Cheating Allegation (2)
Vol. 5 Ch. 77
ချီချန်းရန်သည် ယနေ့ ရုံးတွင်ရှိနေစဉ် အစည်းအဝေးမစတင်မီ PR ဌာနမှ သတင်းပို့လာသည်။
PR ဌာနသည် အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနှင့် ချီချန်းရန်ညွှန်ကြားလိုက်သည်နှင့် ချက်ချင်း အဆင့်အမြင့်ဆုံး အရေးပေါ် ပြန်ကြားရေး (crisis PR)ကို ထုတ်ပြန်မှာဖြစ်သည်။
ထို့နောက်တွင် စီမံကွပ်ကဲရေးဌာန (Department of Affairs) မှလည်း ၎င်းတို့၏ အကြံဉာဏ်များကို တင်ပြလာသည်။
ဤသည်မှာ ကွာရှင်းရေးနှင့်သက်ဆိုင်သည့် ဥပဒေများအပါအဝင် နစ်နာဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် မည်သို့ဆောင်ရွက်ရမည်ဆိုသည့် အချက်များ ပါဝင်သည်။ နောက်ဆုံးအနေဖြင့် ယခင်က ပြင်ဆင်ထားသော ကွာရှင်းစာချုပ်ကို အရေးပေါ်အခြေ အနေအတွက် ထုတ်သုံးရန်ဖြစ်သည်။
ချီချန်ယန်၏မျက်နှာသည် ဖြူဖျော့နေသော်လည်း သူ၏ 'သစ္စာဖောက်မှု စွပ်စွဲချက်' သတင်းကို ဆက်ဖတ်နေသည်။
“...”
အတွင်းရေးမှူးကျောက်သည် ဥက္ကဋ္ဌထံမှ ညွှန်ကြားချက် ထွက်လာမည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။
PR ဌာနအနေနှင့် စိုးရိမ်ပူပန်နေရုံသာ ရှိတော့သည်။
ချီချန်းရန်၏ ဖုန်းမြည်လာသည်။
သူ ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ဒေါသသံများ ရောစွတ်နေသော လုလီအသံ ထွက်ပေါ်လာသည်။
"လောင်ကုန်း၊ သူတို့ အရမ်းလွန်းလွန်းနေပြီ!"
ချီချန်းရန် ဘေးရှိ အမျိုးသမီးမှာ သူမ ဖြစ်သော်လည်း လောင်ကုန်းဖြစ်သူအား အယုတ်တမာကောင်ဟု မှတ်ချက်များစွာ ပေးနေကြသည်ကို မြင်ရသောအခါ သူမ ဒေါသထွက်လာခဲ့သည်။
"ကျွန်မခင်ပွန်းက လူယုတ်မာမဟုတ်ဘူး၊ ကျွန်မ လောင်ကုန်းက ကမ္ဘာ့ပေါ်မှာ ပြိုင်ဘက်ကင်း အကောင်းဆုံး ခင်ပွန်းလောင်းပဲ"
" သူတို့ ကျွန်မကိုတောင် မမှတ်မိကြဘူး!"
“ဘာလို့ ကျွန်မတို့က ဟိုတယ်အခန်းမဖွင့်နိုင်ရမှာလဲ? ကျွန်မ သွားပြီး…”
ချီချန်းရန် အံကိုကြိတ်ကာ ရုတ်တရက် စကားဖြတ်လိုက်သည် - “မင်းစကားတွေက ရဲတင်းလိုက်တာ!”
လုလီ : "???"
ဘာမှားသွားလို့လဲ?
သူ့လောင်ကုန်းက ဘာလို့ ရုတ်တရက်ကြီး ဒီလို ကြမ်းကြမ်းတမ်းတမ်း ပြောရတာလဲ?
ဟွန်း...မတရားဘူး...
လုလီသည် ဝမ်းနည်းသံများ ရောစွက်လျက် မကျေနပ်ဖြင့်ပြောလိုက်သည်။- “လောင်ကုန်း၊ ကျွန်မကို မအော်ပါနဲ့!"
ထိုမှသာ ချီချန်းရန် အသံကို လျော့လိုက်ပြီး - “ မင်း ပြောတဲ့စကားကို နားလည်လား?”
လုလီ : "ကျွန်မက လောင်ကုန်းက ဘယ်တော့မှ..."
ချီချန်းရန် သူမစကားကိုဖြတ်လိုက်သည်။ “နောက်ဆုံးတစ်ကြောင်း”
လုလီ “လောင်ကုန်းက ဘယ်တော့မှ လှည့်စားမှာ မဟုတ်ဘူးလို့ ပြောမလို့လေ…”
ချီချန်းရန် ရုတ်တရက် အဘယ်ကြောင့် ဒေါသထွက်သွားသည်ကို သူမနားလည်သည်။
ဒီလူ..
