← Chapters

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း(၁၃၈၄)

"အင်ပါယာအလောင်း.. ဒါ့အပြင် ဒါက မဟာအင်ပါယာရဲ့အလောင်းပဲ"

ဤအချိန်တွင် ကျန်းချန်သည် အင်ပါယာခွင်းရှ၏ အလောင်းကို စိတ်ဝင်စားသွားခဲ့သည်။

အင်ပါယာခွင်းရှ၏ ယခုလေးတင် ထုတ်လွှတ်လိုက်သော ဖျက်ဆီးခြင်းစွမ်းအားသည် ခန်းမထဲရှိ အရာအာလုံးကို ပျက်စီးသွားစေခဲ့သော်လည်း ၎င်း၏ မဟာအင်ပါယာ ခန္ဓာကိုယ်ကိုမူ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။၊

ဤအလောင်းကိုသာ ထိန်းချုပ်နိုင်မည်ဆိုလျှင် ထိုအလောင်းကောင်ကနေ ထုတ်ဖော်မည့် စွမ်းရည်သည် နဂါးအသေကောင်ထက်ပင် လုံးဝ မနိမ့်ကျလောက်ချေ။

သို့သော်လည်း အစောပိုင်းက တိုက်ခိုက်မှုအပြီးတွင် အင်ပါယာ ခွင်းရှ၏ အလောင်းပေါ်တွင် ကြွင်းကျန်ရစ်ခဲ့သည့် အသိစိတ် တစ်ပိုင်းသည် လုံးဝ ပျောက်ကွယ်သွားပြီလားဆိုသည်ကို ကျန်းချန် လုံးဝ မသေချာသေးပေ။

အဆုံးသတ်တွင် အင်ပါယာခွင်းရှသည် ၎င်း၏ ခန္ဓာကိုယ်ကို ပြန်လည် ရှင်သန်လာရန် အတွက် ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားကို ပြန်လည် အသုံးပြုခဲ့သည်မှာ ရည်ရွယ်ချက်အချို့ ရှိပုံရ၏။

ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားများက ပျက်စီးသွားပြီ ဖြစ်သော်လည်း အင်ပါယာအလောင်း ထဲတွင် မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေသလဲ ဆိုသည်ကို သူ မသိပေ။

သူက ခန်းမထဲကို ဝင်ပြီးမှ အင်ပါယာခွင်းရှ၏ အလောင်းကောင်က နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ယနေ့တွင် သူသည် ဤနေရာတွင် အမှန်တကယ် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ခန်းမထဲကို ဝင်ရန် ဒွိဟ ဖြစ်နေစဥ်မှာပင် သူ၏ အနောက်ကနေ ကျယ်လောင်သော ကြုံးဝါးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး.. မင်းက အင်ပါယာနန်းတော်ကို ကျူးကျော်ဝင်ရောက်ပြီး ငါတို့ခွင်းရှဂိုဏ်းရဲ့ နှစ်ထောင်ပေါင်းများစွာ စီစဥ်ခဲ့တဲ့ အစီအစဥ်ကို ဖျက်ဆီးခဲ့တဲ့အတွက် ငါမင်းကို သတ်ပစ်မယ်"

ကျန်းချန်က နောက်သို့ လှည့်ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဒေါသရိပ်များ ပြည့်နှက်နေသည့် ပုံရိပ်အချို့သည် သူ့ဆီသို့ တိုက်ရိုက် ဦးတည်လာသည်ကို တွေ့လိုက်ရသည်။

၎င်းတို့ ထုတ်လွှတ်နေသာ အရှိန်အဝါသည် ရှထျန်းယန်နှင့်နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် ကျင့်ကြံသူများထက် များစွာပို၍ အားကောင်း၏။

အင်ပါယာနန်းတော်ထဲကို ဝင်ရောက်လာသည့် ဤလူနည်းစုသည် ခွင်းရှဂိုဏ်း၏ အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ဤအင်ပါယာတစ်ပိုင်း စွမ်းအင်ခန္ဓာကိုယ်များ၏ စွမ်းအင်များက ကြောက်မက်ဖွယ်ရာနှုန်းဖြင့် ပျောက်ကွယ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

အင်ပါယာနန်းတော်၏ ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလား ပျက်စီးသွားသည်နှင့်အမျှ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူကို လွှမ်းခြုံထားသည့် ဝိညာဥ်ပြန်လည်မွေးဖွားခြင်း အစီအရင်က သေချာပေါက် ပြိုလဲသွားသည်မှာ ထင်ရှားနေသည်။

ဤစွမ်းအင်ခန္ဓာကိုယ်များသည် ဝိညာဥ် ပြန်လည် မွေးဖွားခြင်း အစီအရင်၏ အကာအကွယ်ကို ဆုံးရှုံးသွားသောကြောင့် ဤကမ္ဘာကြီးတွင် လုံးဝ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

ဆိုရလျှင် ဤအင်ပါယာတစ်ပိုင်း စွမ်းအင်ခန္ဓာကိုယ်များသည် မကြာခင်တွင် လုံးဝ ပျောက်ကွယ်သွားကြလိမ့်မည် ဖြစ်သည်။

"ကောင်လေး သွားသေလိုက်စမ်း"

ကျန်းချန်က အင်ပါယာတစ်ပိုင်း စွမ်းအင်ခန္ဓာကိုယ်များကို ကြည့်ရှုနေစဥ်မှာပင် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ် တစ်ခုသည် ကျန်းချန်ဆီသို့ အလျင်အမြန် ပြေးဝင်လာခဲ့သည်။

သူက ကြောက်မက်ဖွယ် လက်သည်းကုတ်ချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်၏။

သူ၏ လက်သည်းကုတ်ချက်က နေရာလွတ်ကိုပင် ထိုးဖောက်သွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းဆီသို့ ရောက်ရှိလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်က သဘာဝလွန်သွေးမျိုးဆက်စွမ်းရည် ဖြစ်သည့် ကမ္ဘာဖျက်ဆီးနဂါးမီးလျှံကို ထုတ်ဖော်ကာ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

