အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ
Vol. 177 Ch. 2655
မဟာတောင်ကြောရိုးဆယ်ခုမှ ပိုင်နက်အရှင်များ၏ အမိန့်များအောက်မှာ ငရဲဘုရင်ထောင်ချီက လေထဲသို့ပျံတက်လာပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်လိုက်ကြ၏။
ကြီးမားခံ့ညားသော ပင်မခန်းမက ထိုရိုက်ခတ်မှုလှိုင်းကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းပင်ပြိုကျသွားသည်။
အရွယ်အစားအမျိုးမျိုးကောင်းကင်လိုဏ်ဂူထောင်ချီက ထွက်ပေါ်လာကြ၏။
အဲဒါက မည်ကဲ့သို့သော မြင်ကွင်းမျိုးလဲ။
မြောက်ရိုးမမြို့တော်တစ်ခုလုံးက တသိမ့်သိမ့်လှုပ်ခါ၍ တောင်တန်းများကလဲပြိုကျကာ မြေပြင်က အက်ကွဲလာခဲ့၏။
မြို့ထဲမှာရှိသော ငရဲဗိုလ်များနှင့် ငရဲငယ်သားများသည် ဖြစ်ပျက်နေသည့်အရာကို လုံးဝမသိရှိကြပေ။
လူတိုင်းတွေ့မြင်ရသည်မှာ လေထဲမှာပေါ်ထွက်လာသော ငရဲဘုရင်ပညာရှင်များနှင့် မှောင်မိုက်၍ မကောင်းဆိုးဝါးဆန်နေသော ကောင်းကင်လိုဏ်ဂူထောင်ချီဖြစ်လေသည်။
သူတို့၏ မျက်နှာများက ဖြူဖျော့သွားပြီး သူတို့ပါ ရောပါငြိစွန်းခံရမည်ကိုစိုးကာ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာသွားကြသည်။
ထန်ချင်အာသည် ငရဲဘုရင်ထောင်ချီဝိုင်းပတ်ခံထားရသည့် ပုံရိပ်ကို စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် မော့ကြည့်နေ၏။
သူက ငရဲဘုရင်ထောင်ချီနှင့် အရွယ်အစားအမျိုးမျိုးကောင်းကင်လိုဏ်ဂူထောင်ချီကို ဘယ်လိုလုပ်ခုခံနိုင်မှာလဲ။
ငရဲအရှင်ဆီးနှင်းစိမ့်စမ်တစ်ဦးတည်းကသာ ဤကဲ့သို့သော ကြီးမားသည့်အစုအဖွဲ့တစ်ခုကို ကိုင်တွယ်နိုင်ပေလိမ့်မည်။
အဲဒါက မဖြစ်နိုင်ဟု သူမသိရှိထားသော်လည်း ထန်ချင်အာသည် ထူးခြားအံ့မခန်းတစ်ခုဖြစ်လာဖို့ မျှော်လင့်နေဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် လေထဲမှာမတ်တတ်ရပ်ပြီး မတူညီသောအရွယ်အစားများနှင့် မတူညီသောဓမ္မတာအိုများနှင့် ကောင်းကင်လိုဏ်ဂူထောင်ချီကို အာရုံခံကြည့်လိုက်၏။ သူ၏ အကြည့်က တည်တံ့လာပြီး သူ၏ မျက်လုံးထဲရှိ တောက်လောင်နေသောမီးတောက်များက ပိုမိုတောက်ပစွာ လောင်ကျွမ်းလာခဲ့၏။
သိုင်းတာအိုကို ကောက်ချက်ချ၍ ပြီးပြည့်စုံစေဖို့အတွက် သိုင်းတာအိုပင်မခန္ဓာသည် ရောက်လေရာအရပ်မှာ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ရှာဖွေတတ်သည်။
ယခုသူသည် ငရဲကမ္ဘာမှာ ပိတ်မိနေပြီး လောလောဆယ်မှာ မထွက်သွားနိုင်ဘူးဆိုမှတော့ သူသည် ငရဲကမ္ဘာ၏ ဓမ္မတာအိုအမွေအနှစ်များကို လေ့လာရပေမည်။