သူမ ဒီတိုင်းလေး ပြောလိုက်တာတောင် မရဘူးလား? လုလီ မတရားသလို ခံစားရပြီး - “လောင်ကုန်း... ကျွန်မကို မယုံဘူးလား?”
ကျွန်မရဲ့ ခံစားချက်တွေကို နားမလည်ဘူးလား?”
“အားလီရဲ့ လောင်ကုန်းပေါ်ချစ်တဲ့အချစ်က ကောင်းကင်ကြီးပြိုကျပြီး မြေကြီးတွေ ကွဲအက်သွားရင်တောင် ပျက်ပြယ်သွားမှာမဟုတ်ဘူး၊ သဘာဝတရားကြီးကတောင် လောင်ကုန်းအပေါ်ထားတဲ့ အားလီရဲ့စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကို တားဆီးနိုင်မှာမဟုတ်ဘူး”
"အားလီမှာ ဒီလောင်ကုန်းတစ်ယောက်ပဲရှိတာလေ၊ အားလီက လောင်ကုန်းကို ဒီစကားတွေ နေ့တိုင်းပြောနေပေမယ့် လောင်ကုန်းက သံသယဝင်နေတုန်းပဲ”
“အားလီ စိတ်မကောင်းဘူး... တကယ် ဝမ်းနည်းမိတယ်။”
"လောင်ကုန်းကို မချစ်တော့ဘူး"
ချီချန်းရန် သူ၏တုံ့ပြန်မှုအတွက် ချက်ချင်း နောင်တရသွားပြီး - “ကိုယ် တောင်းပန်ပါတယ်၊ ကိုယ် စိုးရိမ်လွန်သွားလို့ပါ၊ နောက်မဆူတော့ဘူးနော်။”
လုလီထံမှ ရှိုက်သံထွက်လာသည်။
ချီချန်းရန်သည် သူမ အနှစ်သက်ဆုံး အကြိုက်ဆုံး လက်ဝတ်ရတနာဆိုင်များမှ ပစ္စည်းသစ်တွေအကြောင်း ပြောပြကာ အတူတူ ဈေးဝယ်ထွက်ပြီး အိမ်ရောက်လျှင်လည်း သူမအတွက် အသားလုံးချက်ကျွေးမည်ဟု ပြောကာ စိတ်ရှည်လက်ရှည်ဖြင့် ချော့မြူပေးခဲ့သည်။
အတွင်းရေးမှူးကျောက်သည် နောက်ဆုံးတွင် PR ဌာနနှင့် ဆွေးနွေးနေသော ဖုန်းခေါ်ဆိုမှုကို အပြီးသတ်ခဲ့သည်။
အသရေဖျက်နေသော ကောလာဟလများသည် အမှန်ပင် တရားလွန်လွန်းနေပြီဖြစ်ကာ PR ဌာနမှလည်း ဤသည်ကို ဖြေရှင်းချင်နေပြီ ဖြစ်သော်လည်း ဥက္ကဌမှ ညွှန်ကြားလာခြင်းမရှိသည့်အတွက် ငြိမ်သက်နေရသည်။
အတွင်းရေးမှူးကျောက် အသက်ပြင်းပြင်းရှူလိုက်ပြီး ရုံးခန်းတံခါးဆီသို့ လျှောက်သွားသည်။
အထဲမှ တံခါးကို လော့ချထားခြင်းမရှိပေ။
သူသည် တံခါးကိုခေါက်ရန် လက်မြှောက်လိုက်စဉ် တံခါးကြားဟနေသော လေဟာနယ်မှတဆင့် ဥက္ကဌ၏ပုံရိပ်ကို မြင်လိုက်ရသည်။
သူ ဖုန်းပြောနေခြင်းဖြစ်သည်။
အတွင်းရေးမှူးကျောက်၏ မျက်လုံးများသည် ဥက္ကဌ၏မျက်နှာအမူအရာအပေါ် အ ကြည့်ရောက်သွားသည်။ အလျင်စလိုတော့ မဟုတ်ပေမယ့် သူ့အမျိုးသမီးကို ချော့မြှူနေပုံပေါ်သည်။
မှတ်ချက်များ၌ လုလီ ကွာရှင်းပြတ်ဆဲမည့်ကိစ္စနှင့် ပတ်သတ်ပြီး အကြိတ်အနယ် ဆွေးနွေးနေကြစဉ် နောက်ဆုံးတွင် လုံးလုံးလျားလျား ငြိမ်သက်နေခဲ့သည့် ရှန့်ကျင် Group ၏ တရားဝင် Weibo အကောင့်မှ ကြေငြာချက် ထုတ်ပြန်လာသည်။