တုန်လှုပ်ဖွယ်ပေါက်ကွဲသံသည် အင်ပါယာနန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။

"မင်းတို့ အင်ပါယာတစ်ပိုင်း စွမ်းအင်ခန္ဓာကိုယ်တွေက တကယ်ကို သန်မာတာပဲ.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ အစီအရင် မပျက်စီးသေးဘူး ဆိုရင်တော့ ငါ့အနေနဲ့ မင်းတို့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့လိမ့်မယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းတို့က ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တော့တာ ငါ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ"

ကျန်းချန်က အင်ပါယာတစ်ပိုင်း စွမ်းအင်ခန္ဓာကိုယ်ကို ကြည့်ကာ လှောင်ပြောင်၍ ပြောလိုက်သည်။

ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင် ပြိုကွဲသွားပြီးနောက်တွင် စွမ်းအင်ခန္ဓာကိုယ်များ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

အစီအရင် ပြိုလဲချိန်ကနေ ယခုအချိန်ထိ ရေတွက်လျှင် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များ၏ စွမ်းအားသည် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့က ပို၍ အားနည်းသွားမည်ဖြစ်ရာ ကျန်းချန်ကို များစွာ ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ပေ။

"ကောင်လေး.. ငါတို့ ဒီနေ့ သေရမယ်ဆိုရင်တောင် မင်းကို သေမင်းဆီ အပါခေါ်သွားမယ်"

အင်ပါယာတစ်ပိုင်းအဆင့် ခန္ဓာကိုယ်က ကျန်းချန်ကို စူးစိုက်၍ စိုက်ကြည့်လိုက်ပြီး သူ၏နံဘေးမှ တခြားသော အင်ပါယာတစ်ပိုင်းအဆင့် စွမ်းရည်ခန္ဓာကိုယ် သုံးခုကို ချက်ချင်းပင် အဖော်စပ်လိုက်သည်။

"ဒီကောင်လေးက အားမနည်းဘူး.. ငါတို့တွေ အတူတူပူးပေါင်းပြီး ဒီကောင့်ကို သတ်ကြစို့"

"ဝုန်း.."

အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်၏ စကားအဆုံးသတ်သည်နှင့် အမျှ တခြားသော စွမ်းအင်ခန္ဓာကိုယ်သုံးခုထံမှ စွမ်းအင်များသည်လည်း အပြည့်အဝပင် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုလေးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ကျန်းချန်ဆီသို့ တစ်ချိန်တည်းနီးပါး ရောက်ရှိလာခဲ့သည်။

ကျန်းချန်သည် ထိုလေးယောက်၏ တိုက်ခိုက်မှုကနေ အင်ပါယာဥပဒေသ စွမ်းအားကို ခပ်ရေးရေး ခံစားမိလိုက်သည်။

"တိမ်တိုက်ဝါးမျိုနည်းစနစ်"

"အစစ်အမှန် နဂါးခန္ဓာကိုယ် သွေးစွမ်းအား"

"နယ်မြေငါးခု ထပ်ဆင့် စွမ်းအား"

"............."

သူ့ရှေ့မှ အင်ပါယာတစ်ပိုင်း အဆင့် စွမ်းအင်ခန္ဓာကိုယ် လေးခုသည် ပုံမှန်တိုက်ခိုက်ရေး စွမ်းရည်ထက် (၇၀)ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီ ဖြစ်သော်လည်း ၎င်းတို့သည် အင်ပါယာတစ်ပိုင်း အဆင့်ကို ရောက်ရှိခဲ့ကြသည့် သူများဖြစ်၍ အင်ပါယာဥပဒေသ စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထိုလေးယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ကျန်းချန်သည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ဘဲ သူ၏ ဝှက်ဖဲအားလုံးကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။

"ဝုန်း.. ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားငါးခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံမိသွားကြပြီး ဥက္ကာခဲများ တိုက်သကဲ့သို့ မုန်တိုင်းတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ဝှေ့ယမ်းသွားခဲ့သည်။

ပေတစ်ထောင်ပတ်လည်ရှိ နေရာလွတ်ပင် ဤမုန်တိုင်းအောက်၌ ပျက်စီးသွားသကဲ့သို့ ထင်ရသည်။

ထိုဖျက်ဆီးအားပြင်းသော မုန်တိုင်း၏ တိုက်ခိုက်မှုအောက်တွင် ကျန်းချန်၏ ပုံရိပ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သူ၏ ခြေလှမ်းတိုင်းတွင် သူ့ခြေထောက်အောက်ရှိ မာကြောသော ကျောက်သားကြမ်းပြင်သည်ပင် အပေါက်များ အဖြစ် ကျန်ရစ်ခဲ့သည်။

ခြေလှမ်းများ နောက်သို့ ဆုတ်လိုက်ရပြီးမှသာ ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

"အင်ပါယာဥပဒေသကို နားလည်ထားတဲ့ အင်ပါယာတစ်ပိုင်း ပုဂ္ဂိုလ်တွေက တကယ်ကို အစွမ်းထက်တာပဲ"

ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်ပြီးနောက် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

အင်ပါယာတစ်ပိုင်းအဆင့်သည် ကျန်းချန် ထင်ထားသည်ထက်ပင် ပိုမို၍ အားကောင်းနေ၏။

သူ့ရှေ့မှ အင်ပါယာတစ်ပိုင်း အဆင့် စွမ်းအင်ခန္ဓာကိုယ် လေးခုသည် ၎င်းတို့၏ အထွတ်အထိပ် ကာလထက် များစွာအားနည်းနေလျှင်ပင် အစောပိုင်းက ၎င်းတို့ လေးယောက်ပူးပေါင်း တိုက်ခိုက်မှုသည် သူ့ကိုများစွာ ခြိမ်းခြောက်နိုင်ခဲ့သည်။

အထူးသဖြင့် ထိုတိုက်ခိုက်မှုတွင် ပါဝင်နေသည့် အင်ပါယာဥပဒေသ၏ စွမ်းအား ဖြစ်သည်။

သူသာ ရုပ်ပိုင်းဆိုင်ရာကို မကျင့်ကြံထားခဲ့လျှင် အစောပိုင်းက တိုက်ခိုက်မှုကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားမည်မှာ သေချာသလောက်ပင်။

