← Chapters

Unspoken Rule (3)

Vol. 5 Ch. 75

Unspoken Rule (3)

Vol. 5 Ch. 75

လုလီ ဇာတ်ကားတစ်ကားတွင် ရင်းနှီးမြုပ်နှံတော့မည်ကို ချီချန်းရန် သိသွားသည်။

ရှန့်ကျင်သည် ဖျော်ဖြေရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော်လည်း ၎င်းတို့၏ အဓိကလုပ်ငန်းတော့ မဟုတ်ပေ။ မကြာသေးမီ နှစ်များအတွင်း တစ်နိုင်ငံလုံး၏ ရုပ်ရှင်ဈေးကွက် အခြေအနေသည် အလွန်ကောင်းမွန်ခြင်းမရှိသဖြင့် ၎င်းတို့အတွက် ဆုံးရှုံးမှုကြီးကြီးမားမား ရှိခဲ့သည်။

သို့သော် လုလီ စိတ်အားထက်သန်နေသည်ကို မြင်တော့ ချီချန်းရန် သူမ လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်သည်။

လုလီ ငွေကြေးရင်းနှီးမြုပ်နှံပြီးနောက် ထိုအနုပညာရှင် လင်းကျီယုသည် ၎င်း၏ Weibo တွင် ရုပ်ရှင်ပြန်လည်ရိုက်ကူးတော့မည်ဖြစ်ကြောင်း စိတ်လှုပ်ရှားစွာ ကြေငြာထားသည်ကို တွေ့တော့ သူမစိတ်ထဲတွင် ဂုဏ်ယူစိတ်တစ်ခု ဖြစ်ပေါ်သွားသည်။

ချီချန်းရန် ပြန်ရောက်လာပြီး လုလီ၏ဖုန်းထဲမှ ထိုအမျိုးသားidol ၏ ဓာတ်ပုံကို တွေ့လိုက်ရသည်။

လုလီသည် ဓာတ်ပုံထဲက ဆယ်ကျော်သက်ကောင်လေး၏ပုံကို ပြုံးရင်း ကြည့်နေခြင်းဖြစ်သည်။

ဒီရက်ပိုင်း သူအလုပ်တွေရှုပ်နေတာ ဒါကြောင့်လား?

ချီချန်းရန် လုလီ၏ဖုန်းကို လုယူလိုက်သည်။

တစ်စုံတစ်ခုလုပ်ရန် လုလီ၏တောင်းဆိုချက်ကို သဘောတူလိုက်မိသည့်အတွက် သူအနည်းငယ်နောင်တရမိသည်။ သူ့အတွက်တော့ ထိုအမျိုးသမီးလေးကို နေ့တိုင်း အိမ်မှာပဲနေပြီး စျေးဝယ်ထွက်ခြင်း ၊ အကလေ့ကျင့်ခြင်းများဖြင့် အချိန်ကုန်စေကာ ခင်ပွန်းဖြစ်သူ အိမ်ပြန်လာချိန်ကို စောင့်ဆိုင်းနေတတ်သည့် ချမ်းသာသော သူဌေးသမီးဘဝနှင့် နေထိုင်စေလိုသည်။ ဤသည်က ပိုကောင်းသည် မဟုတ်ပါလား?

သို့သော် ကံကောင်းသည်က ဤသည်မှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုသာဖြစ်သည်။ ငွေကို မြှုပ်နှံပြီးရင် အဆင်ပြေသွားပြီဖြစ်သည်။ သူမ လုပ်ရမှာက ၎င်း၏တိုးတက်မှုကို မကြာခဏ စစ်ဆေးပြီး ရုပ်ရှင်ထွက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေရုံသာဖြစ်သည်။

လုလီသည် သူမဖုန်းကိုယူရန် လက်ကိုဆန့်ထုတ်လိုက်ပြီး "လောင်ကုန်း၊ ကျွန်မ ဖုန်း ပြန်ပေးပါ”

ချီချန်းရန်သည် ဖန်သားပြင်ပေါ်ရှိ idol ၏ ဓာတ်ပုံကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

