← Chapters

Peerless Husband (2)

Vol. 6 Ch. 85

Peerless Husband (2)

Vol. 6 Ch. 85

ချီချန်းရန်သည် အရက်မူးနေသော လုလီအား ဘားထဲမှ တွဲခေါ်သွားခဲ့သည်။ ယာဉ်မောင်းသည် ၎င်းတို့ကို မြင်သည်နှင့် ကားတံခါးကို အဆင်သင့် ဖွင့်ပေးလိုက်သည်။ ချီချန်းရန်သည် လုလီအား ကားအတွင်းသို့ ထည့်လိုက်ကာ တံခါးပိတ်လိုက်သည်။ ထို့နောက် သူ့မျက်နှာသည် ချက်ခြင်းအေးစက်သွားသည်။

လုလီသည် ကားနောက်ခုံတွင် ထိုင်ရင်း အပြင်ဘက်မှ တိုက်ခက်လာသော လေအေးများကြောင့် အနည်းငယ် သတိကပ်လာပုံရသည်။

ချီချန်းရန်သည် ကားတစ်ဖက်ခြမ်းတွင် ထိုင်နေသည်။ လုလီသည် ချီချန်းရန်အား တွယ်ကပ်ကာ သူမ၏လက်ချောင်းလေးများဖြင့် သူ့ဝမ်းဗိုက်ထဲသို့ ဝင်ရောက်ပြီး အင်္ကျီအောက်မှ ဝမ်းဗိုက်ကြွက်သားများကို ထိတွေ့နေသည်။ အထိအတွေ့ကိုခံစားရသည်နှင့် လုလီ သက်ပြင်းချလိုက်ရင်း စိတ်သက်သာရာရသွားသည်။ - "ကျွန်မလောင်ကုန်းက အကောင်းဆုံးပဲ"

ချီချန်းရန်သည် အရက်မူးနေသော အမျိုးသမီး၏ ထိတွေ့နှောက်ယှက်မှုကို ခံနေရသည်။ ချီချန်းရန်သည် လုလီ အပြင်ထွက်ပြီး အင်္ကျီချွတ်ထားသော စားပွဲထိုး၏လက်ထဲတွင် မူးယစ်ပျော်ပါးနေပုံနှင့် ချမ်းသာသော အမျိုးသမီးများမှ ၎င်းတို့၏ဆက်ဆံရေးအား မှန်းဆနေကြပုံတို့ကို စဉ်းစားမိသောအခါ သူ၏မျက်ခုံးများသည် တင်းကျပ်စွာ ကျုံ့ဝင်သွားသည်။

ချီချန်းရန်သည် လုလီ၏နူးညံသော လက်ကလေးကို ညင်သာစွာ ရိုက်လိုက်ပြီး "ကိုယ့်ကို မထိနဲ့" ဟု ပြောလိုက်သည်။

"တခြားတစ်ယောက်နဲ့ ပျော်ပါးခဲ့ပြီးတာတောင် မကျေနပ်သေးဘူးလား?"

လုလီသည် သူမ၏လက်ခုံမှ နာကျင်မှုကို ခံစားလိုက်ရပြီး ချက်ချင်း လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမ ရုတ်တရတ် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ ရှေ့က နားလည်လက်ခံပေးနိုင်ကြောင်း အမူအရာပြနေသော အမျိုးသားသည် ၎င်းတို့နှစ်ယောက်တည်းရှိနေချိန်တွင် သူ၏အပြုအမူ ရုတ်ချည်းပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ဟင်?"

ချီချန်းရန်သည် လုလီအား အထင်သေးသည့်အကြည့်ဖြင့် ကြည့်နေသည်။

လုလီသည် လောင်ကုန်းဖြစ်သူ၏ ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာကိုကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်- "ဘာဖြစ်နေတာလဲ... လောင်ကုန်း မျက်နှာကို ဘာလို့တည်ထားတာလဲ? ခုနက ကျွန်မကို လှည့်စားလိုက်တာလား?'