ကံကောင်းစွာပင် အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင် ခန္ဓာကိုယ်များသည် အစောပိုင်းက တိုက်ခိုက်မှုကို ထုတ်ဖော်ပြီး‌နောက်တွင် ၎င်းတို့ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များက နောက်ထပ်(၂၀) ရာခိုင်နှုန်းထပ်ပြီး ကုန်ဆုံးသွားခဲ့သည်။

၎င်းတို့ စွမ်းအင်များ ပျောက်ကွယ်လာသည်နှင့်အမျှ ယခုအခါတွင် ၎င်းတို့၏ တိုက်ခိုက်‌ရေးစွမ်းအင်သည် (၃၀)ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့၏။

ဆိုရလျှင် စွမ်းအင်ခန္ဓာကိုယ် လေးခု၌ တိုက်ခိုက်ရေးစွမ်းရည်များစွာ မရှိတော့ပေ။

ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ ဥက္ကာခဲဓားကိုထုတ်ဖော်ကာ ချက်ချင်းဆိုသလိုပင် သူ၏ ရှေ့မှ စွမ်းအင်ခန္ဓာကိုယ်လေးခု၏ ဦးခေါင်းကို ဖြတ်ချလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အင်ပါယာတစ်ပိုင်းအဆင့်နဲ့ အနာဂတ်မှာ ကြုံရရင် သတိထားမှဖြစ်မယ်"

အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ် လေးခုကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အကယ်၍သာ တကယ့် အင်ပါယာတစ်ပိုင်း အဆင့် ပုဂ္ဂိုလ်နှင့်သာရင်ဆိုင်ရလျှင် သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအင်ဖြင့် ချက်ချင်း အသတ်ခံရမည်မှာ သေချာသလောက်ပင်။

"စိတ်မကောင်းစရာပဲ.. ဝိညာဥ်ပြန်လည်မွေးဖွားခြင်း အစီအရင် ပျက်စီးသွားတဲ့အတွက် ဒီအင်ပါယာတစ်ပိုင်း စွမ်းအင်ခန္ဓာကိုယ်လေးခုရဲ့ ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ထဲမှာ စွမ်းအင် အနည်းငယ်လောက်ပဲ ကျန်တော့တယ်.. မဟုတ်ရင် ငါ့ရဲ့စွမ်းအားကို တစ်ဟုန်ထိုး တိုးတက်သွားစေမှာ သေချာတယ်"

ကျန်းချန်က အရောင်မှိန်တိန်တိန် ဖြစ်နေသည့် ဝိညာဥ်ခရစ္စတယ် လေးခုကို ကြည့်ကာ နှမြောသော အမူအရာဖြင့် ခေါင်းကို ခါရမ်းလိုက်သည်။

ယခုအခါတွင် ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင် ပျက်စီးသွားပြီ ဖြစ်ရာ အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များသည်ပင် ဆက်လက် ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

သို့ဖြစ်ရာ အပြင်ဘက်မှ နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ်များ ဆိုလျှင် ပြောနေစရာပင် မလိုပေ။

၎င်းတို့သည် သိပ်မကြာခင် အချိန်အတွင်း ကမ္ဘာပေါ်တွင် လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်၏။

အင်ပါယာခွင်းရှ ဖန်တီးထားသော ဝိညာဥ် ပြန်လည်မွေးဖွားခြင်း အစီအရင်နှင့် ၎င်းတည်ထောင်ထားသောခွင်းရှဂိုဏ်းသည် ဤအချိန်တွင် လုံးဝ ဖျက်ဆီးခံလိုက်ရသည်။

‌ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ အတွင်းမှ ခွင်းရှဂိုဏ်း၏ ရှန်းဝူတိုက်အပေါ်ခြိမ်းခြောက်မှုကို ကျန်းချန်က လုံးဝ ဖြေရှင်းလိုက်ပြီ ဖြစ်သည်။

အခန်း(၁၃၈၄)ပြီး၏။

အခန်း(၁၃၈၅)

ကျန်းချန်က အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်လေးခုနှင့် တိုက်ခိုက်နေစဥ်မှာပင် အင်ပါယာနန်းတော်၏ အပြင်ဘက်တွင် ရှဟန်ထျန်းသည်လည်း ခွင်းရှဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ် တစ်ရာနီးပါးကို အလျင်အမြန် စုစည်းကာ အင်ပါယာနန်းတော်ထဲကို ဝင်ရောက်ရန် ပြင်ဆင်နေခဲ့သည်။

သို့သော် နေရာလွတ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ နယ်မြေတစ်ခုလုံးသည် စတင် တုန်ခါလာခဲ့သည်။

ခဏအကြာတွင် ရှဟန်ထျန်းသည် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ထဲတွင် နှစ်ထောင်ပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် အခိုးအငွေ့များသည် ဤအချိန်တွင် ရုတ်တရက် အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ပတ်ဝန်းကျင်မှ စွမ်းအင်ခန္ဓာကိုယ်များထံမှ စွမ်းအင်များသည် လေထွက်သွားသော ပူဖောင်းတစ်လုံးကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အစောပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ်များ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဥ်အဆီအနှစ် စွမ်းအင် ထက်ဝက်ကျော်သည် ပျောက်ကွယ်သွားခဲ့သည်။

စွမ်းအင်ခန္ဓာကိုယ်များသည် စိတ်ပျက်အားငယ် သွားခဲ့ပြီး ထိတ်လန့်တကြား ဖြစ်ကာ ဆောက်တည်ရာမရ ဖြစ်ကုန်ကြသည်။

သူတို့ မည်သို့ပင် အားထုတ်ပါစေ၊ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ပျောက်ကွယ်သွားသည်ကို ရပ်တန့်၍မရခဲ့ပေ။

