← Chapters

Dog Abuse (1)

Vol. 6 Ch. 88

Dog Abuse (1)

Vol. 6 Ch. 88

တစ်စုံတစ်ယောက်အား ဆွဲချပြီး နင်းချေခြင်းသည် ဖျော်ဖြေရေးလောက၏ သာမာန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။ ၎င်းတို့သည် ရွံရှာဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုတတ်ကြပြီး နည်းလမ်းမှာလည်း မျိုးစုံရှိသည်။ Fan များ သည် ၎င်းတို့ကြိုက်နှစ်သက်သော Idol များအပေါ် ကောင်းကင်ကြီးလောက် ချီးကျူးပြောဆိုလေ့ရှိကြသော်လည်း ၎င်းတို့၏မုန်းတီးခြင်းကိုခံရပါက ရွံရှာဖွယ်နည်းလမ်းများကို အသုံးပြုပြီး ဆွဲချတတ်သည်။

လုလီသည် ထိုနည်းလမ်းများကို မြင်ဖူးသော်ငြားလည်း ပစ်မှတ်က သူမ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမအား အားပေးသော Fan တချို့ရှိပြီး ၎င်းတို့သည် သူမအတွက် Fan Club များပင် တည်ထောင်ထားကြသည်။ ထိုနည်းတူ Anti Fan အနည်းအကျဉ်းလည်း ပေါ်လာခဲ့သည်။ သူမအား ဆန့်ကျင်သည့် Anti Fan များသာမက စုံတွဲ အတုအယောင်အား ဆန့်ကျင်သော Anti Fan များပါ ပေါ်လာသည်။

ဤပို့စ်တင်ထားသော ဘလော့ဂါသည် စုံတွဲအတုအား တိုက်ခိုက်နေသော အကြီးဆုံး Anti Fan ဖြစ်သည်။ အစပိုင်းတွင် ထိုဘားက စုံတွဲကို အသုံးပြုရန် မစဉ်းစားထားခဲ့သော်လည်း ချိုမြိန်သောစုံတွဲများ အလွန်နည်းပါးလှသည့်အပြင် ယခုအခါ ထိုစုံတွဲသည် စျေးကွက်ချဲ့ထွင်သည့် နေရာသို့ ရောက်ရှိနေပြီဖြစ်၍ ၎င်းတို့အား အသုံးချကာ စုံတွဲအတုအယောင်ကို နင်းချေဖို့ရန်မှာ အကောင်းဆုံးအခွင့်အရေးတစ်ခု အဖြစ်မြင်လာသည်။

လုလီသည် ပို့စ်နှင့် မှတ်ချက်များကို ကြည့်ရင်း ဒေါသထွက်လာသည်။

[နောက်ဆုံးတစ်ခေါက်က ချီချန်းရန် မိန်းမတစ်ယောက်နဲ့ဟိုတယ်ထဲက ထွက်လာတဲ့ ဓာတ်ပုံတက်လာတော့ လုလီက မနေနိုင်ပဲ အဲ့အမျိုးသမီးက သူကိုယ်တိုင်ပါဆိုပြီး ပြောခဲ့ရတယ်၊ တကယ့်ကို စိတိမကောင်းစရာပဲ]

[ဒီစုံတွဲကို မြင်ရတာ အရမ်းကြည်နူးဖို့ကောင်းတာပဲ၊ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဒါကိုပြောတာ၊ ရိုးရိုးသားသားပြောရရင် ချီချန်းရန်က လုလီကို နည်းနည်းလေးတောင် ချစ်တယ်လို့ တစ်ခါမှ မခံစားမိဘူး]

[အမှန်ပဲ... လူတွေရှေ့မှာ ဟန်ဆောင်နေရတဲ့ လုလီကိုကြည့်ပြီး တကယ်စိတ်မကောင်းဖြစ်မိတယ်]

[သူက မစ္စတာချီရဲ့ဇနီးအဖြစ် ရှိနေချင်နေတာ]

[သူ့မိသားစုမှာ ငွေကြေးပြဿနာ တစ်ခုခုများရှိနေလို့လား? သူ့အပြုအမူက ငါတို့ရဲ့ မိန်းမ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်]

[တစ်ယောက်ယောက်တော့ လုမိသားစုရဲ့အိမ်ခြံမြေ စတော့ရှယ်ယာစျေးကွက်ကို စုံစမ်းနေပြီ]

[ဒီဘားကစုံတွဲကို လုလီ မြင်ရင် သူဘယ်လိုတွေးနေမလဲ မသိဘူး? တစ်ချို့တွေလို CP အတွက် လူရှေ့မှာ အတင်းလုပ်ယူပြီး ချိုပြနေတာထက် စာရင် ဒါက တကယ်ကို ချိုမြိန်စေတယ်။]

