First Love (3)
Vol. 5 Ch. 67
လုလီသည် ထိုစကားကိုကြားသောအခါ စိတ်တည်ငြိမ်အောင်ကြိုးစားခဲ့သော်ငြား သူမ မျက်နှာပေါ်ရှိ အပြုံးတို့ကို မဖုံးကွယ်နိုင်ခဲ့ပေ။
ဝမ်းနည်းပူဆွေးမှုများအပြီး နောက်ဆုံးတွင် သူမ ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။
လူလီသည် ခေါင်းလှည့်လာကာ ပြုံးပြလိုက်ပြီးနောက်- "မမျှတဘူး။ ကျွန်မလည်း အချစ်တစ်ခု ရှာရမယ်”
ချီချန်းရန် မျက်ခုံးပင့်လိုက်ပြီး "မစ်လု၊ မင်း လက်ထက်ပြီးသား မိန်းကလေးတစ်ယောက်နော်”
လုလီ ထိုစကားကိုကြားတော့ "အထက်တန်းကျောင်းက ယောက်ျားလေးတော်တော်များများ ကျွန်မနောက်ကို လိုက်ခဲ့ကြတာ၊ အခု ကျွန်မ သူတို့နဲ့ ချိန်းတွေ့သင့်တယ်၊ ပြီးရင် ကျွန်မရဲ့ အချစ်ဦးအကြောင်း ရှင့်ကိုပြောပြမယ်…အဟင်း"
သို့သော် ချီချန်းရန်သည် တုန်လှုပ်ခြင်းမရှိပဲ “မင်းရဲ့ပထမဆုံးအချစ်က ကိုယ်လေ” ဟု ရိုးရိုးရှင်းရှင်းပြန်ပြောခဲ့သည်။
လုလီ: "???"
အာ,အာ,အားး!
ထိုအမျိုးသား၏ စိတ်ကြီးဝင်နေသော စကားများကြောင့် လုလီစိတ်တိုသွားပြီး သူနှင့် အတူရှိနေရခြင်းမှာ သူမအတွက် နစ်နာသလို ခံစားခဲ့ရသည်။
"ရှင်မဟုတ်ဘူး! ကျွန်မ သူငယ်တန်းတုန်းက အချစ်ဦးရှိခဲ့ဖူးတယ်” ဟု လုလီပြန်ပြောလိုက်သည်။
ချီချန်းရန်- "သူငယ်တန်းကို ထည့်မတွက်ရဘူးလေ"
ချီချန်းရန်အမြင်တွင် ယခု သူတို့နှစ်ယောက်အခြေအနေသည် အတော်လေးအဆင်ပြေနေပြီဟု ခံစားရသည်။ လုလီ၏မျက်လုံးများနှင့် နှာခေါင်းများသည် အနည်းငယ်နီနေဆဲဖြစ်ပေမယ့် သူ့အား စကားပြန်ပြောနေပြီဖြစ်သည်။ ထို့အပြင် ယခင် သူမ ပုံစံအတိုင်း ကလေးတစ်ယောက်လိုပင် ပြုမူလာခဲ့သည်။
လုလီသည် ခေါင်းအုံးကို လက်သီးဆုပ်ဖြင့် ထုလိုက်ပြီး- "ဘာလို့ မတွက်ရမှာလဲ? ကျွန်မတို့ ပါးပါး မားမား လုပ်တိုင်းတောင် ကစားခဲ့ဖူးတယ်၊ လက်ချင်းတွဲပြီး နမ်းလည်းနမ်းခဲ့ကြဖူးတယ်”
ချီချန်းရန် မျက်မှောင်ကြုတ်ကာ "ဘယ်နား နမ်းခဲ့ကြတာလဲ?”
သူ့တုံ့ပြန်မှုကိုမြင်တော့ လုလီ နောက်ဆုံးတွင် စိတ်အနည်းငယ် သက်သာရာရသွားပြီး မေးစေ့ကို မြှောက်လျက် - “မှန်းကြည့်လေ”
ချီချန်းရန်၏မျက်လုံးများသည် လုလီ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသည်။
လုလီ နားရွက်တွေ ထူပူလာပြီး “အိုး၊ သူငယ်တန်းအရွယ်ပါဆို ဘာသိမှာလဲ? ဟိုလေ…ရှင်မှာထားတဲ့ စားစရာတွေ မရောက်သေးဘူးလား?” သူမ အကြောင်းအရာကို ပြောင်းလဲခဲ့သည်။
ချီချန်းရန် မတုန်မလှုပ်ဘဲ ဆက်မေးနေသည်။“ဘယ်နားကိုနမ်းခဲ့ကြတာလဲလို့?”
