Sign Off (1)
Vol. 5 Ch. 78
လုလီသည် သူမ၏ selfie ပုံကို တင်လိုက်ပြီးနောက် လောင်ကုန်းဖြစ်သူနှင့် ပတ်သတ်သည့် လိမ်လည်စွပ်စွဲချက်များ အားလုံးပျောက်ကွယ်သွားခဲ့သည်။
လုလီသည် ၎င်းတို့၏ချစ်ကြည်နူးနေမှုများကို နေ့တိုင်း ထုတ်မပြသော်လည်း မည်သူမဆို ၎င်းတို့၏ ဆက်ဆံရေးကို ထင်ယောင်ထင်မှား မှတ်ချက်များရေးလာပါက အာဖရိကသို့ ပြောင်းရွေ့ခံရမည် ဖြစ်သည်။
လောင်ကုန်းဖြစ်သူသည် အမှန်ပင် မတရားစွပ်စွဲခံရပြီး အကြောင်းမဲ့ အပြစ်ဖို့ခံခဲ့ရကာ ကြိမ်ဖန်များစွာ သစ္စာဖောက်သူအဖြစ် အပြစ်တင်ခံခဲ့ရသည်။
သူမ Hot Search ကို တစ်ချက်ကြည့်လိုက်သည်။ ‘ချီချန်းရန်၏သစ္စာဖောက်မှု’ အစား 'ချီချန်းရန် နဲ့လုလီတို့ပူးပေါင်းပြီး ကောလာဟလများကိုချေဖြတ်ခဲ့ခြင်း' ဖြင့် အစားထိုးခဲ့သည်။
လုလီ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။
သူမ ဆက်ပြီး အောက်ကို ပွတ်ဆွဲလိုက်ရင်း ရုတ်တရက် ရေပန်းစားနေသော ရှာဖွေမှုအသစ်တစ်ခုကို တွေ့လိုက်ရသည်။
''8999 ချစ်သူများအတွက် အထူးခန်း''
လုလီ အံ့ဩသွားပြီး ‘ချစ်သူများအတွက် အထူးခန်း' ဟူသော စကားလုံးကို သူမ လွဲမှားစွာ ဖတ်နေမိလေသလားဟု သေချာစေရန် စစ်ဆေးလိုက်သည်။
ဒါ ဘာလဲ? ကြော်ငြာတစ်ခုရဲ့ပျံ့နှံ့မှုက ဤမျှကျယ်ပြန့်နိုင်တာလား?
သူမသည် အိမ်ထောင်ကျပြီး သုံးနှစ်ခန့်ရှိပြီဖြစ်သော်လည်း အပြစ်ကင်းစင်သော အမျိုးသမီးအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဝန်ခံသည်။ သူမ အရွယ်ရောက်သူများအတွက် ရည်ရွယ်သော လူကြီးဇာတ်ကားများကိုပင် မကြည့်ဖူးပေ။ မကြာသေးမီကလည်း ခင်ပွန်းဖြစ်သူ၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ခံခဲ့ရပြီး ရှက်ရွံ့ခဲ့ရသည်။ ဤခေါင်းစဉ်ကို Hot Search ၌ မြင်လိုက်ရချိန်တွင် သူမမျက်နှာသည် မထိန်းနိုင်ပဲ နီရဲသွားသည်။ သူမသည် အပြစ်လုပ်ထားသူလို ဘယ်ညာကြည့်ကာ နောက်ဆုံးတွင် Hot Search ကို နှိပ်လိုက်သည်။
ပထမဆောင်းပါး- 'ချီချန်းရန်က မတရားစွပ်စွဲခံရတာကိုဖြေရှင်းပြီး ဒီချမ်းသာတဲ့ စုံတွဲအတုက ကြယ်ငါးပွင့်ဟိုတယ်ရဲ့ 8999 အချစ်ခန်းမှာ တည်းခိုခဲ့ကြတယ်၊ သူတို့ တစ်ညလုံး အချစ်မီးတွေ တောက်လောင်ခဲ့ကြတယ်”
ဒုတိယဆောင်းပါး– ‘စိတ်ဝင်စားစရာပဲ၊ ဒီအထူးခန်းကြောင့် ချမ်းသာတဲ့ အတုအယောင်စုံတွဲက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တာလား? ဘလော့ဂါက လျို့ဝှက်ချက်ကို ဖော်ထုတ်တော့မယ်၊ ဆက်ပြီး စောင့်ကြည့်ရတာပေါ့!'
တတိယ ဆောင်းပါး- 'စုံတွဲအတုရဲ့ x အချစ်ဇာတ်လမ်းလေး!'
…
လုလီ အံ့အားသင့်သွားကာ ဖန်သားပြင်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
ထို့နောက် မီးလောင်နေသော အရာကို ကိုင်ထားမိသကဲ့သို့ ဖုန်းကို အလျင်အမြန် ပစ်ချလိုက်သည်။
ဘာတွေဖြစ်နေတာလဲ?!
