← Chapters

Sorrowful Women (2)

Vol. 6 Ch. 83

Sorrowful Women (2)

Vol. 6 Ch. 83

နာရီဝက်ကြာသည်အထိ လုလီ ပြန်မရောက်လာသဖြင့် ချောင်ကျာယီ သန့်စင်ခန်းသို့ လိုက်သွားသည်။ သန့်စင်ခန်းတွင်လည်း မတွေ့ရသဖြင့် သူမ ဖုန်းခေါ်ပြီး WeChat မှလည်း စာပို့လိုက်သည်။ သို့သော် လုလီဘက်မှ အကြောင်းမပြန်လာသောကြောင့် သူမ အလျင်အမြန် လိုက်ရှာနေခဲ့သည်။

သူမ ဘားတစ်ခုလုံး လှည့်ပတ်ရှာပြီးနောက် နောက်ဆုံး လုလီရှိရာကို ရှာတွေ့သွားသောအခါ သူမ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

သူမရှိရာ စားပွဲတွင် လူအများအပြားရှိနေပြီး ကြွက်သားထွားထွား အမျိုးသားသုံးယောက်၊ ချမ်းသာသော အမျိုးသမီးကြီးလေးယောက်နှင့် သူဌေးမလေးလုလီ တို့ပင် ဖြစ်သည်။

လုလီ၏ပါးပြင်များနီရဲနေပြီး သူမလက်ကိုဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် အော်ဟစ်ပြောဆိုနေသည်- "အိမ်ထောင်ကျတာ၊ ဘာမှမကောင်းဘူး!"

"ကျွန်မလိုလူမျိုးက မွေးကတည်းက "အေ့".... လက်ထပ်ဖို့သပ်သပ် ပျိုးထောင်ခံခဲ့ရတာ၊ အေ့....ဒါက တကယ့်ကို အဓိပ္ပါယ်မရှိဘူး"

"ကျွန်မက ကျွန်မလောင်ကုန်းအတွက် ပစ္စည်းမဟုတ်ဘူး၊ ရှေ့ရက်က ကျွန်မ ကလေးယူချင်တယ်လို့ ပြောခဲ့ပေမယ့် သူငြင်းဆန်ခဲ့တယ်"

Hermes အိတ်ကိုင်ဆောင်ထားသော အမျိုးသမီးကြီးက ဝင်ထောက်လာသည်။ "သူ အပြင်မှာ မယားငယ်မနဲ့ ကလေးမွေးထားတာပဲ ဖြစ်ရမယ်"

ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးကြီးက မီးလောင်ရာလေပင့် လိုက်သကဲ့သို့ ဝင်ပြောသည်။ -"တနေ့ကျရင် အဲ့မယားငယ်မက တရားမဝင်ကလေးကိုခေါ်ပြီး မင်းအိမ်ထဲ ဝင်လာလိမ့်မယ်၊ ဒါပေမယ့် သည်းခံရုံကလွဲပြီး မင်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"

လုလီ ပြင်းပြင်းထန်ထန် ငိုကြွေးလိုက်ပြီး သူမ၏သွယ်လျသော လက်ချောင်းဖြင့် စားပွဲထိုး၏ ကြွက်သားကို တို့ထိလိုက်သည်။ - "ရှင့်ကြွက်သားတွေက ကျွန်မ လောင်ကုန်းလောက်တောင် ကြည့်မကောင်းဘူး"

စားပွဲထိုး: “…”

စားပွဲထိုးသည် သူ၏ဂုဏ်သိက္ခာကို စိန်ခေါ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"မင်းခင်ပွန်းက အဲ့လောက် ကြည့်ကောင်းနေရင် ဒီကိုလာပြီး ကျွန်တော်နဲ့ ယှဥ်ကြည့်လို့ရတယ်"

ချောင်ကျာယိသည် ဤအခြေအနေကိုမြင်လိုက်သည်နှင့် ရုတ်တရက် အသက်ရှုကြပ်သွားပြီး ကမန်းကတန်း ပြေးလာခဲ့သည်။ "လုလီ!”

"နင် ဘယ်လောက်တောင် သောက်လိုက်တာလဲ? ဘာလို့ သူများစားပွဲမှာ လာသောက်နေတာလဲ?!"

သူမသည် လုလီ၏ လက်မောင်းကိုဆွဲကာ မတင်ဖို့ကြိုးစားလိုက်သည်။

လုလီသည် နံဘေးရှိ စားပွဲထိုးကို လုံးဝမလွှတ်ပေးဘဲ အသည်းအသန်းဆွဲထားပြီး "မသွားချင်ဘူး။ ကျဲတို့နဲ့ စကားပြောချင်သေးတယ်"

အမျိုးသမီးကြီးများသည် မျက်ရည်ဝဲသွားကြပြီး ထိုမိန်းကလေးအား ချောင်ကျာယိမှ လုလီ ခေါ်လိုက်သည်ကို ကြားတော့ သူမမျက်နှာကို ရင်းနှီးသွားသလို ခံစားလိုက်ရသည်။

"ဒီမိန်းကလေးက လုလီလား?"

လေးယောက်လုံးသည် လုလီကို ချက်ချင်းမှတ်မိသွားကြပြီး ၎င်းတို့၏ အမျိုးသမီး အဝန်းအဝိုင်းထဲသို့ ဝင်ရောက်ရန် ကြိုဆိုလိုက်ကြသည်။

ခပ်ဝဝအမျိုးသမီး- "အမ်? သူက ရှန့်ကျင် ဥက္ကဌရဲ့ဇနီး လုလီလား?"

