← Chapters

They Love Each Other (2)

Vol. 5 Ch. 69

They Love Each Other (2)

Vol. 5 Ch. 69

ဤသည်ကို စဉ်းစားရင်း လုလီ ဖုန်းကိုထုတ်လိုက်ပြီး ကိုယ် တိုင်ဖန်တီးထားသော ‘သစ်တော်သီးစုံတွဲ’ super chat ကို ဖွင့်လိုက်သည်။ သူ အစကအကောင့်ဝင်ရန် ရည်ရွယ်ထားသော် လည်း တိတ်ဆိတ်ငြိမ်သက်နေသော super chat ကိုကြည့်ပြီး ရုတ်တရက် ဝင်သင့်၊ မဝင်သင့် စဉ်းစားလိုက်သည်။

super chat သည် လက်ဆောင်ပေးချိန်မှသာ အသက်ဝင်တာဖြစ်ပြီး ယခုဆို ချက်ရှိပရိသတ်များ နေ့စဉ်ထွက်ခွာနေကြပြီး လူအနည်းငယ်သာ ကျန်တော့သည်။

လုလီ နှုတ်ခမ်းကို စူထားလိုက်သည်။ ယခုတော့ သူတို့အပေါ် အတုအယောင်စုံတွဲဟု ထင်မြင်နေကြသော ကောလဟာလများကိုဖြေရှင်းရန် Group Chat ဖွဲ့ခဲ့ပြီး ၊ မိမိလောင်ကုန်းနှင့် စုံတွဲချစ်သူ (CP) အဖြစ် တခြားသူများ လက်ခံလာအောင် စည်းရုံးဖို့လုပ်ဆောင်ခဲ့သည်မှာ ကလေးဆန်လုပ်သည့် လုပ်ရပ်ဖြစ်ကြောင်း သူ သိလိုက်ရသည်။

လောင်ကုန်းဖြစ်သူက သူ့ကို ချစ်သလို၊ သူလည်း လောင်ကုန်းဖြစ်သူအားချစ်သည်။ တစ်ပါးသူလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အရေးမကြီးသလို ထို CP ကလည်း အရေးမပါတော့ပေ။

ထို့ကြောင့် လုလီ exit ကိုနှိပ်လိုက်ပြီး လက်တွေ့ဘဝသို့ပြန် သွားကာ လောင်ကုန်းဖြစ်သူနှင့် လေးနက်သောဆက်ဆံရေးကို ဖြတ်သန်းပြီး ထိုအရာများကို ဂရုမစိုက်ရန်ဆုံးဖြတ်လိုက်သည်။

ယနေ့သည် Group Chat ဖွင့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စကားစမြည်ပြောဆိုခြင်းမပြုသည့် ပထမဆုံးနေ့ဖြစ် သည်။

လုလီသည် သူ့ ပင်မစာမျက်နှာကို ရောက်သွားပြီး လှန်လောကြည့်လိုက်ရာ ကလေးပြုစုပျိုးထောင်ရေးဘလော့ဂါတစ်ယောက်မှ ကလေးပုံများတင်နေသည်ကို တွေ့လိုက်ရသဖြင့် ယခင်က သူမနှင့်ကလေးယူရန်ငြင်းဆိုခဲ့သည့် လောင်ကုန်းဖြစ်သူကြောင့် သူမစိုးရိမ်ခဲ့ရသည့်အဖြစ်ကို ပြန်တွေးနေမိသည်။

"ဘာမှစိုးရိမ်စရာမရှိတော့ပေ"

လုလီသည် သူ့ပခုံးကိုတွန့်လိုက်ရင်း ရိုးရှင်းစွာတွေးနေမိသည်။

ကလေးများသည် အလွန်ချစ်စရာကောင်းသော်လည်း ဥပဒေအရ လူတိုင်းကလေးမဖြစ်မနေ ယူရမည်ဟု ပြဋ္ဌာန်းထားတာမျိုးမရှိပေ။