ဒီကိစ္စက ဘာလို့ ငါ့နဲ့ ဆက်စပ်နေရပြန်တာလဲ?
လုလီ ဖုန်းကိုပစ်ချလိုက်ပြီးနောက် ခဏစဉ်းစားကာ ဖုန်းကို နောက်တစ်ကြိမ် အမြန်ကောက်ကိုင်လိုက်သည်။
အခြေအနေသည် သူမ ထင်ထားသည်ထက်ပင် ပို၍ ဆိုးရွားနေပြီဖြစ်သည်။
လူအများက ဟိုတယ်နှင့်ပတ်သတ်သည့် အကြောင်းအရာများ စူးစမ်းချင်စိတ်ဖြစ်လာပြီး ဟိုတယ်ဝဘ်ဆိုဒ်ကို ဝင်ကြည့်ခဲ့ရာမှ တစ်ညလျှင် 8999 ဖြင့် အထူးအခန်းကို စတင် ကြေငြာနေချိန်နှင့်ပက်ပင်းတိုးပြီး နောက်ပိုင်းတွင် ကောလာဟလများ ပိုတိုးလာကာ ထိန်းချုပ်လို့မရတော့ပေ။
အစပိုင်းတွင် လုလီနှင့်ချီချန်းရန်တို့ တည်းခိုခဲ့သည့် ဟိုတယ်တွင် ချစ်သူစုံတွဲများအတွက် အထူးခန်းများ အရောင်းမြှင့်တင်နေသည်ဟု ဆိုနေကြသော်လည်း ထို့နောက်တွင် လုလီနှင့် ချီချန်းရန်တို့ ထိုအခန်းတွင် တည်းခိုခဲ့သည်ဟူသော ထင်ကြေးပေးမှုများရှိလာခဲ့သည်။ နောက်ဆုံးတွင် ဤသည်ကို အမှန်တရားတစ်ခုအဖြစ် လူအများက လက်ခံယုံကြည်နေကြပြီဖြစ်သည်။
လုလီနှင့်ချီချန်းရန်တို့က သန်း ၁၉၀ တန်အိမ်ကြီးမှာမနေပဲ ရသမျိုးစုံခံစားဖို့ XX Hotel က 8999 အထူးခန်းမှာ တည်းခိုခဲ့ကြသည်..
လုလီသည် ထိုစကားလုံးများ တည်ဆောက်ပုံကို ကြည့်ပြီး တကယ့်ဖြစ်ပျက်သကဲ့သို့ ဖော်ပြနေသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
သူမ၏ ဂုဏ်သိက္ခာရှိသောပုံရိပ်သည် တစ်ဖန် ကွဲအက်သွားပြန်သည်။
မဟုတ်ဘူး ! ငါ မလုပ်ခဲ့ဘူးလေ !ငါ ဒီအခန်းကို Booking မတင်ခဲ့ဘူး! ဒီအခန်းရှိမှန်းတောင် ငါမသိခဲ့ဘူး!
ဟိုတယ်၏ PR ဌာနသည် အလွန်လိမ္မာပါးနပ်သည်။ ရေပန်းစားရှာဖွေမှုစာရင်းကို တွေ့ပြီးနောက် ၎င်းတို့တရားဝင်ဘလော့ဂ်တွင် အခန်းအမျိုးအစားနှင့် မည်သို့ Booking လုပ်ရမည်ကို ချက်ချင်းတင်လိုက်ပြီး ၎င်းတို့ သုံးနှုန်းထားသော စကားလုံးများမှာလည်း ရှင်းလင်းပြတ်သားခြင်းမရှိပေ။
အသေးစိတ်ကို မဖော်ပြထားသော်လည်း ၎င်းတို့စုံတွဲအတုအယောင်၏ အတွေ့အကြုံကို ဖော်ညွှန်းနေပုံရသည်။
ချမ်းသာသော စုံတွဲအတုအယောင်များအား တစ်ညလုံး စိတ်အားထက်သန်စေခဲ့သည်မှာ ထိုအထူးခန်းများ၏ အရည်အသွေးကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
လုလီ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူမ ထိုအခန်းကို သိလည်းမသိသလို တစ်ခါမှ Booking မတင်ခဲ့ဖူးပေ။
သူမ Weibo ပေါ်တွင် လောင်ကုန်းဖြစ်သူနှင့် အထူးခန်းတွင် တည်းခိုခဲ့ခြင်းမရှိကြောင်း ရှင်းလင်းချက်ပေးလိုက်ရမလား?
