← Chapters

White Lotus (1)

Vol. 6 Ch. 96

White Lotus (1)

Vol. 6 Ch. 96

ထိုအမျိုးသား၏ အသက်ရှုသံ နီးကပ်လာသည်နှင့်အမျှ လုလီ တုန်လှုပ်လာပြီး သူမ၏အာရုံကို နာကျင်စေလိုသော ၊ လွှမ်းမိုးချုပ်ကိုင်နိုင်သော အာဏာရှင်သူဌေးကြီးဝတ္ထုအား သတိပြန်ရသွားသည်။

"ကျွန်မ..." သူမ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း ခဏကြာသည်အထိ မည်သည့် စကားသံမှ ထွက်မလာခဲ့ပေ။

သူမ အဘယ်ကြောင့် မိမိကိုယ်ကို မိုက်မဲသူဟု ရုတ်တရက် ပြင်းထန်စွာ ခံစားလာရသနည်း?

စကားအဆုံးတွင် ချီချန်းရန်၏မျက်လုံးများသည် ဆန့်ကျင်ဘက်ရှိ နီရဲကာ ပြည့်ဖောင်းနေသော လုလီ၏ နှုတ်ခမ်းလွှာများ ဆီသို့ အကြည့်ရောက်သွားသည်။

ဤရက်စက်သော မိန်းမမိုက်သည် စားသောက်ပြီး တာဝန်လုံးဝမယူလိုသော သူပင်ဖြစ်သည်။

လုလီ တုံ့ဆိုင်းနေပြီး စိတ်ထဲတွင် ရှုပ်ထွေးနောက်ကျိနေကာ တစ်စုံတစ်ခုပြောရန်အတွက် သူမ ခေါင်းအား လှည့်လိုက်ချိန်တွင် ရုတ်တရက် ထိုအမျိုးသား၏မျက်နှာနှင့် ပက်ပင်း တိုးမိသွားသည်။

“အို…” လုလီ စားပွဲအစွန်းကို အားဖြင့် ဆုပ်ကိုင်လိုက်သည်။

ချီချန်းရန် သူမကို နမ်းလိုက်သည်။ လုလီသည် ထိုအမျိုးသား၏ ကော့စင်းနေသော မျက်တောင်မွှေးများကို အနီးကပ်မြင်လိုက်ရသည်။ ချီချန်းရန်သည် သူ့လက်တစ်ဖက်ဖြင့် သူမ မျက်နှာအား ဆုပ်ကိုင်ကာ မျက်လုံးများကိုမှိတ်လျက် နူးညံ့ညင်သာစွာ ဂရုတစိုက် နမ်းလိုက်သည်။

၎င်းတို့၏ နှုတ်ခမ်းနှင့်လျှာတို့ ရောယှက်နေချိန်တွင် လုလီ၏ စိတ်ထဲ၌ ဗွက်အိုင်အဖြစ်သို့ နောက်ကျိသွားသလို ခံစားလိုက်ရသည်။

ချီချန်းရန် ထိုကဲ့သို့ နူးညံ့စွာ နမ်းဖူးခြင်း မရှိသည်ကို သူမစိတ်ထဲတွင် ရှင်းလင်းစွာ မှတ်မိနေသည်။

သူတို့၏အိမ်ထောင်သက် နှစ်နှစ်ကျော်အတွင်း သူမ စိတ်ပုံမှန် မဟုတ်သည့် လအနည်းငယ်မှ လွဲကာ ထိုသို့ နမ်းဖူးခြင်း မရှိခဲ့ပေ။

မင်္ဂလာဆောင်အတွင်း စက္ကန့်အနည်းငယ်သာ နမ်းခဲ့ကြပြီး ကျန်အချိန်အများစုမှာ အိပ်ရာပေါ်တွင်သာဖြစ်ပြီး အချို့မှာမူ အနမ်းဟုပင် မဆိုနိုင်ဘဲ ပြင်းထန်သော ကိုက်ဖဲ့မှုများသာ ဖြစ်ခဲ့သည်။

အိမ်ထောင်ကျပြီးနောက်ပိုင်း ချီချန်းရန်သည် သူမအပေါ် အမြဲအေးစက်နေခဲ့ပြီး နေ့စဉ်အလုပ်များနေခဲ့သည်။ သူသည် သူမအား အဓိကဘဏ်ကတ်တစ်ခု ပေးထားသော်လည်း ၎င်းတို့၏ ဆက်ဆံရေးကို မည်သို့တိုးတက်အောင် လုပ်ရမည်ကို သူ မသိပေ။ သူမဘက်မှလည်း မိသားစုထံမှ ရရှိခဲ့သည့် အသိဉာဏ်အရ သူနှင့် ပိုမိုရင်းနှီးရန် အစမပြုခဲ့ပေ။

