← Chapters

Dog Abuse (2)

Vol. 6 Ch. 89

Dog Abuse (2)

Vol. 6 Ch. 89

လုလီသည် လောင်ကုန်းဖြစ်သူပခုံးကို မှီလျက် PR ဌာန၏ အလုပ်လုပ်ပုံကို ကြည့်ရင်း “လောင်ကုန်း၊ ရှင် ဒီလောက်တော်တဲ့သူတွေကို ဘယ်ကနေ ရှာထားတာလဲ?” ဟု အံ့အားသင့်စွာ ပြောလိုက်သည်။

ချီချန်းရန်၏ စိတ်ရှုပ်ထွေးနေမှုများ အနည်းငယ် ပြေလျော့သွားသည်။ သူသည် လုလီ၏ပါးပြင်လေးကို ညင်သာစွာ ညှစ်ကာ သူမ၏နူးညံ့သော မျက်ခုံးမွှေးများကို လက်ချောင်းထိပ်ဖြင့် တို့ထိလိုက်သည်။

ချီချန်းရန်သည် နောက်ဘယ်သောအခါမှ လူရှေ့မှာဖြစ်ဖြစ် ၊ နှစ်ယောက်တည်းသီးသန့်ရှိနေချိန်မှာပဲ ဖြစ်ဖြစ် သူမနှင့် အတုအယောင်စုံတွဲအဖြစ် ဆက်ရှိခွင့်ပြုမည် မဟုတ်တော့ဟု တွေးလိုက်သည်။

Netizens များသည် အဆိုပါ ဘားစုံတွဲကို Variety Show တွင်ပါဝင်စေရန်နှင့် အတုယောင်စုံတွဲအား နှိမ်နင်းကာ အမှန်တကယ် ချစ်ကြိုက်နေသော စုံတွဲတစ်တွဲ၏ ပုံရိပ်ကို ပြသရန်အတွက် ၎င်းတို့၏ ဓာတ်ပုံများကို လိုက်လံ တူးဆွနေချိန်မှာပဲ စျေးကွက်ရှာဖွေရေးအကောင့်မှ ထိုဓာတ်ပုံများကို အစဖျောက်လိုက်ပြီဖြစ်သည်။

လုလီသည် super talk တွင် သူ့အား ဝေဖန်တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။

အတုယောင်စုံတွဲအား အနိုင်ယူရန် ဘားစုံတွဲကို လက်နက်အဖြစ် အသုံးပြုနေကြပြီး၊ အွန်လိုင်းတွင် ကြွေးကြော်သံများဖြင့် ပျံ့နှံ့နေသည်။

[စုံတွဲအတုအယောင်...CP လောကက ထွက်သွားပေးပါ!]

[ဘားစုံတွဲကသာ အချိုမြိန်ဆုံးစုံတွဲပဲ]

[သူတို့ကို ကြည့်ပြီး ချိုမြိန်မှုက ဘာဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်!]

[ဘားထဲက စုံတွဲလေးကိုပဲ ကြည့်လိုက်ပါဦး၊ နှစ်ယောက်က လိုက်ဖက်နေရောပဲ]

[ချီချန်းရန်က လုလီကို နူးညံ့တဲ့အကြည့်တောင် မကြည့်ဖူးဘဲ CP (စုံတွဲ) လို့ ခေါ်လို့ရမလား?]

သစ်တော်သီးစုံတွဲသည် မူလက Fan အချို့ရှိခဲ့သော်လည်း ခုခံနိုင်စွမ်းမရှိတော့ပေ။ အကြောင်းမှာ ၎င်းတို့၏ အကြီးမားဆုံးအမာခံ Fan ဖြစ်သည့် 'Pear-Flavored Little Fairy' အကောင့်သည် ရုတ်တရက် ဝေဖန်ခံလိုက်ရပြီး CP Fanအချို့ပင် ဘားစုံတွဲဘက်သို့ ကူးပြောင်းသွားခဲ့ကြသောကြောင့် ဖြစ်သည်။

လုလီ၏ Global Support Club သည် လုလီ၏ တစ်ဦးတည်း Fan များ ဖြစ်ပြီး သစ်တော်သီးစုံတွဲအား super talk ၌ အပြင်းအထန် ဝေဖန်နေကြချိန်တွင် ၎င်းတို့က ပွဲကို အေးဆေးစွာ ကြည့်ရှုနေခဲ့ကြသည်။

