← Chapters

🍭 First Love (2)

Vol. 5 Ch. 66

🍭 First Love (2)

Vol. 5 Ch. 66

ချီချန်းရန် သူမနှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။ လုလီထံမှ မခံနိုင်ဘဲ ညည်းတွားသံထွက်လာသည်။ ချီချန်းရန် နောက်ဆုံး အလျော့ပေးလိုက်ပြီး မျက်ရည်များနှင့်ရွှန်းစိုနေသည့် လုလီ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူ ပြုံးပြီး "ချစ်တယ်။ကိုယ် မင်းကို အရမ်းချစ်တယ်"

လုလီသည် သူ့စကားကို မယုံနိုင်စွာ ဝမ်းနည်းနေသော မျက်လုံးများနှင့် စိုက်ကြည့်လာကာ- "တကယ်လား?"

“တကယ်ပြောတာ” ချီချန်းရန်၏မျက်လုံးများသည် လေးနက်နေပြီး "ကိုယ် မင်းကို သက်သေပြနိုင်တယ်"

"ကိုယ် လုလီကို ချစ်တယ်။ ကိုယ် မင်းကို အရမ်းချစ်တယ်။"

“အဟင့်…” လုလီ ထပ်ငိုချင်လာပြန်သည်။

ချီချန်းရန် အလျင်အမြန်ပြောလိုက်သည်။ -"မငိုပါနဲ့ မငိုနဲ့တော့နော်၊ မင်း ထပ်ငိုရင် မနက်ဖြန် မင်းမျက်လုံးတွေ မို့အစ်ပြီး အဆင်မပြေဖြစ်နေလိမ့်မယ်"

လုလီသည် သူပြောသည်ကို ကြားသောအခါ နှာခေါင်းကိုရှုံရင်း မျက်ရည်များကို ထိန်းလျက် “အွန်း"

ချီချန်းရန်သည် တစ်ရှူးကိုယူကာ လုလီ၏မျက်နှာကို သုတ်ပေးလိုက်သည်။

ချီချန်းရန်သည် သူမအားပွေ့ဖက်ထားရင်း အိပ်ရာပေါ်ထိုင်ချလိုက်ပြီး လုလီလည်း အလိုက်သင့် သူ့ရင်ခွင်ထဲ ခဏ လှဲနေလိုက်သည်။

ချီချန်းရန်သည် လုလီ ဗိုက်ဆာနေလောက်မည်ကို သတိထားမိပြီး ဟိုတယ်မှ ညစာမှာကာ အခန်းထဲသို့ ယူလာခိုင်းလိုက်သည်။

"လောင်ကုန်း" လုလီသည် ချီချန်းရန်၏အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ငိုနေရာမှ ယခု တတွတ်တွတ် စကားပြောလာသည်။

ချီချန်းရန် ညစာမှာယူပြီးနောက် ဖုန်းချလိုက်ပြီး "အင်း...ပြောလေ"

လုလီ ပိုင်ရှန့်ယင်အကြောင်း သတိရသွားကာ "ရှင်နဲ့ ပိုင်ရှန့်ယင်... ဘယ်လိုတွေ့ခဲ့ကြတာလဲ?"

ထိုအဖြစ်အပျက်များကို ဂရုမစိုက်ရန် ကိုယ့်ကိုကိုယ် သတိပေးထားသော်လည်း ယခု ခင်ပွန်းဖြစ်သူမှ သူမအားချစ်ကြောင်း ပြောလာချိန်တွင် ထိုအဖြစ်အပျက်များကို ထပ်သိချင်လာပြန်သည်။

ဘယ်မိန်းကလေးက ကိုယ့်လောင်ကုန်းရဲ့အချစ်ဦးကို ဂရုမစိုက်ဘဲနေနိုင်မှာလဲ?

ထို့အပြင် သူမသည် အတော်လေး အတွေးလွန်သူ တစ်ယောက်လည်းဖြစ်သည်။

ချီချန်းရန် ခဏအေးခဲသွားပြီးမှ ပွင့်ပွင့်လင်းလင်းပြောပြလိုက်သည်။ “အထက်တန်းတတိယနှစ် စာသင်နှစ်ဝက်လောက်မှာ တွေ့ခဲ့တာ"

ချီချန်းရန်သည် မှေးမှိန်နေပြီဖြစ်သော အတိတ်အကြောင်းအရာများကိုပြန်စဥ်းစားရင်း -"ကိုယ်တို့က တချို ကျောင်းတွင်းလှုပ်ရှားမှုတွေကြောင့် အတူအချိန်ကုန်ဆုံးခဲ့ဖြစ်ကြတယ်၊ လမ်းခွဲဖြစ်တဲ့ အကြောင်းအရင်းကလည်း သိပ်မနက်နဲဘူး၊ ဘယ်သူကမှ ဆက်ဆံရေးကို ဆက်ထိန်းဖို့ မကြိုးစားခဲ့ကြဘူး။ ဒီတိုင်း တိတ်တဆိတ် ပြတ်ဆဲခဲ့ကြတယ်"

အထက်တန်းကျောင်းဆက်ဆံရေးသည် များသောအားဖြင့် ထိုအတိုင်းဖြစ်သည်။ ထိုအရွယ်အများစုသည် အချစ်ရေးကို တစ်သက်စာအတွက် မရည်ရွယ်ပဲ တခဏသာ စိတ်ကစားပြီး ချစ်ကြိုက်ကြခြင်းက ပိုများသည်။

လုလီ ခေါင်းမော့လာပြီး "တကယ်လား?တကယ် စာသင်နှစ်တစ်ဝက်ပဲ တွဲခဲ့ကြတာလား?"