သူမသည် ယာဥ်မတော်မဆဖြစ်ပြီး စိတ်မူမမှန်ဖြစ်နေသော လများအတွင်း ချီချန်းရန်အား နေ့စဉ်ရင်းနှီးစွာ အတူနေထိုင်ရသည့် ချစ်လှစွာသောခင်ပွန်းသည်အဖြစ် လွဲမှားစွာ ထင်မှတ်မိခဲ့သည်။

ချီချန်းရန်သည် အာရုံစိုက်ကာ သူမအား နမ်းနေစဉ် သူ၏လက်ချောင်းထိပ်များဖြင့် သူမနားရွက်များကို ထိတွေ့ပွတ်သပ်နေသည်။

လုလီ ရုတ်တရက် ယားယံလာလို ခံစားလိုက်ရသည်။ နားရွက်တွင်သာမကပဲ သူမ၏ နှလုံးသားအတွင်းရှိ တစ်နေရာတွင်ပါ ရုတ်တရက် ယားယံလာသည်။ သို့ရာတွင် ကုတ်ခြစ်၍မရသည့် ယားယံမှုတစ်ခု ဖြစ်နေသည်။

သူမ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ့အား တွန်းဖယ်ချင်ပုံရသည်။

သို့သော် သူမ၏လက်ချောင်းများသည် သူ့အင်္ကျီကို ထိမိသည့်အခါတွင် မတွန်းဖယ်နိုင်ဘဲ နောက်ပြန်ဆုတ်သွားကာ ထိုအစား သူ့ အင်္ကျီအနားသတ်ကိုသာ ညင်သာစွာ ဆုပ်ကိုင်လိုက်မိသည်။

ဤခံစားချက်သည် အလွန်ခြားနားပြီး လုလီ သူနှင့် မည်မျှကြာအောင် နမ်းနေခဲ့သည်ကို မသိတော့ပေ။

သူမ စိတ်ထဲတွင် ကောင်းကင်တစ်ခုလုံး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံး နှုတ်ခမ်းခြင်းခွာလိုက်ချိန်တွင် သူမ အသက်ရှူမဝလုနီးပါး ဖြစ်နေခဲ့သည်။ သူမ ခြေထောက်များ အားပျော့သွားကာ စားပွဲအား ခန္ဓာကိုယ်နှင့် မှီထားခြင်း မဟုတ်ပါက မတ်တပ်မရပ်နိုင်တော့မည်ကိုပင် စိုးရိမ်ရသည်။

ချီချန်းရန် ဝန်လေးစွာဖြင့် သူမကို လွှတ်ပေးလိုက်သည်။ လုလီ မျက်နှာမှာနီရဲနေပြီး အနည်းငယ် မောဟိုက်နေကာ အသက်ကိုပြင်းပြင်းရှူထုတ်လျက် နှုတ်ခမ်းများမှာ စိုစွက်ပြီး တောက်ပနေသည်။

ချီချန်ယန်းသည် နူးညံ့သောအကြည့်ဖြင့် သူမအား စိုက်ကြည့်နေသည်။

“ဒီအခိုက်တန့်ကို မမေ့နဲ့” သူ၏အသံသည် ရှေ့ကကဲ့သို့ မာကျောခြင်းမရှိဘဲ အလွန်နူးညံ့နေသည်။

လုလီသည် သူ့အား မော့ကြည့်ရင်း တံတွေးကို မျိုချကာ ရှုပ်ထွေးနေသော မျက်နှာဖြင့် ထွက်ပြေးသွားခဲ့သည်။

ချီချန်းရန် ခေါင်းငုံ့ကာ လုလီ၏ အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်သော ကတိစာရွက်ကို ကြည့်လိုက်သည်။

…

ညဘက် သူမ၏အိပ်ခန်းတွင် လုလီသည် အိပ်ရာပေါ်လှဲကာ မျက်နှာကျက်ကို ငေးကြည့်နေသည်။ နေ့လည်ခင်းက အနမ်းတစ်ခုသည် သူမ၏ခေါင်းထဲတွင် အဆက်မပြတ် ပြန်လည်ရုန်းကန်လျက် ရှိသည်။

သူမ မျက်လုံးကိုမှိတ်ကာ ခေါင်းကို ခါယမ်းပစ်လိုက်သော်လည်း ထိုခံစားချက်က ဆက်လက်တွယ်ငြိနေဆဲ ဖြစ်သည်။

နှစ်ယောက်သား ဟန်ချက်ညီစွာဖြင့် တစ်ယောက်ကိုတစ်ယောက် နမ်းခဲ့ကြသည်။ သို့သော် ယခုချိန်တွင် သူမ စိတ်ပုံမှန် အခြေအနေတွင် ရှိနေခဲ့သည်ပင်။

မဟုတ်ဘူး! လုလီ နင် ဒါကို နင့်အတွေးထဲက ဖျောက်ပစ်လိုက်စမ်းပါ!