လုလီ : "လောင်ကုန်း၊ မနာလိုမဖြစ်ပါနဲ့။"

"သူက ကျွန်မထက် အများကြီးငယ်တယ်! ပြီးတော့ ကျွန်မမှာ လောင်ကုန်းရှိသလို ကျွန်မ ကိုယ်ကျင့်တရား အဲ့လောက်မမဲ့ပါဘူး”

"ရှင်က ကျွန်မကို မရိုးသားတဲ့ ရင်းနှီးမြုပ်နှံသူလို့ ထင်နေတာလား? ပြီးတော့ ဒီသရုပ်ဆောင်ကို ရင်းနှီးမြုပ်နှံပြီး ကျွန်မရဲ့အဖော်အဖြစ် လုပ်ခိုင်းမယ်လို့ ရှင်ထင်နေတာလား?”

ချီချန်းရန် : “…”

သို့သော် လုလီ၏ 'လောင်ကုန်းရှိတယ်' ဟူသော စကားက သူ့အား စိတ်ကျေနပ်စေခဲ့သည်။ သူ လုလီကို ရွှတ်နောက်နောက် ကြည့်လိုက်သည်။ သူက လုလီအတွက် ပိုက်ဆံရှာပေးပြီး လုလီက ရုပ်ရှင်ရိုက်ဖို့အတွက် ပိုက်ဆံသုံးသည်။ လုလီက ရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံသူ ဆိုလျှင် သူက လုလီရဲ့ရင်းနှီးမြှုပ်နှံသူလား?

ချီချန်းရန်သည် လုလီအား ထိုအတွေးကွင်းဆက်အကြောင်း ပြောပြလိုက်သည်။

လုလီ : "???"

သူမသည် အစပိုင်းတွင် စိတ်ရှုပ်ထွေးနေပုံရပြီး နောက်ဆုံးစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်- "ရှင့်အတွေးကို မေ့ပစ်လိုက်စမ်းပါ။ ဒါပေမယ့် ရှင်က ရင်းနှီးမြှုပ်နှံသူဆိုရင် ရှင်က ကျွန်မထက်အများကြီး ပိုဆိုးမှာသေချာတယ်၊ နေ့တိုင်း ကျွန်မကို ထုတ်မပြောတဲ့အပြုအမူတွေနဲ့ ထိန်းချုပ်ထားမယ်ဆိုတာ”

ချီချန်းရန် သဘောကျစွာ ရယ်မောပြီး ထပ်ပြောလိုက်သည်။ - “ကိုယ်တို့ ကလေးယူကြမလား?”

လုလီ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး - “ဟင့်အင်း၊ မယူချင်ဘူး”

"လောင်ကုန်း၊ ရှင် ဒါကို နောက်ထပ်မပြောနဲ့တော့၊ ရှင့်ရည်ရွယ်ချက်ကို ကျွန်မသိပါပြီ၊ စိတ်ချပါ၊ ကျွန်မ ကလေးယူမှာ မဟုတ်ဘူး"

ဤသည်ကိုကြားတော့ ချီချန်းရန် ရုတ်တရက် ခေါင်းကိုက်သွားသည်။

ညပိုင်းတွင် လုလီသည် ကုတင်ပေါ်တွင်ထိုင်ကာ ဖုန်းသုံးနေစဉ် နံပါတ်တစ် စုံတွဲအတုအတွက် နှစ်ပတ်လည် ရွေးချယ်မှု ဟု တင်ထားသည်ကို တွေ့လိုက်ရသည်။

Netizens အားလုံးသည် ဒီနှစ်တွင်လည်း ၎င်းတို့နှစ်ယောက်သာ ထိပ်တန်းအတုအယောင်စုံတွဲအဖြစ် ဆက်ရှိနေလိမ့်မည်ဟု ထင်မြင်နေကြသည်။

