Uniform (3)
Vol. 5 Ch. 72
ချီချန်းရန် စင်္ကြံအဆုံးသို့ ရောက်ခါနီးတွင် သူ့အား အနောက်မှ တစ်စုံတစ်ယောက် လှမ်းခေါ်နေသည်ကို ကြားလိုက်ရ၏။
"ချန်းရန်"
ချီချန်းရန် ခေါ်သံကြောင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။
ထူထဲသော ကော်ဇောပေါ်တွင် လျှောက်လာသော ပိုင်ရှန့်ယင်၏ဒေါက်ဖိနပ်သံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။
"စိတ်မရှိပါနဲ့၊ ဒီနေ့ အလျင်စလို ဖြစ်သွားတယ်၊ နင့်ကို ကြိုမပြောမိလိုက်ဘူး"
"လောင်ကျောက်က နင်နဲ့တွေ့ဖို့ချိန်းထားတယ်လို့ ကြားလို့ ငါ လိုက်လာခဲ့တာ၊ အားလုံးကလည်း အတန်းဖော်ဟောင်းတွေဆိုတော့ ဘာပဲဖြစ်ဖြစ် အတူတူဆုံရတာ မဆိုးဘူးလို့ ငါထင်လို့ပါ"
ချီချန်းရန်၏ မျက်လုံးများတွင် မည်သည့်ခံစားချက် အရိပ်အ ယောင်မှ မတွေ့ရပဲ "နောက်ထပ်ပြောစရာရှိသေးလား?"
ပိုင်ရှန့်ယင် ခဏမျှ အထိတ်တလန့်ဖြစ်သွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ရာ ထပ်ပြောစရာမရှိပါက သူအချိန်ဆက်ဖြုန်းနေမည်မဟုတ်ဟု ချီချန်းရန် ဆိုလိုချင်သည်ကို သူမ သိသည်။
သူမ အောက်နှုတ်ခမ်းကို ဖိကိုက်ကာ တံတောင်ဆစ်ကိုပွတ်သပ်ရင်း ဝမ်းနည်းစွာပြုံးလိုက်ပြီး
"ရှင်က မိန်းကလေးတွေအပေါ်ကို ဒီလိုပဲ အမြဲအေးတိအေး စက်ဆက်ဆံနေကြလား?"
ယခု သူ၏အပြုအမူသည် သူမတို့ကျောင်းသားဘဝ ချိန်းတွေ့ခဲ့စဥ်က အတိုင်းပင်ဖြစ်သည်။ သူမတို့ ချိန်းတွေ့ကြသည်ကို ကျောင်းကလူတိုင်းနီးပါး သိကြသည်။ သို့သော် သူမ တစ် ယောက်တည်းကသာ အချစ်ရေးနှင့်ပတ်သက်တဲ့ ခံစားချက်တွေကို ကိုင်တွယ်ရခက်ခဲနေခဲ့သည်။ အမြတ်နှင့်အရှုံးဟူသော ခံစားချက်က သူမအား စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ နောက်ဆုံး သူမအား အနမ်းပေးရန် တောင်းဆိုမှုအပြီး သူ လမ်းခွဲစကားဆိုခဲ့သည်။
ချီချန်းရန် မျက်ခုံးများကို တွန့်ချိုးလိုက်သည်။
"ငါတို့ဆက်ဆံရေးက မလိုအပ်တဲ့ နားလည်မှုအလွဲတွေ ဖြစ် လာနိုင်တယ်ဆိုတာ မင်းလည်းသိမှာပါ၊ ငါတို့ နောက်ထပ်တွေ့ဖို့ မလိုတော့ဘူးလို့ထင်တယ်"
ပိုင်ရှန့်ယင်သည် တံတောင်ဆစ်အား ကိုင်ထားသောလက် ချောင်းများကို တင်းတင်းကြပ်ကြပ် ညှစ်လိုက်ရင်း
"မလိုအပ်တဲ့ နားလည်မှုအလွဲ ဟုတ်လား... နင့်မိန်းမကို ပြောချင်တာလား?"