လုလီသည် သူမ၏မျက်နှာကို ခေါင်းအုံးထဲသို့ နစ်မြှုပ်လိုက်ပြီးနောက် မျက်လုံးကို ပြန်ဖွင့်ကာ လေကို ပြင်းပြင်း ရှူသွင်းလိုက်သည်။

ထို့နောက် သူမ ခေါင်းအုံးအောက်မှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး WeChat ပေါ်က ချောင်ကျာယိ၏ မက်ဆေ့ချ်ကို ကြည့်လိုက်သည်။

[အခြေအနေ ဘယ်လိုရှိလဲ? နင် သူနဲ့ဘာတွေပြောဖြစ်လဲ?]

လုလီ ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

[ဘာမှမပြောဖြစ်ပါဘူး]

[ဒီတိုင်းတောင်းပန်ပြီး ကျေးဇူးတင်ကြောင်းပဲ ပြောခဲ့တယ်]

ချောင်ကျာယိ : [ချီချန်းရန်ကရော ဘယ်လိုနေလဲ? သူ ဘယ်လိုတုံ့ပြန်ခဲ့လဲ?]

လုလီ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

ချီချန်းရန် ဘယ်လိုတုံ့ပြန်ခဲ့လဲ ဟုတ်လား? သူ စာရွက်ကို ထုတ်ယူပြီး သူမကို နမ်းလိုက်တယ်လေ...

သို့သော် ဘာကြောင့်မှန်းမသိ လုလီ ထိုအကြောင်းကို ပြောပြချင်စိတ်မရှိခဲ့ပေ။ ကြီးကြီးမားမားကိစ္စ မဟုတ်သော်ငြားလည်း သူမ ဖုံးကွယ်ထားချင်သည်။

လုလီ ပြန်ပြောလိုက်သည်- [ထူးထူးခြားခြား တုံ့ပြန်တာမျိုးတော့ မရှိပါဘူး။]

ချောင်ကျာယိ : [ဒါဆို နင် ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ?]

လုလီ နှုတ်ခမ်းစုဝိုင်းကာ ပြန်ဖြေလိုက်သည် - [မသိသေးဘူး]

ချီချန်းရန်သည် သူမ ပုံမှန်မဟုတ်သော အချိန်တွင် သူမအပေါ် အလွန်ကြင်နာပေးခဲ့သည့်အတွက် သူမယခု ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ချောင်ကျာယိ : [မသိသေးဘူး.ဟုတ်လား? နင် ရှေ့လျှောက်ဘယ်လိုနေသွားမှာလဲ? ဒါတွေအားလုံးကို မေ့ပစ်ပြီး ဘာမှမဖြစ်သလို နေသွားမှာလား?]

[နင် 'ကြာပန်းဖြူ' ဖြစ်ချင်နေတာလား?]

လုလီသည် 'ကြာပန်းဖြူ' အကြောင်းကို သိထားပြီးဖြစ်ရာ ထိုသို့သောလူမျိုး မဖြစ်ရန် ကတိပြုခဲ့ဖူးသည်။ သို့သော် သူမကိုယ်တိုင် ချီချန်းရန်ရှေ့တွင် ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

[ကြာပန်းဖြူ - ကြင်နာတတ်သူ၊ အပြစ်ကင်းပြီး ချစ်စရာကောင်းသူအဖြစ် ဟန်ဆောင်တတ်သူ]

လုလီ သူ့ကိုယ်သူ ငြင်းဆန်လိုက်သည် - [ဘာကြာပန်းလဲ၊ ငါ ကြာပန်းဖြူ လုံးဝမဟုတ်ဘူး!]

သူမ မကျေမနပ်ဖြစ်သွားသည်။ - [သူလည်း ငါ့ကိုအသုံးချခဲ့တာပဲလေ!]

လုလီ ထိုက်ဆေ့ခ်ျကို ပို့လိုက်သည်။

လုလီ : [ငါဆိုလိုတာက ငါ ကြာပန်းဖြူမဟုတ်တာ သေချာတယ်။]

ချီချန်းရန် "ဒါ' ကို လုပ်သည့် အချိန်တိုင်း အလွန်ပျော်နေမှန်း ထင်ရှားနေသည်။

ချောင်ကျာယိသည် သူမတွေးနေသည့်အရာကို ခန့်မှန်းမိသကဲ့သို့ ရယ်မောနေသော အီမိုဂျီတစ်ခုကို ပေးပို့လိုက်သည်။

[ဟဲ့...ဒါဆို ဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ် နင် ဘာခံစားချက်မှာ မရှိခဲ့ဘူးလား?]