လုလီ: “…”
လုလီ အကူအညီလိုအပ်နေသည်။
"သူငယ်တန်းတုန်းကဆိုတော့ အချိန်အတော်ကြာပြီမို့ မေ့တောင်မေ့နေပြီ၊ ခုနက ရှင်ပြောသလိုပဲလေ သူငယ်တန်းတုန်းကကိစ္စကို ထည့်မတွက်နဲ့တော့”
ချီချန်းရန် သူမစကားကို ယုံကြည်လေသလား မသိပေမယ့် သူမခေါင်းကို လက်ဖြင့်ကိုင်ကာ နှုတ်ခမ်းကို နမ်းလိုက်သည်။
ဟိုတယ်စားပွဲထိုးမှ အစားအသောက်များ ယူလာပေးချိန်တွင် လုလီ အလွန်ဗိုက်ဆာနေပြီဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ စားသောက်လိုက်သည်။
အချိန်မှာ နောက်ကျနေပြီဖြစ်သည့်အတွက် နှစ်ယောက်သား အိမ်မပြန်တော့ဘဲ ဟိုတယ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်ကြသည်။
လုလီ ကုတင်ပေါ်တွင် လဲလျောင်းနေရင်း တွေးလိုက်သည်။ ဤသည်မှာ လက်ထပ်ပြီးကတည်းက ချီချန်းရန်နှင့် ပထမဆုံးအကြိမ် ဟိုတယ်တွင် အတူအိပ်ဖြစ်ကြခြင်းဖြစ်သည်။
လုလီသည် သူ့ကိုယ်သူပင် မသိလိုက်ဘဲ ချီချန်းရန်အား ဟိုတယ်အခန်းကဒ် ပေးခဲ့သည့် ထိုအမျိုးသမီးအား နောက်ဆုံး သူမတို့နှစ်ယောက်ပူးပေါင်းကာ ပညာပေးခဲ့သည်ကို ပြန်သတိရသွားသည်။
လုလီ ရုတ်တရက် မေးလိုက်သည် "လောင်ကုန်း"
ချီချန်းရန်သည် သူမအား သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး "အင်း…"
ဟိုတယ်နှင့်ပတ်သတ်ပြီး မကောင်းသော အငွေ့အသက်တစ်ခု ရှိနေသည်ဟု လုလီ အမြဲခံစားခဲ့ရသည်။ - "ပြည့်တန်ဆာဆန့်ကျင်ရေးရဲတွေ လာဖမ်းရင် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ?”
"သူတို့ ကျွန်မတို့ကိုဖမ်းမှာလား?"
ချီချန်းရန်: “…”
"ဘာလို့ဖမ်းရမှာလဲ? ကိုယ်တို့က တရားဝင်လက်ထပ်ထားတာလေ!" လုလီ တစ်နေ့လုံး ဘာတွေတွေးနေမှန်း မသိသဖြင့် ချီချန်းရန် အံကြိတ်လိုက်သည်။
"အော်…အော်…" လုလီ ခေါင်းညိတ်ပြီး ရယ်မောလိုက်ရင်း "တရားဝင်ပေါ့…ဟီး..ဟီး…"
သူမ အိပ်မပျော်ဖြစ်နေသည်ကို မြင်တော့ ချီချန်းရန်သည် သူမ၏ခန္ဓာကိုယ်ကို ဆွဲလှန်လိုက်ပြီး တစ်စုံတစ်ခုလုပ်ရန် ပြင်ဆင်လိုက်သည်။
သူ မနေ့တနေ့ကထိ 'GO' သတင်းစာရှင်းလင်းပွဲအတွက် အလုပ်တွေရှုပ်နေပြီး သူအခန်းပြန်ရောက်ချိန်တွင် လုလီ အိပ်ပျော်နေပြီ ဖြစ်သောကြောင့် ၎င်းတို့နှစ်ယောက်လုံး ထိုအရာကို မလုပ်ဖြစ်ခဲ့ကြသည်မှာ အတော်ကြာပြီဖြစ်သည်။
လုလီသည် ခင်ပွန်းဖြစ်သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
နောက်ဆုံးတွင် ချီချန်းရန် ရုတ်တရက်မေးလာပြန်သည် - "ဘယ်နားကို နမ်းခဲ့တာလဲလို့?”
လုလီ: "ဟင်?"
ချီချန်းရန်- "သူငယ်တန်းတုန်းက မင်းရည်းစားက မင်းကို ဘယ်နားနမ်းခဲ့တာလဲ?"
ချီချန်းရန်၏မေးခွန်းကြောင့် လုလီ နှုတ်ခမ်းကို စုဝိုင်းရင်း- "လက်ကိုပါ..."
ချီချန်းရန် သက်ပြင်းတစ်ချက်ချကာ လုလီ၏သေးသွယ်သောလက်လေးကို ဆုပ်ကိုင်ကာနမ်းလိုက်သည်။
ထို့နောက် ဟိုတယ်တွင် နှစ်ယောက်သား ထိုအရာကိုစည်းချက်ညီစွာစတင်လုပ်ဆောင်ခဲ့ကြသည်။