← Chapters

Mosaic Couple (2)

Vol. 6 Ch. 87

Mosaic Couple (2)

Vol. 6 Ch. 87

‘Realistic President Novel: Mosaic Couple’ ခေါင်းစဉ်ဖြင့် hot search ပေါ်ရောက်လာသည်ကို လုလီ တွေ့လိုက်ရသည်။

သူမ စိတ်ထဲတွင် ရုတ်တရက် ရှုပ်ထွေးသွားသည်။

ထိုဘားမှ ထွက်လာသော စုံတွဲမှာ မိမိတို့ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်လျှင် ၎င်းတို့အား စုံတွဲအတုအယောင်ဟု ထင်မြင်နေကြသော ကောလာဟလများကို ရှင်းလင်းနိုင်လောက်မည်ဟု လုလီ တွေးလိုက်သည်။

အဖြစ်အပျက်များသည် လုလီအတွက် တကယ့်ကို အထူးအဆန်းဖြစ်နေသည်။ ၎င်းတို့ လက်ချင်းတွဲထားသည့် ဓာတ်ပုံထွက်လာစဉ်က မည်သူမှ မယုံခဲ့ကြသလို ယခုလည်း ဤဓာတ်ပုံများအား ထုတ်ဖော်ခဲ့မည်ဆိုပါက ယုံကြည်ကြမည် မထင်ပေ။

လုလီသည် လောင်ကုန်းဖြစ်သူ၏ မျက်နှာနှစ်ခုကို ရုတ်တရက် သတိရသွားပြီး ဝမ်းနည်းသွားသည်။

ဟန်ဆောင်ကောင်းသော သူ့မျက်နှာ ၊ပွေ့ဖက်ခြင်း ချော့မြူခြင်း အားလုံးသည် အတုအယောင်များ သာဖြစ်သည်။ သူမ နံဘေး၌ တခြားသူမရှိတော့သည့်အချိန်တွင် သူ့မျက်နှာက ရုတ်ချည်းပြောင်းလဲသွားသည်။

သူမအပေါ် သူ၏ဒေါသများကိုဖြေဖျောက်ချိန်တွင် အခြေအနေမှာ ပြင်းထန်လွန်းပြီး သူ ဘယ်လောက်ရူးသွပ်နေကြောင်းကို ဖော်ပြဖို့စကားလုံးပင် ရှာမတွေ့ခဲ့ချေ။

ဤသည်မှာ ဝမ်းနည်းစရာကောင်းလှပေသည်။

သတင်းထောက်သည် ချိုမြိန်သောအခိုက်အတန့်များကိုသာ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်ပြီး သူမ အော်ဟစ်ငိုယိုနေသည့်အချိန်ကို မဖမ်းမိခဲ့ကြချေ။ လုလီသည် ဒေါသတကြီး စောင်ကို ကိုက်ပစ်လိုက်ပြီး စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။

လျှောက်ပြောနေတာ ချိုတယ် …. ဘယ်မှာချိုတာလဲ…? သူတို့ လုံးဝမချိုဘူး….

ချီချန်းရန် အလုပ်မှပြန်ရောက်ချိန်တွင် လုလီအိပ်ယာမှနိုးနေပြီဟု အိမ်အကူမှ ပြောလာသည်။

သူ အိပ်ခန်းထဲသို့ဝင်လာချိန်တွင် တစ်ယောက်မှမရှိသဖြင့် သူမအား ရှာရန် ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ သူဝင်သွားသောအခါ အိမ်သာပေါ်တွင်ထိုင်ကာ ခေါင်းကိုငုံ့ပြီး သူမ၏ဒဏ်ရာကို စစ်ဆေးနေသော လုလီကိုတွေ့လိုက်ရသည်။

လုလီသည် အသံကြားသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူမ ရှေ့တွင် ရုတ်တရက်ပေါ်လာသော ချီချန်းရန်ကို မြင်ပြီး တစ်ရှုးလိပ်ဖြင့် ပစ်ပေါက်လိုက်သည်။