ငရဲကမ္ဘာ၏ လေးနက်သိမ်မွေ့သော ဓမ္မတာအိုများနှင့် ထိတွေ့နိုင်ရန် ငရဲဘုရင်များ၏ ကောင်းကင်လိုဏ်ဂူများကို သန့်စင်မွန်းမံခြင်းထက် ပိုမိုမြန်ဆန်ပြီး ပိုမိုတိုက်ရိုက်ကျတာ ဘာမှမရှိတော့ပေ။
"အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ"
သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ဝေဝါးသွားပြီး ကြီးမား၍ထူးဆန်းသော ကောင်းကင်လိုဏ်ဂူတစ်ခုက သူ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် ဤနက်မှောင်နေသော ကောင်းကင်လိုဏ်ဂူကို သိုင်းတာအို၏ စတင်မှုနှင့် မူလဇာစ်မြစ်ကို ရည်ညွှန်းပြီး အမြုတေသိုင်းကောင်းကင်လိုဏ်ဂူဟု အမည်ပေးထား၏။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် အစစ်အမှန်သိုင်းကောင်းကင်လိုဏ်ဂူ မဟုတ်သေးပေ။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ ဆင်းသက်လာမှုကို တုပ၍မရနိုင်ဘဲ အဲဒါက လောက၏ မူကွဲတစ်ခုဖြစ်ခဲ့သည်။ တာအိုခန္ဓာက တာအိုသစ်သီးဖြစ်ပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကို ခြေမွှဖျက်ဆီးခြင်းဖြင့် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက ဖြစ်ပေါ်လာခဲ့၏။
သိုင်းတာအို၏ နောက်ထပ်နယ်ပယ်အတွက် ဓမ္မအစီအရင်ကို ယခုအချိန်ထိ မတည်ဆောက်ရသေးပေ။
အစစ်အမှန်သိုင်းကောင်းကင်လိုဏ်ဂူသည် ထိုဓမ္မအစီအရင်နှင့်အတူ ပေါ်ထွက်လာပေလိမ့်မည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ တစ်မူထူးခြားမှုကြောင့် ၎င်းသည် သုံးဘုံလောကကိုကျော်လွန်နေပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူသန့်စင်မည်ဆိုလျှင်တောင် ၎င်းက ကြီးထွားလာလိမ့်မည် မဟုတ်ပေ။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို ကြီးထွားလာစေဖို့ အကောင်းဆုံးနည်းလမ်းမှာ အခြားသော ကောင်းကင်လိုဏ်ဂူများကို ဝါးမျိုပြီး အမျိုးမျိုးသောဓမ္မတာအိုအမွေအနှစ်များကို သန့်စင်မွန်းမံဖို့ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲမှာ အမျိုးမျိုးသော ဓမ္မတာအိုများနှင့် ကောင်းကင်လိုဏ်ဂူထောင်ချီက ကောင်းကင်လိုဏ်ဂူများ လုံးဝမဟုတ်ပေ။ သူတို့သည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူအတွက် ကြီးမားသောစားသောက်ပွဲကြီးတစ်ခုနှင့်တူနေသည်။