'နောက်ဆုံးတော့ မင်းသဘောပေါက်သွားပြီပဲ' ချီချန်းရန် စိတ်ထဲက တွေးလိုက်သည်။

တစ်ပါးသူရှေ့တွင် သူမ၏မျက်နှာကို ထိန်းသိမ်းပေးခဲ့သည်မှာ သူမ နာခံစွာ လိုက်လာစေရန် ဖြစ်သည်။

သူမ အပြင်ထွက်ပြီး အခြားယောက်ျား၏ဗိုက်သားကို ထိတွေ့ခဲ့သည်ကို သူ ဘယ်လိုများ ဒီအတိုင်း မေ့ဖျောက်ပစ်လို့ ရနိုင်မည်နည်း?

လုလီ တုန်လှုပ်သွားသည်။ တခြားလူရှေ့တွင် နူးညံ့သိမ်မွေ့ပြခဲ့သည်မှာ ဟန်ဆောင်ခြင်းသာဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

သူမ ချက်ချင်းကားတံခါးကို ဆွဲဖွင့်လိုက်ပြီး "တံခါးဖွင့်ပေး! ကျွန်မ ဆင်းချင်တယ်၊ လောင်ကုန်းက ကျွန်မကို မချစ်ဘူး!"

သို့သော် ကားတံခါးအား လော့ချထားပြီးဖြစ်ကာ ချီချန်းရန်သည် ယာဉ်မောင်းကို ကားဆက်မောင်းရန် အမိန့်ပေးခဲ့သည်။

လုလီသည် ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်ငြားလည်း မအောင်မြင်ဘဲ အိမ်သို့ရောက်လာခဲ့သည်။

ချီချန်းရန်သည် ညအိပ်ဝတ်စုံကို အလျင်အမြန်ရှာလိုက်ပြီး မူးနေသောသူမအား ရေချိုးခန်းထဲသို့ တိုက်ရိုက်ပစ်ချကာ ရေဘားကိုဖွင့်လိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ သူ တစ်ခုခုလုပ်ရန် ကြံရွယ်နေသည်မှာ သိသာထင် ရှားနေသည်။

ဤသည်ကို မြင်သည်နှင့် လုလီ ထွက်ပြေးဖို့ကြိုးစားလိုက်သည်။ - "ကယ်ကြပါဦး!"

သူမ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးချိန် ချီချန်းရန်သည် သူမကို ပြန်ဆွဲခေါ်လာပြီး ရေချိုးကန်ထဲကို ပစ်ထည့်လိုက်ပြန်သည်။- "လာ ရေချိုးရမယ်"

လုလီသည် သူမ၏လည်ပင်းကို ဖုံးအုပ်ကာ ခေါင်းကိုခါယမ်းလိုက်ပြီး "ဟင့်အင်း၊ ကျွန်မ ရေမချိုးချင်ဘူး"

ချီချန်းရန် ဘာမှပြန်မပြောဘဲ သူမကိုဆွဲယူကာ အဝတ်များ ချွတ်ပစ်ပြီး ရေချိုးစေသည်။ တစ်ခါတည်းနှင့် လုပ်ဆောင်ချက်အဆင့်ဆင့်ကို ချောမွေ့စွာဖြင့် ပြီးစီးသွားသည်။

“အဟွတ်၊ အဟွတ်” လုလီပါးစပ်ထဲ ရေဝင်လာသဖြင့် ခေါင်းကိုမော့ကာ ချောင်းဆိုးလိုက်ပြီး သူမ မျက်လုံးများ အနည်းငယ်နီရဲလာသည်။

သူမ၏ သနားစရာကောင်းသော အမူအရာကို မြင်သောအခါမှ ရေချိုးကန်ထဲတွင်ရေပြည့်နေပြီဖြစ်ကြောင်း ချီချန်းရန် သတိထားမိသွားပြီး ရေပိုက်ကိုပိတ်ကာ သူလည်း ရေချိုးကန်ထဲသို့ဝင်လိုက်သည်။

ထိုအခိုက်အတန့်တွင် လုလီသည် မိမိခန္ဓာကိုယ်ကိုမိမိ မပိုင်ဆိုင်တော့သည့်အရာကဲ့သို့ ခံစားလိုက်ရပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

သို့သော် သူမအနေနှင့် သူ၏အပြုအမူကို လိုက်လျောပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

