← Chapters

Uniform (1)

Vol. 5 Ch. 70

Uniform (1)

Vol. 5 Ch. 70

မက်ဆေ့ချ်ပို့ပြီးနောက် နှစ်ဦးသားတိတ်ဆိတ်သွားကြသည်။ လုလီသည် လောင်ကုန်းဖြစ်သူ ပို့လာသည့် 'ကလေးယူရ အောင်' ဟူသော မက်ဆေ့ချ်ကြောင့် သူမ စက္ကန့်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ အခြေအနေအားလုံးကို စဉ်းစားသုံးသပ်ကာ နောက်ထပ်စာတိုတစ်စောင်ကို ပို့လိုက်သည်။

[လောင်ကုန်း… တစ်ယောက်ယောက်ကများ ရှင့်အကောင့်ကို ဟက်ထားတာလား?]

[လူကြီးမင်းက လုလီရဲ့လောင်ကုန်း ချီချန်းရန်ဟုတ်ရဲ့လား? မဟုတ်ရင် ကျေးဇူးပြုပြီး သူ့အကောင့်ကိုပြန်ပေးလို့ရမလား?]

[ကျေးဇူးတင်သော အီမိုဂျီ]

ချီချန်းရန်: “…”

ချီချန်းရန် နဖူးကိုညင်သာစွာပွတ်သပ်ပြီး ပြန်ဖြေလိုက်သည်။- [လုလီ...ကိုယ်ပါ၊ အကောင့်ဟက်ခံရတာ မဟုတ်ပါဘူး]

လုလီ: [ရှင့် ဓာတ်ပုံမပို့ရင် ကျွန်မ မယုံဘူး။]

[ကျွန်မလောင်ကုန်းက ကျွန်မနဲ့ ကလေးယူချင်တာ မဟုတ်ဘူး]

[ရှင် လိမ်နေတာ]

ချီချန်းရန် ထိုစာကိုမြင်ပြီး နဖူးကြောများထောင်တက်သွားကာ ယခင်က သူမကို ငြင်းပယ်ခဲ့သည်ကိုတွေးပြီး နောင်တရသွားသည်။ သူ အဘယ်ကြောင့် ကလေးမလိုချင်ဘူးဟု ပြောခဲ့ရသနည်း ? သူ အခု ကလေးယူချင်နေပြီဖြစ်သည်။

ချီချန်းရန်သည် သူဖြစ်ကြောင်းအတည်ပြုရန်အတွက် ဓာတ်ပုံတစ်ပုံရိုက်ယူပြီးပို့ပေးဖို့ကို အနည်းငယ် ရှက်နေမိသည်။ ထိုအပြုအမူသည် ကလေးဆန်လွန်းသည်ဟု သူ ထင်မိသည်။ ထို့အပြင် သူ့ကိုယ်သူဓာတ်ပုံရိုက်ပြီး ပို့တတ်သူလည်းမဟုတ်ချေ။

နောက်ဆုံးတွင် သူ ဗီဒီယိုခေါ်ဆိုမှုကို နှိပ်လိုက်သည်။ ဖုန်းခေါ်ဆိုမှုချိတ်ဆက်ပြီးနောက် လုလီသည် သူ့လောင်ကုန်း၏မျက် နှာကို ဖန်သားပြင်ပေါ်တွေ့လိုက်ရသည်။

များသောအားဖြင့် သူမလောင်ကုန်းလို လူများသည် ဗီဒီယိုခေါ်ဆိုမှုတွင် ကင်မရာအားအနေထားမှန်အောင် မည်သို့နေရာချရမည်ကို မသိကြပေ။ ၎င်းတို့သည် ကင်မရာအား အောက်ကနေ အပေါ်ကို ၄၅ ဒီဂရီ စောင်းပြီးရိုက်တတ်ကြသည်။ ဤထောင့် သည် များသောအားဖြင့် သူတို့မေးစေ့နှင့် နှာခေါင်း၏ ဆိုးရွား သောရှုထောင့်ကိုပြသပြီး တစ်ဖက်သူအတွက် ဘေးဥပါဒ်ဟုပင်ဆိုနိုင်သည်။ သို့သော် လောင်ကုန်းဖြစ်သူသည် သူ၏ကြည့်ကောင်းမှုကို ကွက်ကွက်ကွင်းကွင်းမြင်ရရန် အခြားရှုထောင့်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