တကယ်တော့ သိုင်းတာအိုပင်မခန္ဓာက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာတုန်းက ရုတ်တရက်ပေါ်ထွက်လာခဲ့သည့် အားကောင်းသောအန္တရာယ်အငွေ့အသက်က သူ၏ စိတ်ထဲမှာ တစ်ဖန်ပေါ်ထွက်လာ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ငရဲဘုရင်များ၏ ဝါးမျိုခြင်းခံထားရပြီး တခြားအရာများနှင့်ပတ်သက်၍ စဥ်းစားနေဖို့ အချိန်မရပေ။
မင်ဖုန့်နှင့် အခြားသူများသည် သိုင်းတာအိုပင်မခန္ဓာက သူ၏ ကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်လိုက်သောအခါ သူတို့၏ အမူအရာများက တည်တံ့လာကြ၏။
သိုင်းတာအိုပင်မခန္ဓာက ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို ထုတ်ဖော်လိုက်မည်ဆိုလျှင် ငရဲဘုရင်ထောင်ချီသည် အတူပူးပေါင်းထားလျှင်တောင် အသာစီးရရှိချင်မှရရှိပေလိမ့်မည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကိုသာ ထုတ်ဖော်လိုက်သောအခါ သူတို့က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
"သူက ဘယ်သူများလဲလို့ ငါကစဥ်းစားနေတာ... လက်စသတ်တော့ ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကို စုဖွဲ့ထားတဲ့ သာမန်ငရဲဘုရင်တစ်ပါးပဲ"
"ငါတို့တွေက နဲနဲအတွေးလွန်ခဲ့ကြတဲ့ပုံပဲ... ပိုင်နက်အရှင်ဆယ်ဦးထဲက ဘယ်သူမဆို သူ့ကိုဖိနှိမ်နိုင်တယ်"
"ငါ့အထင်တော့ ငါတို့ပေါ့ပေါ့ဆဆ မလုပ်သင့်ဘူး... ဒီလူ့မှာ စွမ်းအားကြီးမားတဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးရှိတယ်... စောစောကတင် သူက တမလွန်ဘုရင်ပညာရှင်တချို့ကို သတ်ဖြတ်ခဲ့သေးတယ်"
သူ၏ ဘေးပတ်လည်မှ ဆွေးနွေးသံများကို နားထောင်ရင်း မင်ဖုန့်က အေးစက်စွာ ပြောလိုက်သည်။
"သူ့ကိုအရင်သတ်ကြ... တခြားဘာအမှားအယွင်းမှ မဖြစ်စေနဲ့"
"သတ်"
မဟာငရဲတောင်ကြောရိုးဆယ်ခုမှ ပိုင်နက်အရှင်များက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ လက်များကို မြှောက်လိုက်ကြ၏။
မင်ဖုန့်နှင့် ပိုင်နက်အရှင်ဆယ်ဦး၏ ဦးဆောင်မှုအောက်မှာ အရွယ်အစားအမျိုးမျိုးနှင့် ကောင်းကင်လိုဏ်ဂူထောင်ချီက ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ထုတ်ဖော်ပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ဖိခြေကျဆင်းလာကြ၏။
"ဝါးမျိုလိုက်စမ်း"
သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး မှောင်မိုက်၍နက်ရှိုင်းသော ကောင်းကင်လိုဏ်ဂူတစ်ခုကသာ လေထဲမှာကျန်ရစ်ခဲ့လေသည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် စတင်၍ အဆက်မပြတ်လည်ပတ်လာပြီး တိုးဝင်လာသော ကောင်းကင်လိုဏ်ဂူအမျိုးမျိုးကို ဝါးမျိုမည့် ဧရာမဝဲကတော့တစ်ခုကို ပေါ်ထွက်လာစေ၏။
"ဟမ့်..."