ထိုအမျိုးသားသည် မနာလိုစိတ်နှင့်ဒေါသစိတ်တို့ ရောနှောကာ ပုံမှန်ထက် ပိုမိုကြမ်းတမ်းစွာ ပြုမူနေခဲ့သည်။

လုလီသည် ကြွေပြားပေါ်တွင် ထင်ဟပ်နေသော သူမ၏ပုံရိပ်ကိုကြည့်ရင်း ငိုချင်လာသော်လည်း မငိုရဲဘဲ နောက်ဆုံးတွင် နာကျင်မှုကြောင့် သူ့နောက်ကျောကို သူမ၏လက်သည်းများဖြင့် ကုတ်ဖဲ့လိုက်သည်။ သူ လှုပ်ရှားမှုနှေးသွားသောအခါ သူမ ကုတ်ဖဲ့ခြင်းမပြုပဲ သူမြန်မြန်လုပ်နေချိန်တွင် သူမ၏လက် ချောင်းများမှာလည်း ပိုပြီးပြင်းထန်လာသည်။

လုလီ တစ်ညလုံးနီးပါး မအိပ်ခဲ့ရပေ။ သူမသည် သဘက်ဖြင့် စည်းနှောင်ကာ အပြင်သို့ခေါ်ထုတ်ခံရသောအခါ အဆုံးသတ်ပြီဟု ထင်မှတ်ခဲ့သော်လည်း ဤသည်မှာ နောက်ထပ်အသစ်အဆန်းအတွက် အစပြုခြင်းဖြစ်ကြောင်း နောက်ဆုံး၌ သိခဲ့ရသည်။ အဆုံးတွင် သူမသည် ဘာမျှမလုပ်နိုင်တော့ဘဲ ပုံမှန်အားဖြင့် မပြောဝံ့သော စကားလုံးများကို သူနားထဲသို့ တိုးညှင်းစွာပြောရန် ဖိအားပေးခံခဲ့ရသည်။ ထိုစကားလုံးများမှာ အဝါရောင်စာအုပ်ထဲက (ရာဂစိတ်ကို လှုံ့ဆော်သော) စကားများဖြစ်သည်။ ထိုစကားများကို သူမည်သည့်နေရာမှ သင်ယူထားသည်ကို သူမ မသိပေ။ သူမ မျက်လုံးများကိုမှိတ်ထားရင်း ညည်းတွားသံများသာ ထွက်လာခဲ့သည်။

[အဝါရောင်စာအုပ်ဟူသည် အခြေခံအားဖြင့် အိပ်ခန်းထဲတွင် ပြောကြသော ရာဂစိတ်ကို လှုံဆော်သောစကားများဖြစ်သည်]

ခေါင်းကိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် လုလီ အလွန်အမင်း အိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့နေ့လည်မှသာ ခေါင်းတအားကိုက်နေရင်းနှင့် နိုးလာခဲ့သည်။

သူမနိုးလာချိန်တွင် ကုတင်ဘေးရှိ စားပွဲပေါ်တွင် ခေါင်းကိုက်ဝေဒနာသက်သာစေရန် ပျားရည်တစ်ခွက် အသင့်ပြင်ပေးထားသည်။

လုလီ လှုပ်ရှားကြည့်ရင်း နီရဲရောင်ရမ်းနေသော သူမ၏လျှို့ဝှက်နေရာကို စစ်ဆေးကြည့်လိုက်သည်။ ထိုနေရာတစ်ဝိုက်တွင် အေးမြနေပြီး ဆေးလိမ်းပြီးသားဖြစ်နေသည်။

သူမ ပျားရည်ကိုသောက်လိုက်ပြီး ခုတင်ခေါင်းရင်းကိုမှီကာ ခဏငြိမ်သက်နေလျက် မနေ့ကအဖြစ် အပျက်များကို တစ်စစီပြန်ဆွဲထုတ်နေမိသည်။

သူမ သေလောက်တဲ့ အမှားကို လုပ်မိခဲ့သည်။

နူးညံ့သိမ်မွေ့ပြီးစာနာတတ်သူ၊ ဇနီးသည်အပေါ် နားလည်မှုပေးကာ ချစ်ခင်ပေးသူ ဤသည်မှာ အယောင်ဆောင်ခြင်းသာဖြစ်နေသည်။ အဆုံး၌ သူမသည် အိပ်ရာထဲတွင် အပြစ်ပေးခံခဲ့ရသည်။

သူမ ဘာကြောင့် မူးအောင် သောက်ခဲ့မိပါလိမ့်?