ပိန်ပိန်ပါးပါး အမျိုးသမီး- "ဟို လင်မယားအတုမဟုတ်လား? ငါ့လောင်ကုန်းတောင် သူတို့ မင်္ဂလာပွဲတုန်းက သွားခဲ့သေးတယ်"

Hermes အိတ်ပိုင်ရှင် အမျိုးသမီး - သူ နာကျင်နေတာ မထူးဆန်းပါဘူး၊ သူ့လောင်ကုန်းက ချောလွန်းတော့ အပြင်မှာ မြေခွေးမတွေအများကြီး ရှိနေမှာသေချာတယ်၊ ဒီလိုလူမျိုးမှာ တရားမ၀င် ကလေးတွေ ရှိနေတာ ပုံမှန်ပဲ”

ဆံပင် ကောက်ကောက်နှင့် အမျိုးသမီး- "ဟုတ်တယ်၊ လူတွေက ငါတို့ကို ပိုက်ဆံသုံးဖြုန်းနေတဲ့ မိန်းမတွေလို့ပဲ မြင်နေကြတာ၊ငါတို့ဘဝက ဘယ်လောက် ခါးသက်လဲဆိုတာ ငါတို့ပဲသိတယ်"

လုလီ - "အီး...ဟီး....ဟီး...ကျွန်မလောင်ကုန်းက အပြင်မှာ နောက်ထပ်မိန်းမရှိနေတယ်... ဟုတ် လား...ဟီး...."

ချောင်ကျာယိသည် လုလီ၏လက်ကို ဆက်ပြီးဆွဲမလိုက်ရင်း - "ဒီဘားမှာ မကြာသေးခင်က သတင်းထောက်တွေနဲ့ သီးသန့်အင်တာဗျူးလုပ်ထားတယ်၊ ကျေးဇူးပြုပြီး နင့် အပြုအမူကို ဂရုစိုက်ပါဦး၊ တစ်ယောက်ယောက်ကများ နင့်ကို ဓာတ်ပုံရိုက်သွားရင် ဘယ်လိုလုပ်မလဲ?"

လုလီ ဂရုမစိုက်သလိုပြောလိုက်သည်။ "ဓာတ်ပုံရိုက်ခံရရင်ရော ဘာဖြစ်သွားမှာလဲ?"

ယခင်က ၎င်းတို့နှင့်ပတ်သက်သည့် ကောလာဟလများကို အောင်အောင်မြင်မြင် ချေဖျက်နိုင်ခဲ့ခြင်းမရှိသည်ကို သူမ ရုတ်တရက် သတိရသွားပြီး “ငါ့လောင်ကုန်းနဲ့ ဓာတ်ပုံထဲမှာ ဘယ်လိုပဲ တွဲမြင်နေရပါစေ လူတွေက ငါတို့ကို စုံတွဲအတုလို့ ပြောနေကြဦးမှာပဲ"

"ငါ ဒီထဲမှာ အချိန်အကြာကြီး အသားကျနေခဲ့တာ"

"အခုတော့ ဘာမှအရေးမကြီးတော့ဘူး!"

ချောင်ကျာယိသည် လုလီ၏ အရက်မူးနေသော ပုံစံကို ကြည့်ပြီး ချီချန်းရန်အား ဖုန်းဆက်ကာ လာခေါ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ဘားအတွင်း သီချင်းသံများဖြင့် ဆူညံလွန်းနေသောကြောင့် ချီချန်းရန်သည် ချောင်ကျာယိပြောနေသည်ကို ရှင်းရှင်းလင်းလင်း မကြားရချေ။

ထို့ကြောင့် သူမ ချီချန်းရန်ထံ မက်ဆေ့ချ်ပို့လိုက်သည်။ - "XX ဘား။ လုလီ မူးနေပြီ၊ လာခေါ်ပေးပါ။"

လုလီ ဘားတစ်ခုသို့ရောက်နေကြောင်း ကြားရချိန်တွင် ချီချန်းရန် မယုံကြည်နိုင်ဖြစ်သွားသည်။

လုလီသည် ဘားသွားတတ်သူမဟုတ်သလို သူမ၏အစီအစဉ်များကိုလည်း အမြဲပြောပြတတ်သူဖြစ်သည်။

သူ ချောင်ကျာယိနဲ့ spa သွားတာ မဟုတ်ဘူးလား?

ချီချန်းရန်: "တကယ်လား?"

ချောင်ကျာယိသည် ချီချန်းရန် အကြောင်းပြန်လာသော စာကိုဖတ်ပြီး ဇနီးဖြစ်သူအား ဘား သွားတတ်သူမဟုတ်ဟု ရိုးသားစွာယုံကြည်နေပုံရသော ချီချန်းရန်ကြောင့် သူမ ခဏဆွံအသွားရသည်။ ထို့နောက် သူမ လုလီ၏ ဓာတ်ပုံကိုရိုက်ကာ ချီချန်းရန်ထံ ပို့လိုက်သည်။

ချီချန်းရန် ဓာတ်ပုံများကို လက်ခံရရှိခဲ့သည်။

ဘားထဲရှိ မှိန်ပျပျအလင်းရောင်အောက်တွင် ဇနီးဖြစ်သူသည် ဆိုဖာပေါ်တွင် တစောင်းထိုင်နေပြီး ဆံပင်များ ရှုပ်ပွနေကာမျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်ကို တွေ့လိုက်ရသည်။ သူမသည် သနားစရာပုံပေါက်နေသော်လည်း စားပွဲထိုးလေး၏ Eight - Pack ကို လက်ဖြင့် တို့ထိနေသည်။

All Chapters