← Chapters

Free Trail Card Has Expired (1)

Vol. 6 Ch. 92

Free Trail Card Has Expired (1)

Vol. 6 Ch. 92

လုလီသည် ထိုဝန်ခံကတိစာချုပ်ကို အလေးအနက်မထားပေ။ အဘယ်ကြောင့်ဆိုသော် သူမနှင့်လောင်ကုန်း ဖြစ်သူတို့သည် လက်ထက်ချိန်က ကတိသစ္စာဆိုခဲ့ဖူးပြီး ထိုသည်မှာ အခမ်းနားဆုံးနှင့် မြင့်မြတ်ဆုံးသော ကတိသစ္စာဖြစ်သောကြောင့်ပင် ဖြစ်သည်။

လောင်ကုန်းဖြစ်သူ၏ကူညီမှုဖြင့် လုလီ ပထမဆုံးအကြိမ် အလုပ်ခရီးထွက်ရန် အဆင်သင့်ပြင်ထားခဲ့သည်။

လုလီသည် လမ်းခရီးတစ်လျှောက်လုံး နှိမ့်ချပြီး လျှို့ဝှက်စွာ သွားလာခဲ့ရာ သူမ ရိုက်ကွင်းသို့ရောက်သောအခါ လူအများစုက သူမကို မှတ်မိကြခြင်း မရှိပေ။

များသောအားဖြင့် CEO ၏ဇနီးတစ်ဖြစ်လဲ ရင်းနှီးမြှုပ်နှံသူအမျိုးသမီးသည် နေကာမျက်မှန်တပ်ဆင်လျက် ဘေးတွင် Bodyguard ဆယ်ယောက်ကျော် ဝန်းရံကာ ရောက်ရှိလာလိမ့်မည်ဟု ထင်ထားကြသည်။

လုလီ ၎င်းတို့ဇာတ်ကားရိုက်ကူးနေပုံကို စောင့်ကြည့်ရင်း အားလုံး၏ ကြိုးစားအားထုတ်မှုကြောင့် ကျေနပ်နေမိသည်။

သူမသည် ရုပ်ရှင်လောက၏ ရင်းနှီးမြှုပ်နှံသူအသစ်ဖြစ်လေရာ လက်ညှိုးထိုးဝေဖန်တာမျိုး မလုပ်ချင်ဘဲ မော်နီတာ နောက်တွင်သာ တိတ်တဆိတ်ကြည့်နေခဲ့သည်။

ဒါရိုက်တာသည် ရုပ်ရှင်ရိုက်ကူးစဉ်အတွင်း ယခင်ရင်းနှီးမြှုပ်နှံသူများ၏ အကြံဉာဏ်များနှင့်ထောက်ပြမှုများကို ကျင့်သားရနေပြီးသားဖြစ်ရာ ယခု ရင်းနှီးမြှုပ်နှံသူသည် သူ့စိတ်တိုင်းကျ လုပ်ခွင့်ပေးထားသည်ကို မြင်တော့ သူပင် စိတ်လှုပ်ရှားခဲ့ရသည်။ ဒါရိုက်တာသည် ဤဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခုချင်းစီတိုင်းကို အထူးဂရုစိုက်ပြီး ရိုက်ကူးခဲ့သည်။

ချောင်ကျာယိသည် နောက်ဆုံးတွင် သူမ သဘောကျသော တက်သစ်စမင်းသားလင်းကျီယုကို တွေ့လိုက်ရသည်။ ထို မင်းသားသည် ရုပ်ရည်ချောမောခန့်ညားသူဖြစ်ပြီး ဓာတ်ပုံထဲကထက်ပင် လက်တွေ့တွင် ပို၍ ကြည့်ကောင်းသည်။ ထိုကောင်လေးသည် ဖျော်ဖြေရေး လောကတွင် တွေ့ရလေ့ရှိသည့် မာနကြီးသော ဟန်ပန်မျိုးမရှိပဲ ၊ ရိုးသားပြီး ရှက်တက်ပုံပေါ်ကာ ဒါရိုက်တာ မိတ်ဆက်ပေးမှသာ သူမတို့ကို နှုတ်ဆက်လာသည်။

ခုနစ်ရက်သည် လုံလောက်သည့် ကာလအပိုင်းအခြား မဟုတ်သော်ငြားလည်း လုလီအတွက် ထိုအချိန်ကို အပြည့်အဝခံစားနိုင်ခဲ့သည်။