အရင်က ထိုသို့ အလိမ်မခံရဖူးသည့်အတွက် ဤမျှလွယ်ကူစွာ လှည့်စားခံရခြင်းဖြစ်သည်။

၎င်းတို့နှစ်ယောက်ကြားက ပြဿနာမှာ မပြေလည်သေးပေ။

လုလီ ထချင်စိတ်မရှိသေးသဖြင့် ပျားရည်ခွက်ကို ခုတင်ဘေးစားပွဲပေါ်ပြန်တင်ကာ ဖုန်းကိုကောက်ယူပြီး အချိန်ကိုကြည့်လိုက်သည်။

သူမ၏ ဖုန်းစာရင်းထဲတွင် 'ချောင်ကျာယိ' နှင့် 'Hobby' ဟု အမည်သွင်းထားသည့် သူများထံမှ WeChat မက်ဆေ့ချ်များ ရောက်နေသည်။

ချောင်ကျာယိ: [နင် နိုးပြီလား?]

[ငါ့အမြင်တွေ ပြောင်းလဲလိုက်ပြီ]

[အရင်တုန်းကတော့ သူ နင့်ကို လှည့်စားနေတာပဲလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ အစစ်အမှန်ဆိုတာ သိလိုက်ရပြီ]

[ဘယ်လိုတောင် အရည်အချင်းပြည့်ဝတဲ့ ယောက်ျားမျိုးလဲ?]

[နူးညံ့စိတ်ရှည်ပြီး နင့်ကို ဒီလောက်ချစ်တာ]

[မနေ့ညက သူ ငါတို့ကို ဘယ်လိုသက်သေပြသွားလဲ နင်သိလား?]

လုလီသည် 'အရည်အချင်းပြည့်ဝတဲ့ယောက်ျား'၊ 'နူးညံ့စိတ်ရှည်'ဟူသော စကားများကို မြင်လိုက်ရချိန်တွင် အံကိုကြိတ်ထားလိုက်သည်။

ဖာ့ခ်...! ဘယ်လိုတောင် မိုက်မဲတဲ့စကားလဲ!

သူ ကားပေါ်ရောက်တာနဲ့ ဘယ်လို မျက်နှာပြောင်းသွားလဲ နင်သိလား!? မနေ့ညက ရက်စက်ပြီး လူမဆန်တဲ့အချစ်ကို ငါဘယ်လိုကြုံတွေ့ခဲ့ရလဲ နင်သိလား ?

လုလီသည် ချောင်ကျာယိ နှင့် စကားဆက်မပြောချင်လောက်အောင် ဒေါသထွက်နေခဲ့ပြီး 'Hubby' ဟု နာမည်သွင်းထားသူ၏ မက်ဆေ့ချ်ကိုဖွင့်ကြည့်လိုက်သည်။ သတင်းဆောင်းပါးတစ်ပုဒ် သူမထံပို့ထားသည်ကိုတွေ့လိုက်ရသည်။

'Hubby' ဟူသော နာမည်ကို ကြည့်ပြီး လုလီစိတ်ထဲ မကျေမနပ်ဖြစ်လာကာ ဒေါသဖြင့် 'Big Bad Guy' ဟု အမည်ပြောင်းလိုက်သည်။ သို့မှသာ သူမ ဒေါသအနည်းငယ်ငြိမ်သက်သွားသည်။

ထို့နောက် ထို 'Big Bad Guy'ပို့ထားသော သတင်းဆောင်းပါးကိုဖတ်လိုက်သည်—

'ဒီကမ္ဘာမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေ တကယ်ရှိပါတယ်၊ ဝမ်းနည်းနေတဲ့ အမျိုးသမီးတွေအတွက် ဖွင့်ထားတဲ့ ဘားတစ်ခုက အချိုမြိန်ဆုံးစုံတွဲက သက်သေပဲ'

All Chapters