ချီချန်းရန် အပြင်ကို ပြန်ထွက်သွားသည်။

အချိန်အတော်ကြာမှ လုလီ အထဲက ပြန်ထွက်လာသည်။ သူမသည် ချီချန်းရန်အား ဝမ်းနည်းသော အကြည့်ဖြင့်ကြည့်ရင်း စကားမပြောဘဲနေသည်။

ချီချန်းရန်က ပြုံးရယ်ကာ "ကိုယ် အသားပေါက်စီ ဝယ်လာတယ်"

လုလီသည် နှာခေါင်းရှုံပြလိုက်ပြီး အသားပေါက်စီ၏ သွေးဆောင်မှုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

ချီချန်းရန်လည်း စိတ်မဆိုးပဲ လုလီ၏လက်ကို ကိုင်ကာ “ ကိုယ်တို့ စကားပြောရအောင်”

လုလီ ခေါင်းကို လှည့်လိုက်ပြီး"ဘာမှပြောစရာမရှိဘူး"

ချီချန်းရန် - "ကိုယ့်ကို ဘားက ဘယ်လောက်တောင် ပျော်ဖို့ကောင်းတာ၊ ဝိုင်တွေက ဘယ်လောက် သောက်ကောင်းတာ၊ စားပွဲထိုးတွေရဲ့ ကြွက်သားတွေက ဘယ်လောက်တောင် တောင့်တင်းနေလဲဆိုတာ ပြောပြပါဦး"

လုလီ : “…”

ထိုလူသည် ထပ်ပြီး သူမ၏ ဒဏ်ရာဟောင်းကို တူးဆွနေပြန်သည်။ သူမ အဘယ်ကြောင့် ဘားရောက်သွားသည်ကို သူ စဉ်းစားမိပုံမပေါ်ပေ။ ချီချန်းရန်သည် သူ့အား လျစ်လျူရှုရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး သူမ ခေါင်းနောက်ကို ပွတ်သပ်လိုက်သည်။

ချီချန်းရန်သည် လုလီ အပြင်ထွက်ပြီး အရက်မူးလာရသည့် အကြောင်းရင်းကိုသိသည်။ သူ သက်ပြင်းချလိုက်ပြီး “မင်းကို အနောက်ပြည်နယ်မှာ တစ်ပတ်သွားနေဖို့ ကိုယ်ခွင့်ပြုလိုက်မယ်၊ ဒါပေမယ့် နေ့တိုင်းတော့ ဖုန်းဆက်ရမယ်နော်”

"ဟင်?" လုလီ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာသည်။

ချီချန်းရန် ဆက်ပြောလိုက်သည်။- "ကိုယ် ဒီကိစ္စကို စဉ်းစားကြည့်ပြီးပြီ၊ ကိုယ်မှားတာပါ၊ ဒါကြောင့် ကိုယ် မင်းကို သေချာတောင်းပန်ချင်တယ်”

သူ လုလီ၏မျက်လုံးများကို ကြည့်ပြီး “ကိုယ် တောင်းပန်ပါတယ်။ မင်းပြောခဲ့သလိုပဲ၊ ငွေပမာဏ ဘယ်လောက်ပဲရှိရှိ ဒါက မင်းရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံမှုပဲ၊ ဒီတော့ မင်းပါဝင်ဖို့ သဘောတူထားပြီးပြီဆိုတော့ ကိုယ့်ဘက်က မင်းကိုအပြည့်အဝ ထောက်ပံ့ပေးမယ်”

လောင်ကုန်းဖြစ်သူ ထိုသို့ ပြောလာလိမ့်မည်ဟု လုလီမမျှော်လင့်ထားခဲ့ပေ။ သူမ ချီချန်းရန်ကို လှမ်းကြည့် လိုက်သည်။

ချီချန်းရန် - "ကိုယ်တော့ ပြောလို့ပြီးပြီ၊ မင်းမှာ ပြောစရာရှိသေးလား?”