ယခုချိန်တွင် လောင်ကုန်းဖြစ်သူသည် သူမအား မည်မျှချစ်ကြောင်းကို သိထားပြီးဖြစ်၍ အတုအယောင်စုံတွဲဟူသော ကောလဟလများကို ဖြေရှင်းရန် စဉ်းစားစရာမလိုသည့်အပြင် ကလေးယူမည့်ကိစ္စသည်လည်း အရေးမကြီးတော့ချေ။

ကလေးယူရန် ငြင်းဆန်ခဲ့သည့် လောင်ကုန်းဖြစ်သူတွင်လည်း ကိုယ်ပိုင်အကြောင်း ပြချက်ရှိနေနိုင်သည်။ သူ့အား အရမ်းချစ်ပြီး သူမ ထိခိုက်နာကျင်မည်ကို စိုးရိမ်သည့်အတွက် ဇနီးအ ဖြစ်သာနေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

မနေ့ညက လောင်ကုန်းဖြစ်သူမှ သူမအား ချစ်ကြောင်းတိုက် ရိုက်ဝန်ခံခဲ့သည်ကို ကြားလိုက်ရပြီးနောက် သူတို့နှစ်ယောက်တည်းနှင့်တင် လုံလောက်သည်ဟု လုလီ ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်တည်း လုံလောက်စွာ မပျော်မွေ့ရသေးခင် ငိုကြွေးနေသော ကလေးငယ်၏အနှောင့်အယှက်အကြောင်းကို တွေးမိရုံနှင့်ပင် လုလီ ကြောက်စိတ်ဝင်သွားသည်။ သူ့လောင်ကုန်းက သူနှင့်ကလေးငိုပါက မည်သူ့ကို အရင်ချော့မည်နည်း? သူ့ကိုလား ဒါမှမဟုတ် ကလေးကိုလား?

ကလေးငယ်က သူ့ထက် လောင်ကုန်းဖြစ်သူ၏ဂရုစိုက်မှုကို အနိုင်ယူသွားနိုင်သည်။

လုလီ ထိုအကြောင်းကိုပိုတွေးလေ ၊ ပိုစိတ်ညစ်လေဖြစ်လာပြီး လောင်ကုန်းဖြစ်သူအား စကားစမြည်ပြောရန် သူ့ လက်ကိုင်ဖုန်းကို နှိပ်လိုက်သည်။

ချီချန်းရန်သည် လုလီကို အိမ်ပြန်ပို့ပြီးနောက် ကုမ္ပဏီသို့ ပြန် သွားခဲ့သည်။ ၎င်းတို့အချင်းချင်း စိတ်ခံစားချက်များကိုဖွင့် ထုတ်ခဲ့ကြသည့် အပြင် ရုပ်ပိုင်းဆိုင်ရာအရကျေနပ်မှုရခဲ့သဖြင့် ယနေ့ ချီချန်းရန်၏ စိတ်အခြေအနေကောင်းမွန်နေသည်။ အကြီးတန်းမန်နေဂျာများ ရောက်လာကြပြီး အလုပ်နှင့်ပတ်သတ်သည့် အစီရင်ခံစာများကို စိုးရိမ်စိတ်ဖြင့် တင်ပြလာကြသည်။ ယခင်က သူ့အား ဒေါသထွက်စေနိုင်မည့် ကိစ္စအချို့ရှိခဲ့ပေမယ့် ယခုတစ်ကြိမ်တွင် ချီချန်းရန်သည် သူ့လက်ကို ဝှေ့ယမ်းရင်းလွှတ်ပေးလိုက်သည်။

အကြီးတန်းအရာရှိကြီးများ ရုံးခန်းထဲကထွက်လာသည်နှင့် ပထမဆုံးမိုးကောင်းကင်ကို မော့ကြည့်ပြီးဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝေ့လာကြသည်။ အတွင်းရေးမှုးကျောက်သည်လည်း ယနေ့ ဥက္ကဋ္ဌစိတ်ကြည်နေသည်ကို သတိပြုမိပြီး သူ့စားပွဲပေါ်ရှိ စာရွက်စာတမ်းအထပ်လိုက်ကို သယ်ပြီးတင်ပေးလိုက်သည်။