[ကောင်းကင်က ဖန်တီးပေးထားတဲ့ အလိုက်ဖက်ဆုံးစုံတွဲလေးပေါ့]

[အတုယောင်စုံတွဲက မကြာခင် ပျောက်ကွယ်သွားမှာ သေချာတယ် ၊ချီချန်းရန်က လုလီကို ကွာရှင်းမှာ အနှေးနဲ့ အမြန်ပဲ]

[ဒီစုံတွဲအတုက "သစ်တော်သီးစုံတွဲ" လို့တောင် နာမည်ပြောင်ရှိသေးတယ်နော်၊ တကယ် ဟာသပဲ]

…

ချီချန်းရန်သည် အသားလုံးများကို ယူလာချိန်တွင် အသားပေါက်စီအား တစ်ဝက်သာစားရသေးပြီး သူမ၏ လက်နှစ်ဖက်ကို ထမင်းစားခုံပေါ်တွင် တင်ကာ ရင်ဘက်ကို ထိုလက်များဖြင့် ထိကပ်ထားပြီး စိတ်ဆိုးနေသော အမူအရာဖြစ်နေသည့် လုလီကို ကြည့်လိုက်သည်။

လုလီ မော့ကြည့်လိုက်ရာ နူးညံသိမ်မွေ့သော မျက်နှာနှင့် လက်ထဲတွင် အသားလုံးများကိုကိုင်လျက် သူမအား ကြည့်နေသော လောင်ကုန်းဖြစ်သူကို တွေ့လိုက်ရသည်။

သူမ စိတ်ထဲ ချက်ချင်းသက်သာရာရသွားပြီး ထိုလူများအပေါ် ဒေါသများလျော့သွားကာ စကားမပြောလိုတော့ပေ။

သူမကြောင့်နှင့် မိန်းကလေးတွေ သိက္ခာကြရသည်တဲ့လား?

ထို့အပြင် မိမိတွင် လောင်ကုန်းရှိမှန်း သိရက်နှင့် အခြားမိန်းမကို ညွှန်ပြပြီး အင်တာနက်ပေါ်ရှိ အခြားစုံတွဲများနှင့် နှိုင်းယှဉ်ကာ သူမအား အဘယ်ကြောင့် အရှက်ရအောင် လုပ်နေကြသနည်း?

လုလီ ဒေါသတကြီး ညည်းညူလိုက်သည်- "လောင်ကုန်း ကျွန်မတို့ ဆွဲချခံနေရပြီ"

သူမစကားကြောင့် ချီချန်းရန် အနည်းငယ် ရှုပ်ထွေးသွားပုံပေါ်သည်။

ဘဏ္ဍာရေးကိစ္စများနှင့် နေ့စဥ်ရုံးပိုင်းဆိုင်ရာကိစ္စများဖြင့်သာ အမြဲလုံးပန်းနေရသော ထိုအမျိုးသားသည် "ဆွဲချခံနေရပြီ" ဟူသော စကား၏ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်ပုံ မပေါ်ပေ။

ချီချန်းရန်သည် သူ့လက်ထဲရှိ အသားလုံးပန်းကန်ကို အောက်ကိုချလိုက်ပြီး "ဘာဖြစ်တာလဲ?" ဟု မေးလိုက်သည်။

လုလီ ဖုန်းကို ပြလိုက်သည်။

လူများသည် ဘားကစုံတွဲအကြောင်း ပြောနေကြပြီး ၎င်းတို့နှင့် နှိုင်းယှဥ်မှုများပြုလုပ်နေကြသည်။ ထို့အပြင် Hot Search စာရင်းထဲသို့ ရောက်ရှိနေခဲ့သည်။

ချီချန်းရန်သည် သူ့ဖုန်းထဲက အီမိုဂျီ Package ကို ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာသည် နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေ အဘိုးကြီးတစ်ယောက်နှင့် ဆင်တူနေသည်။

လုလီသည် လောင်ကုန်းဖြစ်သူ၏ မျက်နှာအမူအရာကို ဂရုတစိုက်ကြည့်နေမိပြီး မနေနိုင်ပဲ တွေးမိသွားသည်။ ဤမျှ ချောမောခန့်ညားသော လောင်ကုန်းဖြစ်သူအား မြင်လိုက်ရတော့ သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ခဏလေး....ငါ့လောင်ကုန်းက အဲ့လောက်တောင် ကြည့်ကောင်းလား?

