← Chapters

They Love Each Other (1)

Vol. 5 Ch. 68

They Love Each Other (1)

Vol. 5 Ch. 68

မနေ့က တစ်နေ့လုံး စိတ်ခံစားမှုမျိုးစုံကိုအဆက်မပြတ်ဖြတ် သန်းခဲ့ရပြီး၊ ညဘက်တွင် သွေးသားဆန္ဒအရ လှုပ်ရှားမှုတစ်ချို့ပြုလုပ်ပြီးနောက် လုလီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

လုလီ နိုးလာချိန်တွင် လောင်ကုန်းဖြစ်သူ၏ရင်ခွင်ထဲတွင် ရှိနေပြီး နှစ်ယောက်သားပွေ့ဖက်ထားကြသည်။

နောက်ဆုံးတွင် သူ နိုးလာသည်ကိုမြင်သွားသော ချီချန်းရန်သည် အားအင်ကုန်ခမ်းနေသော ကြောင်မလေးအား ကြည့်လိုက်ကာ ဟိုတယ်ဝန်ထမ်းများကို နံနက်စာယူဆောင်လာရန် မက်ဆေ့ချ်ပို့လိုက်သည်။

သူမ သူငယ်တန်းအရွယ်က အတန်းဖော်တစ်ယောက်နှင့် ပါးပါး ၊ မားမားလုပ်တမ်း ကစားခဲ့ဖူးကြောင်းပြောပြလိုက်မိသည်နှင့် ထိုလောင်ကုန်းသည် သူမအား တွန့်တိုစွာဖြင့် ပုံမှန်မဟုတ်သောလှုပ်ရှားမှုအများအပြားပြုလုပ်ခဲ့သည်။ ထိုအတွေးနှင့်အတူ လုလီမျက်နှာနီရဲသွားသည်။ ၎င်းတို့ အိမ်ထောင်ကျပြီး သုံးနှစ်ကြာသည့်တိုင်အောင် ထိုသို့သောကြမ်းတမ်းသည့် အရာများကို လုပ်လို့ရသည်ဟု သူ မသိခဲ့ချေ။

ချီချန်းရန်သည် သူ့အား အေးဆေးတည်ငြိမ်သွားရန်ဖြည်း ဖြည်းချင်း နှစ်သိမ့်ပေးလိုက်မှသာ လုလီ စိတ်ငြိမ်သွားသည်။

မနက်စာရောက်လာပြီးနောက် နှစ်ယောက်သား စားသောက်ပြီး အောက်ကို ဆင်းလာကြသည်။ သူမတို့ ဘေလ်ရှင်းနေချိန်တွင် Reception ရှိ အမျိုးသမီးလေးသည် သူမအား ပြုံးကာ ကြည့်နေသည်ကို လုလီသတိထားလိုက်မိသည်။ ထိုဝန်ထမ်းအမျိုး သမီးလေးသည် သူမတို့ကို မနေ့ညက ကာကွယ်ရေးပစ္စည်းအများအပြားအသုံးပြုခဲ့ပြီး ပွဲကြမ်းခဲ့သည့် စုံတွဲဟုမြင်နေပုံရသည်။

လုလီသည် Receptionမှ အမျိုးသမီးကို ခေါင်းစောင်းကာ ကြည့်လိုက်သည်။

အမျိုးသမီးသည် အရိပ်အကဲသိစွာဖြင့် ရုတ်တရက် သတိပြန်ကပ်လာပြီး အခန်းကတ်ကို လက်နှစ်ဖက်ဖြင့်ယူကာ သူ့မျက် နှာပေါ်တွင် ပရော်ဖက်ရှင်နယ်ဆန်သည့် အပြုံးကိုတပ်ဆင်လိုက်သည်။

"မင်း သိတယ်မဟုတ်လား? ငါတို့က ချမ်းသာတဲ့အတုအ ယောင်လင်မယားလေ၊ မနေ့ညက အခန်းဖွင့်ဖို့ရောက်လာတဲ့ စုံတွဲပေါ့”

ထို Reception အမျိုးသမီး အဘယ်ကြောင့် ဤမျှထိတ်လန့်နေသည်ကို သူမ သိသည်။

…

မနေ့ညက လုလီ အိမ်မှထွက်ပြေးပြီးနောက် ချောင်ကျာယိ အလွန်စိတ်ပူနေမှန်းသိသဖြင့် ၊ လုလီ သူ့ထံ စာတိုတစ်စောင်ပေးပို့ခဲ့သော်လည်း ယနေ့မိုးလင်းချိန်မှာပင် သူ့အားတွေ့ ရန် စိတ်ပူစွာ အလျင်အမြန်လိုက်လာခဲ့သည်။

62 လွှာတွင်၊ အိမ်အကူမှ သူတို့နှစ်ယောက်အတွက် တောက်ပြောင်သော ကြွေခွက်တစ်ခုထဲတွင် ရေနွေးကြမ်းထည့်ကာ ယူလာသည်။

ချောင်ကျာယိသည် လုလီ၏အနည်းငယ် မို့အစ်ရောင်ရမ်းနေသော မျက်လုံးများကိုမြင်ရသော်လည်း သူ့ စိတ်အခြေအနေကောင်းနေသည်ကိုတွေ့ရသဖြင့် သူ အံ့ဩသွားရသည်။