သိပ်မကြာခင်မှာပင် စွမ်းအင်ခန္ဓာကိုယ် တစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အသက်ရှူကြိမ် အနည်းငယ် အတွင်း စွမ်းအင်ခန္ဓာကိုယ် တစ်ဒါဇင်ကျော်သည် ရှဟန်ထျန်း၏ ရှေ့မှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့၏။

"လခွမ်း ဒီကောင်လေးက ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူ နယ်မြေတစ်ခုလုံးကို တကယ်ကို ဖျက်ဆီးလိုက်တာပဲ"

ရှဟန်ထျန်းက ဒေါသအိုး ပေါက်ကွဲနေခဲ့ပြီး သူ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

သူ၏ရှေ့မှ အခြေအနေနှင့် ရင်ဆိုင်ရလျှင် ရှဟန်ထျန်းသည် ဘာမှမတတ်နိုင်ဘဲ နတ်သန္ဓေအင်ပါယာအဆင့် စွမ်းအင်ခန္ဓာကိုယ်များ ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

ရှဟန်ထျန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အင်ပါယာနန်းတော်ထဲကို ဝင်ရောက်ကာ ကျန်းချန်ကို ရှာဖွေတော့မည့်အချိန်မှာပင် အနီရောင်ပုံရိပ် အချို့သည် သူ့ရှေ့တွင် လျှပ်တစ်ပြက် ပေါ်ထွက်လာခဲ့သည်။

"ရှဟန်ထျန်း.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူက ပျက်စီးသွားခဲ့ပြီ.. မင်းအခုနေ အင်ပါယာနန်းတော်ထဲကို ဝင်သွားရင်လည်း ဘာမှ အထောက်အကူ ဖြစ်မှာမဟုတ်ဘူး"

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသူ တစ်ဦးက ရှဟန်ထျန်းကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ပြန်လည်ရှင်သန်လာတဲ့ သူတွေကို ခေါပြီး ဒီနေရာကနေ ငါတို့နဲ့အတူ ထွက်သွားကြစို့"

ထိုစကားကိုကြားလျှင် ရှဟန်ထျန်းသည် သွားများကို အံကြိတ်ကာ ပြောလိုက်၏။

"ရှထျန်းယန်နဲ့ အဲဒီလူသားကောင်လေးက ငါတို့ ခွင်းရှဂိုဏ်းကို ဖျက်ဆီးခဲ့တယ်. ငါသူတို့ကို ကြီးလေးတဲ့အဖိုးအခ ပြန်လည်ပေးဆပ်စေမယ်"

"ရှဟန်ထျန်း.. အဲဒီ လူသားလူငယ်လေးက ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူက နတ်အဆင့်အစီအရင်ကို ချိုးဖျက်နိုင်ပုံထောက်ရင် သာမန် မဟုတ်လောက်ဘူး.. အစောပိုင်းက အင်ပါယာနန်းတော်ထဲကို ဝင်ရောက်သွားတဲ့ အင်ပါယာတစ်ပိုင်းအဆင့် စွမ်းအင်ခန္ဓာကိုယ် လေးခုတောင် သူ့ကို မဖြေရှင်းနိုင်ဘူး ဆိုရင် မင်းအခုနေ ဝင်သွားရင်လည်း ဘာမှ အထောက်အကူ ဖြစ်မှာမဟုတ်ဘူး"

အနီရောင်ဝတ်စုံဝတ်လူက ရှဟန်ထျန်းကို ဖျောင်းဖျလိုက်သည်။

"ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူ အပြောင်းအလဲကြောင့် သိပ်မကြာခင်မှာ လျှို့ဝှက်နယ်မြေ ရှစ်ခုက သတိထားမိသွားလိမ့်မယ်.. မင်းအခုနေ ဒီက မထွက်သွားဘူးဆိုရင် နောက်ကျသွားလိမ့်မယ်လို့ ငါထင်တယ်"

"ဒီက ထွက်သွားတော့ရော ဘာထူးသွားမှာမို့လို့လဲ"

ရှဟန်ထျန်းက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

"မင်းတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲ ခြောက်ခုလုံးက ချေမှုန်းခံလိုက်ရပြီ.. အခုအချိန်မှာ ငါတို့ခွင်းရှဂိုဏ်းကလည်း ပျက်စီးသွားခဲ့ပြီ.. မင်းတို့တွေ လျှို့ဝှက်နယ်မြေရှစ်ခုနဲ့ တိုက်ခိုက်နိုင်ဦးမယ်လို့ ထင်နေလား"

ဤအချိန်တွင် ရှဟန်ထျန်းသည် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို ဒေါသထွက်နေခဲ့သည်။

ဤလူများသည် သူတို့ ခွင်းရှဂိုဏ်းကို မည်သည့် ကောင်းကျိုးမှ မပေးခဲ့မှန်း နားလည်သွားခဲ့၏။

၎င်းတို့သာ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကို မလာခဲ့ဘဲ ရှန်းဝူကုန်းမြေတိုက်၏ ရန်သူဖြစ်လာရန် သူတို့ကို မလှုံ့ဆော်ခဲ့လျှင် သူတို့ ခွင်းရှဂိုဏ်းသည် ပျက်စီးစရာအကြောင်း မရှိပေ။

"ငါတို့မှာ သူတို့ကို ရင်ဆိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်.. ငါတို့သွေးနတ်ဆိုးနန်းတော်က တခြားကုန်းမြေတိုက်မှာရှိတဲ့ သွေးဝိညာဥ်မျိုးနွယ်စုကနေ ဆင်းသက်လာတာပါ.. တစ်ချိန်တုန်းက ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုက ရှန်းဝူကုန်းမြေကို တိုက်ခိုက်ခဲ့ပေမဲ့ အဆုံးသတ်မှာ ရှန်းဝူကုန်းမြေရဲ့ မဟာအင်ပါယာတစ်ပါးက ငါတို့ကို တားဆီးနိုင်ခဲ့တယ်.. အဲဒီ စစ်ပွဲအပြီးမှာ မဟာအင်ပါယာနဲ့ ယှဥ်နိုင်တဲ့ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ တပ်မှုးချုပ် ကျိုးယိုကို ရှန်းဝူတိုက်ရဲ့တစ်နေရာမှာ ဖိနှိပ်ထားခဲ့ကြတယ်"

