← Chapters

Aggrieved (1)

Vol. 5 Ch. 80

Aggrieved (1)

Vol. 5 Ch. 80

ချီချန်းရန်သည် ရေချိုးနေရင်း လုလီနှင့် ပြောခဲ့သော စကားများကို ပြန်တွေးနေမိသည်။

သူ မျက်နှာပေါ်က ရေများကို သပ်ချလိုက်ပြီး ခန္ဓာကိုယ်အား သဘက်ဖြင့် သုတ်ကာ ညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် ဘုံသုံးရေချိုးခန်းတံခါးမှတစ်ဆင့် လုလီအခန်းထဲသို့ ဝင်လာခဲ့သည်။

သူမ အခန်းထဲတွင် အိပ်ပျော်နေပြီဖြစ်သည်။

ချီချန်းရန်သည် သူမကိုယ်ပေါ်ရှိ စောင်ကို ညင်သာစွာ ဖယ်လိုက်ပြီး ပွေ့ဖက်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

သူမအား နှိုးမသွားစေရန် သူ ဖြည်းညှင်းစွာလှုပ်ရှားခဲ့ပြီး သူမထံမှ နှစ်ကြိမ်မျှသာ ညည်းတွားသံ ထွက်လာသည်။

ထိုစဉ် လုလီ၏လက်ထဲမှ တစ်စုံတစ်ခု ပြုတ်ကျသွားသည်။

ထိုအရာမှာ လက်ကိုင်ဖုန်းဖြစ်ပြီး ချီချန်းရန် ၎င်းကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် သူမဖုန်းကို ကောက်ယူလိုက်ပြီး သူမအား ပွေ့ချီကာ သူ၏အိပ်ခန်းထဲသို့ ပြန်သယ်လာခဲ့သည်။

ချီချန်းရန်သည် လုလီကို မွေ့ယာပေါ်တင်လိုက်ပြီး ဖုန်းကို ခေါင်းအုံးအောက်တွင် ထားရန် ပြင်လိုက်သည်။ သို့သော် သူ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ဗွေဖြင့် ဖွင့်ကြည်လိုက်သည်။

ထိုသို့ပြုလုပ်နိုင်ရန် လုလီ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သူ့လက်ဗွေရာဖြင့် သူမဖုန်းကို ဖွင့်လို့မရနိုင်သဖြင့် ဤသည်ကို လက်မခံဘဲ သူ့လက်ဗွေရာနှင့်မျက်နှာဖတ်သည့်စနစ်ကို သီးသန့်ထည့်သွင်းပေးခဲ့သည်။

ချီချန်းရန်သည် ဖုန်းစခရင်ကို ကြည့်ရာ မကြာသေးမီက ဖွင့်ထားသော အပလီကေးရှင်းတစ်ခုကို မပိတ်ထားကြောင်း တွေ့ရှိခဲ့သည်။

'သစ်တော်သီးစုံတွဲ' Super Chat...

ချီချန်းရန်သည် ယခင်က လုလီထံမှ ဤအကြောင်းကို ဝိုးတစ်ဝါး ကြားဖူးသဖြင့် Super Chat အကြောင်းကို သိထားသည်။

Super Chat ၏ မိတ်ဆက်စာသားကိုတွေ့လိုက်ရသည် - ဥက္ကဌချီချန်းရန် x ချမ်းသာတဲ့ ဇနီးလေး လုလီတို့ရဲ့ Super chat ဒီနတ်သမီးစုံတွဲကို ရှယ်ယာဝင်ရင် ဘယ်တော့မှ အရှုံးရှိမှာ မဟုတ်ဘူးနော်~ တိုးပွားလာတဲ့ မိသားစုဝင်တွေကို ကြိုဆိုပါတယ်~

အသစ်တွေ့ရှိချက်- ‘Pear-Flavored Little Fairy’က ဒီအပတ်ရဲ့ နံပါတ် ၁ fan ဖြစ်နေပြီ။

ချီချန်းရန်သည် Super chat ကို လှန်လှောကြည့်ရင်း ၎င်း၏ လုပ်ဆောင်ပုံကို နားလည်သွားသည်။ မကြာသေးခင်က Super chat တွင် အရူးအမူးမှတ်ချက်များ ရေးသားနေသော နံပါတ်၁ fan ကို သူမြင်လိုက်ရပြီး ထိုအကောင့်၏ ပင်မစာမျက်နှာကို ပြန်သွားခဲ့သည်။