မဖြစ်သေးပေ။ ထိုမှသာ လူအများက ပိုသတိထားမိသွားနိုင်သည်။
တကယ်တော့ သူမနှင့်လောင်ကုန်းဖြစ်သူသည် ညနက်ချိန်မှသာ ထိုဟိုတယ်၏သာမာန်အခန်းတွင် တည်းခိုခဲ့တာဖြစ်ပြီး သားဆက်ခြားပစ္စည်းတစ်ချို့ပင် အသုံးပြုခဲ့သည်။ သူမ ဒါတွေအားလုံးကို မှတ်တမ်းတင်ထားသည်။
လုလီ စိတ်ဓာတ်ကျသွားခဲ့ရသည်။
ရှေ့က ကောလဟာလများအပြီး ချမ်းသာသော အတုအယောင်စုံတွဲအကြောင်း ပြောဆိုမှုများ လျော့ပါးသွားမည်ဟု မူလက သူမထင်ခဲ့သော်လည်း “ချစ်သူများအတွက် အထူးခန်း”သတင်းသည် Hot search ပေါ်သို့ ရောက်ရှိလာပြီးနောက် သူမ၏မျှော်လင့်ချက်များ လမ်းလွဲသွားခဲ့ရသည်။
ယခုအခါ ထိုဟိုတယ်ရှိ အခန်းအားလုံးသည် လာမည့်သုံးလအတွက် ကြိုတင် Booking များပြည့်သွားပြီ ဖြစ်သည်။
ဘလော့ဂါများနှင့် ဗီဒီယို vlogger များသည် အခန်းများကို ကြိုတင်စာရင်းသွင်းရန် မတတ်နိုင်သော အင်တာနက်အသုံးပြုသူများအတွက် ဘလော့ရိုက်ကူးရန်ပင် အခန်းများကို ကြိုတင်ရယူထားပြီး ဖြစ်သည်။
လုလီသည် သူမ၏မျက်နှာကို လက်ဖြင့်အုပ်ကာ သူ့ကိုယ်သူ နှစ်သိမ့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ အနည်းဆုံးတော့ ဤကောလဟာလများသည် အကျိုးမရှိသည်တော့ မဟုတ်ချေ။
နံပါတ်တစ် စုံတွဲအတုအယောင်ဟူသော ကောလဟာလများ လုံးဝပျောက်ကွယ်သွားခြင်း မရှိသော်လည်း အနည်းဆုံးတော့ ၎င်းတို့စုံတွဲ ကွာရှင်းမည်ဟူသော ကာလဟာလများကိုတော့ ဖျောက်ဖျက်ပစ်နိုင်ခဲ့သည်။
သို့သော် ရွေးချယ်စရာရှိခဲ့ပါလျှင် သူမ ထိုနည်းလမ်းကို ဘယ်သောအခါမှ အသုံးပြုမည် မဟုတ်ချေ။
ထိုအချိန်တွင် ချင်ရုံထံမှ WeChat မက်ဆေ့ခ်ျတစ်စောင် ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဟိုတယ်မန်နေဂျာမှ သူမထံ ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်။
[ကျွန်တော်တို့ ဟိုတယ်ကို ချစ်ခင်ပြီး အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မစ်လုတို့ဇနီးမောင်နှံ အတွက် ဟိုတယ်မှ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ အထူးလက်ဆောင်တစ်ခု ပေးချင်ပါတယ်၊ ဒါက တော့ တစ်နှစ်ပတ်လုံး အခမဲ့အသုံးပြုနိုင်မယ့် အထူးအခန်းနဲ့ ကျန်ပုံမှန်အခန်းတွေအတွက် 70% လျှော့စျေး ရရှိနိုင်မှာ ဖြစ်ပါတယ် ]
လုလီ : “…”
ညနေပိုင်းတွင် ချီချန်းရန်သည် လုလီအတွက် အသားလုံးချက်ပြုတ်နေစဉ် သူမ ဟိုတယ် လျှော့စျေးအကြောင်း ပြောပြခဲ့သည်။
လုလီသည် သူ၏တုံ့ပြန်မှုကို မြင်လိုက်ရပြီး သူ့အတွေးကို ချက်ချင်းနားလည်သွားကာ ဇွန်းကိုချပြီး ထိုလောင်ကုန်း၏ နားရွက်ကို လိမ်ဆွဲလိုက်သည်။
"မဖြစ်ဘူး၊ မဖြစ်နိုင်ဘူး! ဘယ်လိုမှ မဖြစ်နိုင်ဘူး!"
အိမ်မှာတင် ထိုမျှကြမ်းတမ်းသောအကွက်များကို သင်ပေးနေလေရာ ဟိုတယ်သို့သွားပါက သူမ ပေါက်ကွဲသွားမှာ သေချာသည်။
ချီချန်းရန်သည် သူမကို ဆက်ပြီး မနှောင့်ယှက်ချင်တော့ပေမယ့် သူ့စိတ်ထဲတွင် သူမအား နောင်တစ်ချိန်၌ သေချာပေါက်ခေါ်သွားမည်ဟု ဆုံးဖြတ်ထားသည်။