"ငါ သူမကို တွေ့ဖူးပါတယ်။ သူက အရမ်းလှတဲ့မိန်းကလေးပါ၊ ဒါပေမယ့် ငါ အမေရိကမှာနေတုန်းက နင်တို့ဆက်ဆံရေးသိပ်မကောင်းဘူးလို့ပဲ အမြဲကြားနေရတယ်"
"နင့်မိသားစုကြောင့် နင် သူနဲ့လက်ထပ်ခဲ့ရတာမဟုတ်ဘူးလား?"
ချီချန်းရန်သည် မျက်မှောင်ကိုကြုတ်ထားလိုက်ရင်း သူ ရှေ့တွင်ရပ်နေသော မိန်းကလေးကို စိုက်ကြည့်လိုက်သည်။
သူ အတွေးထဲ ယခင်က ထိုမိန်းမကို ဘာကြည့်ကြိုက်ခဲ့မှန်း စဥ်းစား၍ မရနိုင်တော့ပေ။
ဖြစ်နိုင်သည်မှာ ဆင်းရဲသောမိသားစုမှ ရောက်လာခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီး အတန်းဖော် ဖြစ်သောကြောင့် သို့တည်းမဟုတ် ထိုစဥ်က လှိုင်းတွန့်စကတ်များကို အမြဲတမ်း ၀တ်ဆင်ခဲ့သော သူမ၏အသွင်အပြင်ကြောင့် ဖြစ်နိုင်သည်။ အထက်တန်းကျောင်းသားတိုင်းသည် လှိုင်းတွန့်စကတ်ဝတ်ဆင်ထားသည့် ကျောင်းသူလေး၏ပုံရိပ်ကို အိပ်မက်မက်ခဲ့ကြသည်။
"ငါနဲ့ငါ့ဇနီးရဲ့ ဆက်ဆံရေးက ကောင်းတာထက်ကိုပိုတယ်၊ အမြတမ်း ကောင်းတဲ့ဘက်မှာ ရှိတယ်"
"ကျေးဇူးပြုပြီး ငါ့မိန်းမကို လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်ဖို့ ပြောချင်တယ်၊ သူက မင်းအမှတ်တံဆိပ်ရဲ့ ဒီဇိုင်းတွေကို မကြိုက်သလို မင်းရဲ့ ရှိုးပွဲကို တက်ဖို့လည်း စိတ်မဝင်စားဘူး"
"မင်း ပြောစရာမရှိတော့ရင် ငါအရင်သွားနှင့်ပြီ"
ချီချန်းရန် ပြောပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။
အတွင်းရေးမှုးကျောက်သည် နောက်မှလိုက်ကာ ပိုင်ရှန့်ယင်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။
ပိုင်ရှန့်ယင်သည် အတွင်းရေးမှုး၏ အထင်သေး ရွံရှာသောအကြည့်များကို ခံစားမိလိုက်သဖြင့် သူမ၏ အောက်နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ဖိကိုက်လိုက်သည်။
ချီချန်းရန် အိမ်သို့ပြန်လာနေစဥ် ကားထဲတွင် လုလီထံမှ မက်ဆေ့ချ်တစ်စောင်ဝင်လာပြီး သူမ အပြင်တွင် လည်ပတ်နေဆဲဖြစ်၍ နောက်ကျမှ ပြန်ရောက်မည်ဟု ရေးထားသည်။
ထိုသည်မှာ အိမ်ပြန်ရောက်သည်နှင့် နူးညံ့သိမ်မွေ့သော အရာလေးတစ်ခုက သူ့အား လာရောက်ကြိုနေတတ်သည်ကို ကျင့်သားရနေသော ထိုအမျိုးသားအတွက် ခဏမျှနေမထိထိုင်မ သာဖြစ်စေခဲ့သည်။