အဖြေကတော့ မှန်ကန်ကြောင်းကို ပြသနေသည်။

ချီချန်းရန်သည် ဖုန်းထဲမှ အကြောင်းအရာများကို ကြည့်ပြီးနောက် သူမ အဘယ်ကြောင့် စိတ်ဆိုးနေမှန်း မသိသောအမူအရာဖြင့် ရုတ်တရက် စိုက်ကြည့်လာသည်။

လုလီသည် သူ့ခင်ပွန်းကိုကြည့်ကာ သတိပြန်ကပ်သွားပြီး “လောင်ကုန်း ရှင် ဒါတွေ မြင်တော့ စိတ်မဆိုးဘူးလား!?”

ချီချန်းရန်သည် လုလီအား တိုက်ခိုက်နေကြသူများကို စဉ်းစားမိသောအခါ သူ၏ ပါးလွှာသော နှုတ်ခမ်းလွှာမှာ တင်းကျပ်စွာ စုသွားခဲ့ပြီး သူ၏ မျက်နှာအမူအရာသည် လုလီထက်ပင် ပိုဆိုးသွားသည်။

ဒေါသက အလိုအလျောက် ထွက်လာသည်။

သူသည် လုလီ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမအား ထိုသို့လူအများ ပြောဆိုကဲ့ရဲ့ခြင်းခံရအောင် ဖန်တီးခဲ့မိသည့်အတွက် ယခင်က သူ့လုပ်ရပ်များကို နောင်တရနေမိသည်။

အရှေ့တွင် ရှန့်ကျင်မှ ကြေငြာချက် နှစ်ခုထုတ်ပြန်ခဲ့ပြီး ဥက္ကဋ္ဌနှင့်ဇနီးတို့၏ ဆက်ဆံရေးကောင်းမွန်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားခဲ့ပေမယ့် လူအများက ဤသည်ကို ဟန်ဆောင်နေသည်ဟု ယူဆကြသည်။

ရှန့်ကျင်၏ PR ဌာနသည် "ဘားစုံတွဲ" ကိုအသုံးပြုကာ ဥက္ကဌနှင့်ဇနီအား ဖိနှိမ်ရန်ကြိုးစားခဲ့သည့် အကောင့်များကို ပိတ်ဆို့ခဲ့သည်။ ထို့အပြင် Hot Search စာရင်းမှ ဖယ်ရှားပေးရန် မရပ်မနား မှတ်ချက်များ ပေးပို့နေခဲ့သည်။ ထိုမှတ်ချက်များမှာ ဥက္ကဋ္ဌနှင့်ဇနီးတို့၏ အချစ်ဟာ နက်ရှိုင်းကြောင်း ၊ ထိုဘားကစုံတွဲနှင့် ၎င်းတို့ကို မနှိုင်းယှဥ်သင့်ကြောင်းနှင့် ပါးစပ်စည်းကမ်းမရှိလျှင် အာဖရိကသို့ ပို့ခံရမည်ဖြစ်ကြောင်း ပါရှိသည်။

ထိုဘားစုံတွဲသည် ဥက္ကဌနှင့်ဇနီးတို့ ကိုယ်တိုင်ဖြစ်ကြောင်းကိုလည်း ၎င်းတို့သိကြသည်။

ချီချန်းရန်သည် PR ဌာနသို့ ဆက်သွယ်ပြီး နောက်တနေ့မနက်တွင် မီဒီယာများအား ဆက်သွယ်ကာ ထို ဝါးထားသောစုံတွဲပုံကို နဂိုဓာတ်ပုံအတိုင်း ထုတ်ပြန်ဖို့ အမိန့်ပေးလိုက်သည်။

ဥက္ကဋ္ဌ၏ရည်ရွယ်ချက်ကို ကြားပြီးနောက်အကြံကောင်း ဟုတ်၊မဟုတ် ချိန်ဆနိုင်ရန် PRဌာန မှ သတိထားကာ မေးခွန်းပြန်မေးလိုက်သည်။ သူဌေးဖြစ်သူသည် ချမ်းသာပြီး ဂုဏ်သိက္ခာရှိသူဖြစ်ရာ ထိုဓာတ်ပုံများကို အရှိတိုင်းထုတ်ပြခြင်းဟာ သူဌေး၏ကိုယ်ရေး ကိုယ်တာကို ချိုးဖောက်ရာ ရောက်သည်ဟု မြင်နေကြသည်။ သို့သော်သူဌေး စိတ်ဆိုးမည်ကို ကြောက်ပြီး တောင်းဆိုချက်ကို ချက်ချင်း အကောင်ထည်ဖော်ခဲ့သည်။

"ဥက္ကဋ္ဌဘက်က သေချာပြီဆိုရင် ကျွန်တော်တို့ချက်ချင်း အကောင်အထည်ဖော်လိုက်ပါ့မယ်။ သူတို့ လုပ်ချင်တာ လုပ်လို့မရဘူးဆိုတာ သိအောင်ပြရမယ်!"

ချီချန်းရန်: “…”

All Chapters