← Chapters

🍭 First Love (1)

Vol. 5 Ch. 65

🍭 First Love (1)

Vol. 5 Ch. 65

ချီချန်းရန်သည် ဖုန်းထဲမှ လုလီ၏ငိုသံကိုကြားလိုက်ရသော အခါ သူရင်ဘတ်ထဲ တစ်စုံတစ်ခုတင်းကျပ်သွားသလို ခံစားလိုက်ရသည်။- "လုလီ၊ကိုယ့်စကားကို နားထောင်…"

သူ့စကားပင် မဆုံးသေးပဲ လုလီဘက်မှ ဖုန်းချလိုက်သည်။

ချီချန်းရန်သည် နားကြပ်ထဲမှ ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားသံကို ကြားလိုက်ရသဖြင့် သူ့မျက်လုံးများကို ခဏမှိတ်ပြီး ပြန်ဖွင့်လိုက်သည်။ ထို့နောက် သူ ကားစတီယာရင်ကို တင်း တင်းကြပ်ကြပ်ဆုပ်ကိုင်လျက် ဟိုတယ်ရှိရာသို့ တိုက်ရိုက်မောင်းလိုက်သည်။

လုလီ ဖုန်းကို ပိတ်လိုက်ပြီး ဟိုတယ်ကုတင်ပေါ် လှဲချလိုက်သည်။ သူမ ငိုကြွေးရင်း အသက်ရှုမဝဖြစ်လာပြီး သူမ၏မျက်ရည်များကို ခေါင်းအုံးဖြင့် သုတ်လိုက်သည်။

ခဏအကြာတွင် တံခါးခေါက်သံကို သူမ ကြားလိုက်ရသည်။

"လုလီ၊ ကိုယ်ပါ တံခါးဖွင့်ပေးပါ"

"တံခါးဖွင့်ပေးပါ၊ ကိုယ်တို့ စကားအေးဆေးပြောရအောင်နော်"

လုလီ ရင်းနှီးသောအသံကို ကြားလိုက်ရသည်။

သူမ လက်တစ်ဖက်ဖြင့် နောက်ထပ်ခေါင်းအုံးတစ်လုံးကိုဆွဲယူပြီး ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း ခန္ဓာကိုယ်အား ကွေးကောက်လျက် တစ်သိမ့်သိမ့်တုန်ကာ ငိုကြွေးလို့နေသည်။

အပြင်မှ တံခါးခေါက်သံကို လျစ်လျူရှုနိုင်အောင် ကိုယ့်ကိုကိုယ် တွန်းအားပေးနေခဲ့သည်။ ဖြစ်နိုင်လျှင် သူမ စိတ်တည်ငြိမ်သည်အထိ တစ်ယောက် တည်းနေချင်သည်။

အချိန်မည်မျှကြာသည်ကို သူမ မသိပဲ သူမ၏ခေါင်းပေါ်မှ ရင်းနှီးသော အသံတစ်သံကိုကြားလိုက်ရသည်- "လုလီ"

လုလီသည် သူမ၏နီရဲပြီး မို့အစ်နေသောမျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ခေါင်းပေါ်တွင်အုပ်ထားသော ခေါင်းအုံးကို ဖယ်၍ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ ကုတင်ဘေးတွင် ရပ်နေသော အရပ်မြင့်မြင့် လူတစ်ယောက်၏ အသွင်အပြင်ကို တွေ့လိုက်ရသည်။

ချီချန်းရန်သည် ဟိုတယ်၏မာစတာကတ်ကို တောင်းပြီး ဝင်လာခြင်းဖြစ်သည်။ အိပ်ရာပေါ်တွင် နွမ်းဖပ်ဖြူဖျော့စွာ လှဲလျောင်းနေသော လုလီကို မြင်သောအခါ သူ့ရင်ထဲတွင် ဖော်မပြနိုင်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

ချီချန်းရန် လက်ကို ဆန့်ထုတ်ကာ သူမအား ဆွဲထူလိုက်သည်။

လုလီသည် ချီချန်းရန်နှင့် မတွေ့ချင်ဟု ပြောနေသော်လည်း သူ ကုတင်ဘေးတွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ မထိန်းနိုင်တော့ပဲ ထလာပြီး သူ့ရင်ခွင်ထဲ တိုက်ရိုက်ခုန်ဝင်လိုက်သည်။