Weiboတွင် လူအများအပြားသည် ဘားစုံတွဲ၏ ဓာတ်ပုံများကို ပိုမိုချပြရန် တောင်းဆိုနေခဲ့ကြသည်။ ဓာတ်ပုံများမှာ ရိုက်ကူးထားပြီဖြစ်သောကြောင့် ပိုမိုများပြားသောဓာတ်ပုံများ ရှိနေလိမ့်မည်ဟု ယုံ ကြည်ကြသည်။ လူတိုင်းက အချိုမြိန်ဆုံးစုံတွဲအတွက် တောင်းဆိုနေကြပြီး အတုယောင်စုံတွဲအား နှိမ်နင်းရန် ဝေဖန်မှုများ ဆက်လက်လုပ်ဆောင်နေကြသည်။

မိနစ် ၃၀ ခန့်ကြာပြီးနောက်တွင် Netizens များ၏ တိုက်တွန်းမှုကြောင့် XX News ၏တရားဝင် Weibo စာမျက်နှာမှ အောက်ပါအတိုင်း ကြေညာလာသည်။

''ဒီနေ့သတင်းကတော့ မကြာသေးခင်ကမှ ရေပန်းစားလာခဲ့တဲ့ စုံတွဲတစ်တွဲအကြောင်းပါ။ ကျွန်တော်တို့ဘက်က ကာယကံရှင်ရဲ့ခွင့်ပြုချက်နဲ့ သူတို့ရဲ့high definition ဓာတ်ပုံတွေကို ထုတ်ပြသွားမှာဖြစ်ပါတယ်"

ရှုထောင့်ကြောင့် ဘေးတိုက်ဓာတ်ပုံကိုသာ ပြသခဲ့ပေမယ့် ဓာတ်ပုံအားမြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

ထိုစုံတွဲသည် အတုယောင်စုံတွဲနှင့် အလွန်ဆင်တူနေသောကြောင့်ဖြစ်သည်။

သို့သော် Netizen များသည် ချက်ချင်းပင် မိမိကိုယ်ကို နှစ်သိမ့်လိုက်ကြပြီး ဤသည်မှာ စုံတွဲအတုအယောင် မဖြစ်နိုင်ကြောင်း ငြင်းဆန်နေခဲ့ကြသည်။

ဒုတိယဓာတ်ပုံတွင် ထိုစုံတွဲ ပွေ့ဖက်နေကြသည်။

Netizens များသည် တတိယဓာတ်ပုံကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။

တတိယဓာတ်ပုံတွင် ပို၍ချိုမြိန်သော အခိုက်အတန့်ကိုတွေ့ရသည်။ အမျိုးသားမှ အမျိုးသမီးကို ချော့မြူကာ နမ်းရှုံနေသော အခိုက်အတန့်ကို ဖမ်းယူထားသည်။

ဘားစုံတွဲ၏ယခင်ဓာတ်ပုံတွင် နမ်းရှုံနေကြသည်ကို အမူအရာများဖြင့်သာ ခန့်မှန်း၍ရသော်လည်း ယခုတစ်ကြိမ်တွင် အရာအားလုံးကို အသေးစိတ်ရှင်း ရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

ကင်မရာ၏ချိန်ညှိမှုကြောင့် ဓာတ်ပုံထဲတွင် ထိုစုံတွဲ၏ အနေအထားပြောင်းလဲသွားခဲ့သည်။ ယခင် ဓာတ်ပုံတွင် မှုန်ဝါးနေသော ဘေးတိုက်မျက်နှာပြင်ကိုသာ မြင်တွေ့ရသော်လည်း ယခုမူ ပြီးပြည့်စုံသည့် ရှေ့မျက်နှာတစ်ခုလုံးကို မြင်တွေ့ရသည်။

