← Chapters

Naive (2)

Vol. 6 Ch. 91

Naive (2)

Vol. 6 Ch. 91

ညစာစားပြီးနောက် ချီချန်းရန်သည် လုလီနှင့် အနောက်ပိုင်းပြည်နယ် ခရီးစဉ်အကြောင်း ပြောခဲ့ကြသည်။

ချီချန်းရန်သည် သူမအတွက် အရာအားလုံးကို စီစဉ်ပေးထားပြီး သူမသည် သီးသန့်ဂျက်လေယာဉ်ဖြင့် တပတ်ကြာ သွားရောက်မည်ဖြစ်သည်။ လက်ထောက်အနည်းငယ်နှင့် bodyguards များအပြင် အတွင်းရေးမှူးကျောက်ပါ သူမနှင့်အတူ လိုက်ပါမည်ဖြစ်သည်။

ချီချန်းရန်သည် သူမတည်းခိုမည့်ဟိုတယ်ကိုပင် စီစဉ်ပေးထားပြီးဖြစ်သည်။

လုလီသည် လေ့လာရေးခရီးထွက်မည့် မူလတန်းကျောင်းသူလေးနှင့်တူနေသည်။ မနက်စောစော အိမ်တံခါးဝတွင် မတ်တပ်ရပ်ကာ မိဘများမှ ကျောင်းလွယ်အိတ်ထဲသို့ မုန့်များထည့်ပေးပြီး ဂရုစိုက်ရန် တတွတ်တွတ်မှာကြားနေသည်နှင့် တူသည်။

သူမသည် ကလေးမဟုတ်သော်လည်း ဂရုစိုက်ခံရသည့် ခံစားချက်မှာ ကောင်းမွန်လှ၏။

လုလီ "လောင်ကုန်း ကျေးဇူးပါပဲနော်”

ချီချန်းရန်သည် လုလီ၏ပုံစံကိုကြည့်ပြီး ဤသည်မှာ တကယ့်အစစ်အမှန်မဟုတ်ဟု ခံစားရသည်။

အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အတိတ်က အချိန်များကို သူ မစဥ်းစားချင်တော့ပေ။ သူနှင့်လုလီသည် မူလကတည်းကပင် ထိုအတိုင်းရှိခဲ့ကြပြီး အမြဲတမ်း ထိုအတိုင်းဆက်သွားနိုင်ရန်သာ သူမျှော်လင့်ထားသည်။

ယနေ့ချိန်ထိ မဖြေရှင်းနိုင်သေးသော စုံတွဲအတုအယောင် ကောလဟာလများ မရှိခဲ့ပါလျှင် ၎င်းတို့အတိတ်သည် လှပခဲ့သည်ဟု သူယုံကြည်နေမိမည်ထင်သည်။

ခင်ပွန်းဖြစ်သူ သူမအား ငေးကြည့်ပြီး မှိန်းမောနေသည်ကို လုလီ သတိထားမိသော်လည်း မည်သည့်အကြောင်း တွေးနေသည်ကိုတော့ သူမ မမှန်းဆနိုင်ပေ။

လုလီ မနေနိုင်ပဲ သူမ မျက်နှာကို ထိတွေ့ကြည့်မိသည်။

"လောင်ကုန်း၊ ကျွန်မမျက်နှာမှာ တစ်ခုခုပေနေလို့လား?”

“အို” ချီချန်းရန် ချက်ချင်းပင် သတိပြန်ဝင်လာပြီး ခေါင်းယမ်းကာ ပြုံးပြလိုက်သည်။

"ဘာမှမပေပါဘူး"

လုလီ၏မျက်နှာတွင် နားမလည်နိုင်သောအမူအရာဖြင့် မေးလိုက်သည်- "ဒါဆို ရှင် ဘာလို့ ကျွန်မကို စိုက်ကြည့်နေတာလဲ?”

ချီချန်းရန် ခဏတွေဝေသွားပြီး ရုတ်တရက်မေးလိုက်သည်။ "မင်း ကိုယ့်ကို ချစ်လား?”

လုလီသည် သူမအား ရုတ်တရက် ထိုသို့ မေးလာလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။ သူမ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့်အပြင် စိတ်ဆိုးနေသည့် အမူအရာပေါ်လာသည်။

“လောင်ကုန်းဘာလို့ အဲ့လိုမေးရတာလဲ?”

“လောင်ကုန်း အားလီရဲ့ခံစားချက်ကို အခုချိန်ထိ မသိသေးဘူးလား?”

“စိတ်မကောင်းဘူး၊ အားလီ အရမ်းဝမ်းနည်းတာပဲ၊ ဒီကမ္ဘာမှာ အားလီ ဝမ်းနည်းဆုံးအရာက ကိုယ်နှလုံးသားကို တူးဆွလုနီးပါး ထုတ်ပြခဲ့တာတောင် ချစ်ရတဲ့သူက မမြင်ရဘူးဆိုတာပဲ” ဟု ပြောကာငိုကြွေးခဲ့သည်။

"အားလီရဲ့အချစ်တွေက လောင်ကုန်းရဲ့မျက်လုံးထဲမှာ အတုအယောင်တွေနဲ့ တူနေလို့လားဟင်?”