ချီချန်းရန်သည် သူမ၏ ပျော့ပျောင်းသောဆံပင်များကို ထိတွေ့ကစားလိုက်ရင်း- "ကိုယ်က မင်းကို ဘာလို့လိမ်ပြောရမှာလဲ?"

"အို..." လုလီနှုတ်ခမ်းကိုစုကာ ဆက်မေးလာသည်။"ဒါဆို...ရှင်တို့ လက်ဆွဲဖူးလား၊ဖက်ဖူးလား၊ နမ်းခဲ့ဖူးလား?..."

သူမ မေးခွန်းများစွာမေးပြီးနောက် သူ၏အဖြေကို စောင့်ဆိုင်းနေခဲ့သည်။ သူမ အရာအားလုံးကို လက်ခံနိုင်ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူမနှလုံးသားက နာကျင်နေဆဲဖြစ်သည်။

ချီချန်းရန်သည် လုလီ၏ဆံပင်များကို ပွတ်သပ်ပေးလိုက်ရင်း "ဘယ်သွားမလို့လဲ" သူ လုလီကို ပွေ့ဖက်ပြီး သက်ပြင်းချလိုက်ရင်း "မလုပ်ခဲ့ဘူး"

လုလီ: "ဟင်?"

ချီချန်းရန် ထပ်ပြောသည်။ "တကယ် ဘာမှမလုပ်ခဲ့ဘူး"

သူနှင့်ပိုင်ရှန့်ယင်ကြား ဆက်ဆံရေးသည် အရမ်းကို သာမာန်ဖြစ်ခဲ့သည် ။ရိုးရှင်းလွန်းသဖြင့် အသေးစိတ်ကိုပင် သူ မမှတ်မိတော့ချေ။ ၎င်းတို့သည် စင်္ကြံတွင် ဘေးချင်းကပ် လျှောက်ခဲ့ကြသဖြင့် လူအများက ၎င်းတို့ဆက်ဆံရေးကို သိရှိသွားခြင်းဖြစ်သည်။ သို့သော် လုလီ မေးသမျှမေးခွန်းတိုင်းအတွက် သူထံအမှတ်တရရှိမနေမှန်း သူ သေချာပေါက်ပြောနိုင်သည်။

လုလီ ထိုစကားကိုကြားသောအခါ သူမ မည်သို့တုံ့ပြန်ရမည်ကို မသိလိုက်ပေ။ အချိန်အတော်ကြာပြီးမှ “ဒါတွေမရှိဘူးဆိုရင် ရှင်တို့နှစ်ယောက် ဘယ်လိုဆက်ဆံရေး ရှိခဲ့ကြတာလဲ?"

ချီချန်းရန်: “…”

ထိုစကားပြောပြီးတဲ့နောက် လုလီ သူ့စကားအတွက် အနည်းငယ်နောင်တရသွားသည်။ ထို့နောက် အနည်းငယ် စိတ်ဆိုးသွားပြီး ချီချန်းရန်၏လက်ကိုဆုပ်ကိုင်ရင်း "တကယ်လို့ ရှင် အဲ့လိုလုပ်ခဲ့တယ်လို့ ကြားရင် ကျွန်မ ရှင့်ကို တကယ် စိတ်ဆိုးမှာနော်"

ပိုင်ရှန့်ယင်သည် United States မှပြန်လာပြီး City S တွင် ဖက်ရှင်ရှိုးတစ်ခုဖွင့်ရန် ပြင်ဆင်နေပြီဖြစ်ပြီး သူမသည် ချီချန်းရန်၏ဇနီးမှန်း သိထားသဖြင့် သိမ်မွေ့သောရည်ရွယ်ချက်ဖြင့် နှစ်ကြိမ်တိုင်တိုင် ချဥ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သူမ သိလိုက်ရသည်။

လုလီ နှာခေါင်းကို တွန့်လိုက်ရင်း - "ဒါဆို အခု ရှင့်ချစ်သူက ရှင်နဲ့ တစ်မြို့တည်းမှာ ရှိနေမယ်ဆို ရှင်ဘယ်လိုခံစားရလဲ?"

ချီချန်းရန်သည် လုလီ၏မေးခွန်းများကို ဂရုတစိုက်နားထောင်ပြီး တည်ငြိမ်စွာပြန်ဖြေလိုက်သည်။"ဘာမှမခံစားရဘူး"

လုလီ စိတ်ရှုပ်သွားပြီး “ဘာလို့ မခံစားရတာလဲ?"

ချီချန်းရန်သည် လုလီအား လေးနက်သောအမူအရာဖြင့် "လုလီ၊ ဒါတွေအကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီ၊ မင်းမပြောပြရင်တောင် ကိုယ်မှတ်မိမှာမဟုတ်ဘူး။ အခု သူနဲ့ကိုယ်က နှစ်အကြာကြီး အဆက်သွယ်မရှိတော့တဲ့ သာမာန် အတန်းဖော်တွေပဲ၊ အခုချိန်မှာ ကိုယ်ကအိမ်ထောင်ကျပြီး ကိုယ့်ချစ်ဇနီးက လုလီဆိုတာပဲ ကိုယ်သိတယ်"

All Chapters