ပထမဆုံးမြင်ရသည်မှာ ဇနီးသည်အား ချောမြူကာ နမ်းရှုံနေသော အမျိုးသား၏မျက်နှာဖြစ်ပြီး ဤသည်မှာ လူကြိုက်များပြီး ချမ်းသာသော သူဌေးသားပုံစံဖြစ်နေပြီး နာမည်ကြီးအတုယောင်စုံတွဲမှ ဥက္ကဌကြီးနှင့်တစ်ထပ်တည်း တူနေသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

ထို့နောက် Netizens များသည် ၎င်းမှာ စုံတွဲအတု မဖြစ်နိုင်ကြောင်းနှင့် အမျိုးသားမှာ ချီချန်းရန်နှင့်ဆင်တူသော်လည်း အမျိုးသမီးက လုလီမဖြစ်နိုင်ကြောင်း ငြင်းဆန်နေကြပြန်သည်။

Netizens များသည် ယခင် တစ်ခေါက်က ဟိုတယ်အခန်းဖွင့်ခဲ့သည့် စုံတွဲအတုကြောင့် လှည့်စားခံခဲ့ရသလို ယခုအခါတွင်လည်း အရှက်ရစေမည့် အခိုက်အတန့်နှင့် ထပ်မံရင်ဆိုင်လိုက် ရသည်။

အားလုံးသည် အမျိုးသမီး၏ ခေါင်းနောက်ကို စိုက်ကြည့်နေကြသည်။ ဓာတ်ပုံထဲတွင် အမျိုးသားက အမျိုးသမီးကို နမ်းပြီးနောက် တစ်ခုခုကို ကတိပေးနေဟန်ပေါ်သည်။ ရုတ်တရက် တင်းမာမှုများ အထွတ်အထိပ်ရောက်သွားချိန်တွင် အမျိုးသားက အမျိုးသမီး၏လက်ကို ကိုင်ကာ ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။

အနည်းငယ်မူးနေသော အမျိုးသမီးသည် ယိုင်တီးယိုင်တိုင်ဖြင့် လမ်းလျှောက်နေပြီး ခေါင်းအား ကင်မရာဘက်သို့ တစ်စက္ကန့်ခန့် မျက်နှာလှည့်လာသည့်အချိန်ကို ဓာတ်ပုံ ရိုက်ယူထားသည်။

ဓာတ်ပုံသည် ထိုအခိုက်အတန့်တွင် ရပ်တန့်သွားသည်။

လူတိုင်း- “…”

တစ်လောကလုံး တစ်စက္ကန့်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

ထို့နောက် ၎င်းတို့သည် ဓာတ်ပုံများကို သိမ်းဆည်းပြီး သစ်တော်သီးစုံတွဲကို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေကြစဉ် နောက်ဆုံးတွင် ၎င်းတို့အား စောင့်ကြိုနေသည့်အရာမှာ ထိုဇနီးမောင်နှံ၏ မရေမတွက်နိုင်သော အချိုများပင် ဖြစ်သည်။ Weibo အကောင့်တွင် နောက်ထပ် ပို့စ်တစ်ခု ထပ်တင်ထားသည်။

'သစ်တော်သီးစုံတွဲရဲ့ Super Chat မှာ ဘားစုံတွဲနဲ့ နှိုင်းယှဉ်ခဲ့တဲ့သူတွေအတွက် ဒီတစ်ခါချပြမယ့် အရာကို အတူတူ ကြည့်လိုက်ကြရအောင်၊ မျက်နှာမဲ့နေသော အီမိုဂျီ…”

စုံတွဲအတုအယောင်ပြိုင်ပွဲတွင် ချီချန်းရန်နှင့်လုလီအား နေ့စဉ် မဲပေးရန် တိုက်တွန်းခဲ့သည် နံပါတ်တစ် anti-fan ၏ ရုန်းကန်နေပုံကို လုလီ မြင်တွေခဲ့ရသည်။

"မဖြစ်နိုင်ဘူး၊ဒါ တည်းဖြတ်ထားတာပဲ ဖြစ်ရမယ်။ လုံးဝမဖြစ်နိုင်ဘူး။ ဗီဒီယိုမမြင်မချင်း မယုံနိုင်ဘူး"

"ချီချန်းရန်က လုလီကို ဒီလို နူးညံ့တဲ့ အကြည့်နဲ့ ဘယ်လိုလုပ်ကြည့်နိုင်မှာလဲ?!"