"အားလီ အရမ်းဝမ်းနည်းတာပဲ”

ထိုစကားများကို နားထောင်ပြီးနောက် ချီချန်းရန် ဘာကြောင့်မှန်း မသိပေမယ့် လုလီ၏အပြုအမူကို ကြည့်ပြီး သူ့စိတ်ထဲ လုံခြုံသွားသလို ခံစားလိုက်ရသည်။

လုလီ က "ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် နောက်တစ်ခါဆို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးနော်”

“အင်းပါ” ချီချန်းရန် သက်ပြင်း အနည်းငယ် မှုတ်ထုတ်လိုက်သည်။

သူ့ရှေ့တွင်ရှိနေသော အသားလုံးများကို ကြည့်ရင် တစ်စုံတစ်ခု တွေးမိသွားသည်။

သူ ရုတ်တရက် လုလီဘက်သို့ လှည့်လိုက်ပြီး “ အသားလုံးတွေ အရသာရှိလား?”

"ဟင်?" လုလီသည် ရုတ်တရက် တစ်ခြားအကြောင်းအရာတစ်ခုသို့ ပြောင်းလဲသွားသည်ကို နားမလည်နိုင်သော်လည်း ရိုးရိုးသားသားပြန်ဖြေလိုက်သည်။ “ အင်း ၊ အရသာရှိတယ်”

ချီချန်းရန် - "အရသာရှိတယ်ဆိုရင် ကိုယ့်အတွက် လုပ်အားခတော့ ပေးသင့်တာပေါ့”

လုလီ : "လုပ်အားခ?"

သူမက လောင်ကုန်းကို ပေးရမှာလား?

သူမ သုံးနေတဲ့ကတ်တွေက လောင်ကုန်းပေးထားတာ မဟုတ်ဘူးလား?

ယခု သူ အဘယ်ကြောင့် အသားလုံးအတွက်နှင့် လုပ်အားခပေးဖို့ တောင်းဆိုနေရသနည်း?

လုလီ “လောင်ကုန်း ရှင့်ကုမ္ပဏီ ဒေဝါလီခံရတော့မှာတော့ မဟုတ်ပါဘူးနော်?” ဟု သူမ မနေနိုင်ဘဲ မေးလိုက်သည်။

သူမ စိုးရိမ်ပြီး ဆက်မေးလာသည်။ - “အိုး…တကယ်ကြီးလား? လောင်ကုန်း ကျွန်မ ဘာလုပ်ရမလဲ? ဒါပေမယ့် ပါးပါးဆီပြန်ပြီး လောင်ကုန်းကို ကူညီပေးဖို့ ပြောပေးလို့ရတယ်”

“ဒါမှမဟုတ် ကျွန်မ အိတ်တွေနဲ့ လက်ဝတ်ရတနာတွေကို ထုတ်ရောင်းပေးရမလား?”

ချီချန်းရန် : “…”

"ကိုယ့် ကုမ္ပဏီ ဒေဝါလီခံရတာ မဟုတ်ပါဘူး” ထိုလူကြီး၏မျက်နှာတွင် မည်သည့်ခံစားချက် အရိပ်အယောင်မှ မပြပဲ ရှိနေသည်။

လုလီ သူ့ကုမ္ပဏီ၏ စတော့ဈေးနှုန်းတွေကို သတိမထားမိဘူးလား?

လုလီသည် သူမ၏လက်ချောင်းကို အသုံးပြုကာ ထိုင်ခုံအနားကို ဆွဲယူလိုက်သည်။ ပိုက်ဆံမှ တစ်ပါး သူမထံ၌ အလှတရားတစ်ခုသာ အကြွင်းအကျန်ရှိသည်။

လုလီအနေနှင့် ထိုအခြေအနေအား ဖြေရှင်းရန် လက်လှမ်းမမီပေ။ သို့ဖြစ်ရာ သူမ ဝမ်းနည်းစွာဖြင့် ညည်းညူခဲ့သည်။ "ဒါအားလုံး မနေ့ညကြောင့်ပါ! ကျွန်မအခြေအနေက ဘယ်လောက်ခက်တယ်ဆိုတာ ရှင် မမြင်ရဘူးလား?"အနည်းဆုံး ကျွန်မကိုကြည့်ရတာ ငြီးငွေ့မှာတော့ မဟုတ်ဘူး"

ချီချန်ယန်သည် သူမ ခေါင်းကို ပုတ်လိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ?" သူ့ပါးစပ်မှ စကားလုံးများကို ညှစ်ထုတ်လိုက်သည်။

လုလီ၏ စိတ်မကောင်းစရာအခြေအနေကို မမြင်ရတာ မဟုတ်ပေ၊ အနည်းဆုံး ဒီညတော့ လုံးဝမဖြစ်နိုင်ပေ။

လုလီက "လောင်ကုန်း ဘာကိုဆိုလိုချင်တာလဲ ?"