ချီချန်းရန်သည် ဖိုင်တွဲထဲကနေ ခေါင်းမော့လာရင်း အတွင်း ရေးမှုးကျောက်ကိုစိုက်ကြည့်လိုက်သည်။

အတွင်းရေးမှုးကျောက် ပြုံးပြလိုက်သည်။

ချီချန်းရန်သည် မောပန်းနွမ်းနယ်နေဟန်ဖြင့် နဖူးကို ပွတ်သပ်လိုက်သည်။

ထို့နောက် လုလီရှေ့မှာ ပေါ်လာသော ပိုင်ရှန့်ယင်ကို သူ ရုတ်တ ရက်သတိရသွားပြီး မျက်ခုံးကိုတွန့်ချိုးလိုက်သည်။

သူတို့ မတွေ့ဖြစ်ခဲ့ကြသည်မှာ ဆယ်နှစ်နီးပါးရှိပြီဖြစ်ပြီး ထိုအမျိုးသမီးအပေါ် သူ မည်သည့်ခံစားချက်များ ရှိမနေပေ။ သို့သော် သူ ပေါ်လာပြီး လုလီအား ပေါ့ပေါ့ပါးပါးနှုတ်ဆက်နေသည်ကို ကြားသောအခါ ချီချန်းရန် အနည်းငယ်ရွံရှာစပြုလာသည်။

ချီချန်းရန်သည် လုလီအကြောင်းတွေးလိုက်တိုင်း သူ၏မျက် နှာပေါ်တွင် အပြုံးတစ်ခုဖြတ်ပြေးသွားပြီး မျက်လုံးများသည် ယခင်ကထက် ပိုနူးညံ့လာသည်။

လုလီသည် အလွန်ကြင်နာတတ်သည့်အတွက် သူ့စိတ်ထဲတွင် ပြင်းပြင်းထန်ထန် အပြစ်ရှိသလို ခံစားလာရပြီး၊ လုလီ သူ့အား နေ့စဉ်နှင့်အမျှ ဒုက္ခပေးရန် မျှော်လင့်နေမိသလိုခံစားရသည်။

လုလီ အိမ်ကထွက်ပြေးသွားခဲ့ပေမယ့် သူ ရှင်းပြသည်ကိုနား ထောင်ပြီးနောက် နှစ်ယောက်သား ပြန်လည်သင့်မြတ်သွားခဲ့သည်။

လုလီသည် မတော်တဆမှုကြောင့် သူ့အပေါ်ချစ်လှစွာသော လောင်ကုန်းတစ်ယောက်အဖြစ် မှတ်ယူနေမှန်း သူ သိသည်။

သူ ရုတ်တရက် နောင်တရမိသည်မှာ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး ဤအချက်ကိုသတိမထားမိခဲ့သည်ကိုပင်။ သူမ အမြဲတမ်း သူ့အားသတိထားနေတတ်ပြီး သူမ၏ comfort zone ထဲမှာသာ နေထိုင်ခဲ့သည်။ သူကိုယ်တိုင်လည်း ရှေ့ကို ခြေတစ်လှမ်းမတိုးခဲ့‌ပေ။

သူ မကြာခင်ပြန်ကောင်းလာစေရန် သူအမြဲ မျှော်လင့်ထားခဲ့ပေမယ့် ယခု သူဖြစ်ချင်သည့် အရာကို သေချာနားလည်သွားခဲ့သည်။ ချီချန်းရန်သည် လုလီ မြန်မြန်သက်သာလာမည်ကို ကြောက်လန့်နေမိသည်။

သူ ပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမ ပြန်ကောင်းလာသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဤအိမ်ထောင်ရေးအား ယခုအခြေအနေတိုင်း ရှေ့ဆက်သွားဖို့ ချီချန်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

လုလီ ထွက်ပြေးရခြင်း၏အကြောင်းအရင်း နောက်တစ်ခုဖြစ်သော ကလေးယူရန်ကိစ္စကို တွေးမိသည့်အခါ လုလီ မကျေမနပ်ဖြစ်နေသော စိတ်ကိုနားလည်သွားသည်။

