You Are So Cruel (2)
Vol. 6 Ch. 95
ချီချန်းရန် စာကြည့်ခန်းထဲသို့ တစ်ယောက်တည်းဝင်လာသည်။
သူသည် အံဆွဲကိုဖွင့်ကာ ဝန်ခံကတိရေးပြီး လက်ဗွေနှိပ်ထားသော စာကို ထုတ်ယူလိုက်သည်။ ချီချန်းရန် ထိုစာကို တိတ်တ ဆိတ်ငေးကြည့်နေမိသည်။ ထိုစာသည် မကြာခင် အသုံးတည့်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုစဉ် ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။
ချီချန်းရန် ဖွင့်ကြည့်လိုက်ရာ လုလီ တံခါးအပြင်ဘက်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ လုလီ၏မျက်နှာမှာ တင်းမာနေပုံရသည်။
“ကျွန်မ…"
လုလီ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို တောင်းပန်ချင်လို့ပါ”
“ပြီးတော့ ကျေးဇူးတင်ကြောင်းလည်း ပြောချင်လို့ပါ” ဟု သူမ ဖြည့်စွက်ပြီး ပြောလိုက်သည်။
သူမသည် အိပ်ခန်းထဲတွင် အတွေးများစွာဖြင့် ခဏငြိမ်သက်ကာ စဉ်းစားပြီးနောက်တွင် သူမ လုပ်ရမည့်အရာကိုသဘော ပေါက်သွားသည်။ ဤသည်မှာ ချီချန်းရန်အား လေးလေးနက်နက်တောင်းပန် ရန်နှင့် ကျေးဇူးတင်ကြောင်း ပြောဆိုရန်ဖြစ်သည်။
တောင်းပန်ရခြင်းမှာ သူ့အား တွယ်ကပ်ပြီး စိတ်အနှောင့်အ ယှက် ပေးမိခဲ့သည့်အတွက်ဖြစ်ပြီး ကျေးဇူးတင်ရသည်မှာ ပြီးခဲ့သည့်လများအတွင်း သူမ စိတ်မတည်မငြိမ်ဖြစ်နေချိန်တွင် သူ့ဘက်မှ စိတ်ရှည်သည်းခံပေးခဲ့ပြီး သူမအား ကောင်းမွန်စွာဆက်ဆံပေးခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းတို့၏ အချစ်ဇာတ်လမ်းသည် အတော်လေးချောမွေ့ခဲ့ပြီး ချီချန်းရန်သည် မိန်းကလေးတစ်ယောက်အား ချော့မြူခြင်းအတတ်ပညာကို ထိုမျှ တတ်မြောက်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
လုလီသည် သူမအားချစ်ကြောင်း ချီချန်းရန်၏ဖွင့်ဟဝန်ခံ ချက်ကို တွေးပြီး သူမနှုတ်ခမ်းကို စုဝိုင်းလိုက်သည်။
ထိုအချိန်က သူမတို့နှစ်ယောက်သည် အတုအယောင်စုံတွဲများဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ရည်ရွယ်ကာ မွေးမြူထိန်းကြောင်းခြင်းခံခဲ့ရသော သူမကို သူ လုံးဝ သဘောကျမည်မဟုတ်ပေ။ သို့ဖြစ်ရာ အဘယ်ကြောင့် သူမအား ချစ်ကြောင်း ဖွင့်ဟဝန်ခံရသနည်း?
သူမကိုယ်တိုင်လည်း ကြယ်ပွင့်များနောက် လိုက်ရင်း သင်ယူခဲ့သော အချစ်စကားများ၊ ချီးမွမ်းစကားများနှင့် ပြည့်နှက်နေသော စကားလုံးများကို အသုံးပြုကာ ချစ်စဖွယ် တီတီတာတာ စကားများ အများကြီး ပြောခဲ့သည်။
ချီချန်းရန်သည် ဤအခွင့်အရေးကို အသုံးချကာ သူမအား အမြတ်ထုတ်ခဲ့သည်ဟု လုလီ တွေးလိုက်သည်။
လုလီသည် အစပိုင်းတွင် သူ့အိပ်ယာပေါ်သို့ပြေးဝင်ခဲ့သော် လည်း ချီချန်းရန် ရိုးသားစွာပင် ငြင်းဆန်ခဲ့သော်ငြား နောက် ပိုင်းတွင် အခြေအနေများ ပြောင်းလဲသွားခဲ့သည်။ သားဆက်ခြားပစ္စည်း နှစ်လစာကို တစ်ပတ်မပြည့်မီတွင် ကုန်အောင် အသုံးပြုခဲ့ပြီး မှန်ရှေ့တွင်လည်းကြမ်းတမ်းသော အနေအ ထားများကို ကစားခဲ့သည်။ သူ့အနေဖြင့် မည်သည့်ဆုံးရှုံးမှုမှ မရှိခဲ့တာ သေချာသည်။
…
လုလီ စိတ်ရင်းမှန်ဖြင့် တောင်းပန်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ချီချန်းရန်၏ တုံ့ပြန်မှုကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။
သူ့မျက်နှာပေါ်ရှိ အမူအရာကို လုလီ နားမလည်နိုင်ပေ။
လုလီသည် အသက်ကိုပြင်းပြင်းရှူရင်း လက်နှစ်ဖက်ကို နောက် သို့ပစ်ထားကာ ဆရာမစာစစ်နေသည်ကို စောင့်ဆိုင်းနေသည့် ကျောင်းသူတစ်ယောက်တူနေ၏။ ချီချန်းရန် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
လုလီ ဆက်မစောင့်ချင်တော့ပဲ သူမ၏အင်္ကျီလက်များကို ဆွဲဖွရင်း
"ဟို…ရှင် ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်မ အရင်သွားနှင့်မယ်နော်”
သူမ လှည့်ထွက်ရန် ပြင်လိုက်စဉ် ချီချန်းရန် သူ့လက်ကောက် ဝတ်အား အနောက်ကနေ ဆွဲထားလိုက်သည်။
လုလီ ခေါင်းပြန်လှည့်လာပြီး "ဟင်?"