အနီရောင်ဝတ်စုံဝတ်လူက လေးနက်စွာ ပြောလိုက်သည်။

"ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့တပ်မှုးချုပ် ကျိုးယိုကို ဖိနှိပ်ထားတဲ့ နေရာကိုသာ ရှာတွေ့ပြီး သူ့ကို လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့မယ် ဆိုရင် ငါတို့ကို ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး"

"ကောင်းပြီ ဒါဆို ငါမင်းနဲ့အတူ လိုက်ပြီး သွေးဝိညာဥ်မျိုးနွယ်စုရဲ့ တပ်မှုးချုပ်ကို ရှာဖွေဖို့ ကူညီပေးမယ်"

ရှဟန်ထျန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

မည်သို့သော အဖိုးအခကို ပေးဆပ်ရပါစေ၊ သူတို့ ခွင်းရှဂိုဏ်းအတွက် ရှန်းဝူကုန်းမြေတိုက် တစ်ခုလုံးကို ချေမှုန်းပစ်မည်ဟု သူ့စိတ်ထဲတွင် ဆုံးဖြတ်ထားခဲ့သည်။

အင်ပါယာနန်းတော်၏ အဓိကခန်းမ အပြင်ဘက်တွင် ကျန်းချန်သည် တင်ပျဥ်ခွေထိုင်ကာ (၂)နာရီကြာ အတွင်းအားကျင့်နေခဲ့သည်။

အဆုံးသတ်တွင် သူသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။

သူက အင်ပါယာနန်းတော်၏ အဓိကခန်းမထဲမှ အင်ပါယာခွင်းရှ၏ အလောင်းကို အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။

ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားထဲတွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားသော အင်ပါယာခွင်းရှ၏ အလောင်းသည် အလွန်တရာပင် အစွမ်းထက်၏။

၎င်း၏ တိုက်ခိုက်ရေး စွမ်းအင်သည် နဂါးအသေကောင်ထက်ပင် မနိမ့်ကျ၍ ကျန်းချန်က ထိန်းချုပ်ချင်ခဲ့သည်။

ကျန်းချန်က အင်ပါယာခွင်းရှ၏ အလောင်းကောင်ကို အလွယ်တကူ လက်မလျှော့လိုသည်မှာ ထင်ရှားနေသည်။

"အခု သွေးနတ်ဆိုးနန်းတော်ကို ဖိနှိပ်ပြီးပြီ.. ဒါ့အပြင် ခွင်းရှဂိုဏ်းရဲ့ အန္တရာယ်ကလည်း ပပျောက်သွားပြီ ဆိုတော့ ငါဒီကနေ အလောတကြီး ထွက်သွားစရာ မလိုသေးဘူး.. ဒီမှာ ငါ့ရဲ့ခွန်အားကို အရင်မြှင့်တင်ပြီးမှပဲ ခန်းမထဲကို ဝင်တာ ပိုကောင်းမယ်ထင်တယ်"

ကျန်းချန်က ခဏမျှ စဥ်းစားပြီးနောက်တွင် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချလိုက်သည်။

ယခုအခါတွင် သူသည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်နှစ်ခုနှင့် အင်ပါယာအရိုးဓာတ်ကြွင်း သုံးခုကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုအရာများသည် သူ၏စွမ်းအားကို အဆင့်သစ် တစ်ခုသို့ မြှင့်တင်ပေးနိုင်လောက်၏။

ခန်းမထဲကို ထပ်ဝင်သောအခါ အန္တရာယ် ကြုံတွေ့လာနိုင်သည်ဖြစ်ရာ သူ၏စွမ်းရည်ကို များစွာ မြှင့်တင်ရမည်မဟုတ်ပါလော။

စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ သူ၏စွမ်းအားကို စတင် မြှင့်တင်ခဲ့သည်။

သူက အရင်ဦးဆုံး အင်ပါယာနန်းတော်၏ တံခါးစောင့်အကြီးအကဲ နှစ်ဦးထံကနေ ရရှိသည့် ဝိညာဥ်အဆီအနှစ် ခရစ္စတယ်ကို ထုတ်ယူကာ တိုက်ရိုက်ပင် မျိုချလိုက်၏။

"ဒင်.. သင်က နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ရဲ့ ဝိညာဥ်အဆီအနှစ်ခရစ္စတယ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၂၀၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ရဲ့ ဝိညာဥ်အဆီအနှစ်ခရစ္စတယ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် (၂၀၀၀၀၀၀)ကို အဆ ၁၀၀ ရရှိပါတယ်"

"........."

"ဒင်.. သင်က နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပါပြီ"

နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် စွမ်းအင်ခန္ဓာကိုယ်ကနေ ဖြစ်ပေါ်လာသော ဝိညာဥ်အဆီအနှစ် ခရစ္စတယ်နှစ်ခုကို မျိုချပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းသည် နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်သို့ တိုက်ရိုက်ပင် ထိုးဖောက်သွားခဲ့သည်။

သို့သော် ဤလောက်နှင့် မပြီးသေးပေ။

ကျန်းချန်သည် အင်ပါယာ၏ အရိုးသတ္တုဓာတ်ကြွင်းကို ထုတ်ယူ၍ မျိုချလိုက်ရာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းသည် အတွေ့အကြုံ ရမှတ် အများအပြားကို ရရှိခဲ့ပြီး အချိန်တိုအတွင်းမှာပင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုသည် အဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် အင်ပါယာ၏ မီးအရိုးဓာတ်ကြွင်းကို ထပ်မံ မျိုချလိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ်သို့‌ရောက်ရှိသွားခဲ့သည်။