လုလီသည် လောင်ကုန်းဖြစ်သူနှင့် နေ့စဉ် ဖုန်းပြောခဲ့သော်လည်း ခွဲခွာရခြင်း၏ဒုက္ခကို ခံစားနေရဆဲ ဖြစ်သည်။

နောက်ဆုံးနေ့တွင် လုလီ ပြန်ရမည့်အချိန်တွင် လောင်ကုန်းဖြစ်သူထံ မက်ဆေ့ချ်ပို့ရန်ပင် မစောင့်နိုင်တော့ပေ။

[လောင်ကုန်း : ကျွန်မ ပြန်လာတော့မယ်!]

[ရေ့…ရေ့… နောက်ဆုံးတော့ လောင်ကုန်းနဲ့ တွေ့ရတော့မယ်၊ ကျွန်မ ရှင့်ကိုအရမ်းလွမ်းနေတာ!]

[ကျွန်မလုပ်ချင်တာတွေကို support ပေးအတွက် လောင်ကုန်းကို ကျေးဇူးတင်ပါတယ်]

ချီချန်းရန်လည်း စာပြန်လိုက်သည်။

[ကိုယ်လဲ မင်းကိုသတိရတယ်။]

[ကိုယ် မင်းကိုလေဆိပ်မှာလာကြိုမယ်]

ယနေ့သည် ရုံးပိတ်ရက်မဟုတ်သောကြောင့် လောင်ကုန်းဖြစ်သူ အလုပ်ထဲတွင် ရှိနေမည်ကို လုလီသိသဖြင့် အလျင်အမြန်ပင် ငြင်းဆန်လိုက်သည်။

[လာမကြိုပါနဲ့]

[လောင်ကုန်း ကျွန်မကို လာမကြိုနဲ့နော်၊ လောင်ကုန်းက မိသားစုကို ထောက်ပံ့ဖို့အတွက် အလုပ်ကို ကြိုးကြိုးစားစား လုပ်နေရတာဆိုတော့ ကျွန်မအတွက်နဲ့ အချိန်ကုန်မခံပါနဲ့နော်၊ ကျွန်မဘာသာပြန်လာခဲ့ပါ့မယ်၊ အိမ်ရောက်ရင် တွေ့မယ်နော]

[မွ…အီမိုဂျီ (လုလီဗားရှင်း)]

ချီချန်းရန်သည် လုလီ ၏ အီမိုဂျီကိုမြင်လိုက်သည်နှင့် မပြုံးပဲ မနေနိုင်တော့ချေ။

သူ တစ်ပတ်ကြာမတွေ့ခဲ့ရသော ဇနီးဖြစ်သူအား ပွေ့ဖက်ရန်အတွက် အလုပ်မှ အိမ်ပြန်ဖို့ပင် မစောင့်နိုင်တော့ပေ။

…

လေယာဉ်ပေါ်မှဆင်းပြီးနောက် ယနေ့လေဆိပ်သည် ခါတိုင်းထက်ပိုပြီး အသက်ဝင်နေသကဲ့သို့ လုလီ သတိထားမိခဲ့သည်။

လေဆိပ်တွင် ကင်မရာများ ၊ လက်ဆောင်များ ကိုင်ဆောင်ထားကြသည့် အမျိုးသမီး Fan Club တော်တော် များများ ရောက်ရှိနေကြသည်။

၎င်းတို့ ယနေ့ မည်သည့်အနုပညာရှင်ကို လာကြိုရန် စောင့်ဆိုင်းနေကြသနည်း?

[ Idol အသစ်/ရေပန်းစားနေတဲ့ အနုပညာရှင်]

သို့သော် သူမ သိပ်စိတ်မဝင်စားတော့ဘဲ ကားပေါ်တက်ကာ အိမ်ပြန်လာသည်။

ချောင်ကျာယိ ရုတ်တရက်ပြောလိုက်သည် "နင်နဲ့ ချီချန်းရန်ရဲ့ ဆက်ဆံရေးက တိုးတက်တာ အရမ်းမြန်တယ်နော်”

"အမ်?" လုလီသည် ချောင်ကျာယိ ဘာလို့ ထိုစကားပြောနေရသနည်း ဟူသော အကြည့်ဖြင့်ကြည့်လိုက်သည်။