ချီချန်းရန်သည် အံဆွဲထဲမှ ဝန်ခံကတိစာချုပ်ကို ထုတ်ယူကာ စားပွဲပေါ်တင်ပေးလိုက်ပြီး သူမကို ဖတ်စေလိုသည့်သဘောဖြင့် လက်ညှိုးထိုးပြလိုက်သည်။
လုလီသည် သူမ လက်မှတ်ရေးထိုးထား၍ လက်ဗွေနှိပ်ထားသော ကတိစာချုပ်ကို မြင်လိုက်ရပြီး ထိုအထဲတွင် သူ့လောင်ကုန်းဖြစ်သူကိုသာ ထာဝရချစ်မည်ဟု အာမခံထားသည်။
“...”
ဤစာမှာ ချီချန်းရန်က သူမအား ရေးခိုင်းခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ စိတ်မတည်မငြိမ်ဖြစ်နေသော အချိန်တွင် ရေးခဲ့သော ထိုဝန်ခံကတိသည် အမှန်တကယ်ပင် အကျိုးသက် ရောက်မှုရှိနိုင်မည်လား?
လုလီသည် ထိုစာရွက်ကို ကောက်ယူကြည့်လိုက်ကာထက် ဝက်ခေါက်ချလိုက်ပြီး အိတ်ကပ်ထဲထည့်လိုက်သည်။
သူမ ထိုသို့ တုံ့ပြန်လာလိမ့်မည်ဟု ချီချန်းရန် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"ဘာလုပ်တာလဲ?"
လုလီ စိတ်ရှုပ်သွားသည်။
"ရှင် မလိုချင်ဘူးမဟုတ်လား? ကျွန်မ ပြန်ယူထားလိုက်မယ်လေ"
ချီချန်းရန်၏ နှုတ်ခမ်းများ တင်းမာသွားသည်။
ဘယ်သူက မလိုချင်ဘူးလို့ ပြောလို့လဲ ?
လုလီသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် ထိုအမျိုး သားအား မျက်နှာမူကာ"ကျွန်မ သွားတော့မယ်"
ချီချန်းရန်သည် လုလီ၏နောက်ကျောကို စိုက်ကြည့်နေသည်။
သူမ ခြေလှမ်း နှစ်လှမ်းလှမ်းပြီးသည်နှင့်တစ်ပြိုင်နက် ချီချန်းရန် ဒေါသထွက်၍ ရှေ့သို့ လျှောက်လာကာ လုလီ၏ လက် ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး စားပွဲဆီသို့ ပြန်ဆွဲခေါ်သွားခဲ့သည်။
လုလီ၏ခါးသည် စားပွဲထောင့်စွန်းနှင့် ထိမိသွားပြီး သူမ နောက်သို့ မတ်တတ်ရပ်ကာ ခါးကို ဆန့်တန်းထားလိုက်သည်။
ချီချန်းရန်သည် လက်နှစ်ဖက်ဖြင့် စားပွဲကို ထောက်ကာ သူမအား ချောင်ပိတ်ထားလိုက်သည်။
လုလီ : "ရှင်…ရှင်”
ချီချန်းရန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လာကာ လုလီ၏မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
ယခင်က သူ့အား တောက်ပစွာကြည့်နေခဲ့သော သူမ၏မျက် လုံးများသည် ယခုချိန်တွင် မည်သည့် အရိပ်အယောင်မှ ရှိမနေတော့ပေ။
သူ မေးလိုက်သည်။
"ဒီနေ့အထိ မင်းလုပ်ခဲ့တာတွေကို ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး နေတော့မှာလား?”
လုလီ ပါးစပ်ဟလိုက်သော်လည်း မည်သို့ပြန်ပြောရမှန်းမသိဖြစ်နေသည်။ သူ ဝမ်းနည်းစွာ ပြုံးလိုက်ပြီး ထိုအပြုံးရိပ်များ မှေးမှိန်သွားကာ နက်နဲသောမျက်လုံးများဖြင့် သူမမျက်နှာအား စိုက်ကြည့်ရင်း ပြောလိုက်သည်။ “လုလီ ၊ မင်း ကိုယ့်အပေါ် အရမ်းရက်စက်တာပဲ"
လုလီသည် သူမရှေ့မှ ရပ်နေသောလူကို ကြည့်ကာ ထိုစကားကိုကြားရသည်နှင့် စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသည် ။
သူမပင်မသိလိုက်ပဲ လွှမ်းမိုးချုပ်ကိုင်တတ်သော ဥက္ကဌကြီး၏ ဝတ္ထုတစ်ပုဒ်ကို ရုတ်တရက် သတိရသွားသည်။ ထိုဇာတ်လမ်းသည် နာကျင်မှုဖြင့် ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်သော ဖြစ်ရပ်များအလယ်တွင် ဇာတ်လိုက်မင်းသမီးသည် လူယုတ်မာအား ထိုသို့ဆိုခဲ့သည်။
“ကူးပေ့ချန် ရှင် အရမ်းရက်စက်တာပဲ…”