လုလီ မျက်နာနီရဲလာပြီး လောင်ကုန်း၏မျက်နှာကို အလျင်အ မြန် စခရင်ရှော့နှစ်ချက်ရိုက်ယူလိုက်သည်။ လောင်ကုန်းဖြစ်သူနှင့်အလုပ်ချိန်တွင်း ဗီဒီယိုကောလ်ပြောဆိုနေခြင်းမှာ မသင့် တော်ကြောင်း သူ သိသဖြင့် သူ့ဆန္ဒအလျောက် ဖုန်းချလိုက်သည်။

ထို့နောက် သူ စာတစ်စောင် ပို့လိုက်သည်- [လောင်ကုန်း၊ ရှင် တကယ်ပဲ ကျွန်မနဲ့ကလေးယူချင်တာလား?]

ချီချန်းရန်လိုရင်းတိုရှင်းပင် စာပြန်လိုက်သည်။ - [အင်း]

လုလီသည် ဖုန်းကို ရင်ဘတ်တွင် ကပ်ထားရင်း နှလုံးခုန်သံများ ပြင်းထန်လာသည်။

လောင်ကုန်းဖြစ်သူ ရုတ်တရက် စိတ်ပြောင်းသွားသည့် အ ကြောင်းကို သူ စဉ်းစားနေမိသည်။

ညနေပိုင်းတွင် ချီချန်းရန် ဧည့်ခံပွဲမှ အိမ်သို့ ပြန်ရောက်လာသည်။ ယနေ့တွင် လုလီ ကိုယ်တိုင် လတ်ဆတ်သောခေါက်ဆွဲကို အထူးချက်ပြုတ်ခဲ့သည်။

ချီချန်းရန် အံ့သြသွားပြီး ချက်ချင်းမြည်းကြည့်လိုက်သည်။ အရသာက တကယ်ကောင်းမွန်နေသည်။

"ကျေးဇူးပဲ လောင်ကုန်း"

ချီချန်းရန် အံ့အားသင့်သွားပြီး သူ့မျက်နှာကိုကြည့်ကာပြုံးလိုက်သည်။ "ကျေးဇူးတင်ရမယ့်သူက ကိုယ်မဟုတ်ဘူးလား?”

လုလီ နှုတ်ခမ်းလေးကို စူရင်းပြန်ပြောလာသည်။ “မဟုတ်ဘူး၊ ကျွန်မကသာ လောင်ကုန်းကို ကျေးဇူးတင်ရမှာပါ”

"လောင်ကုန်းက ကျွန်မ ဂျီကျတာလည်း သည်းခံပေးတယ်၊ အိမ်ကထွက်ပြေးတာလည်း အပြစ်မတင်ဘူး။ လောင်ကုန်းက ကျွန်မကို အရမ်းချစ်ပြီး ကလေးယူဖို့အတွက်တောင် စိတ်ပြောင်းသွားတယ်။"

"ကျွန်မ အရမ်းကြည်နူးမိတယ်။ ကျွန်မကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ဆုံးတော့ လောင်ကုန်းရဲ့ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီ၊ ကျွန်မလည်း လောင်ကုန်းကို နားလည်ဖို့ သင်ယူသင့်တယ်၊ ကလေးမွေးတယ်ဆိုတာ ရိုးရှင်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ လောင်ကုန်းရဲ့စကားကို နားထောင်ပါ့မယ်။ အခုချိန်မှာ ကလေးယူလို့ မဖြစ်သေးဘူး”

"ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ချစ်နေသရွေ့ကလေးရှိခြင်း မရှိခြင်းက အရေးမကြီးတော့ဘူး”

လုလီ၏နှလုံးသားထဲမှလာသော စကားလုံးများကို ကြားလိုက်ရချိန်၌ ချီချန်းရန်၏ မျက်နှာပေါ်တွင်အံ့ဩခြင်းအရိပ်အ ယောင်များ ထွက်ပေါ်လာပြီး သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းချုပ်ကာ

"မဟုတ်ဘူး၊ ကိုယ်တို့ ကလေးယူလို့ရတယ်၊ ကိုယ် တကယ်ပြောတာ"

“ကိုယ်...အဟွတ်" သူ့ပါးစပ်ကို လက်ဖြင့် အုပ်ပြီး ချောင်းဆိုးလိုက်ကာ “ကိုယ် ကလေး တကယ်လိုချင်တယ်”

လုလီသည် စိတ်လှုပ်ရှားပြီး ငိုချင်နေသည့်မျက်နှာဖြင့်

"အဟင့်...ကျေးဇူးတင်ပါတယ် လောင်ကုန်းရယ်၊ အားလီ တကယ် စိတ်လှုပ်ရှားနေရပြီ”

ထို့နောက် သူမမျက်နှာတွင် ခိုင်မာသောအမူအရာပေါ်လာသည်။

"လောင်ကုန်း၊ အခုလိုပြောတာ ကျွန်မကြောင့်ဆိုတာ သိပါတယ်၊ လောင်ကုန်းက ကျွန်မကို အရမ်းဂရုစိုက်ပေးတယ်၊ ကျွန်မ ရှင့်ကို နားလည်ပြီး ရှင့်ကို ဘေးကြပ်နံကြပ်ဖြစ်အောင် ဘယ်တော့မှ မလုပ်တော့ပါဘူး”

"လောင်ကုန်း၊ စိတ်မပူနဲ့တော့နော်၊ အားလီဘယ်တော့မှ ကလေးမမွေးဘူး!"

ချီချန်းရန်: “…”

“ကိုယ်…” သူ ထပ်ပြောရန် ပါးစပ်ဟလိုက်သည်။

သို့သော် လုလီ လက်ကိုမြှောက်ကာ ဟန့်တားလိုက်ပြီး “ဘာမှထပ်မပြောနဲ့တော့၊ လောင်ကုန်း ကျွန်မ တကယ် နားလည်ပါတယ်"

ချီချန်းရန် မျက်လုံးများကို လှိမ့်ပြီးလုလီကိုကြည့်လိုက်သည်။

သူ့နှလုံးသားထဲ စူးခနဲနာကျင်လာပြီး အတွင်းထဲက တစ်ခုခု ကျိုးပဲ့သွားသလို ခံစားလိုက်ရသည်။

ထိုညမှာပဲ ချီချန်းရန်သည် သူချစ်မြတ်နိုးရသော ဇနီးလေးကို ဆွဲဆောင်ကာ နောက်ဆုံးအကြိမ်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လုလီသည် ပူပြင်းသော ခံစားချက်အပြီးတွင် ရုတ်တရက် ထသွားပြီး ကုတင်ဘေးရှိ ဘီရိုထဲတွင်အသစ်ဝယ်ထားသော သားဆက်ခြားပစ္စည်းကိုထုတ်ယူကာ သူ့ကိုပေးလိုက်သည်။

“ဒါကို သုံးရမယ်”

ချီချန်းရန် ခေါင်းငုံ့ကာ လုလီလက်ထဲရှိ အရာကိုကြည့်လိုက်သည်။

သူ ရုတ်တရက် သူ့ခေါင်းကို နံရံနှင့်ပြေးဆောင့်ချင်စိတ်ပင် ဖြစ်သွားရသည်။

All Chapters