ဤထုတ်ပြန်ချက်မတိုင်မှီ နောက်ဆုံး ကြေညာခဲ့သောအကြောင်းအရာမှာ လုလီ၏အကဗီဒီယို နှင့်ပတ်သတ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒီတစ်ခါမှာတော့ နောက်ထပ်ကြေညာချက် တစ်ခု ထုတ်ပြန်လာခဲ့သည်။
“သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ ‘ဆန်းကြယ်တဲ့ အမျိုးသမီး’ ဆိုတာ ဥက္ကဋ္ဌ ချီချန်းရန်ရဲ့ ဇနီး မစ်လုပဲ ဖြစ်ပါတယ်၊ ဥက္ကဋ္ဌ ချီချန်ရန်နဲ့ မစ်လုတို့က လက်ရှိမှာ ဆက်ဆံရေးကောင်းမွန်စွာနဲ့ နေထိုင်နေကြပါတယ်၊ အားလုံးရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ"
ကြေညာချက်ထွက်ပြီး မကြာခင်မှာပဲ လုလီလည်း သူမ Weibo တွင် ပို့စ်တင်လိုက်သည်။ သူမ နောက်ဆုံးဝတ်ခဲ့သည့် နေကာမျက်မှန်ကို ပြန်ရှာပြီး တပ်လိုက်ကာ သတင်းဓာတ်ပုံထဲရှိ ရှုထောင့်နှင့်တူအောင် ချိန်ညှိကာ ဆယ်လ်ဖီရိုက်ပြီး တင်လိုက်သည်။
ဆယ်လ်ဖီပုံများသည် သတင်းတွင် ဖော်ပြထားသည့် ဓာတ်ပုံနှင့် အတူတူပင် ဖြစ်သည်။
ကုမ္ပဏီ၏ ရှင်းလင်းချက်အား မြင်ပြီးနောက် ချီချန်းရန်အား ဆဲဆိုနေကြသူများ အံ့အားသင့်သွားကြသည်။
ဓာတ်ပုံထဲက အလှပန်းကလေးသည် လုလီနှင့်တူသည်ဟု ဖော်ပြထားသည်မှာ အံ့သြစရာတော့မဟုတ်ပေ။ အမှန်ပင် သူမသည် ဓာတ်ပုံထဲက အမျိုးသမီးမှန်း ထင်ရှားနေသည်။
သူတို့က အတုအယောင် စုံတွဲတွေ မဟုတ်ဘူးလား?
တကယ်ပဲ အတုအယောင်စုံတွဲ မဟုတ်ဘူးလား?
ဟိုတယ်အခန်းဖွင့်ပြီး နောက်တစ်နေ့ လက်တွဲပြီး ထွက်လာတဲ့ ဓာတ်ပုံထဲကအတွဲက အတုအယောင်စုံတွဲတဲ့လား?
ဤသည်မှာ ချီချန်းရန်နှင့် လုလီတို့ဖြစ်သည်။
သို့သော်…အဖြစ်အမှန်ကို လက်မခံချင်ကြပေ။
သူတို့မှာ အိမ်မရှိဘူးလား? ဘာလို့ ဟိုတယ်အခန်းဖွင့်ရတာလဲ?"
ဘာလို့ သူတို့အိမ်မှာ မနေကြတာလဲ?
သန်း ၁၉၀ တန်ကြေးရှိတဲ့အိမ်ကြီးမှာ ဓာတ်အားပြတ်တောက်မှုနဲ့ ရေယိုစိမ့်မှုတို့ ကြုံတွေ့ရလို့လား?
တစ်စုံတစ်ယောက်သည် ဟိုတယ်၏တရားဝင် ဝဘ်ဆိုဒ်သို့ဝင်ကြည့်ခဲ့သည်။ အထူးသဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည့် အခန်းတစ်ခန်းကို ကြိုတင် Booking တင်ထားသော ဧည့်သည် အများအပြားရှိနေသည်ကို တွေ့လိုက်ရသည်။
"ကျွန်တော်တို့ဟိုတယ်မှ အထူးအကြံပြုချင်ပါတယ် - ကျွန်တော်တို့မှာ အရွယ်ရောက်ပြီး ဇနီးမောင်နှံများအတွက် အကောင်းဆုံးခံစားချက် အသစ်အဆန်းကို ဖန်တီးပေးနိုင်မယ့် အခန်းရှိပါတယ်၊ ဈေးနှုန်း- 8999/တစ်ည"
စာရေးသူမှာ ပြောစရာရှိတယ်။
လုလီ: မဟုတ်ဘူး! ဒီအခန်းကို ငါ Booking မတင်ခဲ့ဘူး!