အသုံးပြုသူအမည်: Pear-Flavored Little

ချီချန်းရန်သည် ခေါင်းကိုငုံ့ပြီး အိပ်ပျော်နေသော လုလီ - Pear-Flavored Little ကို ကြည့်လိုက်သည်။

သူမ၏ သေးသွယ်ဖြောင့်စင်းသော နှာတံသည် နီရဲနေပြီး အိပ်မက်ထဲ လှုပ်ရှားနေသကဲ့သို့ လူးလှိမ့်နေသည်။

သူမ ငိုထားသည့်ပုံရသည်။

ချီချန်းရန်စိတ်ထဲတွင် ညနေက သူမ၏အပြုအမူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိကာ ဖုန်းကို သူမ၏ ခေါင်းအုံးအောက်သို့ ထည့်ပေးထားလိုက်သည်။

သူသည် လုလီမျက်နှာကို လက်ဖြင့်ထိတွေ့ရင်း နားရွက်ပေါ်ရှိ ဆံပင်များကို သပ်ပေးလိုက်ပြီး ပါးပြင်ကို ပွတ်သပ်ကာ နှုတ်ခမ်းများကို ဖြည်းညှင်းစွာ နမ်းလိုက်သည်။

နောက်တနေ့ လုလီ နိုးလာသောအခါ သူမ ချီချန်းရန်၏ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

မနေ့ညက ၎င်းတို့ စကားများခဲ့ကြီး သူမအခန်းထဲမှာပဲ အိပ်ပျော်သွားသည်ကို သတိရသည်။

အိပ်ရာပေါ်တွင် သူမတစ်ယောက်တည်းသာရှိပြီး ချီချန်းရန်က အလုပ်သွားပြီဖြစ်မည်။

လုလီ အံကြိတ်လိုက်ပြီး လက်သီးများကို တင်တင်းကျပ်ကျပ်ဆုပ်ထားလိုက်သည်။ သူမအိပ်ပျော်နေစဉ် သူ့အခန်းထဲသို့ ပြန်ခေါ်သွားသည့် ချီချန်းရန်၏ အပြုအမူသည် အလွန်ရှက်ဖွယ်ကောင်းလွန်းသည်ဟု သူမထင်သည်။

သူ တကယ့်ကိုတရားလွန်နေပြီဖြစ်သည်။

လုလီသည် အိပ်ရာမှ ထထိုင်လိုက်ကာ လှည့်ကြည့်လိုက်ပြီး ခေါင်းအုံးအောက်မှ ဖုန်းကို ထုတ်ယူလိုက်တယ်။

ချောင်ကျာယိ မနက်အစောပိုင်းကတည်းက WeChat မှာစာပို့ထားသည်။ - "ချီချန်းရန် ကို မေးပြီးပြီလား? ငါတို့ ကိုယ်ပိုင်လေယာဉ်စီးမှာလား၊ ဒါမှမဟုတ် လေဆိပ်က လေယာဉ်ကြိုဝယ်မှာလား?"

ဤသည်ကိုမြင်တော့ လုလီရင်ထဲ ဆို့နင့်သွားပြီး ဝမ်းနည်းသွားရသည်။

[ငါမသွားတော့ဘူး]ဟု ဝမ်းနည်းစွာ စာပြန်လိုက်သည်။

သူမ ကိုယ့်ကိုကိုယ် လုံးဝအသုံးမကျကြောင်း ဝန်ခံလိုက်သည်။ မနေ့ညက အံကြိတ်ပြီး ခေါင်းမာခဲ့သော်ငြားလည်း အဆုံးသတ်၌ သူမလိုချင်တာ မရခဲ့ပေ။

ချောင်ကျာယိ : [???]

[ချီချန်းရန် သွားခွင့်မပြုဘူးလား?]