လုလီ အနည်းငယ် ထိတ်လန့်သွားသည်- “ကျွန်မ…”

သူမ ရုတ်တရက် မည်သို့ပြောရမှန်းမသိဖြစ်နေသည်။ သူ၏တောင်းပန်စကားကို သူမ အလွယ်အတူ လက်မခံချင်ပေ။

တောင်းပန်ပြီးတော့ ပြီးသွားရောလား?

ထို ရူးသွပ်ခဲ့တဲ့ညကိုရော အလွယ်တကူ မေ့ပစ်နိုင်မှာတဲ့လား?

ချီချန်းရန် သက်ပြင်းချရင်း "ကိုယ့်ဘက်ကိုလည်း တွေးကြည့်ပေးပါဦး၊ မင်းနဲ့ရန်ဖြစ်လို့ ဘားသွားပြီး သောက်စားမူးယစ်ပြီး သူစိမ်းယောင်္ကျားရဲ့ ကြွက်သားကို ထိနေတာ ကိုယ့်နေရာမှာ မင်းဆိုရင်ရော ဘယ်လိုနေမလဲ?

သူမ မျက်ခုံးပင့်လိုက်ပြီး "အမ်..?"

သူ၏မေးခွန်းကြောင့် လုလီခဏသာ ထိတ်လန့်သွားပြီး ထိုမြင်ကွင်းကို သူမ စိတ်ကူးမယဉ်ပဲ မနေနိုင်တော့ပေ။

ချီချန်းရန်သည် သူမနှင့် စကားများရန်ဖြစ်ပြီး ဘားထဲသို့ ဝင်သွားသည်။ သူ အရက်မူးပြီး ဆိုဖာပေါ် လှဲလျောင်းနေရင်း ရင်သားထွားထွားအမျိုးသမီး၏ ပေါင်တံကို သူလက်နှင့်ကိုင်တွယ်နေသည်။

သူမသာဆို ဘာလုပ်မှာလဲ?

ဤသည်ကို တွေးကြည့်ရုံနဲ့တင် သူမ ဒေါသထွက်သွားသည်။

သေချာသည်မှာ တခြားမိန်းမ၏ပေါင်ကို ကိုင်ထားသော သူ့လက်တွေကို ဖြတ်တောက်ပစ်ပြီး သူမအား တစ်နှစ်လောက် ထိတွေ့ခွင့်မပေးတော့ဘူး ဆိုတာကိုပင်။

လုလီ ခေါင်းကိုငုံ့ကာ နားလည်သွားပုံပေါ်သည်။

"ကျွန်မ တောင်းပန်ပါတယ်။" သူမ ရှူရှိုက်လိုက်ရင်း “ကျွန်မ ဘယ်တော့မှ မသွားတော့ဘူး"

ချီချန်းရန် - " မင်းသွားလို့ရပါတယ်၊ ဘာလို့မရရမှာလဲ၊ ဒါပေမယ့် မင်းကိုအပြင်မှာ တစ်ယောက်တည်း မူးခွင့်မပေးတော့ဘူး..."

ချီချန်းရန် အံကြိတ်လိုက်ပြီး စကားဆက်ပြောရန် ပြင်လိုက်စဉ် လုလီသည် သူမ၏လက်နှစ်ဖက်ကို သူ့ရှေ့သို့ ဆန့်ထုတ်ပေးလာသည်။

"ရှင် ကျွန်မလက်တွေကို ဖြတ်ပစ်လို့ရတယ်"

ချီချန်းရန် : “…”