ထို့အပြင် သူ၏ မီးနယ်မြေသည်လည်း အဆင့်မြင့်နယ်မြေအဆင့်ကို ‌ရောက်ရှိသွားခဲ့၏။

မီးအရိုးဓာတ်ကြွင်းကို မျိုချပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်း အတွေ့အကြုံက အကန့်အသတ် တစ်ခုသို့ ရောက်ရှိသွားပြီဟု ခံစားမိ၍ နောက်ဆုံးကျန်ရှိသည့် အင်ပါယာအရိုးဓာတ်ကြွင်းကို မျိုချရန် အလျင်မလိုတော့ပေ။

သူက ဝိညာဥ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ကျင့်ကြံကြည့်လိုက်သည်။

ဝိညာဥ်ကျောက်တုံးထံမှ စွမ်းအင်ကို စုပ်ယူပြီးနောက်တွင် စနစ်၏ သတိပေးချက် တစ်ခုတစ်လေမှ မထွက်ပေါ်ခဲ့ပေ။

"ငါ့ရဲ့ခန့်မှန်းချက်က မှန်သားပဲ"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ယခုအခါတွင် သူသည် ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် မရရှိနိုင်တော့ပေ။

မီးအရိုးဓာတ်ကြွင်းသည် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ်အထိ မြှင့်တင်ပေးခဲ့ပြီးပြီ ဖြစ်သည်။

သူအနေဖြင့် ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်ကို ထပ်မံရရှိချင်လျှင် ကိုယ်ခံပညာနယ်မြေကို ပြီးပြည့်စုံသော အခြေအနေ ရောက်ရှိအောင် အရင်လုပ်ပြီးမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်များ ထပ်မံ မရရှိနိုင်တော့သောကြောင့် ကျန်းချန်သည် အဆုံးသတ်တွင် သစ်သားဓာတ် အရိုးဓာတ်ကြွင်းကို အလဟဿဖြုန်းတီးရန် မရည်ရွယ်တော့ပေ။

သူက တင်ပျဥ်ခွေထိုင်ရာကနေ မတ်တပ် ထရပ်လိုက်ပြီး အဓိကခန်းမ ရှိရာသို့ တိုက်ရိုက်ပင် လှမ်းကြည့်လိုက်သည်။

ယခုအခါ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို အမှန်တကယ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ပင်ထူးခြားပြီး သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူထက်ပင် များစွာ သာလွန်၏။

အင်ပါယာ အလောင်းကောင်နှင့် ထပ်မံ ရင်ဆိုင်ရလျှင်ပင် ရင်ဆိုင်ရန် မဖြစ်နိုင်ဟု ဆို၍ မရတော့ပေ။

ဆိုရလျှင် ကျန်းချန်သည် အဓိကခန်းမထဲကို ဝင်ရောက်ဖို့ အချိန်တန်ပြီ ဖြစ်၏။

အခန်း(၁၃၈၅)ပြီး၏။

အခန်း(၁၃၈၆)

အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်တွင် အင်ပါယာနန်းတော်၏ အဓိကခန်းမထဲကို သတိထားပြီး ထပ်မံဝင်‌ရောက်သွားခဲ့သည်။

အဓိကခန်းမထဲရှိ အခြေအနေသည် ကျန်းချန် ထင်ထားသည့်အတိုင်းပင် ဖြစ်နေခဲ့၏။

ကျန်ရှိနေသော ဒြပ်စင်ငါးပါး ပြန်လည်မွေးဖွားခြင်း ခေါင်းတလားနှစ်လုံးသည် အင်ပါယာခွင်းရှ၏ အစောပိုင်းက တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ခန်းမတစ်ခုလုံးတွင် အင်ပါယာခွင်းရှ၏ အလောင်းသာလျှင် မလှုပ်မယှက်ဖြင့် ဝံ့ကြွားစွာ ရပ်နေခဲ့သည်။

ကျန်းချန်က အင်ပါယာခွင်းရှ၏ အ‌လောင်းကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေသော်လည်း မည်သည့် ထူးခြားမှုကိုမှ မတွေ့ရှိခဲ့ရပေ။

ထို့နောက်တွင် ရှေးဟောင်း သားရဲထိန်းချုပ်ရေး ပညာရပ်ဖြင့် ဝိညာဥ်အမှတ်အသား တစ်ခုကို ဖန်တီးလိုက်ပြီး သူ၏ရှေ့မှ အင်ပါယာခွင်းရှ၏ အလောင်းကောင်ပေါ်တွင် ဖိနှိပ်လိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ဝိညာဥ်အမှတ်အသားသည် အင်ပါယာခွင်းရှ၏ အလောင်းထဲကို နစ်မြှုပ်သွားသည့် အချိန်တွင် ပင်လယ်ထဲကို ကျသွားသည့် ကျောက်တုံးတစ်တုံးကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

"ကြည့်ရတာ အင်ပါယာခွင်းရှရဲ့ နတ်အသိစိတ်က လုံးဝပျောက်ကွယ်မသွားသေးဘူးပဲ"

ထိုမြင်ကွင်းသည် ကျန်းချန်၏ မျက်နှာအမူအရာများကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။

သူဘာမှမလှုပ်ရှားရသေးခင်မှာပင် အလောင်းကောင်၏ မျက်လုံးကနေ အေးစက်စက် ပြင်းထန်သော အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။

ကျန်းချန်က သတိလစ်သွားသလို တစ်ခဏမျှ အသိစိတ်ပျောက်ကွယ်သွားခဲ့ပြီး သူပြန်လည် သတိဝင်လာသောအခါတွင် ထူးဆန်းသောနေရာ တစ်ခုကို ရောက်ရှိနေခဲ့သည်။

ဤနေရာပတ်ပတ်လည်က မှောင်မိုက်နေပြီး ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အဆုံးမဲ့ မှောင်မိုက်နေသည့် နေရာလွတ်တစ်ခု ထဲသို့ ရောက်ရှိနေသလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် စကားသံသည် ကျန်းချန်၏ နားထဲကို ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့သည်။

"ပုရွက်ဆိတ်လေးကများ ဒီအင်ပါယာရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားရဲတယ်"