သူမနှင့် ကလေးယူရန် သူ ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ချီချန်းရန် ထိုကိစ္စကို စဉ်းစားလိုက်သည်။

ယခုချိန်၌ သူနားလည်လိုက်သည်မှာ ၎င်းတို့ပြန်သင့်မြတ်ပြီးနောက် ကလေးယူမည့်ကိစ္စအား ကြီးကြီးမားမား စဉ်းစားနေစရာပင်မလိုတော့ချေ။ လုလီ ကလေးလိုချင်သည်ဆိုလျှင် သူ့အနေနှင့်လည်း ခွင့်ပြုလိုက်မည်ဖြစ်သည်။

ယခင်က သူမ ပြန်ကောင်းလာပြီး အရင်လိုပြန်ဖြစ်သွားခဲ့ပါက ကလေးရှိနေလျှင် အခက်တွေ့မည်စိုး၍ သူမနှင့်ကလေးယူရန် ဆန္ဒမရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ သူနားလည်သွားပြီဖြစ်သည်။ နောင် လုလီပြန်ကောင်းလာခဲ့ရင်တောင် ၎င်းတို့နှစ်ဦး အရင်လိုသီးသန့်ခွဲထွက်နေသည့်ဘဝကို ပြန်သွားတော့မည်မဟုတ်ချေ။ သူကိုယ်တိုင်လည်း ထိုအခြေအနေသို့ ရောက်ခွင့်မပြုတော့ပေ။ အစပိုင်းတွင် လုလီ အနည်းငယ်ရှက်နေနိုင်သော်လည်း သူ့ဘက်မှ သူမအား မည်မျှချစ်မြတ်နိုးကြောင်းထုတ်ဖော်ပြသပြီး သူအချစ်ရဆုံးအမျိုးသမီးအဖြစ်ဆက်ရှိနေကာ နှစ်ယောက်သားချစ်ချစ် ခင်ခင်နေထိုင်သွားကြမည်ဖြစ်သည်။

ထိုကြောင့် ကလေးယူမည့် ကိစ္စသည် အချိန်တစ်ခုသာဖြစ် သည်။

သူ၏ရည်ရွယ်ချက်ဟာ တစ်ကိုယ်ကောင်းဆန်သည်ကိုတော့ ချီချန်းရန်ဝန်ခံသည်။

တဖက်မှတွေးကြည့်ရင်လည်း ကလေးယူလိုက်ပါက သူမ ပြန်ကောင်းလာချိန်တွင် ထိုကလေးက သူတို့ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ပြီး သူ့ကိုယ်တိုင် သူ့ကိုလက်ခံဖို့ လွယ်ကူသွားစေမည်ဖြစ်သည်။

ချီချန်းရန် အတွေးများကို မရပ်နိုင်တော့ပဲ ကလေးလေး၏ မျက်နှာပုံပန်းသဏ္ဌာန်ကိုပင် ပုံဖော်နေမိသည်။ ကလေးလေးက ဘယ်လိုမျက်နှာပုံစံရှိမလဲ ? အမေနဲ့တူမှာလား၊ ဒါမှမဟုတ် အဖေနဲ့တူမှာလား ?

ဤသည်ကိုတွေးရင်း ချီချန်းရန်မနေနိုင်ပဲ ပြုံးလိုက်ပြီး ဖုန်းကိုထုတ်ကာ လုလီထံမက်ဆေ့ချ်ပို့လိုက်သည်။

တိုက်ဆိုင်စွာပင် လုလီလည်း သူ့ထံ မက်ဆေ့ခ်ျတစ်စောင်ပို့လာသည်။

၎င်းတို့၏မက်ဆေ့ခ်ျများမှာ တစ်ချိန်တည်းရောက်လာသည်။

[လုလီ: လောင်ကုန်း၊ ကျွန်မတို့ ကလေးမယူတော့ဘူး!]

[ချီချန်းရန်- ကိုယ်တို့ ကလေးယူကြရအောင်]

All Chapters