လုလီ: [အင်း၊ နေရာကလည်း အရမ်းဝေးပြီး သွားမယ့်ရက်ကလည်း ကြာလို့တဲ့]

ချောင်ကျာယိ: [တစ်ပတ်တည်းကို ဘယ်လောက်များကြာမှာမို့လို့လဲ? ပြီးတော့ တရုတ်ပြည်ထဲမှာရှိနေတာကို ဘယ်လိုလုပ်ဝေးနိုင်မှာလဲ?]

[သူမသွားခိုင်းတာနဲ့ပဲ နင် မသွားတော့ဘူးလား?]

[နင် တကယ် သူ့စကားကို နားထောင်မှာလား?]

[သူက ဘယ်လိုလူလဲ?]

[ဒီလို ခွေးကောင်တွေက နာခံတတ်တဲ့ မိန်းကလေးတွေဆို အနိုင်ကိုကျင့်ချင်နေကြတာ၊ ဒါ ဘယ်လို အမှိုက်မျိုးလဲ? လက်ခလယ် အီမိုဂျီ]

[တောင်းပန်ပါတယ်]

[ချီချန်းရန်က ငါ့ကို တကယ် သွားခွင့်မပေးဘူး]

ချောင်ကျာယိ: [ဘာဖြစ်လဲ? သွားလို့ရတယ်၊ သွားကြရအောင်!]

[သူက နင့်ကို ဘာလို့ ခွင့်မပြုရတာလဲ? သူ့ပိုက်ဆံလည်းမဟုတ်ပဲနဲ့!]

လုလီ: [ရင်းနှီးမြှုပ်နှံမှုငွေက သူ့ပိုက်ဆံတွေပါ။]

ချောင်ကျာယိ : “…”

ဒီကျောရိုးမရှိတဲ့မိန်းမက တစ်မျိုး.....

လုလီ : [နောက်ဆုံးတော့ ပိုင်ရှန့်ယင် ငါ့ရှေ့မှာ ဘာလို့ ဒီလိုစကားတွေကို သတ္တိရှိရှိ ပြောရဲတာလဲဆိုတာ နည်းနည်း နားလည်သွားသလိုပဲ]

[သူ့မှာ ကိုယ်ပိုင် brand ရှိတယ်]

[ငါ့မှာက ချမ်းသာတဲ့လောင်ကုန်းတစ်ယောက်ပဲရှိတယ်။ သူမရှိရင် ငါ့မှာဘာမှ ရှိတော့မှာ မဟုတ်ဘူး]

“ချမ်းသာတဲ့လောင်ကုန်းတစ်ယောက်ပဲရှိတယ်" ဟူသော စာကိုဖတ်လိုက်ရချိန်တွင် ချောင်ကျာယိ မည်သို့ပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

[မဟုတ်သေးဘူးလေ၊ နင့်မှာ ချမ်းသာတဲ့အဖေလည်း ရှိသေးတယ်လေ]

[ဒါပေမယ့် နင့်မိသားစုရဲ့ပိုင်ဆိုင်မှုကို ဘယ်လိုခွဲဝေကြမှာလဲ? နင့်အဖေက နင့်ကို ရှယ်ယာတွေပေးမှာလား? နင့်အစ်ကိုနှစ်ယောက်ပဲခွဲပေးပြီး နင့်ကို ပထုတ်လိုက်ရ င်ဘယ်လိုလုပ်မလဲ?]

[ဟောင်ကောင်မှာ ချမ်းသာတဲ့မိသားစုတွေကြားက အမွေခွဲဝေမှုတိုက်ပွဲက အရမ်းပြင်းထန်တယ်လို့ကြားဖူးတယ်။ နင့်အစ်ကိုတွေနဲ့ ဆက်ဆံရေးဘယ်လိုရှိလဲ? နင့်အမေက နင့်အစ်ကိုတွေကို ရိုက်ဖူးတာမျိုး ရှိလား?]

[နင် ချီချန်းရန်နဲ့ချုပ်ထားတဲ့ မင်္ဂလာဆောင်ခင်က သဘောတူညီချက်ရော? ကွာရှင်းရင် ပိုက်ဆံပေးမှာလား?]