အေးစက်စက်ကြုံးဝါးသံ အဆုံးသတ်သွားသည်နှင့် အမျှ ပတ်ဝန်းကျင်တွင် ‌လေပြင်းများ တိုက်ခတ်လာပြီး မှောင်မိုက်နေသော နေရာလွတ်ထဲကနေ ရွှေရောင်အရိပ် တစ်ခုသည် ထွက်ပေါ်လာခဲ့ကာ နတ်ဘုရားတစ်ပါးကဲ့သို့ အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်နေခဲ့သည်။

ကျန်းချန်က လေထဲမှရွှေရောင်အရိပ်ကို ပြန်လည်ငေးကြည့်နေခဲ့၏။

ဤနေရာက အင်ပါယာခွင်းရှ၏ နတ်အသိစိတ်ကနေ ဖန်တီးထားသည့်ကမ္ဘာ ဆိုသည်ကို သူနားလည်သွားခဲ့သည်။

အင်ပါယာခွင်းရှ၏ နတ်အသိစိတ်သည် တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးနောက်တွင် ခန္ဓာကိုယ်အား ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့သော်လည်း လုံးဝ ပျောက်ကွယ်မသွားခဲ့‌သေးပေ။

ယခု ကျန်းချန်က ဝိညာဥ်အမှတ်အသားဖြင့် အင်ပါယာခွင်းရှ၏ အလောင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေ၍ နတ်အသိစိတ်က တစ်ဖန် ထွက်ပေါ်လာသည်မှာ ထင်ရှားသည်။

ယနေ့တွင် ဤနေရာကနေ ထွက်သွားချင်လျှင် ကျန်းချန်သည် အင်ပါယာခွင်းရှ၏ နောက်ဆုံးလက်ကျန် နတ်အသိစိတ်ကို ဖျက်ဆီးဖို့ လိုအပ်၏။

"အင်ပါယာခွင်းရှ.. မင်းရဲ့ အင်ပါယာ နတ်အသိစိတ်က အရင်နဲ့ယှဥ်ရင် တိုက်ခိုက်နိုင်စွမ်း (၇၀)ရာခိုင်နှုန်း ဒါမှမဟုတ် (၈၀)ရာခိုင်နှုန်းလောက် ကုန်ဆုံးသွားခဲ့ပြီ.. ဒီအကြွင်းအကျန် နတ်အသိစိတ်လေးနဲ့ မင်း ငါ့ကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်မှာလဲ"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှန်းဝူကုန်းမြေ၏ အထွတ်အထိပ် အင်ပါယာတစ်ပါး အနေဖြင့် အင်ပါယာခွင်းရှသည် အလွန်ပင် အစွမ်းထက်ခဲ့သည်။

သူ၏ နတ်အသိစိတ်ကနေ ပေါက်ကွဲထွက်လာသော အင်အားသည် နဂါးအသေကောင် ကဲ့သို့ အင်ပါယာတစ်ပိုင်း အဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သော သတ္တဝါကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခဲ့သည်။

အင်ပါယာခွင်းရှ၏ ပြီးပြည့်စုံသော နတ်အသိစိတ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ်နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ရောက်ရှိနေလျှင်ပင် မည်သည့်ခုခံနိုင်စွမ်းမှ ရှိမည် မဟုတ်ပေ။

သို့သော်လည်း သူ၏ရှေ့တွင် ပေါ်ထွက်လာသည့် အင်ပါယာခွင်းရှ၏ အကြွင်းအကျန် နတ်အသိစိတ်သည် ယခုအခါတွင် အလွန်အမင်း အားနည်းနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူက ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကဲ့သို့ ဝိညာဥ်ကို ထိန်းချုပ်နိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထား၍ အင်ပါယာခွင်းရှ၏ အကြွင်းအကျန် နတ်အသိစိတ်ကို ဖျက်ဆီးပစ်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

"သေစမ်း"

အင်ပါယာခွင်းရှ၏ အကြွင်းအကျန် နတ်အသိစိတ်က ကျန်းချန်၏ လှောင်ပြောင်သံကိုကြားလျှင် ရုတ်တရက် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် အဆုံးမဲ့မှောင်မိုက်သောနေရာလွတ်ထဲတွင် လေပြင်းများက တိုက်ခိုက်လာပြီး ဖျက်ဆီးခြင်းမုန်တိုင်း စွမ်းအားလှိုင်းများသည် ဆူနာမီလှိုင်းကဲ့သို့ ကျန်းချန်ဆီ ပြေးဝင်လာခဲ့သည်။

အကြွင်းအကျန် နတ်အသိစိတ်၏ ရူးသွပ်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။

သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် သူ၏ လက်ထဲတွင် ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့၏။

ရှန်းဝူကုန်းမြေတိုက်တွင် ဝိညာဥ်အခြေအနေသို့ ရောက်ရှိနေခဲ့လျှင် ဝိညာဥ်အထူးပြု ကိုယ်ခံပညာ အချို့ကလွဲ၍ ထုတ်ဖော်၍ မရပေ။

သို့သော်လည်း ရွှယ်လင်ကုန်းမြေစုမှ လူသားမျိုးနွယ်စု၏ အထွတ်အထိပ်ထားသော ကျင့်စဥ်အနေဖြင့် လူသားဧကရာဇ်စည်းတံဆိပ်တွင် ထိုကဲ့သို့ ကန့်သတ်ချက်မျိုး မရှိပေ။

ဝိညာဥ်အခြေအနေမှာပင် အလွယ်တကူ ထုတ်ဖော်နိုင်စွမ်းရှိ၏။

အထူးသဖြင့် လူသားဧကရာဇ်စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ဖြစ်သည့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်အခြေအနေဖြင့် ထုတ်ဖော်လျှင် ပို၍ အစွမ်းထက်သည်။

သူ့ဆီသို့ တိုက်ခိုက်လာသော အနက်ရောင် စွမ်းအင်မုန်တိုင်းကို ကြည့်ကာ ကျန်းချန်သည် သူ၏ လက်ထဲမှ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်နှင့် တိုက်ရိုက်ပင် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

အနက်ရောင် စွမ်းအင်မုန်တိုင်းနှင့် ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်တို့သည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြ၏။

