှ သတ်ဖြတ်ဖို့ အမိန့်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။
မင်ဖုန့်သည် သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာကို မတွေ့မြင်ရပေ။ သို့သော်လည်း ထိုသူ၏ နက်ရှိုင်း၍ တည်ငြိမ်နေသော မျက်လုံးများကနေတစ်ဆင့် ဤလူသည် ထွက်သွားဖို့ စိတ်ကူးမရှိလောက်သည်ကို သူက ရုတ်တရက် သဘောပေါက်သွားသည်။
ရုတ်တရက် မင်ဖုန့်က မအီမသာ ခံစားလာရ၏။
သို့သော်လည်း သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ အလျင်အမြန် ဣန္ဒြေဆယ်ကာ အေးစက်စွာ ပြောလိုက်သည်။
“အားလုံးပဲ ဘာမှ ထိန်ချန်ထားစရာ မလိုဘူး… သူ့ကို သတ်ကြ”
ဝုန်း…
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက မြေပြင်ကို ဆောင့်နင်းပြီး လေထဲသို့ အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် ခုန်တက်လိုက်၏။
ချက်ချင်းပင် သူက တမလွန်ဘုရင်တစ်ပါးရှိသို့ ရောက်ရှိသွားပြီး ပစ်ထိုးလိုက်သည်။
ထိုထိုးချက်မှာ မည်သည့် လှပကြော့ရှင်းမှု သို့မဟုတ် မည်သည့် ဟန်ပြကွက်မှ မပါဝင်ပေ။
အဲဒါက တိုက်ရိုက်ပစ်ထိုးခြင်းသာ ဖြစ်သည်။
အဲဒါက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းမှာ သိုင်းတာအို၏ စိတ်စွမ်းအားနှင့် နည်းစနစ်တို့ ပါဝင်နေသည်။
ထိုထိုးချက်က ပြိုင်ဘက်ကင်းလေသည်။
ကောင်းကင်ဘုံကမ္ဘာမှာတုန်းက အထီးကျန်သိုင်းသခင်၏ လက်သီးသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှ အင်မော်တယ်ဘုရင်ပညာရှင်များအပေါ် ကြီးမားသည့် စိတ်ဒဏ်ရာတစ်ခုကို ရရှိသွားစေခဲ့သည်။
ထိုစွမ်းအားသည် ကမ္ဘာဖျက်ကပ်ဘေးတစ်ခုဖြစ်ပြီး တားဆီး၍ မရနိုင်ဟု ဆိုနိုင်သည်။
နတ်ဘုရားလက်နက်များ၊ ဓမ္မရတနာများနှင့် ကောင်းကင်လိုဏ်ဂူအကြီးအသေးများ အားလုံးက ကြေမွသွားရပေလိမ့်မည်။
ယခုအချိန်မှာ ငရဲမှာရှိသော သက်ရှိများသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီး၊ သိုင်းတာအို၏ စိတ်စွမ်းအားနှင့် ကြမ်းကြုတ်ခက်ထန်၍ ပြိုင်ဘက်ကင်းသော ရုန်းကန်ပေါက်ကွဲစွမ်းအားကို မြင်တွေ့ခွင့် ရပေတော့မည်။
ငရဲဘုရင်ပညာရှင်က တုန်လှုပ်သွားလေသည်။ သူက သိုင်းတာအိုပင်မခန္ဓာ၏ ပစ်ထိုးခြင်း ခံရပြီးနောက် မွန်းကျပ်ဖွယ်ရာ ခံစားလာရကာ သူ့ကိုယ်ထဲရှိ ရှေးဟောင်းတမလွန်မျိုးဆက်သွေးကပင် လေးကန်၍ အသက်သွင်းဖို့ ခက်ခဲလာခဲ့သည်။
ဘန်း…
အားလုံး၏ အကြည့်အောက်မှာ တမလွန်ဘုရင်ပညာရှင်တစ်ဦးက သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ဖြင့် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားသည်။
အဲဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းသည်။
အနည်းဆုံးတော့ ယခင်တမလွန်ဘုရင်က သေဆုံးသည့်အခါ အလောင်းတစ်လောင်း ကျန်ခဲ့လေသည်။
ဤတမလွန်ဘုရင်သည် သိုင်းတာအိုပင်မခန္ဓာထံမှာ ထိုးချက်တစ်ချက်ဖြင့် စုတ်ပြတ်သတ်သွားပြီး အလောင်းပင် မကျန်ခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ရပ်တန့်ခြင်းမရှိဘဲ နောက်တစ်ဖန် ရွေ့လျားလိုက်သည်။ နောက်ထပ် တမလွန်ဘုရင်တစ်ပါးရှေ့ ရောက်ရှိသွားပြီး သူက မည်သည့်စကားမှမဆိုဘဲ နောက်တစ်ဖန် ပစ်ထိုးလိုက်သည်။
သူ၏ ရင်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ရင်း ထိုတမလွန်ဘုရင်ပညာရှင်က သူ၏ ငေးငိုင်ရာကနေ နိုးထလာခဲ့သည်။ သူက သူ၏ လက်နှစ်ဖက်ကို အလောတကြီးမြှောက်ပြီး ခံစစ်ပုံစံဖြင့် သူ၏ သွေးချီကို လှည့်ပတ်လိုက်သည်။
ဘန်း…
တမလွန်ဘုရင်ပညာရှင်က ပျောက်ကွယ်သွားသည်။
သူရပ်နေခဲ့သော နေရာမှာ သွေးမြူတစ်ခုသာလျှင် ကျန်ရစ်ခဲ့လေသည်။
နောက်ထပ် တမလွန်ဘုရင် ပညာရှင်တစ်ဦးက စုတ်ပြတ်သတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။