မင်ဖုန့်နှင့် ပိုင်နက်အရှင်ဆယ်ဦး၏ ကောင်းကင်လိုဏ်ဂူအကြီးများက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူနှင့် အရင်ဆုံးထိတွေ့မိသွား၏။
အစကတော့ သူတို့သည် အတူပူးပေါင်းပြီး အမြုတေသိုင်းကောင်းကင်လိုဏ်ဂူကို ဘာမှမကျန်အောင် တစ်ထိုင်တည်းဖိနှိမ်ဖို့ စီစဥ်ထားကြသည်။
မထင်မှတ်ထားစွာပင် ကောင်းကင်လိုဏ်ဂူများက အမြုတေသိုင်းကောင်းကင်လိုဏ်ဂူများနှင့် ထိတွေမိသည့်ခဏမှာပင် သူတို့ကစတင်၍ လှုပ်ခါလာပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများ၏ စွမ်းအားများက လျင်မြန်စွာလျော့ကျလာ၏။
သူတို့သည် ကောင်းကင်လိုဏ်ဂူများအဖြစ် သူတို့၏ ပုံသဏ္ဌာန်ကိုသာ အနိုင်နိုင်ထိန်းထားရပြီး တဖြည်းဖြည်း ပျက်ပြယ်လာနေသည်။
"ဘာလဲဟ"
"ဒီလူက ကောင်းကင်လိုဏ်ဂူအကြီးတွေကို တကယ်ပဲဝါးမျိုနေတာလား"
မင်ဖုန့်နှင့် အခြားသူများက တုန်လှုပ်သွားကြသည်။
ငရဲကမ္ဘာမှာ လူတစ်ယောက်သည် ကောင်းကင်လိုဏ်ဂူစွမ်းအားကို ဝါးမျိုသန့်စင်ချင်သည်ဆိုလျှင် သူတို့သည် အရင်ဆုံးကောင်းကင်လိုဏ်ဂူများ၏ ကြေမွထားသော အပိုင်းအစတချို့ကို ရှာဖွေကာ အချိန်အတန်ကြာပေးပြီး အဲဒါကိုဖြည်းဖြည်းချင်း ချေဖျက်သန့်စင်ရမည်ဖြစ်သည်။
အစားအစာများကို အငမ်းမရဝါးမျိုနေသည့်အလား သိုင်းတာအိုပင်မခန္ဓာပြုလုပ်သကဲ့သို့ ဘယ်သူက ပြုလုပ်မှာလဲ။
"ဝါးမျိုစမ်း... ဝါးမျိုလိုက်စမ်း"
မင်ဖုန့်နှင့်အခြားသူများက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း လုံးဝမရှိပေ။
သူတို့က ကြမ်းကြုတ်ခက်ထန်သောအမူအရာများကို ထုတ်ဖော်ထားကြ၏။
"မင်းက ဒီလောက်အစားကြူးတယ်ဆိုမှတော့... မင်းအလိုဆန္ဒပြည့်တဲ့အထိ စားခိုင်းရတာပေါ့"
ကောင်းကင်လိုဏ်ဂူအသေးတစ်ခုအနေဖြင့် သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများကို ဝါးမျိုလိုသည်မှာ အစကတည်းက အလွန်တရာရယ်စရာကောင်းနေသည်။
အဲဒါသည် နတ်နဂါးတစ်ကောင်ကို ဝါးမျိုဖို့ကြိုးစားနေသော အနာကွန်ဒါတစ်ကောင်နှင့်တူနေသည်။
ထိုအနာကွန်ဒါက သက်သက်အသေခံလိုနေခြင်း မဟုတ်ပါလား။
သူတို့၏ ကောင်းကင်လိုဏ်ဂူအကြီးများအပြင် သူတို့၏ နောက်ဘက်မှာ အရွယ်အစားအမျိုးမျိုးနှင့် ကောင်းကင်လိုဏ်ဂူထောင်ချီကလည်း ရှိနေသည်။
ဤမျှများပြားသော ကောင်းကင်လိုဏ်ဂူများနှင့် ဓမ္မတာအိုအမွေအနှစ်များကြား ပဋိပက္ခက ပြင်းထန်ကြမ်းတမ်းနေပေလိမ့်မည်။
ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကို မပြောနှင့် ကောင်းကင်လိုဏ်ဂူအကြီးများနှင့် ပကတိကောင်းကင်လိုဏ်ဂူများပင်လျှင် အဲဒါကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ဧကရာဇ်တစ်ပါးဖန်တီးထားသည့် လောကတစ်ခုကသာလျှင် သူတို့အားလုံးကို ဝင်ဆံ့နိုင်ကောင်းဝင်ဆံ့နိုင်ပေလိမ့်မည်။
တကယ်တော့ မင်ဖုန့်နှင့်အခြားသူများ မျှော်လင့်ထားသည့်အတိုင်းပင်။