လုလီ : […]

ချောင်ကျာယိ : [ကောင်းပြီလေ၊ ဒါဆိုလည်း နင့်လောင်ကုန်းကို ပြောပြလိုက်ပေါ့]

[နင် သတိမေ့နေတဲ့ ကာလတွေမှာ နင့်ခံစားချက်တွေက အမှားတစ်ခုဖြစ်တယ်ဆိုတာ...]

လုလီသည် ဒေါသတကြီး သူ၏ဆံပင်ကိုဆွဲကိုင်လိုက်ပြီး ချောင်ကျာယိ နှင့် စကားပြောနေသော မျက်နှာပြင်မှ ထွက်လိုက်သည်။

ထို့နောက် လုလီ contact list အားစစ်ဆေးကြည့်လိုက်ရာ ထိပ်ဆုံးတွင် 'လောင်ကုန်း' ဟူသော စာလုံးရှိသည်။

လုလီသည် ထိုစာလုံးကိုကြည့်ပြီး မူလက မှတ်ထားသော 'ချီချန်းရန် ' ဟူသောနာမည်ကို ပြန်ပြင်လိုက်သည်။

သူမ ကိုယ်တိုင်မသိလိုက်ဘဲ အနည်းငယ် အပြစ်ရှိသလို ခံစားမိသည်။

သူမသည် ယခုရက်ပိုင်းအတွင်း ချီချန်းရန် နှင့်ပြောထားသော စာတိုများကို ကြည့်ရှုခဲ့သည်။

သူမ၏စကားများသည် အချိန်တိုင်း ချီးကျူးစကားများဖြင့် ပြည့်နှက်နေခဲ့ပေမယ့် ချီချန်းရန်သည်လည်း အခြေခံအားဖြင့် တုံ့ပြန်မှုရှိခဲ့သည်။ သိသိသာသာ စိတ်အားထက်သန်မှု မရှိသော်လည်း အေးစက်နေသည်လည်း မဟုတ်ပေ။ သူ၏ စိတ်နေ သဘောထားသည် အမြဲတမ်း အေးဆေးတည်ငြိမ်သူ ဖြစ်သောကြောင့်ပင်။

လုလီသည် ခင်ပွန်းဖြစ်သူအတွက် ကိုယ်တိုင်ဖန်တီးထားသည့် အီမိုဂျီများကို မြင်လိုက်ရသည့်အခါ ရုတ်တရက် ရှက်စိတ်များဝင်ကာ ထူပူသွားခဲ့သည်။ ချီချန်းရန် ဤသည်ကိုမြင်ပါက သူ့စိတ်ထဲတွင် သူမအား လှောင်ပြောင်နေမှာ သေချာသည်။

Delete....

သူမသည် အီမိုဂျီသိမ်းဆည်းရာနေရာမှ အီမိုဂျီအချို့ကို ဖျက်ပစ်လိုက်သည်။

ထိုအီမိုဂျီများကို ချီချန်းရန် သိမ်းဆည်းထားခြင်းမရှိနိုင်ဟု ခန့်မှန်းပြီး သူမဘက်မှ ဖျက်လိုက်ပါက အီမိုဂျီများ ပျောက်ပျက်သွားပြီဟု သူမ မှတ်ယူလိုက်သည်။

လုလီသည် ထိုအီမိုဂျီများကို ဖျက်ပြီးနောက် ခဏအကြာတွင် ချီချန်းရန်ထံမှ မက်ဆေ့ချ်တစ်စောင် ပို့ထားသည်ကို တွေ့ရသောအခါ သူမ စိတ်သက်သာရာရခဲ့သည်။ အလွန်ရိုးရှင်းသော စာသားဖြစ်သည်။

[Good night...စောစောအိပ်နော်]

လုလီ၏နှလုံးသား တ ဒိန်း ဒိန်း ခုန်နေသည်။

သူမ ဘာကြောင့် ဒီလောက်စိုးရိမ်နေရတာလဲ? ၎င်းတို့အတူနေစဉ်က သူမအား ထိုသို့ တစ်ခါမှ မပြောခဲ့ဖူးပေ။

သူမ ဖုန်းကို ကိုင်ထားရင်း အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေပြီး ဘာကြောင့်မှန်းမသိဘဲ နေ့ခင်းက မွန်းကျပ်သော အနမ်းကို ပြန်သတိရသွားသည်။

သူမ စဉ်းစားပြီး နောက်ဆုံးတွင် ပြန်ပြောလိုက်သည်- [Good night.]

All Chapters