လုလီသည် ကြွေခွက်ထဲမှ ရေနွေးကြမ်းကိုတစ်ငုံသောက်လိုက်ပြီး သူ့အား စိတ်ပူပေးသည့် ချောင်ကျာယိကိုပထမဆုံးကျေး ဇူးတင်ကြောင်း ပြောလိုက်သည်။ သူ့ ထံ၌ ထို့သို့သော သူငယ် ချင်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားလို့ သူ တကယ်ကို ကြည်နူးမိသည်။

သို့သော် ချောင်ကျာယိသည် ချီချန်းရန်နှင့် သူမ၏တိုးတက်မှုကို ကြည့်ပြီး ပို၍ စိုးရိမ်လာခဲ့သည်။ "ဒါဆို နောက်တော့ ဘာဆက်ဖြစ်ကြလဲ? ချီချန်းရန်က နင့်ကိုတွေ့တော့ ဘာပြောလဲ?”

လုလီသည် မနေ့ညက လောင်ကုန်းဖြစ်သူ၏ထပ်တိုးအပြုအ မူများကို ချောင်ကျာယိအားပြောပြခဲ့သည်။ အထူးသဖြင့် သူ့လောင်ကုန်း အပြုအမူများကို ဖွင့်ဟပြောပြနေစဉ် သူမ ရှက်ပြုံးလေးပြုံးနေခဲ့သည်။

ဤသည်ကို ချောင်ကျာယိကြားသောအခါ သူ့ မျက်နှာအမူ အရာမှာရှုပ်ထွေးသွားပြီး ဘာပြောရမှန်းမသိဖြစ်သွားရပုံပေါ်သည်။

လုလီ အံ့အားသင့်သော အမူအရာဖြင့် ချောင်ကျာယိကိုကြည့်ကာ "ဘာဖြစ်လို့လဲ ?"

ချောင်ကျာယိ စိတ်ရှုပ်ထွေးသွားပြီး ခဏ နက်နက်နဲနဲ တွေးလိုက်ရင်း နောက်ဆုံး၌ လုလီလက်ကို ဆုပ်ကိုင်လိုက်ကာ - "ဘာမှမဟုတ်တော့ဘူး" ဟု ပြန်ဖြေလိုက်သည်။

မနေ့ညက သူမ ချီချန်းရန်နှင့် ဖုန်းပြောခဲ့စဉ် ထိုအမျိုးသားသည် လုလီအား သူမထင်ထားသည်ထက်ပင် ပိုဂရုစိုက်နေ သည်ကို ချောင်ကျာယိ သတိထားမိခဲ့သည်။

အင်းလေ။ ဒီလိုချိုမြိန်တဲ့ ဇနီးသည်တစ်ယောက်ကိုမှ သူစိတ်မဝင်စားရင်လည်း ပုံမှန်မဟုတ်ဘူးပေါ့...

ချောင်ကျာယိ: "သူမျက်လုံးတွေ နင့်ဆီမှာပဲရောက်နေ‌အောင် လုပ်ရမယ်”

"နင် ဟိုမိန်းမကို ဘယ်လိုလုပ်မှာလဲ ?” သူ ထပ်မေးလိုက်သည်။

လုလီသည် ပိုင်ရှန့်ယင် အကြောင်းကြားသောအခါ သူ့ နှုတ် ခမ်းကို ရွံ့ရှာစွာစုဝိုင်းလိုက်ရင်း - “နောက်တစ်ခါ အဲ့မိန်းမ ငါ့ရှေ့မှာပေါ်လာရင် ချမ်းသာတဲ့ဇနီးသည်ဘဝဆိုတာ ဘာလဲ သိအောင် လုပ်ပြမယ်၊ သူ ငါ့လောင်ကုန်းကို မြူစွယ်ဖို့လုပ်ရင် သူ့အမှတ်တံဆိပ်နဲ့အတူ ထုပ်ပိုးပြီး အာဖရိကကိုပို့လိုက်မယ်။ ဟောင်ကောင်အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းက ဘာလဲဆိုတာ သိအောင်လုပ်ပြမယ်!"

“Puff! ဟား…ဟား.." ချောင်ကျာယိ ပြုံးကာ လက်မထောင်ပြလိုက်ပြီး "ဒါမှ ငါ့ သူငယ်ချင်းလုလီကွ!"

ချောင်ကျာယိ ထွက်သွားသောအခါ လုလီသည် သူ့မေးစေ့ကိုသေချာပွတ်သပ်ရင်း စဉ်းစားခန်းဝင်လိုက်သည်။

သူသည် အတွေးများသူဖြစ်သည်။ ဤဖြစ်ရပ်နောက်ပိုင်းတွင် သူ့ ဘဝကို ရိုးသားစွာ ဖြတ်သန်းလာခဲ့သည်ဟုခံစားရသည်။ ယခင်က သူ နုံအလွန်းပြီး အရှုံးအမြတ်တွက်ဆခြင်းလည်း များခဲ့သည်ဟု သူ ထင်မိသည်။

All Chapters