လုလီသည် ချီချန်းရန်၏လည်ပင်းကို ပွေ့ဖက်လိုက်ပြီး အကျွမ်းတဝင်ရှိပြီးသော ရင်ခွင်နွေးနွေးနှင့် သူ့ခန္ဓာကိုယ်၏ ရင်းနှီးသောကိုယ်နံ့ကို ရှူရှိုက်လိုက်သည်။ သူမ ငိုကြွေးရင်း ပြောလိုက်သည်။ -"လောင်ကုန်း....အဟင့်"

ချီချန်းရန်သည် လုလီအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး မည်သို့ ပြန်ပြောရမှန်းမသိပဲ "ကိုယ်တောင်းပန်ပါတယ်" ဟူသော စကားသာ ထွက်လာခဲ့သည်။

လုလီ ငိုရင်း ပင်ပန်းလာသည်။

ချီချန်းရန်သည် ပွေ့ဖက်ထားသော သူမအား အနည်းငယ်ခွာရင်း လုလီ၏မျက်နှာကို ကိုင်ကာ သူမမျက်ရည်များကို နမ်းလိုက်သည်။

လုလီ- "ကျွန်မ ရှင့်ကို အပြစ်မြင်တာ မဟုတ်ပါဘူး"

သူမ စိတ်ထဲတွင် အဖြေရှိပြီးသားဖြစ်သည်။ ပိုင်ရှန့်ယင်နှင့်ဇာတ်လမ်း ရှိခဲ့လျှင်တောင် ဤသည်မှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ချီချန်းရန် နှလုံးသားမှာ နာကျင်လျက်"ကိုယ် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"

“ကိုယ်က…”

လုလီ နောက်ဆုံးတွင် အငိုရပ်သွားပြီး ချီချန်းရန်၏ မျက်နှာပေါ်ရှိ မျက်ရည်စများကို ကြည့်ကာ "ဘာလို့...လူတိုင်းက ရှင် ကျွန်မကို မချစ်ဘူးလို့ ပြောနေကြတာလဲ...?"

ချီချန်းရန် တုန်လှုပ်သွားခဲ့သည်။

လုလီ နာကျင်စွာဖြင့် သူမ ခေါင်းကို ခါယမ်းလိုက်ပြီး "နောက်ပိုင်း လောင်ကုန်း ကျွန်မကို ချစ်လား၊မချစ်လား ကျွန်မလည်း မသိတော့ဘူး…”

ချီချန်းရန်အား ကြည့်လာသည့် သူမ၏ နောက်ဆုံးအကြည့်က သူ့နှလုံးသားအား အပ်ဖြင့် ထိုးစိုက်နေသကဲ့သို့ နာကျင်စေခဲ့သည်။

"လောင်ကုန်း… အဟင့်… ရှင် ကျွန်မကို တကယ်ချစ်တာရော ဟုတ်ရဲ့လား?”

ချီချန်းရန်သည် လုလီ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖွဖွလေးကိုင်လိုက်သည်။

သူ့ကိုယ်သူ စိတ်တည်ငြိမ်ရန် အမြဲပြောနေပေမယ့် ထိုသို့ အေးအေးဆေးဆေးနေခြင်းသည် သူမအား နာကျင်စေရုံကလွဲပြီး မည်သည့်အကျိုးသက်ရောက်မှုမှ မရှိကြောင်း သိလိုက်ရသည်။

သူမသည် မတော်တဆမှုကြောင့် စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး အကယ်၍ ပြန်ကောင်းလာပါက ယခင်အခြေအနေတိုင်း ပြန်ဖြစ်သွားမည်ကို ချီချန်းရန် သိသည်။

ကမ္ဘာပေါ်တွင် မသေချာမရေရာမှု များများစွာရှိခဲ့ပြီး သူမ ကားမတော်တဆဖြစ်ပြီး နောက်သုံးနှစ်ကြာမှ သူ့ဇနီးသည် ဤကဲ့သို့ဖြစ်နေကြောင်း သူသိလိုက်ရသည်။

သို့သော် သူ အတိတ်သို့ ပြန်မသွားရန် ဆုံးဖြတ်လိုက်သည်။ သူမပြန်ကောင်းလာရင်တောင် ပြန်မသွားတော့ပေ။

လူတိုင်းသည် မိမိ၏ ခံစားချက်ကိုသာ ဦးစားပေးရမည်ဖြစ်ပြီး ယခုချိန်တွင် သူ လုပ်ရမည်မှာ သူမအား ထိုအတိုင်းရှေ့ဆက်ခေါ်သွားရုံသာဖြစ်သည်။

အချိန်အတော်ကြာ မြိုသိပ်ထားသော အရာတစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ ချီချန်းရန်သည် လုလီ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။

All Chapters