ချီချန်းရန်သည် လုလီအားကြည့်ကာ သက်ပြင်းချလိုက်ပြီး "ကိုယ့်ကို ဝန်ခံချက်ရေးပေး"

လုလီ: "ဝန်ခံချက် ဟုတ်လား?"

ချီချန်းရန်သည် လုလီအား စာဖတ်ခန်းသို့ ဆွဲခေါ်သွားပြီး စားပွဲတွင် ထိုင်ခိုင်းလိုက်ကာ စာရွက်တစ်ရွက်နှင့် ဘောပင်ကို ယူပြီး သူ့ရှေ့တွင် ချလိုက်သည်။

လုလီသည် ဘောပင်ကိုကိုင်လိုက်ပြီး ချီချန်းရန်အား အံသြနေသော မျက်နှာဖြင့် ကြည့်ရင်း "ဘာဝန်ခံချက်လဲ ?"

ချီချန်းရန် စာရွက်ကို သူ့လက်ညိုးဖြင့် ညွှန်ပြပြီး အကြောင်းရာကို စဉ်းစားကာ ပြောလိုက်သည်။

“ကိုယ့်အပေါ် မင်းရဲ့ခံစားချက်တွေ ဘယ်တော့မှမပြောင်းလဲပါဘူးလို့ရေးပေးပါ"

လုလီသည် ထူးဆန်းသော အမူအရာဖြင့် ခင်ပွန်းဖြစ်သူကို ကြည့်လိုက်သည်။

ယခင်က ခင်ပွန်းဖြစ်သူ၏အချစ်ကို သံသယဝင်ခဲ့ကာ အတွေးလွန်ခဲ့ပြီး အခုချိန်တွင် ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားရသည်။

သူအနေနှင့် ထိုသို့ ကတိစာရေးသားခိုင်းခြင်းသည် မှားယွင်းနေသည်တော့ မဟုတ်ပေ။ အကြောင်းမှာ မနေ့ညက ဘားတွင် လက်ပူးလက်ကြပ် ဖမ်းမိထားပြီး နောက်ထပ် ထိုသို့မကျူးလွန်တော့ကြောင်း ခင်ပွန်းဖြစ်သူအား ကတိပေးထားသည့်အတွက် ကျိုးကြောင်းဆီလျော်သည်ဟု သူမ ခံစားရသည်။

ဒါကို သူမသိပေမယ့် သူ့ခံစားချက်တွေကို နားလည်နေတုန်းပဲ၊ အိမ်ကထွက်သွားတဲ့အခါ သူ့လောင်ကုန်းက သူမကို လာခေါ်နေတုန်းပါပဲ။

လောင်ကုန်းဖြစ်သူအား စိတ်ချမ်းသာအောင် လုပ်ပေးရန် လုလီထံ တာဝန်ရှိသည်။

ထိုအတွေးနှင့်အတူ လုလီ ဘောပင်အဖုံးကို ချွတ်ပြီး စာစရေးလိုက်သည်။

ကျွန်မသည် ကျွန်မ၏ခင်ပွန်းကို ထာဝရ ချစ်မြတ်နိုးပြီး မည်သည့်အခြေအနေနှင့် ကြုံကြုံ ကျွန်မ၏ စိတ်နှလုံးသည် အပြောင်းအလဲလုံးဝရှိမည် မဟုတ်ကြောင်း ကတိပြုပါသည်။

"ဒီမှာ။"

လုလီ ကျွမ်းကျင်စွာရေးလိုက်ပြီး စာရွက်အား ချီချန်းရန် မြင်အောင် မြှောက်ပြလိုက်သည်။

ချီချန်းရန်သည် လုလီ စာလုံးတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ရေးသားနေပုံကို စိုက်ကြည့်နေခဲ့သည်။

လုလီ သည် သူမ၏နာမည်ကို ညာဘက်ထောင့်တွင် လတ်မှတ်ရေးထိုးခဲ့သည်။

ချီချန်းရန်သည် မှင်ခုံကိုယူပြီး လုလီ၏လက်မကို မှင်ပြားနှင့်ထိစေခဲ့ကာ သူမ၏လက်မှတ်နေရာတွင် လက်ဗွေရိုက်ခဲ့သည်။

လုလီသည် ချီချန်းရန်မျက်နှာပေါ်ရှိ လေးနက်သောအမူအရာကို ကြည့်ပြီး ဒေါ်လာဘီလီယံချီတန်သော စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးရသကဲ့သို့ ခံစားမိသည်။

ပြီးနောက် လုလီ သူမလက်ကို ဆေးကြောလိုက်သည်။

ချီချန်းရန်သည် သူ့ရှေ့တွင် လက်ဗွေနှိပ်ကာ လတ်မှတ်ရေးထိုးထားသော ကတိစာရွက်ကို ကြည့်လိုက်သည် ။

ထိုသို့ ကလေးဆန်သော အရာမျိုးလုပ်မိလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။

All Chapters