အတင်းအဖျင်း ဘလော့ဂါတစ်ယောက်ဆို ဆောင်းပါးတိုတစ်ပုဒ်ပင် ရေးထားသေးသည်။- "ဒီနှစ်မှာ လုလီက သူ့ရဲ့အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့ အများကြီး ကြိုးစားအား ထုတ်နေပုံရပေမယ့် ချီချန်းရန်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် သူ့ရဲ့ ကြိုးစားအားထုတ်မှုက အချည်းနှီးဖြစ်သွားခဲ့တယ်”

လုလီ ဤစာကိုဖတ်ပြီးနောက် သူမ ချီချန်းရန်၏ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်- "ကျွန်မတို့ ဒီနှစ်ထပ်အရွေးခံရလည်း ဂရုမစိုက်တော့ဘူး"

"လောင်ကုန်း ရှင်ရော ဂရုမစိုက်ဘူး မဟုတ်လား?"

"ကျွန်မတို့နှစ်ယောက်တည်းပဲ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြမယ်နော်”

ချီချန်းရန်သည် လုလီအား ပွေ့ဖက်လိုက်ရင်း သူ တကယ်တော့ ထိုကိစ္စကို အမှန်တကယ် ဂရုစိုက်နေမိကြောင်း သူမအား ပြောပြချင်နေသည်။

သူ့ထံ ဆိုရှယ်မီဒီယာအကောင့် မရှိပေ။

လုလီအား သူ၏ခံစားချက်များကို ဖွင့်ဟပြီးနောက်ပိုင်းတွင် သူမ မယုံနိုင်လောက်အောင် ရက်ရောနေခဲ့သည်။

ချီချန်းရန်သည် ယခင်က နေ့စဉ်နှင့်အမျှ စုံတွဲအတုအယောင်အကြောင်းကို ဂရုစိုက်နေသည့် ဇနီးသည်လေးကို လွမ်းဆွတ်နေမိသည်။

သူမသည် ယခုရက်ပိုင်းအတွင်း ရင်းနှီးမြုပ်နှံသည့် ကိစ္စများနှင့် ရှုပ်နေတတ်ပြီး သူအိမ်ပြန်လာသည့်အချိန်တိုင်း ကြိုဆိုခြင်းမရှိသလို သူမအား အနမ်းပေးဖို့ ပွေ့ဖက်ပေးဖို့ တောင်းဆိုတတ်သည့် အမျိုးသမီးလေး၏ပုံရိပ်များ ပျောက်ဆုံးနေသည်ကို မြင်တော့ သူ့နှလုံးသားသည် ဗလာဖြစ်လို့နေသည်။

ချီချန်းရန်သည် သူ့အတွက် ကိုယ်ပိုင်အချိန်မလိုအပ်ကြောင်း ပြောချင်နေမိသည်။

သူ လုလီ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

လုလီ ပါးစပ်ကိုဖွင့်ကာ သမ်းဝေလိုက်သည်။

နောက်တစ်နေ့ ချီချန်းရန် အလုပ်သွားချိန်တွင် လုလီ အိပ်ရာထဲတွင်ပင် ရှိနေသေးသည်။

သူမသည် စောင်ထဲတွင် နှစ်မြုပ်ရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဝန်ထမ်းမှပေးပို့သော ရုပ်ရှင်၏ တိုးတက်မှုအဆင့်ဆင့်ကိုဖွင့်ကြည့်နေတုန်း ရုတ်တရက် နိုတီတစ်ခုတက်လာသည်ကို သူမမြင်လိုက်ရသည်။

ခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်းသည်။

"ချမ်းသာတဲ့ စုံတွဲအတုအယောင် ဇာတ်လမ်းက ပြီးသွားပြီလား?! ရှန့်ကျင်ဥက္ကဌ ချီချန်းရန်က လျှို့ဝှက်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဟိုတယ်ကို သွားပြီး တစ်ညအတူအိပ်ခဲ့ကြတယ်!"

လုလီသည် ဓာတ်ပုံထဲက 'လျှို့ဝှက်ဆန်းကြယ်သော မိန်းမ' ကို ကြည့်လိုက်သည်။

All Chapters