ထိုအခါ ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်က အနက်ရောင် စွမ်းအင်မုန်တိုင်းကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် အနက်ရောင် စွမ်းအင်မုန်တိုင်း အားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး အင်ပါယာခွင်းရှ၏ အကြွင်းအကျန် နတ်အသိစိတ် ဆီသို့ပင် သက်ရောက်သွားခဲ့သည်။

အင်ပါယာခွင်းရှသည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် ထိမှန်ခံလိုက်ရပြီး ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာပြီးနောက်တွင် သူ၏ပုံရိပ်သည် ပေတစ်ရာခန့်နောက်သို့ ဆုတ်လိုက်ရပြီး ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားခဲ့သည်။

မူလက ခပ်ရေး‌ရေး ဖြစ်နေသော ရွှေရောင်အရိပ်သည် ယခုအခါတွင် ပိုမို၍ မှိန်ဖျော့လာခဲ့သည်။

"လူသားဧကရာဇ် စည်းတံဆိပ်ပါလား.. မင်း..မင်းက ဘယ်သူလဲ.. ဘယ်လိုလုပ်ပြီး ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ လူသားဧကရာဇ် စည်းတံဆိပ်ကို ပိုင်ဆိုင်နေရတာလဲ"

အင်ပါယာခွင်းရှက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

အင်ပါယာခွင်းရှ၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)က တိုက်ပွဲမတိုင်မီ ရှန်းဝူတိုက်နှင့် ရွှယ်လင်ကုန်းမြေတိုက်တို့ ကြားရှိ ဆက်ဆံရေးသည် အလွန်တရာပင် ရင်းနှီးခဲ့ပုံရ၏။

ထို့ကြောင့် အင်ပါယာခွင်းရှသည် လူသားဧကရာဇ်စည်းတံဆိပ်ကို တစ်ချက်တည်းဖြင့် မှတ်မိနိုင်ပုံပင်။

သူ၏ စိတ်ထဲတွင် အတွေးများ လင်းလက်နေသော်လည်း ကျန်းချန်၏ လက်ကမူ လှုပ်ရှားမှုတွင် တုံ့ဆိုင်းမနေခဲ့ပေ။

သူက ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထပ်မံထုတ်ဖော်၍ အင်ပါယာခွင်းရှ၏ အကြွင်းအကျန် နတ်အသိစိတ်ကို ထပ်မံ ဖိနှိပ်လိုက်သည်။

ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ရင်ဆိုင်ရလျှင် ကြွင်းကျန်ရစ်သော အင်ပါယာခွင်းရှ၏ နတ်အသိစိတ်သည် ခုခံရန် ခက်ခဲနေခဲ့သည်။

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို သုံးကြိမ်ဆက်တိုက် ထုတ်ဖော်ပြီးနောက်တွင် အင်ပါယာခွင်းရှ၏ ‌နောက်ဆုံးလက်ကျန် နတ်အသိစိတ်သည် လုံးဝကို ပျက်စီးသွားခဲ့သည်။

အင်ပါယာခွင်းရှ၏ အကြွင်းအကျန် နတ်အသိစိတ် ပျောက်ကွယ်သွားသည်နှင့် အမျှ သူ၏ ပတ်ဝန်းကျင်ရှိ အလွန်မှောင်မိုက်သော နေရာလွတ်သည် ထိုအချိန်တွင် အပြင်းအထန် လှုပ်ရှားလာခဲ့သည်။

ခဏအကြာတွင် မှန် ကွဲအက်သံကဲ့သို့ အသံများသည် နေရာလွတ်ထဲတွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာခဲ့ပြီး သူ၏ ပတ်ဝန်းကျင်ရှိ အဆုံးမဲ့ မှောင်မိုက်သော နေရာလွတ်သည် ချက်ချင်းဆိုသလို အက်ကွဲနေသော နေရာလွတ်ငယ် များစွာအဖြစ် ပြောင်းလဲကာ အက်ကွဲ ထွက်သွားခဲ့သည်။

ထိုနေရာလွတ်ထဲတွင် ပေါက်ကွဲသွားသည့် အချိန်မှာပင် အင်ပါယာနန်းတော်၏ အဓိကခန်းမထဲတွင် မလှုပ်မယှက်ရပ်နေသော ကျန်းချန်သည် အဆုံးသတ်၌ သူ၏ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

"နောက်ဆုံးတော့ အင်ပါယာခွင်းရှရဲ့ အကြွင်းအကျန်နတ်အသိစိတ်ကို ဖျက်ဆီးလိုက်နိုင်ပြီ"

ကျန်းချန်က သူ့ကိုယ်သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ဝိညာဥ်အမှတ်အသားကို အင်ပါယာခွင်းရှ၏ အလောင်းပေါ်တွင် ဖိနှိပ်လိုက်သည်။

ဤတစ်ခေါက်တွင်မူ ကျန်းချန်၏ ဝိညာဥ် အမှတ်အသားသည် မည်သည့် အဟန့်အတားကိုမှ မတွေ့ရတော့ပေ။

သူက အင်ပါယာခွင်းရှ၏ အလောင်းပေါ်တွင် သူ၏ ကိုယ်ပိုင် ဝိညာဥ်အမှတ်အသား တစ်ခုကို အလွယ်တကူ ထားရှိနိုင်ခဲ့ပြီး အင်ပါယာအလောင်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

သူ၏ အရှေ့မှ အင်ပါယာအလောင်းကို ကြည့်ကာ ကျန်းချန်၏ မျက်နှာထက်တွင် ရှားပါးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤအင်ပါယာအလောင်းသည် နဂါးအသေကောင်ထက်ပင် ပို၍ အားကောင်း၏။

ဆိုရလျှင် တကယ့်အင်ပါယာအဆင့် ကျင့်ကြံသူ ထွက်ပေါ်လာခြင်း မရှိသေးသရွေ့ ဤအင်ပါယာအလောင်းသည် ရှန်းဝူကုန်းမြေတိုက်တွင် ပြိုင်ဘက်ကင်းသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။

အခန်း(၁၃၈၆)ပြီး၏။

All Chapters