သို့သော် သူ ဘာမှပြန်မပြောဘဲ သူလိုက်လာဖို့ လို၊ မလိုမေး လိုက်သည်။
လုလီ: [ကျေးဇူးပါပဲ လောင်ကုန်း၊ ရှင် လိုက်လာဖို့ မလိုပါဘူး]
[အားလီ ဘာသာ သွားလို့ရပါတယ်]
[မွ..~ အီမိုဂျီ (လုလီဗားရှင်း)]
ချီချန်းရန်သည် လုလီ၏အီမိုဂျီကို မြင်တော့ အလိုလိုပြုံးမိလိုက်သည်။
လုလီသည် သူ့အလုပ်အချိန်ဇယားကို သိထားသောကြောင့် သူ ည ခုနစ်နာရီ ရှစ်နာရီ ဝန်းကျင်မှသာ ပြန်ရောက်မည်ဟု ထင်နေပုံရသည်။
ချီချန်းရန်သည် အိမ်သို့ပြန်ရောက်သောအခါ လုလီပြန်လာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သည်။ ည ၇ နာရီ ၈ နာရီကျော်၊ ၉ နာရီထိပင် ရောက်မလာသေးပဲ သူ ဆက်စောင့်နေခဲ့သည်။
သူ စားပွဲတွင်ထိုင်ကာ ကွန်ပျူတာရှေ့တွင် ငေးငိုင်နေမိသည်။
သူ ယခင်က ဤကဲ့သို့ စောင့်ဆိုင်းရမှုကို ဂရုမစိုက်ခဲ့သော်ငြား လည်း ယခုတစ်ကြိမ်တွင်မူ စောင့်ဆိုင်းရသည်မှာ သူ့အတွက် အလွန်ရှည်လျားလွန်းနေသည်ဟု ခံစားရသည်။
ယခင်က သူအိမ်ပြန်နောက်ကျလေ့ရှိပြီး လုလီလည်း သူ့အား ထိုသို့ပင် အိမ်တွင် စောင့်ဆိုင်းပေးခဲ့ကြောင်း ကိုယ့်ကိုကိုယ် နှစ်သိမ့်နေခဲ့ရသည်။
သို့သော် ဤသို့ လစ်ဟာနေသော ခံစားမှုမျိုးကို သူနေသားမကျဖြစ်နေခြင်း ဖြစ်သည်။
လုလီ ကားမတော်တဆမှုဖြစ်သည်မှာ မကြာသေးသော်လည်း၊ သူမ၏ပျားရည်လို ချိုအီသောစကားလုံးများကို သူစွဲလန်းနေခဲ့ပြီး ထိုစကားများ ရပ်တန့်သွားသောအခါ သူစိတ်မသက်မသာ ဖြစ်လာခဲ့သည်။
နာရီလက်တံသည် ဆယ်နာရီကို ရောက်သွားချိန်တွင် အပြင်ဘက်မှ ခပ်တိုးတိုးခြေသံများကို ချီချန်းရန် ကြားလိုက်ရသည်။ လုလီ အခန်းတံခါးဝတွင်ရပ်လျက် ခေါင်းကိုငုံ့ကာ ပြုံးပြလာပြီး
"လောင်ကုန်း၊ အားလီပြန်ရောက်ပြီနော်"
လုလီသည် လောင်ကုန်းဖြစ်သူအား အရင်လို တွယ်ကပ်မနေဘဲ သီးသန့်ကိုယ်ပိုင်ချိန်ပေးမည်ဟူသော သူမ၏ဆုံးဖြတ်ချက်ကို မည်သို့သဘောထားကြောင်း မေးမြန်းရန် တွေးထားသော်လည်း လောင်ကုန်းဖြစ်သူ၏ မျက်နှာသည် စိတ်မပျော်ရွှင်နေပုံရပြီး အနည်းငယ် ခါးသက်နေသလို သူမ ခံစားလိုက်ရသည်။
လုလီ စိတ်ထဲတွင် နားမလည်နိုင်ဘဲ သူထံ ခပ်ဖြည်းဖြည်း လျှောက်လာပြီး "လောင်ကုန်း.. ဘာဖြစ်နေတာလဲ?"