လုလီ မက်ဆေ့ချ်များကို ကြည့်ကာ တိတ်ဆိတ်သွားခဲ့သည်။

မိခင်ဖြစ်သူသည် ဖျော်ဖြေရေးနယ်ပယ်မှ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သည်။ လုလီသည် မည်မျှပင် အထက်တန်းလွှာတွင် နာမည်ကြီးကျော်ကြားနေပါစေ မိန်းကလေးဖြစ်နေဆဲဖြစ်သည်။ ဖခင်ဖြစ်သူသည် သူမအား ဆက်ခံသူအဖြစ် လေ့ကျင့်ပေးထားခြင်းမရှိပဲ သူမ၏အစ်ကိုနှစ်ယောက်သာ ရှုပ်ထွေးသော စီးပွားရေးနယ်ပယ်တွင် ရှိနေကြပြီး ၎င်းတို့၏ကိုယ်ပိုင်အမည်များပင် သတ်မှတ်ပေးထားပြီး ဖြစ်သည်။

သူမ အားနည်းနေသလို ခံစားရသည်။

လုလီထံမှ အချိန်အတော်ကြာသည့်တိုင် စာပြန်မလာသည်ကို မြင်သောအခါ ချောင်ကျာယိ စကားမှားပြောမိမှန်း သိလိုက်ရသည်။

လုလီ ခေါင်းနောက်တကြိမ် ထပ်ထိခိုက်မိသွားရင် ပြန်ကောင်းလာလိမ့်မည်ဟု ချောင်ကျာယိ ရုတ်တရက် ခံစားလိုက်ရသည်။ Weibo တွင် သူမနှင့် ချီချန်းရန်နှင့်ပတ်သတ်သော ပို့စ်များကို တင်ထားပြီးသားဖြစ်ရာ ချီချန်းရန် အလွယ်တူ ကွာရှင်းဖို့လည်း မဖြစ်နိုင်ပေ။ ဤသည်မှာ ခက်ထန်သော စီအီးအိုနှင့် အိမ်ထောင်ကျသွားသည့် ဇနီးငယ်လေး ဇာတ်လမ်းထဲက အတိုင်းဖြစ်နေသည်။ စိတ်ဝေဒနာရှင် သူဌေးကြီးရဲ့အချစ်အတွက် အတင်းအကျပ် စေခိုင်းခံရသည့် ဇာတ်လမ်းတစ်ပုဒ်လိုပင်။ နည်းလမ်းရှိပေမယ့် သူမကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။

လုလီ ချောင်ကျာယိထံ တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။

လုလီ နှစ်နာရီနီးပါးလောက် ညည်းညူပြောဆို နေခဲ့သည်။

"ငါ့ကို ပြောစမ်းပါဦး၊ ငါ့လောင်ကုန်းက ဘာလို့ ဒီလောက်တောင် နားလည်မပေးရတာလဲ?" လုလီ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ "ဒါပေမယ့် သူ့ပိုက်ဆံနဲ့ရင်းနှီးမြှုပ်နှံထားရတာဆိုတော့ သူ့ကို ဘာမှပြန်ပြောလို့မရမှန်း ငါသိတယ်"

"သူလက်မခံရင် ငါ ခိုးသွားဖို့စဥ်းစားထားပေမယ့် ဒီလိုလုပ်ရင် သူမကြိုက်ဘူးဆိုတာ ငါသိတယ်။ ငါလည်း စိတ်ချမ်းသာရမှာမဟုတ်ဘူး။ ပျော်စရာလည်းကောင်းတော့မှာ မဟုတ်ဘူး။ ဒါဆိုဘာအဓိပ္ပါယ်ရှိမှာလဲ"

"ငါ အသုံးမကျဘူးဆိုတာ ငါသိတယ်။ အိမ်မှာ ငါ့အဖေကို အားကိုးတယ်၊ ဒီမှာ ငါ့လောင်ကုန်းကို အားကိုးနေရတယ်။"

"ဘဝမှာ ပထမဆုံးချစ်မိတဲ့အချစ်က ဒီလိုနာကျင်စေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"

All Chapters