ရွှစ်…
ရိပ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာက တတိယမြောက် တမလွန်ဘုရင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထိုတမလွန်ဘုရင်၏ အမူအရာက တည်တံ့နေပြီး သူက သူ၏ ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာကို ကြိုတင်ဆင့်ခေါ်ထားပြီဖြစ်သည်။
၎င်းသည် ဆူးချွန်များဖြင့် ပြည့်နှက်၍ အေးစက်စွာ တောက်ပနေသော ဧရာမ မဟူရာဒိုင်းကာတစ်လက် ဖြစ်သည်။
ထိုလူ၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်လေသည်။ သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်လာသည်ကို သူတွေ့မြင်သည့်အခါမှာပင် သူက သူရှေ့မှာ မဟူရာဒိုင်းကာကို ကာကာ သူ၏ ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး နောက်ဘက်မှာ ပုန်းကွယ်လိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်း မရှိပေ။
သူသည် ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာကို မတွေ့မြင်ရသည့်အလား သူက အနက်ရောင်ဒိုင်းကာထံသို့ ဆက်လက်၍ ပစ်ထိုးလိုက်သည်။
ဘုန်း…
ကျယ်လောင်သော မြည်သံနှင့်အတူ တွဲဖက်ပြီး အနက်ရောင်ဒိုင်းကာက သိုင်းတာအိုပင်မခန္ဓာထံမှာ ထိုးချက်တစ်ချက်ဖြင့် ထိုးဖောက်ခံလိုက်ရသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်သည် မဟူရာဒိုင်းကာကို ထိုးဖောက်သွားပြီးနောက် ကုန်ခန်းမသွားဘဲ ကျန်ရှိနေသော ခွန်အားက နောက်ဘက်မှာ ပုန်းကွယ်နေသော တမလွန်ဘုရင်ပညာရှင်ကို ခြေမွှဖျက်ဆီးကာ နေရာမှာပင် သူ့ကို သတ်ဖြတ်ပစ်လိုက်လေသည်။
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာသည် ထိုးချက်သုံးချက်နှင့်အတူ တမလွန်ဘုရင်သုံးဦးကို သတ်ဖြတ်လိုက်၏။
အဲဒါက တဲ့တိုးဆန်ပြီး ပြင်းထန်ကြမ်းတမ်းလွန်းလေသည်။
ထိုလှုပ်ရှားမှုများက ရှင်းလင်းတိကျသော သတ်ဖြတ်ကွက်များ ဖြစ်သည်။
သတ်ဖြတ်ရာမှာ ပြတ်သားခြင်း…
ပင်မခန်းမထဲရှိ ဘုရင်များနှင့် ပညာရှင်များအားလုံးက တုန်လှုပ်သွားကြသည်။
ရှေးဟောင်းတမလွန်မျိုးနွယ်သည် သူတို့၏ သန်မာသော သွေးချီနှင့် ကိုယ်ကာယကြောင့် ကျော်ကြားကြလေသည်။ သူတို့၏ အနီးကပ်တိုက်ခိုက်ရည်ခွန်အားက သူတို့နှင့် အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လေသည်။
ယခု တမလွန်ဘုရင်ပညာရှင်သုံးဦးသည် သိုင်းတာအိုပင်မခန္ဓာနှင့် ရင်ဆိုင်ရချိန်မှာ ပုရွက်ဆိတ်များ၊ ပုစွန်ဆိတ်များကဲ့သို့ အားနည်းနေသည်။
ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာပင်လျှင် ခရမ်းရောင်ဝတ်အမျိုးသားထံမှ ထိုးချက်တစ်ချက်ဖြင့် စက္ကူတစ်ရွက်ကဲ့သို့ ထိုးဖောက်ခံခဲ့ရသည်။
တမလွန်ဘုရင်ပညာရှင်သုံးဦးသည် ကောင်းကင်ဘုံကမ္ဘာမှာဆိုလျှင် ကောင်းကင်လိုဏ်ဂူအသေး အင်မော်တယ်ဘုရင်များနှင့်သာ တူညီလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ပြီးပြည့်စုံသော အစစ်အမှန်သိုင်းတာအိုခန္ဓာအရ သူသည် သူ၏ သွေးချီကို အသုံးပြုခြင်း မရှိလျှင်တောင် ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာများကို မပြောနှင့်၊ သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများကိုပင် ထိုးဖောက်နိုင်လေသည်။
လက်ရှိလူတိုင်းအပေါ် ထိုးနှက်ချက်က အရမ်းကို ကြီးမားလွန်းသည်။
သိုင်းတာအိုပင်မခန္ဓာသည် အနှိုင်းမဲ့ မရဏနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး ပြိုင်ဘက်ကင်းသောပုံစံဖြင့် တမလွန်ဘုရင်များကို တစ်ယောက်ပြီးတစ်ယောက် ထိုးသတ်ခဲ့လေသည်။
အစက မြင့်မြတ်၍ စွမ်းအားကြီးမားသော တမလွန်ဘုရင်များ၏ အသက်များသည် ထိုအခိုက်အတန့်မှာ တန်ဖိုးမဲ့လာခဲ့သည်။
သူသည် တမလွန်ဘုရင်များကို ခွေးသတ်သလို သတ်ဖြတ်နေခြင်း ဖြစ်လေသည်။