ချီချန်းရန်သည် နောက်ကျမှအိမ်ပြန်ရောက်လာသော ထိုအမျိုးသမီးကို မျက်လုံးစောင်းကြည့်လိုက်ပြီး သူမ လက်ကိုဆွဲကာ သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
လုလီ- "ကျွန်မ SPA သွားထားတာ၊ ရှင့်ကိုယ်ပေါ် အနံ့တွေစွဲကုန်မယ်"
ချီချန်းရန်သည် သူမ ခန္ဓာကိုယ်ပေါ်မှ ပျံ့လွှင့်လာသော အမွှေးဆီနံကို ရှူရှိုက်လိုက်မိသည်။ သူ တချိန်လုံး မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ရသည်ကို သူမက အေးအေးဆေးဆေး spa သွားပြီး အနှိပ်ခံနေသည်ကို သိရသောအခါ သူ့စိတ်ထဲ ပိုပြီးစိတ်မသက်မသာ ဖြစ်သွားရသည်။
လုလီ လောင်ကုန်းဖြစ်သူ စိတ်ဆိုးနေသည်ကို သတိပြုမိသွားသည်။
ဘာကြောင့်လဲ?
ချီချန်းရန်သည် လုလီလက်ကို ဆွဲကိုင်ရင်း အိပ်ခန်းဆီသို့ လျှောက်သွားသည်။
ဗီရိုနားမှ ဖြတ်သွားချိန်တွင် သူမ ဗီရိုဘက်သို့ အကြည့်ရောက်သွားပြီး အဝတ်တစ်စုံကို သတိထားမိလိုက်သည်။
ဤသည်မှာ 'This Is Love' အက ကခဲ့စဉ်က ဝတ်ခဲ့သော ရှပ်အင်္ကျီတိုနှင့်စကတ်အတို ဖြစ်သည်။
ချီချန်းရန်သည် လုလီအား ပွေ့ဖက်ထားရင်း ထိုဝတ်စုံကို ယူရန် လက်ဆန့်တန်းလိုက်သည်။
လုလီ: "ဟင်?"
ချီချန်းရန်သည် လုလီအား မူလဝတ်ဆင်ထားသော ဝတ်စုံနှင့် အစားထိုးခိုင်းလိုက်သည်။
သူမ ထိုဝတ်စုံကို လဲဝတ်လိုက်သည့်အခါ သူမ၏ပုံစံသည် ဓာတ်ပုံထဲက ၁၆-၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနှင့် တူနေပြီး နုပျိုလှပနေသည်။ အမှန်တကယ်ပင် အချိန်နောက်ပြန်ဆုတ်သွားသကဲ့သို့ ဖြစ်သွားသည်။
ချီချန်းရန်သည် မျက်စိရှေ့ရှိ အလှပန်းကလေးကို ကြည့်ပြီး နောက်ဆုံးတွင် မနေနိုင်တော့ပဲ အနမ်းမိုးများ ရွာချလိုက်တော့သည်။
လုလီသည် မှန်ရှေ့တွင် ခန္ဓာကိုယ်ကို ဆန့်တန်းရင်း "ကျွန်မက အခု ဆယ်ကျော်သက်အရွယ် မဟုတ်တော့ဘူးနော်" ဤစကားကိုဆိုလိုက်သည်နှင့် ချီချန်းရန် သူမအား မှန်နံရံနှင့်ထိကပ်ကာ တရစပ် နမ်းရှုံ့လာသည်။
လုလီ: "ဝူး…"
ချီချန်းရန်သည် ရည်ရွယ်ချက်တစ်ခုကြောင့် ထိုအဝတ်အစားများကို ဝတ်ခိုင်းခဲ့ကြောင်း သူမသဘောပေါက်သွားသည်။
“ရှင်က…တကယ့်ကို မကောင်းတဲ့သူပဲ!” ဟု ဆိုကာ သူ့လက်ကို ကိုက်ပစ်လိုက်သည်။
ချီချန်းရန် ခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏ မျက်လုံးထောင့်မှာ ပန်းပွင့်ကဲ့သို့ နီရဲနေသည်ကို တွေ့လိုက်ရသည်။ သူ ခေါင်းကိုညိတ်ကာ တိုတိုတုတ်တုတ် ပြောလိုက်သည်။
“ဟုတ်တယ်၊ ကိုယ်က မကောင်းတဲ့သူ”