ချောင်ကျာယိ- အခု နင် ချီချန်းရန်ကို အရမ်းကြိုက်ပြီး ချီချန်းရန်ကလည်း နင့်ကို အရမ်းချစ်တယ်၊ နင်တို့ တစ်ယောက် ကိုတစ်ယောက် အရမ်းချစ်ကြတယ်ဆိုရင် နင်တို့ရဲ့လက်ရှိဆက်ဆံရေးကို ဒီတိုင်း ဆက်ထိန်းထားတာ ကောင်းတယ်"

"ပြီးတော့ နင်တို့က အရင်လို အတုအယောင်စုံတွဲတွေ မဟုတ်တော့ဘူး၊ နင့် ရဲ့ Super Talk မှာ CP Fan တွေတောင် ရှိနေပြီ”

ချောင်ကျာယိ၏ ထူးဆန်းသောစကားများကို လုလီ ကျင့်သား ရနေပြီးသားဖြစ်ရာ CP Fan အကြောင်းကြားသောအခါ သူမ ပြုံးလိုက်သည်။ "မနေ့က ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ စုံတွဲအတုအယောင် စာရင်းထွက်လာတယ်”

"နောက်ဆုံးတော့ ငါနဲ့ ငါ့လောင်ကုန်း မဟုတ်တော့ဘူး”

"ပြီးတော့ အခု နှစ်ကုန်မှာ ရွေးချယ်မယ့် အချိုမြိန်ဆုံးစုံတွဲအတွက် ရလဒ်ကို မျှော်လင့်နေတယ်"

"ဒီတစ်ခါတော့ ငါနဲ့ငါ့လောင်ကုန်း သေချာပေါက် အနိုင်ရလိမ့်မယ်!"

ချောင်ကျာယိ: “…”

ချောင်ကျာယီ မည်သို့ပြန်ပြောရမှန်း မသိပဲ ယာဉ်မောင်း၏နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အကြောင်းအရာပြောင်းသွားသည်– “နောက်ကားကိုကြည့်လိုက်ဦး”

"ဘာဖြစ်လို့လဲ?" လုလီ အနောက်ကို လှည့်ကြည့်လိုက်သည်။

၎င်းတို့ကားနောက်တွင် ဗန်ကားနှစ်စီးနှင့် Mercedes-Benz ကားတစ်စီး ရှိနေသည်။

ဗန်ကားသည် Mercedes-Benz ၏နောက်ကို အနီးကပ်လိုက်နေပြီး Mercedes-Benz သည် အရှိန်မြှင့်ကာ ဗန်ကားကို ရှောင်ရန် အကြိမ်ပေါင်းများစွာ လမ်းကြောင်းပြောင်း နေပုံရသော်လည်း မအောင်မြင်ခဲ့ပေ။

ယနေ့ လေဆိပ်အခြေအနေနှင့်စပ်လျဉ်း၍ လုလီ ဖြစ်ပျက်နေသည်များကို ခန့်မှန်းမိသွားသည်။ Mercedes-Benz ကားသည် ယနေ့ နာမည်ကြီးကြယ်ပွင့်အား လာကြိုသည့် ကားဖြစ်ပုံပေါ်သည်။ အနောက်ဘက်ရှိ ဗန်ကားနှစ်စီးမှာ ထိုနာမည်ကြီးကြယ်ပွင့်နောက်လိုက်နေကြသော အရူး Fan (sasaeng fans) များဖြစ်နိုင်သည်။

[sasaeng fans - ကျင့်ဝတ်မဲ့ပရိတ်သတ်များနှင့် မသင့်တော်သောနည်းလမ်းများဖြင့် idol များကို လိုက်လံနှောင့်ယှက်သော fans]

ပရိတ်သတ်အများစုသည် ဓာတ်ပုံရိုက်ပြီးနောက် ပြန်သွားကြပြီဖြစ်သော်လည်း အချို့ အရူး Fan များသည် ၎င်းတို့၏ Idol ကားနောက်ကို အသက်အန္တရာယ်ရှိသည်အထိ အနီးကပ်လိုက်နေကြသည်။

အနုပညာရှင်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရောင်းချသည့် scalper များလည်း အများအပြားရှိနေပြီး ၎င်းတို့သည် အရူး Fan များနှင့် ပူးပေါင်းကာ အနုပညာရှင်များ၏ ကားနောက်ကို လိုက်နေကြခြင်းဖြစ်သည်။