XX သတင်းဌာန၏ တရားဝင် Weibo မှ ဗီဒီယိုတစ်ခုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

ဤသည်မှာ ဗီဒီယိုအတိုတစ်ပုဒ်ဖြစ်ပြီး တစ်ခါတည်းရိုက်ကူးထားသော ဗီဒီယိုဖြစ်သောကြောင့် တည်းဖြတ်ထားခြင်း မရှိကြောင်း သိသာထင်ရှားစေသည်။

ဓာတ်ပုံနှင့်နှိုင်းယှဉ်ပါက ဗီဒီယိုသည် အသံပါဝင်သောကြောင့် ပိုမိုကောင်းမွန်သည်။

နောက်ခံအသံများသည် ဆူညံနေပြီး အများစုက ရှင်းရှင်းလင်းလင်း မကြားရချေ။ ထိုအမျိုးသား ပြောသော စကားတစ်ခွန်းသာ မပီမသကြားလိုက်ရသည်။

"ဒီည အိမ်ပြန်ပြီး ကိုယ်တို့ရဲ့ ကလေးလေးတွေ ဖန်တီးရအောင်"

ဗီဒီယိုထွက်လာသည်နှင့် လေထုသည် ယခင်ထက် ပို၍တိတ်ဆိတ်သွားသည်။

လူတိုင်းသည် ဗီဒီယိုကိုကြည့်ပြီး မရှင်းမလင်းဖြစ်နေသော စကားများကို နားထောင်နေကြသည်။

ဘားသို့သွားကာ ဇနီးသည်အား ဖြားယောင်းပြီး သူနှင့်အတူ တို့ဟူးစားရန်အတွက် ဆွဲဆောင်ခဲ့သော အမျိုးသားမှာ အေးစက်ပြီး မာနကြီးသော ဥက္ကဌကြီး ဖြစ်နေသည်တဲ့လား?

အားလုံး အနည်းငယ် ရှုပ်ထွေးသွားကြသည်။

အားလုံး နားလည်ရန် ကြိုးစားနေကြချိန်တွင် တစ်စုံတစ်ယောက်မှ နောက်ဆုံးတွင် အော်ဟစ်လိုက်သည်။

[ဒီနေ့ဟာ Single Dog တွေ အတွက် သေရေးရှင်ရေးနေ့ပဲ၊ ချီချန်းရန်နဲ့လုလီတို့က innocent တွေ မဟုတ်ခဲ့ဘူးပဲ]

[Lao Tzu တော့ ဒီခွေးစာပန်းကန်ကို ဆက်မကြည့်နိုင်တော့ဘူး၊ ကန်ထုတ်ပစ်လိုက်တော့မယ် … Damn it!]

(Lao Tzu - ငါ သို့မဟုတ် မင်းအဖေဟု အဓိပ္ပာယ်ရပြီး ဒေါသထွက်ချိန် မထီမဲ့မြင်ပြုသည့်အချိန်တွင် နောက်ပြောင်တဲ့ပုံစံဖြင့် သုံးသော အသုံးအနှုန်းဖြစ်သည်)

T/N: ဤသည်မှာ တရုတ်စာဖတ်သူများ၏ မှတ်ချက်တချို့ဖြစ်သည်။

'ဒီ Single Dog ကတော့ ဒီလောက်နဲ့တင် စိတ်ဒဏ်ရာရပြီး သေသွားပြီ၊ ဘာမှတောင် ပြန်မပြောနိုင်တော့ဘူး”

'Netizen - ဒီချမ်းသာတဲ့စုံတွဲက အခုတစ်လော Single သမားတွေကို စိတ်ဒဏ်ရာပေးရတာ အကြိုက်တွေ့နေတဲ့ပုံပဲ… (ရယ်နေသော အီမိုဂျီ)

'ဟား..ဟား… နှင်းမုန်တိုင်းကျတဲ့အခါ ဘယ်နှင်းခဲမှ အပြစ်ကင်းတယ်ဆိုတာ မရှိသလို Single Dog တွေ စိတ်ဒဏ်ရာရတဲ့နေ့မှာလည်း ဘယ်ခွေးသွေးမှ အပြစ်ကင်းတယ်ဆိုတာ မရှိဘူး။'

All Chapters