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် မည်သည့်တန်ပြန်ရိုက်ခတ်မှုမှမရှိဘဲ အန္တိမအင်မော်တယ်ဘုရင်ဆယ့်ကိုးပါး၏ ကောင်းကင်လိုဏ်ဂူများကို ဝါးမျိုနိုင်ခဲ့သည်။
သို့သော်ယခု... ဤနေရာမှာ အရွယ်အစားအမျိုးမျိုးနှင့် ကောင်းကင်လိုဏ်ဂူထောင်ချီရှိနေပြီး အမြုတေသိုင်းကောင်းကင်လိုဏ်ဂူအနေဖြင့် သူတို့အားလုံးကိုကိုင်တွယ်ဖို့ အတော်လေးခက်ခဲနေသည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူအနေဖြင့် ဤကောင်းကင်လိုဏ်ဂူများ၏ ဓမ္မတာအိုများက်ို ချက်ချင်းသန့်စင်မွမ်းမံဖို့က မဖြစ်နိုင်ပေ။
၎င်းသည် ဤကောင်းကင်လိုဏ်ဂူများ၏ ဓမ္မတာအိုများကို ယာယီအားဖြင့် ထိန်းသိမ်းထားပြီး နောက်ပိုင်းမှသာ သူတို့ကို ကောက်ချက်ချစုပ်ယူသန့်စင်ရပေမည်။
သို့သော်လည်း အမြုတေသိုင်းကောင်းကင်လိုဏ်ဂူအနေဖြင့် ထိုသို့ပြုလုပ်ဖို့ လုံးဝအချိန်မရပေ။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူ၏ ဝဲကတော့က ပို၍ကြီးမားသည်ထက် ကြီးမားလာခဲ့၏။
သို့သော်လည်း လည်ပတ်နေသောအလျင်အဟုန်က တဖြည်းဖြည်းနှေးကွေးလာခဲ့၏။
ဤတိုင်းသာဆက်သွားလျှင် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက သေချာပေါက်ပေါက်ကွဲထွက်သွားပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိနည်းလမ်းများအရ သူ့အနေဖြင့် ငရဲဘုရင်ထောင်ချီ၏ ဝိုင်းပန်ပိတ်ဆို့မှုကနေ ဖောက်ထွက်ဖို့က မခက်ခဲပေ။ မည်သူကမှ သူ၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူ့အနေဖြင့် မြောက်ပိုင်းရိုးမ၏ ထန်မိသားစုကို ကာကွယ်ပေးဖို့က ခက်ခဲသွားပေလိမ့်မည်။
ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲမှာ ထွက်ပေါ်လာသည့် ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခုကို သတိထားမိလိုက်၏။
မဟာအဝီစိမှာတုန်းက သူသည် ဝိညာဥ်မီးအိမ်၏ လမ်းညွှန်မှုနောက်သို့လိုက်ပါရင်း တမလွန်ဘုံရတနာကြေးမုံဟုခေါ်သော ရှေးဟောင်းကြေးမုံတစ်လက်ကို ရရှိခဲ့သည်။
ထိုရှေးဟောင်းကြေးမုံသည် ထူးခြားဆန်းပြားသည့်ပုံပေါ်၏။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ၎င်းနှင့်ပတ်သက်သည့် ထူးခြားမှုတစ်စုံတစ်ရာကို ရှာမတွေ့နိုင်ခဲ့ပေ။
ထူးဆန်းစွာနှင့်ပင် တမလွန်ရတနာကြေးမုံကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်လို့မရခဲ့ပေ။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာက အဲဒါကို ယာယီအားဖြင့် သူ၏ အင်္ကျီကြားထဲမှာ ထည့်ထားခဲ့သည်။
ယခုသူက ကောင်းကင်လိုဏ်သူတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး တမလွန်တရနာကြေးမုံသည် သူ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲသို့ ဝင်ရောက်ကာ အထဲမှာ လွင့်မျောနေ၏။
တစ်မူထူးခြားသော စွမ်းအင်အတက်အကျသည် ထိုတမလွန်ဘုံရတနာကြေးမုံကနေ လာခြင်းဖြစ်လေသည်။