လုလီသည် ထို scalper များ နှင့်အရူး Fan များကို မုန်းတီးသည်။

scalpers များသည် ငွေအတွက် မလုပ်ရဲတာ ဘာမှမရှိသလို ၊ Idol နောက်ကိုလိုက်ရန် အရူး Fan များကို စုဆောင်းလေ့ရှိသည်။ နောက်မှ ကပ်ပါလာသော ဗန်ကားနှစ်စီးသည် scalpers များ အသုံးများသော ကားဖြစ်သည်။

ထို အရူး Fan များသည် အိုင်ဒေါလ်များ၏ ကိုယ်ရေးကိုယ်တာကို အဘယ်ကြောင့် စူးစမ်းချင်နေကြမှန်း လုလီ နားမလည်နိုင်ပေ။ အနုပညာရှင်နှင့် ပရိသတ်များကြား အကွာအဝေးတစ်ခု ရှိနေသည်မှာ အကြီးမားဆုံး ပျော်ရွှင်မှုပင် မဟုတ်ပါလား?

ထိုသို့ ကားနောက်ကပ်လိုက်ခြင်းသည် အလွန်အန္တရာယ်များသော အပြုအမူဖြစ်သော်ငြား မည်သို့ပင် သတိပေးနေပါစေ ထိုအတိုင်းဆက်လုပ်နေကြဆဲဖြစ်သည်။ သို့ဖြစ်ရာ အနုပညာရှင်များသည် ၎င်းတို့အား ရှောင်ရှားရန်မှ တပါးရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ ဤသည်ကို လိုင်းပေါ်တင်လိုက်ပါက အနုပညာရှင်များသာ အပြစ်တင်ပြောဆိုခံရမည်ဖြစ်သည်။

ထိုအရူး Fan များအား စစ်မှန်သော Fan အဖြစ်သတ်မှတ်လို့မရပေ။ အကြောင်းမှာ စစ်မှန်သော ပရိသတ်များသည် ၎င်းတို့၏ Idol များကို ထိုသို့ဒုက္ခပေးမည် မဟုတ်သောကြောင့်ဖြစ်သည်။

ယာဉ်မောင်းသည် နောက်ကားများကို သတိထားမိပြီး လမ်းကြောင်းပြောင်းလိုက်သည်။

လုလီ ယာဉ်မောင်းကိုသတိပေးသည် "ဖြေးဖြေးမောင်းပေးပါ"

ချောင်ကျာယိ ဒေါသထွက်နေသည်- "Fck! ဒါဘယ်လောက် အန္တရာယ်များတယ်ဆိုတာ သူတို့မသိဘူးလား? Idolတစ်ယောက်ကို အဲ့လောက် အရူးအမူးလိုက်နေတာ သူတို့ Idolက ရွံမုန်းသွားမှာ မကြောက်ဘူးလား?"

လုလီ ခေါင်းညိတ်ပြီး သဘောတူကြောင်းပြလိုက်သည်။

အလျင်စလိုမဟုတ်ပေမယ့် လမ်းပေါ်မှာ ကားအများအပြား ရှိနေဆဲဖြစ်သည်။

အနောက်ကနေ လိုက်နေသော ဗန်ကားနှစ်စီး၏ အပြုအမူသည် ပိုပြီးပြင်းထန်လာပုံရသည်။

လုလီ စိုးရိမ်လာပြီး သူမ၏ နှလုံးခုန်သံ မြန်လာသည်။

သူမ ဖုန်းကိုကိုင်ရင်း လွန်ခဲ့သည့် လအနည်းငယ်က ကားမတော်တဆမှုကို ရုတ်တရက် သတိရသွားသည်။

သူမ ကြောက်လန့်နေပြီး ယနေ့ လောင်ကုန်းဖြစ်သူအား လေဆိပ်သို့ လာမကြိုခိုင်းမိသည့်အတွက် အနည်းငယ်နောင်တရသွားသည်။ ရုတ်တရက် သူမနားထဲတွင် 'ဒိန်း' ဟူသော အသံ ထွက်ပေါ်လာသည်။

ထို့နောက် လုလီ၏အမြင်အာရုံများ အမှောင်အတိကျသွားသည်။

All Chapters