သူ မည်သို့ လုပ်ရက်နိုင်မည်နည်း? ဆန့်ကျင်ဘက်အနေနှင့် သူမလက်များကို ကိုင်ထားချင်သည်။ ထို့နောက် လုလီ သူမ၏ဒဏ်ရာအား တိတ်တဆိတ် စစ်ဆေးနေသည့် မြင်ကွင်းကို သူ သတိရသွားသည်။ သူမျက်မှောင်ကြုတ်ကာ “မင်း နာနေသေးလား” ဟု မေးလိုက်သည်။

သူ အလုပ်မသွားမီ ဆေးလိမ်းပေးခဲ့ပေမယ့် ထိရောက်မှု ရှိမရှိ မသိရချေ။

လုလီ ရှက်ရွံ့စွာဖြင့် ခေါင်းကိုခါယမ်းရင်း "အဆင်ပြေပါတယ်"

ထို့နောက် သူမ ချီချန်းရန်၏ လက်မောင်းကို ပွေ့ဖက်လိုက်ပြီး “ လောင်ကုန်း ဒါ ဘယ်ကဝယ်လာတာလဲ? ကျွန်မ ဗိုက်ဆာနေပြီ”

ချီချန်းရန် လုလီကို အောက်ထပ်သို့ ခေါ်သွားသည်။

လုလီသည် ထမင်းစားပွဲတွင်ထိုင်ကာ အသားပေါက်စီကို စားရင်း စိတ်အခြေအနေကောင်းနေပုံရသည်။

ချီချန်းရန် အသားလုံးချက်ရန် ထသွားလိုက်သည်။ သူမ ဖုန်းကြည့်ရင်း အသားပေါက်စီကို ဆက်စားနေသည်။

Weibo တွင် ဘားမှချိုမြိန်သော စုံတွဲအကြောင်း ပြောဆိုနေကြသည့် ဘလော့ဂါများ ရှိနေပြီး ၎င်းတို့သည် သကြားဖြင့်ဖုံးအုပ်ထားသော စကားလုံးများဖြင့် ထိုစုံတွဲကို ချီးမွန်းခန်းဖွင့်နေကြသည်။

ဤသည်ကို လုလီ လက်မခံနိုင်ပေ။

ယခင်က ထိုဘလော့ဂါများသည် ၎င်းတို့အား စုံတွဲအတုအယောင်အဖြစ် မဲပေးခဲ့ကြပြီး ရူးသွပ်စွာ ဝေဖန်ခဲ့ကြသည်ကို သူမ မှတ်မိနေသည်။ သို့ဖြစ်ရာ ယခုမှ ၎င်းတို့စုံတွဲ၏ CP ကို တံခါးခေါက်ချင်နေရသနည်း?

၎င်းတို့ တံခါးခေါက်နေသည့် စုံတွဲမှာ ချမ်းသာသော အတုအယောင်စုံတွဲမှန်း သိကြလေသလား?

လုလီသည် ထိုအတုအယောင်စုံတွဲအကြောင်း တွေးနေတုန်း သူမအာရုံအား ဖမ်းယူသွားသည့် နောက်ထပ်မှတ်ချက်တစ်ခုရှိနေသည်။

'ဒီလျှို့ဝှက်ဆန်းကြယ်တဲ့စုံတွဲကို မြင်ရတာ အရမ်းကြည်နူးဖို့ကောင်းတယ်၊ ဘာလို့ ချမ်းသာတဲ့ အသိုင်းအဝိုင်းကြားမှာ ဒီလောက်ကွာခြားမှုတွေရှိနေတာလဲ? ဒီစုံတွဲက ဘယ်သူတွေလဲ? သူတို့ ဆက်ဆံရေးကိုပဲကြည့် ဟိုချမ်းသာတဲ့ စုံတွဲအတုနဲ့ ဘယ်လိုမှသွားယှဉ်လို့မရဘူး”

ဤသည်ကိုမြင်တော့ လုလီစားနေသော ပေါက်စီပင် ပြန်ထွက်ကြလာသည်။

သူတို့ ဘာလို့ ဒီလိုမျိုး ထပ်ပြောနေကြပြန်တာလဲ?

All Chapters